Pages

Wednesday, July 18

Firefox 14.0 beta မှာ မြန်မာဖောင့် အပြည့် အ၀ ပေါ်အောင်


ဒီတစ်ခါ Firefox 14.0 beta သုံးတဲ့သူများအတွက် မြန်မာလိုအပြည့်အ၀ပေါ်အောင်လုပ်နည်းလေးပါ။ ရိုးရိုး Firefox က နောက်ဆုံး ဗားရှင်း 13.0 ပဲရှိပါသေးတယ် ။ Firefox beta က 14.0 ပါ။ အဲဒီကောင်လေးသုံးတဲ့သူများ သတိထားမိမယ်ထင်ပါတယ်။ ခေါင်းစဉ်တွေမှာ ဆိုရင်အတုံးအတုံးတွေပေါ်နေတာ ဖြစ်နေပါတယ်။ မသိသေးသောသူများအတွက်ပါ။ ကျွန်တော်လည်း စသုံးတုန်းက ဘာလုပ်ရမှန်းမသိဘူး။ လျှောက်ကလိကြည့်လိုက်မှ တွေ့တယ်။ အရင်ဆုံး မိမိ Firefox ကဘယ်လောက်ဗားရှင်းဆိုတာသိဖို့ Firefox ရဲ့ အပေါ်ဘားတန်းက Help ကို ကလစ်ပေးပါ။ ပြီးရင်  About Firefox ဆိုတာကိုကလစ်ပေးလိုက်ပါ။ ဒါဆိုရင် မိမိ Firefox က version ဘယ်လောက်ဆိုတာ သိမှာဖြစ်ပါတယ်။  ကဲသိပြီဆိုရင်Firefox 14.0 beta  ဆိုပါစို့။ Tools ကနေ Options ကိုသွားပါ။ Content ဆိုတဲ့ buttom လေးကို ကလစ်ပေးပါ။ Default font မှာ zawgyi one ဆိုတာတွေ့ပါလိမ့်မယ်။ အဲဒီရဲ့ဘေးမှာ Advanced ဆိုတာထပ်တွေ့ပါလိမ့်မယ်။ ကလစ်ပေးလိုက်ပါ။ အောက်ကပုံလေးအတိုင်း ဖြစ်အောင်ပြောင်းလိုက်ပါ။ ပြီးရင် အိုကေ ပေးလိုက်ပါ။ ပြီးပါပြီ။ 

အဆင်ပြေပါစေ....

အားလုံးကိုလေးစားလျက်....

No comments:

Post a Comment