Pages

Sunday, September 23

Laptop Battery ကို ကြာရှည်စွာအသုံးပြုနိုင်ရန်



အကြောင်းအမျိုးမျိုးကြောင့် Laptop များကိုမီးမရရှိပဲ Laptop ၏ Battery ကိုသာ အသုံးပြု၍ ကွန်ပျူတာကိုသုံးစွဲမည်ဆိုပါက Laptop Battery ကြာရှည်စွာ အသုံးပြုနိုင်ရန် အတွက် အောက်ပါ အတိုင်းဆောင် ရွက်နိုင်ပါသည်။

၁။ Screen Brightness ကိုလျော့ချအသုံးပြုခြင်း။ 
Screen ၏ Brightness ကိုပိုမိုအသုံးပြုပါက Laptop ၏ Battery ကိုပိုမိုမြန်ဆန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ၏ Scan Brightness ကိုလျော့ချ၍သုံးစွဲရန်လိုအပ်ပါသည်။ Brightness ကိုလျော့ချရန်အတွက် Laptop Battery icon ကို Right Click နှိပ်၍ More Power Option ကိုဝင် ရောက်ရပါမည်။
More power options
More power options

Power options window ပွင့်လာသောအခါ အောက်ဖော်ပြပါပုံအတိုင်း screen brightness ကို အနည်းဆုံးသို့လျော့ချရန်အတွက် ဘယ်ဘက် အဆုံးထိပြောင်းပေးရပါမည်။ ထိုသို့ screen brightness ကို အနည်းဆုံးသို့လျော့ချအသုံးပြုခြင်းသည် မျက်လုံးများအတွက်လည်း ကောင်းမွန်စေပါသည်။

decrease screen brightness
decrease screen brightness

၂။ Screensavers အသုံးပြုခြင်းကို ပိတ်ထားခြင်း။ 
Screensavers များအသုံးပြုခြင်းသည်လည်း Laptop ၏ Battery များကိုလျင်မြန်စွာကုန်ဆုံးရခြင်း၏ အကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။ Screensavers များကို ပိတ်ထားပါက Laptop ၏ Battery ကိုပိုမိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။ Screensavers များကိုပိတ်ထား ရန်အတွက် Desktop ပေါ်တွင် Right click နှိပ်၍ Properties ကိုဝင်ရောက်ရပါမည်။ ထို့နောက် Screensavers tab သို့ဝင်ရောက်၍ None ကိုရွေးချယ်၍ Ok ပေးရပါမည်။
 
Screensavers
Screensavers 

၃။ Defragmentation ပြုလုပ်ပေးခြင်း။
 Computer ၏ hard disk drive များကို Defragmentation ပြုလုပ်ပေးခြင်းသည် ကွန်ပျူတာ၏စွမ်းဆောင်မှုကိုမြင့်တက်စေသလို Laptop ၏ Battery သုံးစွဲခြင်းကိုလျော့နည်းစေသည့်အတွက် ပြုလုပ်ပေးရန်လိုအပ်ပါသည်။ Defragmentation ပြုလုပ်ပေးရန်အတွက် Window တွင်ပါဝင်သော Defragmente ကိုအ သုံးပြုနိုင်သကဲ့သို့၊ အခြား Defragmentation ပြုလုပ်ပေးသည့် Software များကိုလည်းအသုံးပြုနိုင်ပါသည်။ Defragmentation ပြုလုပ်ရန် အတွက် hard disk drive တစ်ခုကို Right click နှိပ်၍ properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Tools tab ကိုဝင်ရောက်၍ Defrayments now  ကိုနှိပ်၍ hard disk drive တစ်ခုခြင်းစီကို Defragmentation ပြုလုပ်ပေးရပါမည်။
 
defrag
Defragmentation ပြုလုပ်ရန်ဝင်ရောက်ပုံ

defrag2
Defragmention ပြုလုပ်ခြင်း

၎။  အသုံးမလိုသည့် Applications များကို Disable ပြုလုပ်ထားခြင်း။
အချို့ သော Applications များသည် ကွန်ပျူတာစတင်အလုပ်လုပ်သည်နှင့်တစ်ပြိုင် နက်တည်းအလုပ်လုပ်ရန်မလိုအပ်ပါ။ ဥပမာအားဖြင့် Adobe reader, Zune, iTunes and Google desktop အစရှိသည့် Applications များဖြစ်ပါသည်။ အဆိုပါ Applications များကို Startup menu တွင် Disable ပြုလုပ်ထားခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာ အသုံးပြုနိုင်ပါသည်။ Startup menu တွင် မလိုအပ်သည့် Applications များကို Disable ပြု လုပ်ရန်အတွက် Start မှ Run ကိုဝင်ရောက်ရပါမည်။ Run box တွင် Msconfig ဟုရိုက်ကာ Startup tab သို့ဆက်လက်ဝင်ရောက်ရပါမည်။ ထို့နောက်မလိုအပ်သည့် Applications များကို Uncheck ပြုလုပ်ပေး၍ ok ပေးပြီးနောက် Restart ချပေးရပါမည်။
 
startup
startup

၅။ External USB devices များကိုအသုံးမပြုခြင်း။ 
External USB devices များကိုအသုံးပြုခြင်းသည် Laptop ၏ Battery များကိုလျင် မြန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် External USB Devices များဖြစ်သော external hard drive, pen drive, mouse), memory card, iPod or iPhone အစရှိသည်တို့ကို အသုံးပြု ခြင်း၊ ချိတ်ဆက်ထားခြင်းတို့ကို ရှောင်ကျဉ်ရပါမည်။
 
၆။ RAM ကိုတိုးမြှင့်ခြင်း။ 
အကယ်၍ကွန်ပျူတာတွင်အသုံးပြုသည့် RAM သည် Window ၏လိုအပ်ချက်နှင့် မကိုတ်ညီပဲ စွမ်းဆောင်မှုနိမ့်နေပါက အဆိုပါ RAM ၏လိုအပ်ချက်သည်လည်း Laptop ၏ Battery ၏ ခံနိုင်ရည်အားကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် System ၏လိုအပ်ချက်နှင့် အညီ RAM ကို တိုးမြှင့်ပေးရန်လိုအပ်ပါသည်။
 
၇။ CD/DVD အသုံးမပြုခြင်း။
Laptop တစ်လုံးကို Battery ဖြင့်အသုံးပြုနေပါက CD/DVD အသုံးပြုခြင်းကိုရှောင် ကျဉ်ရပါမည်။ CD/DVD အသုံးပြုခြင်းသည် Laptop ၏ Battery ကိုလျင်မြန်စွာကုန်ဆုံးစေနိုင် ပါသည်။
 
၈။ အသုံးမပြုသည့်အချိန်တွင် Sleep or standby ပြုလုပ်ခြင်း။
ကွန်ပျူတာကိုသုံးခြင်းမှ ခေတ္တခဏရပ်နားသည့်အခါမျိုးတွင် Standby သို့မဟုတ် sleep ပြုလုပ်ထားခြင်းသည် power သုံးစွဲမှုကိုလျော့နည်းစေပြီး Battery ကိုကြာရှည်စွာသုံးစွဲ နိုင်စေပါသည်။ Standby သို့မဟုတ် sleep ပြုလုပ်ထားခြင်းသည် ကွန်ပျူတာကိုပြန်လည်အ သုံးပြုလိုသည့်အခါတွင် လွယ်ကူလျင်မြန်စွာအသုံးပြုနိုင်ပါသည်။
 
၉။ Laptop ကိုအေးသောနေရာတွင်ထားရှိအသုံးပြုခြင်း။
Laptop ကို အပူချိန်မြင့်သောအခန်းများတွင်အသုံးပြုပါက Laptop တွင်ပါဝင်သော Fan သည်အပူကိုချေဖျက်ရန်အတွက် အလုပ်ပိုမိုလုပ်ဆောင်ရပြီး Laptop Battery ကို လျင်မြန်စွာကုန်ဆုံးစေပါသည်။ ထို့ကြောင့် Laptop ကို အပူချိန်နည်း၍ အေးမြသော အခန်းများတွင် အသုံးပြုရန်လိုအပ်ပါသည်။
 
၁၀။ Screen resolution ကိုလျော့ချအသုံးပြုခြင်း။
Screen resolution ကိုအနည်းဆုံးသို့လျော့ချအသုံးပြုပါက Laptop ၏ Battery ကို အချိန်ကြာကြာအသုံးပြုစေရန် အထောက်အကူပြုပါသည်။ Screen resolution ကိုလျော့ချ ရန်အတွက် Desktop ပေါ်တွင် Right click ဖြင့် Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Display Properties Panel တွင်းမှ Settings tab သို့ဝင်ရောက်၍ Screen resolution ကို ဘယ်ဘယ်သို့ရွေ့ ပြောင်း၍ အနည်းဆုံးသို့လျော့ချပေးနိုင် ပါသည်။
 
Screen resolution
Screen resolution 

၁၁။ Switch off Wireless။
Laptop အများစုတွင် Internet နှင့်ချိတ်ဆက်အသုံးပြုရန်အတွက် Wireless connection ပါရှိပါသည်။ Internet အသုံးမပြုပါက Wireless connection ကိုပိတ်ထားသင့်ပါ သည်။ Wireless connection ကိုပိတ်ထားခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာ အသုံးပြုနိုင်ပါသည်။
 
၁၂။ Visual Effects များကိုပြင်ဆင်ပေးခြင်း။
ကွန်ပျူတာတွင် Visual Effects များကိုပြင်ဆင်ပေးခြင်းဖြင့် Laptop ၏ Battery ကိုကြာရှည်စွာအသုံးပြုစေနိုင်ပါသည်။ Visual Effects ကိုပြင်ဆင်ရန်အတွက် my computer ကို Right click နှိပ်၍ properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် အောက်ဖော်ပြပါ ပုံအတိုင်း advance tab မှ performance ရှိ Settings ကိုနှိပ်၍ ၀င်ရောက်ရ ပါမည်။ Adjust the appearance and performance of window ကိုနှိပ်၍ Performance Options အတွင်းမှ Visual Effects သို့ဝင်ရောက်ရပါမည်။
 
Change Visual Effects
Change Visual Effects 

“Visual Effects” tab အတွင်း၌ “Adjust for best performance” ကို check ပေးလိုက် သည့်အခါ Visual Effects များကိုပြင်ဆင်ပြီးဖြစ်ပါသည်။ (ထိုသို့ပြုလုပ်ရာတွင် Visual Effects များအားလုံးအလုပ်မလုပ်တော့ပဲ သာမန်ရိုးရှင်းသည့် Window ပုံစံ ဖြစ်သွားမည့်အတွက် ကွန်ပျူတာကိုလှလှပပဖြစ်စေရန် Effects များကို အသုံးပြုသူများအတွက် သတိထားရန်လိုအပ်ပါသည်။)

Adjust for best performance
Adjust for best performance

၁၃။ Laptop Battery ကိုအားကုန်အသုံးပြုခြင်း။
Laptop Battery ကိုနှစ်လလျင်တစ်ကြိမ်ခန့် အားကုန်အောင်သုံးစွဲပြီးနောက် ပြန်လည် အားဖြည့်သင့်ပါသည်။ ထိုအချက်သည်လည်း Laptop Battery ကိုကြာရှည်အသုံးပြုနိုင်ရန်အ တွက် အထောက်အကူပြုပါသည်။ ကွန်ပျူတာဝယ်သည့်အခါ ပါရှိသည့် Battery နှင့်ပတ်သက် သည့်အညွှန်းကိုလည်း သေချာဖတ်ကြည့်ရန်လိုအပ်ပါသည်။

၁၄။ Background color ရွေးချယ်အသုံးပြုခြင်း။
Background color အသုံးပြုရာတွင် အနက်ကိုအသုံးပြုပြီး Wallpapers များကိုဖြုတ် ထားခြင်းသည်လည်း Laptop Battery ကိုကြာရှည်စွာအသုံးပြုနိုင်ပါသည်။ အဖြူရောင်များကို Background color အဖြစ်အသုံးများလေ Laptop Battery အားကိုလျင်မြန်စွာကုန်ဆုံးလေ ဖြစ်ပါသည်။

၁၅။ Battery ကိုအားသွင်းနေစဉ် Laptop ကိုအသုံးမပြုခြင်း။
Battery ကိုအားသွင်းနေစဉ် Laptop ကိုအသုံးပြုခြင်းသည် Battery ၏အသုံးပြုနိုင်ရန် သတ်မှတ်ထားသည့်ကြာချိန်ကို လျော့ကျစေနိုင်ပါသည်။ ထို့ကြောင့် Laptop Battery များကို ပထမဦးစွာအားဖြည့်ပြီးမှသာ အသုံးပြုသင့်ပါသည်။

ကိုချယ်ရီ

6 comments:

  1. Anonymous7:27 AM

    အလည်လာသွားတယ်နော် နည်းပညာများဒီထက်မကမျှဝေနိုင်ပါစေ... Little Toucan :P

    ReplyDelete
  2. လေ့လာသွားပါပြီ စမ်းကြည့်လိုက်ဦးမယ်
    အခုလိုမျှဝေပေးတဲ့အတွက်ကျေးဇူးနော်

    ReplyDelete
  3. Anonymous11:10 AM

    thanks so much for your kindness

    good luck

    ReplyDelete
  4. Anonymous1:41 AM

    Today, while I was at work, my cousin stole my apple ipad
    and tested to see if it can survive a 30 foot drop, just so she can be a youtube
    sensation. My iPad is now destroyed and she has 83 views. I know this is completely off topic but I had to share it with
    someone!
    Here is my homepage ; bill consolidation loan

    ReplyDelete
  5. Anonymous5:16 AM

    For hottest news you have to pay a visit internet and on the
    web I found this site as a most excellent website for most up-to-date updates.



    my web blog; koszalin.pl

    ReplyDelete
  6. Anonymous2:12 PM

    Amazing blog! Do you have any helpful hints for aspiring writers?
    I'm hoping to start my own website soon but I'm a little lost on
    everything. Would you propose starting with a free platform like Wordpress or go for a paid option?
    There are so many options out there that I'm completely overwhelmed .. Any recommendations? Many thanks!

    My homepage: Ford Ranger

    ReplyDelete