ဒီတစ်ခါတော့ ဖိုင်ဆိုဒ် ကြီးကြီး သူငယ်ချင်းတွေဆီကို ပို့ပေးချင်သူများအတွက်ပါ။ အများဆုံး 3 G ထိပို့လို့ ရပါတယ်။ ပို့နည်းကလွယ်ပါတယ်။ တကယ်လည်းရောက်ပါတယ်။ ကျွန်တော်တို့ gmail ကနေ ရိုးရိုးပို့မယ်ဆိုရင် 25 MB ထက်ကျော်ပြီးပို့လို့မရပါဘူး။ ဥပမာ 200 MB လောက်ပဲပို့ချင်တယ်ထားပေါ့ ။ gmail ကနေပို့မယ်ဆိုရင်ဘယ်လိုမှအဆင်မပြေနိုင်ဘူးလေ။ အဲဒီတော့ ဒီဆိုဒ်လေးက တော်တော်ကောင်းပါတယ်။ မြန်မာနိုင်ငံကသူငယ်ချင်းတွေအတွက်တော့ နည်းနည်းတော့ကြာတယ်ဗျာ။ upload တင်ရတာပဲဆိုတော့ ကွန်ကောင်းတော့ ပိုမြန်တာပေါ့။ အသုံးပြုပုံက လွယ်လွယ်လေးပါ။ ကျွန်တော်ပုံလေးနဲ့ပြပေးပါ့မယ်။
အဆင့်(၁)
အပေါ်ကပေးထားတဲ့အတိုင်းဖြည့်ပါ။ mhuthaw@ က ပို့သူပေါ့။ nothateme@ က လက်ခံမယ့် သူပေါ့။ အဲဒါဖြည့်ပြီးပြီဆိုရင် upload files ကို ကလစ်ပေးလိုက်ပါ။
အဆင့်(၂)
အဲဒီမှာ Browse လေးတွေကနေ မိမိတို့ပို့ချင်သော ဖိုင်ကို uplaod တင်ပါ။ကျွန်တော်က တစ်ခုပဲတင်ပြထားတာပါ။ ရွေးပြီးပြီဆိုရင် အောက်နားလေးက upload selected file(s) ကိုကလစ်ပေးပါ။
အဆင့်(၃)
အဲဒီတိုင်းပေါ်လာပါလိမ့်မယ်။ 100% ပြီးသွားရင် အော်တိုပို့ပြီးသွားပါပြီ။ (ဒီနည်းက မိမိမှာ gmail အကောင့်မရှိလည်း ပို့လို့ရပါတယ်။ ပို့ခံရမယ့်သူ gmail သာ အဓိက ဖြစ်ပါတယ် )
အဆင့်(၄)လက်ခံမယ့်သူအပိုင်း
လက်ခံမယ့်သူက မေးလ်ကိုဖွင့်လိုက်ပါ။ အပေါ်ကလိုလေး တွေ့ပါလိမ့်မယ်။ အပြာရောင်လေးထောင့်လေးက ဒေါင်းလော့လင့်ပါ ။ကလစ်ပေးပါ။ ပြီးရင် အနီရောင် လေးထောင်လေးကို copy လုပ်ပါ။ အဲဒီနံပါတ်က password ဖြစ်ပါတယ် ။
အဆင့်(၅)
အဆင့်(၄) ကပြောခဲ့တဲ့ အနီရောင်လေးထောင့်လေးထဲက ဂဏန်းလေးတွေကို paste or write လုပ်ပါ။ ပြီးရင် submit ကိုကလစ်ပေးပါ။
အဆင့်(၆)
အဲဒီလိုလေး ပေါ်လာရင် double click ပေးပြီး ဒေါင်းလော့ချလို့ ရပါပြီ။
ကဲ အသုံးလိုမည့်သူများ ဒီမှာ သွားလိုက်ပါ။
အဆင်ပြေကြပါစေ........
အားလုံးကိုလေးစားလျက်.......
No comments:
Post a Comment