Pages

Sunday, July 15

Screen Recorder


ဒီတစ်ခါ  ကျွန်တော် ကွန်ပျူတာ Screen ကို ဗွီဒီယို record လုပ်ပေးတဲ့ ဆော့ဝဲလ်လေး တင်ပေးလိုက်ပါတယ်။ အရင်ကလည်း တစ်ခု တင်ပေးဖူးပါတယ်။ ဒီကောင်လေးက ပိုကောင်းတယ် ဗျာ။ ဘယ်လိုကောင်းလဲဆိုရင် အရင်ကတင်ပေးထားတာက screen အပြည့် ဆော့တဲ့ ဂိမ်းတွေမှာဆိုရင် အလုပ်မလုပ်ဘူးဗျ ။ အခုဒီကောင်လေးက  Full screen အပြည့်ဆော့တဲ့ဂိမ်းတွေကိုပါ record လုပ်ပေးတယ်။ ဥပမာ - Warcraft တို့   crossfire စတဲ့ ဂိမ်းတွေက screen အပြည့် နေရာယူတယ်။ ဗျာ အရင်တင်ပေးတဲ့ recorder က အဲဒီကောင်လေးတွေကိုအလုပ်မလုပ်နိုင်ဘူး ။ အခုတင်ပေးမယ့် ကောင်လေးက အလုပ်လုပ်တယ်။ အဲဒါကြောင့်ပိုပြီးကောင်းတယ်လို့ပြောတာ။  အသုံးပြုပုံကလည်းလွယ်ပါတယ်။  အရင်ဆုံးပေးထားတဲ့ ဆော့ဝဲလ်လေးကို run လိုက်ပါ။  ဒီလိုပုံလေးပေါ်လာပါ့မယ်။

ကဲ အဲဒီကိုရောက်ပြီဆိုရင် အရင်ဆုံးဘာမှမလုပ်ပါနဲ့အုံး။ record လုပ်တဲ့အခါ အသံပါ တခါတည်းပါအောင် မိုက်ပုံစံလေးကို အရင်သွားပါ။ ကလစ်ပေးပြီးပြီဆိုရင်  Recrd Audio  မှာ အမှန်ခြစ်လေးပေးပါ။ပြီးရင် Ok ပေးပါ။ဒီလိုလေးပေါ့။

ရပြီဆိုရင် မိမိလိုချင်သောအပိုင်းကို ရွေးပြီး record လုပ်ဖို့ရာ စက်သွားပုံ လေးကို ကလစ်ပေးပါ။ ဒီလိုလေး ပေါ်လာပါ့မယ်။ 

အဲဒီမှာ Normal Region ကိုရွေးမယ်ဆိုရင် မိမိစိတ်ကြိုက် screen ကို ကာစာ ချပေးလို့ရပါတယ်။ အဲ Fixed Region ကိုရွေးမယ်ဆိုရင် လေးထောင့်သေးသေးပဲ ရပါ့မယ်။ Full Screen ကိုတော့အထူးပြောစရာမိုပါဘူး။ အကြီးချဲ့တဲ့ မည့် သည့် ဂိမ်း ၊ ဗွီဒီယိုမဆို အကုန်ပါ အောင် record လုပ်ပါတယ်။ 
setting ကို စိတ်ကြိုက်ပြင်ပြီးပြီဆိုရင် အပေါ်ဆုံးပုံမှာ ပါတဲ့ အနီရောင် အ၀ိုင်းလေးကို ကလစ်ပေးပါ။ စပြီး record လုပ်ပါပြီ။ စိတ်ကြိုက် record လုပ်ပြီးပြီဆိုရင် အပြာရောင် လေးထောင့်လေးကို ကလစ်ပေးပါ။ အဲဒီမှာ မိမိ save ချင်သောနေရာကိုရွေးပါ။ ပြီးရင်  save ကိုနှိပ်လိုက်ပါ။  ခဏစောင့်ပါ။ audio အသံပါ ပါမှာဖြစ်တဲ့အတွက် သူက အသံကို ပြောင်းဖို့ စောင့်ပေးရပါတယ်။ ခဏစောင့်ပေးပြီးရင် ပြီးပါပြီ ။ ဒီမှာတစ်ခု ပြောချင်တာက audio  ကို မသုံးဘူးဆိုရင် record လုပ်ပြီးသားက ချက်ချင်းပေါ်ပါတယ်။ 

အသုံးလိုမည့်သူများ အောက်မှာဒေါင်းပါ။  ဖိုင်ဆိုဒ်က 1MB တောင်မရှိပါဘူး။



အဆင်ပြေကြပါစေ....

အားလုံးကိုလေးစားချက်....

2 comments:

  1. စမ်းလုပ်ကြည့်လိုက်မယ် အကိုရေ...
    ခုလိုတင်ပေးတာ ကျေးဇူးတင်ပါတယ်...:-)

    ReplyDelete
  2. mediafire က ဒေါင်းလို့မရဘူး အစ်ကိုကြီး
    လိုချင်နေပီ...ဘယ်လိုလုပ်ရပါ့...

    ReplyDelete