Pages

Friday, July 6

ချစ်သူကို ဘယ်လောက်ထိချစ်လဲ


လူတိုင်းကတော့ ကိုယ့်ချစ်သူကို မိုးလောက်ကြီး ချစ်တယ် ၊ ကမ္ဘာကြီးလောက်ချစ်တယ်လို့ စာဖွဲ့ကြတယ်။ အချစ်ဆိုတာ လူတိုင်း စာဖွဲ့လို့ရတဲ့ စကားလုံးတစ်ခုပဲ။ မိမိစိတ်ထဲက  ဖြစ်ပေါ်လာတဲ့ခံစားချက်အတိုင်း ပြောကြတယ်။ တစ်ချို့ ကပေးဆပ်ခြင်း ၊တစ်ချို့ ကရယူခြင်း ၊ ပေးဆပ်ခြင်း ရယူခြင်းမရှိတဲ့ ချစ်ခြင်း  အမျိုးမျိုးပေါ့နော်။ ဘာကြောင့်ချစ်တယ်ဆိုတာကို အကြောင်းပြချက်ပေးလို့လည်း ရသိလို မပေးလို့လည်း ရတယ်။ အဲ အကြောင်းပြချက်ပေးတဲ့ ချစ်ခြင်းကိုလည်း အချစ်စစ် မဟုတ်ဘူးလို့ပြောကြပြန်ရော။ မှားတယ်လို့လည်းပြောလို့မရနိုင်ပါဘူး။ ဟုတ်ပြီ ချစ်သူကို တကယ်ချစ်တယ်ဆိုရင်  အခုလတ်တလော  မကြည့်ပါနဲ့ ။ ရေရှည်ကို ကြည့်သင့်ပါတယ်။ တဒင်္ဂ  သာယာမှုလား၊ ဘ၀လက်တွဲ ဖော်အဖြစ် ရွေးချယ် နိုင်ပြီလား။ ချစ်သူတိုင်းက တော့ ကိုယ့်ချစ်သူနဲ့ ပေါင်းဖက်ချင်ကြတာပဲ။ တကယ်မချစ်ဘဲ နဲ့ ပေါင်းဖက်ကြပြီဆိုရင် ကွဲတာတို့ ၊ သဘောထားမတိုက်ဆိုင်တာတို့ ဖြစ်လာရောပဲ။ ဒီလိုအချိန်မှာ ချစ်တယ်ဆိုတာတွေက ဘယ်ရောက်သွားပြီလဲ ။ ကျွန်တော်ယူဆတာတော့ ချစ်တယ်ဆိုတာက နားလည်မှုရှိရမယ်၊ မာန်မာနတွေ ဘေးဖယ်ထားရမယ်၊ ခွင့်လွှတ်သည်းခံရမယ်၊ နူးညံသိမ့်မွေ့မှုရှိရမယ် စတဲ့ အရာတွေ ပေါင်းစပ်ထားတယ်လို့ ယူဆတယ်။ ချစ်ရင် သ၀န်တိုရတယ်တဲ့။ နေရာတကာလိုက်ပြီး သ၀န်တိုနေရင်ရော ချစ်သူက နေနိုင်မှာတဲ့လား။ ဘက်ပေါင်းစုံက ကြည့်သင့်တာပေါ့။ ဥပမာ-ချစ်သူမိန်းကလေးက ကောင်လေးသူငယ်ချင်းနဲ့ စကားပြောဆို၊ ဆိုင်တစ်ဆိုင်မှာအတူတူ ထိုင်ကြတယ်ဆိုပါစို့။ အဲဒါကို ကိုယ်က သ၀န်တိုတယ်ဆိုပြီး ၀ုန်းဒိုင်းသွားကျဲရင် ဘာဖြစ်မလဲ ။ အပြတ်အပြတ် နာခေါင်းသွေး ထွက်ကုန်မှာပေါ့။  ဒါကို ကိုယ်က နားလည်ပေးရမယ်။ သူဘက်ကနေ ကြည့်ပေးရမယ်။ ချိန်းထားတာရောက်မလာရင်တောင် သူတစ်ခုခု ဖြစ်လို့ရောက်မလာတာပဲ ဆိုပြီး ဖြည့်တွေးပေးသင့်ပါတယ်။  အရင်နေ့တွေက တင်ခဲ့ဖူးပါတယ်။ ချစ်သူအမျိုးမျိုး ဆိုတာကိုပေါ့။ အဲဒီမှာလည်း စဉ်းစားကြည့်နော်။ တကယ်မချစ်တဲ့ ချစ်သူတွေများတယ်။ ကိုယ်လိုချင်တာ တစ်ခုအတွက်နဲ့ ချစ်တာ။ တကယ်ပဲ အဲလူမျိုးချစ်သူတွေကို အချစ်ခုံရုံးရှိမယ်ဆိုရင် တင်လိုက်ချင်တယ်။ တစ်သက်တစ်ကျွန်းကျစေသားပေါ့။  ကဲ လိုရင်းကိုဆက်ပြောမယ်ဗျာ။ အပေါ်ကပြောခဲ့သလို တကယ် နည်းလည်ပေးနိုင်တယ်၊ သည်းခံနိုင်တယ်။ ဟုတ်ပြီ။ ဥပမာတစ်ခုပြောမယ်နော်- တစ်ခါက အရမ်းချစ်တဲ့ ချစ်သူစုံတွဲတစ်တွဲရှိတယ်။  တစ်နေ့မှာ မထင်မှတ်ဘဲ ကောင်မလေး က ဖျားနာပါလေရောဗျာ။ ပိုဆိုးတာက ကောင်မလေးမှာ နှလုံးရောဂါပါ ဖြစ်နေတာတဲ့။ လမ်းလည်းမလျောက်နိုင်တော့ဘူး ။ အိမ်ယာထဲမှာပဲ လဲနေရတဲ့အချိန်တွေရောက်လာခဲ့တယ်။  အဲဒီအချိန်မှာ ကောင်လေးစိတ်ထဲမှာ အလိုမကျတော့ဘူး။ ကောင်မလေးကိုလည်း ငြူငြူဆူဆူဖြစ်လာ တယ်။ အရင်လို ပျော်ရွှင်မှုတွေကို ကောင်မလေးက မပေးနိုင်တော့ဘူး။ နှစ်ယောက်တီတီတာတာပြောဖို့လည်း အချိန်မရှိတော့ဘူး။ ဒီကောင်မလေး ကို အချစ်ပေါ့လာတယ်။ ရောဂါသည်တစ်ယောက် ချစ်သူဖြစ်ရတယ်ဆိုတာကို ကောင်လေး မလိုချင်ဘူး။ အရင်တုန်ုးကတော့ သေတူရှင်မကွာ ၊ဘာမဆိုပေးဆပ်ပါ့မယ်ဆိုတာတွေကဘယ်ရောက်သွားပြီလဲ။ နောက်ဆုံးမှာ ကောင်လေးက ကောင်မလေး
ကို ထားသွားခဲ့တယ်။ စဉ်းစားကြည့်နော်။ အရင်တုန်းကတော့ ချစ်ပါတယ်တဲ့။ ရောဂါဖြစ်သွားတော့ မချစ်တော့ဘူးတဲ့။ တကယ်မှ မချစ်တာ ဘယ်လိုလုပ် ပြုစုပေးနိုင်မလဲ တစ်သက်လုံး။ သူငယ်ချင်းတို့လည်း စဉ်းစားနော် ။ ပေါ့ပေါ့တန်တန်တော့ မတွေးမိစေနဲ့ပေါ့ဗျာ။ တကယ်လို့ ကိုယ့်ချစ်သူသာ အဲလိုမျိုးဆိုရင်ရော၊ အနားမှာ တစ်သက်လုံးနေပေးနိုင်ပါ့မလား။ အဆိုးဆုံးအခြေအနေတစ်ခုကို ရောက်နေပြီဆိုရင်ရော စောင့်ရှောင့်ဖေးမနိုင်ပါ့လား။ ပါးစပ်နဲ့တော့ လူတိုင်းပြောတတ်တာပေါ့။ လေးလေးနက်နက်လေး တွေးစေချင်တယ်။ တကယ်ခံစားပြီး ချစ်ကြည့်လိုက်ပါ။ အဲလိုမျိုးအဆိုးဆုံး အခြေအနေတွေကို  လက်တွေလုပ်နိုင်ပြီဆိုမှ တကယ်ချစ်တယ်လို့  ပြောနိုင်ပါတယ်။ အဲလောက်ထိမှ တွေးမထားသေးဘူးဆိုရင်တော့ အချစ်ပေါ့တယ်လို့ ဆိုနိုင်တာပေါ့နော်။ အကောင်းဆုံး အခြေအတွေကို ကြည့်ပြီး တော့ မချစ်ပါနဲ့ ။ အဆိုးဆုံးအခြေအနေတွေကို ကြည့်ပြီးမှ ချစ်ပါ။ ဒါက ကျွန်တော်အမြင်ကို ရေးထားတာပါ။ မှားတာရှိ ၀န်တာမိ တောင်းပန်အပ်ပါသည်။  

ချစ်သူတိုင်း ပေါင်းဖက်နိုင်ကြပါစေ........

အားလုံးကိုလေးစားလျက်......

5 comments:

  1. တစ်ယောက်သောသူကိုဖတ်စေချင်လိုက်တာ:P

    ReplyDelete
  2. လူတွေဟာ သိပ်ကို"selfish"ကြတယ်...သူများရတဲ့အချိန်တော့ သူ့စီမှာအမြဲကပ်နေတတ်ကြတယ်.. "သူမရှိရင်မဖြစ်ဘူးတဲ့" လို့ပြောတတ်ကြတယ်.. သူများကော စီးပွားပျက်ရော သူ့မှာ ကပ်နေတဲ့လူတွေအားလုံးက "သူမရှိရင်ရောဘာမဖြစ်ပါဘူး.. အပိုတွေပါ" ဆိုတဲ့ selfish တဲ့စိတ်တွေကိုဘယ်လို ဖျက်ကြမလဲ..

    ReplyDelete
  3. Anonymous11:10 AM

    I know this if off topic but I'm looking into starting my own weblog and was curious what all is required to get set up? I'm assuming having a blog like yours would cost a pretty penny?
    I'm not very web smart so I'm not 100% certain. Any tips or advice would be greatly appreciated. Cheers

    Here is my web site ford ranger forum

    ReplyDelete