Pages

Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Wednesday, November 28

ကျန်းမာရေးအတွက် ဂရုစိုက်ရမည့်နာရီများ




သုတေသနပြုချက်အရ ညဆိုင်းအလုပ်လုပ်သူများသည် ကျန်းမာရေး အခြေ အနေကမောက်က မဖြစ်တတ်သည်။ အမျိုးသမီးများဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်

ရောဂါများပိုမိုဖြစ်တတ်သည်။ညသန်းခေါင် ည ၁၂-နာရီ ၁၀-မိနစ်အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်ပြောင်းလဲဖြစ်စဉ်များသည် ကိုယ်တွင်းအရည်လောင်ကျွမ်းမှုကိုသာအားကိုးရသည်။ကိုယ်တွင်းအရည်လေင် ကျွမ်းမှုသည် အဆိပ်အတောက်ဖြစ်ပေါ်မှုများတတ်သည်။

ခန္ဓကိုယ်၏ 'သက်စောင့်ရည်' များကို အက်ဆစ်ဓါတ်ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏအိပ်ရေးပျက်ခံသူများသည် ဆေးလိပ်သောက်၊ အရက်သောက်သူများဖြစ်နိုင်သည့်ရောဂါမျိုးများ ငါးဆပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ်အတတ်နိုင်ဆုံး ည ၁၁-နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ

ညအလုပ်လုပ်ရန်ရှိသည်ဆိုလျှင်လဲ (အသားမပါသော) ညလယ်စာစားလျှင် ခံသာသေးသည်။နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င် သည်။ ဆောင်းရာသီပြီးလျှင်နွေရာသီရောက်လေသည်။ သဘာဝလော ကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျဖြစ်ပျက်နေသည်။

လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်း ချက်ကျကျလှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။

ည ၉-နာရီ မှ နံနက်၃-နာရီ = ခန္ဓာကိုယ်အားဖြည့်ချိန်

ည ၉-နာရီ မှ ည ၁၁-နာရီ = ရောဂါခုခံကာကွယ်စနစ်အချိန် (အလယ်တန်းအောက် ကလေးသူငယ်များသည်ရောဂါခုခံကာကွယ်စနစ် တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်အိပ်နိုင်လျှင်ကောင်း၏)

ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်

နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်

နံနက ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်

(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။ လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်ေ သွးကြောေ ရာဂါ၊သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ် သည်။ ထို့ကြောင့်အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်

နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)

နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်

နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)

နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်

(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါလေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)

ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)

ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်

ည ၇-နာရီမှ ည ၉-နာရီ = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏ အလှုပ်ရှား ဆုံးအချိန်
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)


(ပါမောက္ခ ဒေါ်ခင်ဖြူ)

Monday, October 29

ဦးနှောက်ကျန်းမာရေး ထိခိုက်မှုများစေသော ဖုန်း(၁၀)လုံး





ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။

အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင်း ဖြစ်ပါတယ်။ ယင်း radiation ကြောင့်ပဲ ဖုန်းကို သထိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Spe
cific Absorption Rate (SAR) သတ်မှတ်ပါတယ်။ ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် ဆုတ်ယူ (adsorb) လုပ်စေ တာမျိုးကို ဖြစ်ပါတယ်။

ယခု SAR ယူနစ်ကတော့ တစ်ကီလိုဂရမ်စာ ဖုန်းမှာ ပါဝင်တဲ့ ဆက်သွယ်ရေး ပစ္စည်း အလေးချိန်ဟာ လျှပ်စစ်လှိုင်း/ ရေဒီယိုလှိုင်း ဘယ် နှစ်ဝပ် ထုတ်နီုင်တယ်လို့ သတ်မှတ်ထားပေးတာ ဖြစ်ပါတယ်။ ဥပမာ - 1.5 watts/kg ဆိုရင် တစ်ကီလိုဂရမ် ယူနစ်အတွက်ဖြစ်ပါတယ်။ ၁.၅ ဆိုရင် အတော်များနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အန္တရာယ်များတဲ့ ၁.၅ အထက် မိုဘိုင်းဖုန်းများကို စာဖတ်သူတို့ သိရှိအောင် မျှဝေပေးလိုက်ရပါတယ်။


၁၀။ Motorola W385

ုအမေရိကန် မိုတိုရိုလာက ထုတ်တဲ့ CDMA ဖုန်း ဖြစ်ပါတယ်။ အမေရိကန်ရယ်လို့ မဟုတ်ပဲ တရုတ်ပြည်က စက်ရုံခွဲမှာလည်း ထုတ်ခဲ့ပါတယ်။ တော်တော်ကြာပြီ ဖြစ်တဲ့ ခေါက်ဖုန်း ဖြစ်ပါတယ်။ ရေဒီယိုလှိုင်း ဆုပ်ယူနိုင်မှု ယူနစ် Specific Absorption Rate (SAR)- တစ်ကီလိုဂရမ်မှာ ၁.၅၄ ဝပ် အထိ ရှိပါတယ်။

၉။ HTC Magic

၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ထုတ်တဲ့ ထိုင်ဝမ် HTC ထုတ် စမတ်ဖုန်း ဖြစ်ပါတယ်။ Android 1.6 Donut ကိုအသုံးပြုခဲ့ပြီး သူ့ခေတ် သူ့ခါမှာတော့ တော်တော်ကို ပေါက်တဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း တစ်ကီလိုဂရမ်ကို ၁.၅၅ ဝပ် အထိ ရှိပါတယ်။


၈။ Motorola i335

၂၀၀၅ ခုနှစ်က တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်က တစ်ကြိမ်ထုတ်လုပ်ရအောင် အတော်ကို အောင်မြင်တဲ့ ဖုန်း ဖြစ်ပါတယ်။ လိုင်းဆွဲအား အင်မတန် ကောင်းပြီး ဘက်ထရီတော်တော်ခံတဲ့ ဖုန်း ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR က ၁.၅၅ ရှိပါတယ်။

၇။ Blackberry Bold

ကနေဒါ RIM ထုတ်တဲ့ Blackberry ဖုန်းလည်း ပါဝင်နေပါတယ်။ Bold စီးရီး တစ်ခုလုံးလို့တော့ မဆိုထားပါဘူး။ သို့ပေမယ့် ၂၀၀၈၊ ၂၀၀၉ မော်ဒယ်တွေကို အသားပေးပြောထားပါတယ်။ ၁.၅၅ အထိ radiation rate ရှိနေလို့ ဖြစ်ပါတယ်။ Blackberry ကလည်း မြန်မာပြည်မှာ ရေပန်းစား တဲ့ ဖုန်း ဖြစ်ပါတယ်။

၆။ Motorola Boost

Android 1.5 သုံးပြီး keypad ရော၊ Touchscreen ပါတဲ့ Motorola Boost ကလည်း နာမည်ကြီးဖုန်းပဲ ဖြစ်ပါတယ်။ ကင်မရာကလည်း 5megapixel ရှိတယ်လို့ ဆိုပါတယ်။ သို့ပေမယ့် သူ့ရဲ့  SAR rating ကလည်း ၁.၅၅ ပဲ ဖြစ်ပါတယ်။

၅။ Kyocera Jax S1300

ဒီဂျစ်တယ် ဖုန်းအဆင့်ပဲ ရှိတဲ့ Kyocera Jax S1300 ကိုတော့ လူသိနည်းပါတယ်။ လိုင်းဆွဲအားကောင်းမှုကို အဓိကထားထုတ်တဲ့ ခပ်ရှင်းရှင်း ဖုန်း ဖြစ်ပါတယ်။ ၁.၅၅ ရှိတဲ့အတွက် SAR rate ကတော့ မသေးပါဘူး။

၎။ Sony Ericsson Xperia X10 Mini Pro

၂၀၁၀ ဖေဖော်ဝါရီ နောက်ပိုင်းထွက်ရှိတဲ့ ဖုန်း ဖြစ်ပြီး မြန်မာပြည်မှာလည်း အသုံးများနေပါတယ်။ Sony Ericsson Xperia X10 Mini မဟုတ်ပဲ ဗားရှင်း နည်းနည်း Upgarde လုပ်လိုက်တဲ့အတွက် Pro လို့ ထပ်ဖြည့် အမည်ပေး ထားတဲ့ ဖုန်း ဖြစ်ပါတယ်။ Android စမတ်ဖုန်းကောင်း တစ်မျိုး ဖြစ်ပေမယ့် SAR rate ကတော့ ၁.၅၅ ရှိပါတယ်။

၃။ Sony Ericsson Satio

Symbian OS 9.4 နဲ့ ထွက်ရှိတဲ့ ဆိုနီရဲ့  Ericsson Satio လည်း မြန်မာပြည်မှာ အသုံးပြုနေကြပါတယ်။ GSM ဖုန်း ဖြစ်ပြီး Wi-Fi, bluetooth စုံလင်စွာ ပါရှိတဲ့အတွက် အကြိုက်တွေ့နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ သူ့ရဲ့  SAR ကလည်း ၁.၅၆ အထိ ရှိပါတယ်။

၂။ Motorola Droid 2 Global

သြဂုတ် ၂၀၁၀ လေးတင် ထွက်ရှိခဲ့တဲ့ Android 2.2 စမတ်ဖုန်း ဖြစ်ပါတယ်။ Droid 2 လို့လည်း လူသိများပါတယ်။ user interface ကောင်းမွန်မှု၊ ကင်မရာနဲ့အခြား touchscreen နည်းပညာတို့ ကောင်းမွန်မှုကြောင့် အကြိုက်တွေ့ နေကြသေးတဲ့ ဖုန်း ဖြစ်ပါတယ်။ SAR ကတော့ ၁.၅၈ အဆင့်အထိ ရှိပါတယ်။


၁။ Motorola Bravo

Motorla Bravo ဆိုတာကလည်း ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှ ထွက်ရှိခဲ့တဲ့ WVGA display သုံး စမတ်ဖုန်းသေးလေး ဖြစ်ပါတယ်။ Android ဖုန်းပဲ ဖြစ်ပါတယ်။ Processor ကောင်းမွန်မှု၊ အကြမ်းခံမှုတို့က အားသာ ချက် ဖြစ်ပေမယ့် အဓိကား အားနည်းချက်ကြီးကတော့ ရေဒီယို လှိုင်း ထုတ်လွင့်မှု ဖြစ်ပါတယ်။ ဒါကြောင့်ပဲ သူ့ကို အန္တရာယ်အကြီးဆုံး နံပါတ် ၁ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ SAR rating - ၁.၅၉ ရှိတဲ့အတွက် လက်ရှောင်ရန် တိုက်တွန်းထားတဲ့ ဖုန်း ဖြစ်ပါတယ်။


ဒီမှာ အဓိက ဇာတ်ကောင်က Motorola ဖြစ်ပြီး Motorola ထုတ်ဖုန်း တွေ တော်တော်ပါနေတာ တွေ့ရပါတယ်။ အထက် ၁၀လုံးကို လေ့ လာသိရှိပြီး စာဖတ်သူတို့ သတိထား အသုံးပြုနိုင်မယ်လို့ မျော်လင့်ပါတယ်။

Ref: gizmocrazed.com

အောင်ခမ်း (TSJ team)
အားလုံးကိုလေးစားလျက်....

Thursday, October 25

ပဲပင်ပေါက် အကျိုးကျေးဇူးများ







ပဲရဲ့ ကျန်းမာရေးအကျိုးကျေးဇူးဟာ အညှောက်ပေါက်သွားတဲ့အခါမှာ အမြင့်ဆုံးဖြစ်သွားပါတယ်။ ပဲပင်ပေါက်မှာ အင်ဇိုင်းတွေ၊ ပရိုတင်းဓာတ်တွေ ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများအပြား ပါဝင်နေပါတယ်။ ပဲပင်ပေါက်မှာအမိုင်နိုအက်စစ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်တဲ့အပြင် ဗီတာမင်(အေ၊ ဘီ၊ စီ၊ ဒီ၊ အီးနဲ့ ကေ)၊ ဖောလစ်အက်စစ်၊ သံဓာတ်၊ ပိုတက်စီယမ် ၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ် ၊ မဂ္ဂနီဆီယမ် တို့ အများအပြား ပါဝင်နေပါတယ်။ ပဲပင်ပေါက်မှာ ကြေညက်လွယ်တဲပ အာဟာရဓာတ် အများအပြား ပါဝင်တာကြောင့် ပဲပင်ပေါက်ရဲ့ အကျိုးကျေးဇူးကို သိနိုင်အောင် လေ့လာသူတွေက လေ့လာဖော်ပြထားပါတယ်။

သွေးအားနည်းရောဂါကို သက်သာစေခြင်း 

ပဲပင်ပေါက်မှာ သံဓာတ်များစွာပါင်ဝင်တာကြောင့် သွေးနီဆဲလ်မှာတွေ့ရတဲ့ ဟေမိုဂလိုဘင် တည်ဖောက်မှုမှာ အရေးပါ ပါတယ်။  ဒါ့အပြင် ပဲပင်ပေါက်မှာ ဗီတာမင်စီ မမြင့်မားတဲ့ ပမာဏ ပါဝင်မှုရှိတာကြောင့် အူကနေ သံဓာတ်စုပ်ယူမှုကိုကောင်းမွန်စေပါတယ်။ ဒါကြောင့် သံဓာတ် ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်သလို ရောဂါဖြစ်နေရင်လည်း ကုသနိုင်ပါတယ်။

နှလုံးသွေးကြောများကို ကျန်းမာစေခြင်း 

အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းစတာတွေမှာ တွေ့ရများတဲ့ ပြည့်ဝဆီကု မှီဝမှု လျော့ချရင်း ပဲပင်ပေါက်ကို ပုံမှန်စားသုံးပေးရင် သွေးတွင်း မကောင်းတဲ့ ကိုလက်စထရော LD ကိုလျော့ကျစေပါတယ်။ အကြောင်းကတော့ ပဲပင်ပေါက်မှာ အမျှင်ဓာတ်နဲ့ လက်စီသင် ပါဝင်လို့ဖြစ်တယ်။ ပဲပင်ပေါက်ဟာ နှလုံးနဲ့ သွေးကြောတွေကို ကျန်းမာစေတာကြောင့် နှလုံးရောဂါ မှာ အဖြစ်များဆုံး ရောဂါဖြစ်တဲ့ နှလုံးသွေးကြောကျဉ်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ 
 

ဝမ်းမှန်မှန်သွားစေခြင်း

ပဲပင်ပေါက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အူလှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းချုပ်တဲ့ လက္ခဏာကို သက်သာစေပါတယ်။ 

ဆံပင်နှင့် လက်သည်း ကို ကျန်းမာစေခြင်း

အာဟာရတချို့ ချို့တဲ့မှုကြောင့် ဆံပင်တွေ ကျိုးပြတ်တာ၊ လက်သည်း၊ ခြေသည်းတွေ ကြွပ်ဆတ်တာတို့ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပရိုတင်းဓာတ် ၊ ဗီတာမင်နဲ့ ဇင့်(သွပ်) ဓာတ်တို့ ချို့တဲ့တာ ကြောင့်ဖြစ်တတ်ပါတယ်။ ပဲပင်ပေါက်မှာ  ဒီအာဟာရဓာတ်တွေ အများအပြား ပါဝင်တဲ့ အတွက် ဆံပင် သားနဲ့ လက်သည်း၊ ခြေသည်းပြဿနာတို့ မဖြစ်အောင် ကာကွယ် နိုင်သလို ဖြစ်နေရင်လည်း ကုသပေးနိုင်ပါတယ်။

အသည်းကိုကျန်းမာစေခြင်း 

ပဲပင်ပေါက်မှာ လက်ဆီသင် ပမာဏ များစွာပါဝင်တဲ့ အပြင် သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေကာအသည်းမှာ အဆီကပ်ငြိမှု မဖြစ်အောင် ကာကွယ် ပေးပါတယ်။ ဒါကြောင့် အဖြစ်များတဲ့ အသည်းထိခိုက်မှု အခြအနေတစ်ရပ်ဖြစ်တဲ့ အသည်းအဆီဖုံးမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

သွေးဆုံးချိန် ဝေဒနာများကို သက်သာစေခြင်း

ပဲပင်ပေါက်မှာ အီစထရိုဂျင်လို အာနိသင်ပေးနိုင်တဲ့ ဖိုင်တိုအီစထရိုဂျင်များ စွာပါဝင်ပါတယ်။  ဒါကြောင့် သွေးဆုံးချိန်နဲ့ ဆက်စပ်နေတဲ့ ရင်တုန်တာ၊ ညဘက်ပူလောင်ပြီး ချွေးထွက်တာစတဲ့ ဝေဒနာတွေ သက်သာစေပါတယ်။ သွေးဆုံး ဝေဒနာအများစုက အီစထရိုဂျင်အဆင့် လျော့နည်းလို့ဖြစ်တာတာပါ။ ပဲပင်ပေါက်မှာတွေ့ရတဲ့ ဖိုင်တိုအီစထရိုဂျင် တွေဟာ သွေးဆုံးချိန်မှာ အဖြစ်များတဲ့ အရိုးပါးရောဂါမဖြစ်အောင် လည်း ကာကွယ်ပေးပါတယ်။

အရေပြားကို အိုမင်းမှု တားပေးသော အစွမ်းရှိခြင်း

ပဲပင်ပေါက်မှာ အတွေ့များတဲ့ ဖိုင်တိုအီစထရိုဂျင်ဟာ  အရေပြားတည်ဆောက်မှုမှာအရေးပါတဲ့ ကော်လာဂျင်၊ အီလက်စတင်နဲ့ ဟိုင်ရာလူရိုးနစ်အက်စစ် တို့ တည်ဆောက်မှုကို ကောင်းမွန်စေပါတယ်။ ပဲပင်ပေါက်ဟာ အရေပြားတင်းရင်းမှုနဲ့ အစိုဓာတ်လျော့ကျမှုကြောင့် ဖြစ်တဲ့ အရေပြားအိုမင်းတဲ့ ဖြစ်စဉ်ကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

စိတ်ဖိစီးမှုနှင့် မောပန်းမှုကို လျော့ကျစေခြင်း

ပဲပင်ပေါက်မှာ စွမ်းအင်နဲ့ တခြား အာဟာရဓတ်ြတွေ အများအပြား ပါဝင်တာကြောင့် စိတ်ဖိစီးမှုနဲ့ မောပန်းမှုတို့ကြောင့် ဖြစ်လာတဲ့ ဝေဒနာတွေကို သက်သာလျော့ပါးစေပါတယ်။

ကြယ်စင်

အားလုံးကိုလေးစားလျက်....

Tuesday, October 16

ကျန်းမာရေးအတွက် သတိပြုဖွယ် အချက်တစ်ချို့


မျက်နှာသစ်ရာတွင်


မျက်နှာသစ်ရာတွင် ဆပ်ပြာလျှော့သုံးပါ၊ ဖြစ်နိုင်လျှင် ဆပ်ပြာမသုံးပါနဲ့၊ ရေပူ ရေအေး တလှည့်စီဖြင့် မျက်နှာကိုပွတ်ပေးခြင်းသည် ပို၍ မျက်နှာအရေပြားကို ပိုမိုသန့်ရျင်း ကျန်းမာတင့်တယ်စေပါသည်၊ ပွတ်သည့်အခါတွင် အောက်မှအထက် အပြင်မှ အတွင်းသို့ ပွတ်ရပါမည်၊ နေ့စဉ် မျက်နှာသစ်သည့်အခါတွင်
များသောအားဖြင့် အထက်မှ အောက်သို့သာ ပွတ်လေ့ရှိသည်၊ ဤသို့ပြုခြင်းသည် သွေး
လည်ပတ်မှု လမ်းကြောင်းနှင့် ဆန့်ကျင်နေ၍ ပါးရေတွန့်ခြင်း၊ အရေပြားတွဲကျခြင်းတို့ကို ပိုမိုမြန်ဆန်စေပါသည်။

Tuesday, October 2

ခြင်ဆေးတစ်ခွေအငွေ့က စီးကရက် အလိပ် ၁၀၀ နဲ့ ညီမျှတယ်



ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ သတင်းလေးကတော့ ခြင်ဆေးခွေတစ်ခွေကထွက်တဲ့ ခြင်ဆေးငွေ့တွေဟာ စီးကရက် အလိပ်တစ်ရာ နဲ့ ညီမျှတယ်ဆိုတဲ့ သတင်းလေးဖြစ်ပါတယ် ။

ခြင်ဆေးခွေတစ်ခွေကထွက်တဲ့ ခြင်ဆေးငွေ့တွေဟာ စီးကရက် အလိပ်တစ်ရာ နဲ့ ညီမျှတဲ့အတွက် အိန္ဒိယမှာရှိတဲ့လူတွေတော်တော်များများရဲ့ကျန်းမာရေးကို ထိခိုက်စေခဲ့ပါတယ် လို့ ပညာရှင်တွေကပြောကြားခဲ့ပါတယ် ။

“ လူတော်တော်များများ မသိကြသေးပါဘူး ဒါပေမယ့် အဆုတ်ကို ခြင်ဆေးခွေတစ်ခွေက
ထိခိုက်စေနှုန်းဟာ အဆုတ်ကို ဆေးလိပ်အလိပ်တစ်ရာက ထိခိုက်စေနှုန်းနဲ့ညီမျှပါတယ် .. ဒါဟာ မလေးရှားမှာ လတ်တလောပြုလုပ်ထားတဲ့လေ့လာစမ်းသပ်မှုတွေကနေ ဖော်ပြနေခြင်းဖြစ်ပါတယ် ” လို့ Chest Research Foundation director တစ်ဦးဖြစ်သူ ဆန်ဒိဆယ်ဗီ က ပြောကြားခဲ့ပါတယ် ။

ကိုသက်တန့်ချို

Monday, September 17

ရေခဲသေတ္တာထဲ အမြဲမထားသင့်သောအရာများ


၁။ နို့ နှင့် နို့ထွက်ပစ္စည်းများ ၊

၂။ မွေးမြူရေးကြက်ဥ၊

၃။ မာဂျရင်းနှင့် ထောပတ်၊
(မာဂျရင်းကတော့ ထောပတ်နဲ့ပုံစံတူပါတယ်၊ ကိတ်မုန့်လုပ်တာတို့ ၊ ပူတင်းလုပ်တဲ့နေရာတို့ မှာသုံးလေ့ရှိပါတယ်။ )

၎။ မေရိုးနိစ်၊ ( အဆီခဲပျစ်ပျစ်တွေပါတဲ့ ၊ ကြားဖူးဘူး )

၅။ Ketchup (ဆော့စ် အမျိုးမျိုး)၊

၆။ အသားလွှာ ၊

၇။ ပြုပြင်းထားသည့်အသားများနှင့် ဝက်ပေါင်ခြောက်၊

၈။ ဒိန်ချဉ်၊

၉။ တိုဟူး ၊ 

၁၀။ ဖျော်ရည်၊ 

၁၁။ ဆော်ဒါ

၁၂။ စူပါမားကတ်ရှိ ဟင်းရွက်သုပ်ရာတွင် ထည့်သောပစ္စည်း (Dressings) 
(အခုမှကြားဖူးတယ်၊ သူက ကျွန်တော်ထင်ပါတယ် ထောပတ်တို့၊ ရှာလကာရည်တို့နဲ့ ပုံစံတူမယ်။ ရှာကြည့်တော့ အဲလိုအရည်ဗူးပုံလေးတွေ တွေ့တယ်။ )

ထည့်သင့်တဲ့အစားအစာတွေကတော့ အသီးအရွက်တွေနဲ့ လတ်လတ်ဆတ်ဆတ်အသားတွေပါတဲ့ ။ အသေးစိတ်ကိုနောက်မှရေးပေးပါ့မယ်ခင်ဗျာ)

ဒေါက်တာခင်မိုးမိုး

Wednesday, September 12

နားနှင့်ပက်သက်ပြီး မလုပ်သင့်သောအရာများ




နားတွေမှာ သူဘာသာသန့်စင်စေခြင်းနဲ့ သူဘာသာ ကာကွယ်နိုင်ခြင်းဆိုတဲ့ သဘာဝသတ္တိရှိပြီးသားပါ။ ဒါ့ကြောင့် နားတွေကို မမှန်ကန်တဲ့နည်းတွေနဲ့ သန့်စင်ဆေးကြောမှု ပြုလုပ်တဲ့အခါ နားမှာ ထိခိုက်ဒဏ်ရာရခြင်းနဲ့ နားတွင်း ကူးစက်ပိုးဝင်ခြင်းဆိုတဲ့ ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

နားဖာချေးကို မကလော်ပါနဲ့ နားဖားချေးတွေဟာ နားရဲ့သူ့ဘာသာ သန့်စင်စေတဲ့ လုပ်ငန်းစဉ်ကို ကောင်းကောင်း အလုပ်လုပ်နိုင်အောင် ဆောင်ရွက်ပေးပါတယ်။ နားဖာချေးတွေဟာ ဆိုးဆိုးဝါးဝါးပိတ်ဆို့ မနေရင် ကလော်ပြီး မဖယ်ရှားသင့်ပါဘူး။ အပြင် နားစည်အရေပြားရှိ ဂလင်းကနေ ထုတ်ပေးလေ့ရှိတဲ့ နာဖာချေးတွေဟာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာ တွေကို လုပ်ဆောင်နေပါတယ်။

နားစည်ရဲ့ အရေပြားကို ကာကွယ်ဖုံးအုပ်ပေးခြင်း၊ ရေကို တွန်းထုတ်ခြင်းနဲ့ နားတွင်းပိုးဝင်တာနဲ့ ထိခိုက်ဒဏ်ရာမဖြစ်အောင် ကာကွယ်ပေးခြင်းစတဲ့ လုပ်ငန်းတွေအပြင် နားအတွင်း အရေပြားခြောက်သွေ့ ယားယံခြင်းမဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ ဒါ့ပြင် နားဖာချေးဟာ အပြင်ကနေဝင်လာတဲ့ ဖုန်နဲ့ ပိုးမွှားတွေကို နားစည်ထဲမရောက်အောင် သယ်ယူထားပေးပါတယ်။ အများအားဖြင့် နားဖာချေးဟာ သူ့အလိုလို ထွက်သွားလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့လူတွေမှာတော့ အလိုလို ထွက်မသွားတဲ့အတွက် နားဖာချေးကို ကလော်ပြီး ဖယ်ထုတ်ရတတ်ပါတယ်။

နားစည်ထဲ ဘာမှ မထည့်ပါနဲ့ နားအတွင်းထဲကို ဝါဂွမ်းစ၊ လက်ချောင်း၊ ကလစ်လို ချွန်ထက်တဲ့ အရာတွေ မထည့်ပါနဲ့။ နားအတွင်းထဲ ပြင်ပပစ္စည်းထည့်တာဟာ နားစည်ရဲ့ နူးညံ့တဲ့ အရေပြားကို ထိခိုက်ပျက်စီးစေသလို အခန့်မသင့်ရင် နားစည်ကို ပေါက်ပြဲစေပါတယ်။ လူအများစုဟာ နားဖာချေးထွက်သွားအောင် နားထဲကို ပြင်ပပစ္စည်းထည့်ပြီး ကလော်ထုတ်တတ်ကြပါတယ်။ နားဖာချေး သိပ်မရှိဘဲ ပြင်ပပစ္စည်းဟာ နားစည်အထိရောက်သွားရင် နားကို မသက်မသာ ဖြစ်စေကာ ယာယီနားမကြားတော့တာမျိုး ဖြစ်သွားတတ်ပါတယ်။ နားစည် အရေပြားခြစ်မိခြင်းနဲ့ နှာချေးဟာ နားစည်အတွင်းထဲအထိ ရောက်ရှိသွားခြင်းတွေကြောင့် နားတွင်းကူးစက်ပိုးဝင်တဲ့ အန္တရာယ်လဲ များပါတယ်။

နားအတွင်းထဲ မဆေးကြောပါနဲ့ နားရဲ့ အပြင်ဘက်ပိုင်း ညစ်ပတ်နေရင် ဆပ်ပြာနဲ့ ရေစိုစွတ်နေတဲ့ နူးညံ့တဲ့ အဝတ်စသုံးပြီး ဆေးကြောပေးပါ။ ဒါပေမဲ့ နားအတွင်းထဲကိုတော့ အဝတ်စ၊ လက်ချောင်းနဲ့ တခြားဘာမှ ထည့်ပြီး မဆေးကြောပါနဲ့။ ကလေးရဲ့ နားကို ဆေးကြော သန့်စင်ပေးချင်ရင်လည်း ဝါဂွမ်းစကို ဆပ်ပြာမပါတဲ့ ရေထဲထည့်ပြီး ဆေးကြောပေးလို့ ရပါတယ်။ ဒါပေမဲ့ နားကို ခြောက်သွေ့အောင် ပြန်ပြုလုပ်ဖို့ အရေးကြီးပါတယ်။ ရေကူးတဲ့သူတွေမှာ နားခြောက်သွေ့အောင် အထူးဂရုစိုက်ဖို့ လိုပါတယ်။ တကယ်လို့ နားတွင်းပိုးဝင်ပြီး နာကျင်နေရင်တော့ ဆရာဝန်နဲ့ပြပါ။

နားထဲက ပြင်ပပစ္စည်းကို အတင်းမဖယ်ရှားပါနဲ့ လူကြီးတွေကော ကလေးတွေမှာပါ နားထဲ ပြင်ပပစ္စည်းဝင်နိုင်ပါတယ်။ လူကြီးတွေမှာတော့ နားကပ်ကျွတ်ပြီး မတော်တဆ နားထဲ ဝင်သွားတာဖြစ်တတ်ပြီး ကလေးတွေကတော့ စနောက်ချင်စိတ်၊ စပ်စုလိုစိတ်နဲ့ အခြားကလေးရဲ့နားထဲဒါမှမဟုတ် ကိုယ့်နားထဲ ပြင်ပပစ္စည်းထည့်တတ်ကြပါတယ်။

ပဲစေ့လို၊ ခဲဖျက်လို ပစ္စည်းတွေဆိုရင် သူ့အလိုလို ပြန်ထွက်သွားဖို့မလွယ်ပါဘူး။ အင်းဆက်ပိုးမွှားတွေလည်း နားထဲရောက်ပြီး ပိတ်မိနေတာမျိုး ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ဘာသာ ပြင်ပပစ္စည်းကို ဖယ်ရှားဖို့ မကြိုးစားပါနဲ့။ ဆရာဝန်ထံ ချက်ချင်းသွားပါ။ ဆရာဝန်က နားထဲက ပြင်ပပစ္စည်းကို အထူးကိရိယာနဲ့ ဖယ်ရှားပေးမယ့် အပြင် နားထဲမှာ ထိခိုက်ဒဏ်ရာရှိ၊ မရှိ ဆန်းစစ်ကြည့်ရှုတာ လိုအပ်သလို ကုသပေးပါလိမ့်မယ်။

နားထဲ နားဖာချေးပိတ်ဆို့နေခြင်း နားထဲ နားဖာချေး အလွန်အမင်း ပိတ်ဆို့နေပြီး ဖယ်ရှားဖို့လိုတဲ့ အခြေအနေတွေရှိပါတယ်။ ဖယ်ရှားဖို့ လိုတဲ့ လက္ခဏာရပ်တွေကတော့ နားအကြားအာရုံ ဆုံးရှုံးခြင်း၊ နားကိုက်ခြင်း၊ နားအူခြင်း၊ နားထဲပြည့်နေသလို ခံစားရခြင်း စတာတွေပါပဲ ဖြစ်ပါတယ်။ အဲဒီအခါ မိမိဘာသာ နားထဲက နားဖာချေး ထုတ်တာမျိုး မလုပ်ဘဲ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ ပြသလိုက်ပါ။

From forward mail 

Wednesday, August 22

ဝမ်းထဲအစာမရှိလျှင် မစားသင့်သော အစားအစာများ


ကျွန်တော်တို့ ဝမ်းထဲမှာ အစာမရှိဘူးဆိုရင်အောက်ပါ အစားအစာ များဟာ စားဖို့မသင့်တော်ပါဘူးတဲ့ ။ မသိသေးသော သူများအတွက်ပါ။ ကျွန်တော်လည်းမသိဘူး။  အစာမရှိလည်း စားတာပဲ။ အခုတော့ မစားတော့ဘူး။  သူငယ်ချင်းတို့လည်း ရှောင်ကြပေါ့။ ကျန်းမာရေးက မဖြစ်ခင် ရှောင်တာပဲ ကောင်းတယ်။


 orange 

 soy milk
 persimmon

Friday, August 17

ရှောင်စေချင်သည် တညင်းသီး


အဆိပ်တွေနဲ့အသီး

အားလုံးသိကြတဲ့အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။ အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့တညင်းသီးပါ။ တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ.အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်.တတ်တဲ.အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ.သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။ တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်.အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်းပိုများတယ်လို.ဆိုပါတယ်။

Sunday, August 12

အ၀လွန် ရောဂါအကြောင်း



၁။ အ၀လွန်ရောဂါဆိုတာ ဘာလဲ။

ပုံမှန် ကိုယ်အလေးချိန်ထက်များပြီး ၀ခြင်း (Overweight) နဲ့ အ၀လွန်ရောဂါ (Obesity) ရယ်လို့ နှစ်မျိုးရှိပါတယ်။ ခန္ဓာကိုယ်ထုထည် စံနှုန်း Body Mass Index (BMI) နှင့် တိုင်းပါတယ်။ BMI=ခန္ဓာကိုယ်အလေးချိန် ကီလိုဂရမ် ဖြစ်ပါတယ်။ BMI ၁၈ မှ ၂၅ ကြားမှာရှိနေရင် ပုံမှန်ပါပဲ။ ၂၅ ထက်ကျော်သွားရင်၊  (အရပ်အမြင့်မီတာ)၂ ကိုယ်အလေးချိန်များတယ်လို့ သတ်မှတ်ပြီး၊ ၃၅ ထက်ကျော်သွားရင် အ၀လွန်တယ်လို့ သတ်မှတ်ပါတယ်။


၂။ အ၀လွန်ရင် ဘာအန္တရာယ်ရှိသလဲ။

အ၀လွန်ခြင်းရဲ့ နောက်ဆက်တွဲအဖြစ် သွေးချို၊ ဆီးချိုဖြစ်တက်တယ်။ သွေးတိုးရောဂါလည်း ပိုဖြစ်လွယ်တယ်။ လေဖြတ် ဖို့လည်း အခွင့်အလမ်းပိုများတယ်။ သူ့ခန္တာကိုယ်ထဲမှာ အဆီဓာတ်လည်း ပိုများတဲ့အတွက် နှလုံးသွေးကြောကျဉ်းရောဂါ ပိုဖြစ်နိုင် တယ်။ သည်းခြေအိတ်ကျောက်တည်တာလည်း ပိုဖြစ်တယ်။ အသည်းအဆီဖုံး ရောဂါလည်း ရနိုင်တယ်။ ကင်ဆာရောဂါတွေလည်း ပိုဖြစ်နိုင်တယ်။ ဥပမာ-ရင်သား ကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာတို့ဖြစ်တယ်။ ၀လွန်းတဲ့အတွက် မောတယ်။ အသက်ရှူမွန်းကျပ်တယ်ဆိုတာတွေလည်း ခံစားရတယ်။ ခြေထောက်မှာ သွေးကြောတွေ ထုံးနေတတ်တယ်။ ၀လွန်းတဲ့ အမျိုးသမီး တွေဆိုရင် ရာသီသွေးလည်းမမှန်ဘူး။ ကလေးမီးဖွားရလည်း ခက်တတ်ပါတယ်။ ကြွက်သားနဲ့ အဆစ်တွေလည်းနာမယ်။ စိတ်ဖိစီးမှု ဒဏ်ကိုလည်းမခံနိုင်ဘူး။ အိပ်လို့ရှိရင် ဟောက်သံထွက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘူး။ အိပ်ရေးမ၀ဘူးလို့ အမြဲတမ်းပြောတယ် လူမှုဆက်ဆံရေးမှာလည်း နောက်ပြောင်ခြင်းခံကြရတယ်။ လိင်ဆက်ဆံချင်တဲ့ စိတ်တွေလည်းနည်းသွားလို့၊ အိမ်ထောင်ရေး အဆင်မပြေဘူး။ ၀တဲ့သူတွေကို အလုပ်မခန့်ချင်ကြဘူး။ ဘ၀သက်တမ်းလည်း တိုတယ်။ မ၀တဲ့လူတွေလောက်လည်း အသက် မရှည်ကြဘူး။


၃။ အ၀လွန်ရောဂါဖြစ်နိုင်ချေ ရှိသူများ။

လူတိုင်းမှာ ဖြစ်နိုင်ချေရှိပါတယ်။ ငါတော့မ၀နိုင်ဘူးဆိုပြီး အနေအထိုင်၊ အစားအသောက်မဆင်ခြင်ရင် တစ်ချိန်မှာ ၀လာလိမ့်မယ်။ ဖြစ်နိုင်ချေများတဲ့ အုပ်စုကတော့ လှုပ်ရှားမှုနည်းလွန်းတဲ့သူတွေ၊ ထိုင်ပြီး အလုပ်လုပ်ရတဲ့ အလုပ်သမားတွေ၊ အဆီ များတဲ့အစာစားသူတွေ၊ ဆီနဲ့အထပ်ထပ်ကြော်ထားတဲ့ အစားအစာတွေစားရင် ၀နိုင်ပါတယ်။ နေ့စဉ်စားနေတဲ့ အဆီဓာတ်က ၅% လောက်ပဲ ပါသင့်ပါတယ်။ (တကယ်စားနေတာက ၂၀% မှ ၃၀% ထိရှိပါတယ်) အချိုဓာတ် လွန်လွန်ကဲကဲစားတဲ့သူတွေ၊ အရက် သောက်သူတွေ၊ ဆေးလိပ်စွဲစွဲမြဲမြဲသောက်နေရာက ဖြတ်လိုက်ရင် တချို့မှာ ၀လာတက်ပါတယ်။ လည်ပင်းအကျိတ် သိုင်းရွိုက် ဂလင်းအားနည်းတဲ့သူတွေ၊ စိတ်ငြိမ်ဆေးသောက်နေရသူတွေ၊ သန္ဓေတားဆေးစားနေရသူတွေ၊ အချို့သော ဆီးချိုထိန်းဆေးနဲ့ စတီးရွိုက်ဆေး၊ အတက်ကျ ဆေးစားနေရသူတွေမှာလည်း ၀တက်ပါတယ်။ မျိုးရိုးထဲမှာ ၀တဲ့သူရှိခြင်း၊ ကိုယ်တွင်းရောဂါ တစ်ခုခု ရှိခြင်းကြောင့်လည်း ၀နိုင်ပါတယ်။ အမျိုးသမီးတွေက အိမ်တွင်းမှာပဲ နေရပြီး၊ လှုပ်ရှားမှုနည်းတဲ့အတွက် ယောက်ျားတွေထက် ပိုပြီး ၀လေ့ရှိပါတယ်။ အဖြစ်အများဆုံး အသက်အရွယ်ကတော့ စားနိုင်တဲ့အရွယ်တွေ ဖြစ်ပါတယ်။ ကလေးတွေမှာ ကြီးထွားဖွံ့ဖြိုးနေတဲ့ အတွက် သိပ်ပြဿနာ မရှိပေမယ့် ကလေးကို ၀ပါစေဆိုပြီး လွှတ်ထားလိုက်ရင်တော့ ကြီးလာရင်မထိန်းနိုင်တော့ဘူး။ မျက်စိအကျင့် ၀မ်းအချင့်ဆိုတဲ့အတိုင်း သူက များများစားမှ နေတတ်တော့တယ်။ ၁၈ နှစ်နဲ့ ၄၀ နှစ်ကြားမှာ ပိုပြီး တွေ့ရတယ်။ ဘူးသီးပုံဝလာတဲ့ သူတွေထက်၊ ဗိုက်ကြီးပဲစူထွက်လာတဲ့ ပန်းသီးပုံဝခြင်းဟာ ပိုဆိုးပါတယ်။

Wednesday, August 1

အလှအပ လျှို့ဝှက်ချက် (For girl )



(၁) နံပါတ်တစ် အသားအရေ ထိန်းသိမ်းရေး လျှို့ဝှက်ချက်

ဒီနည်းလမ်းက မျက်လုံးကို ပြင်ဆင်ခြယ်သတဲ့ အမျိုးသမီးတိုင်း သုံးသင့်တဲ့ နည်းလမ်းတစ်ခုပါ။ ညနေဘက် အပြင်ကနေ အိမ်ကို ပြန်ရောက်လာပြီဆိုရင် ဗက်ဆလင်း အလှဆီ (Vaseline) ကိုသုံးပြီး မျက်လုံးပေါ်က မိတ်ကပ်တွေကို ဖျက်သင့်ပါတယ်။ ဒီအလှဆီက မျက်လုံးကို ထိခိုက်မှုမဖြစ်စေဘဲ မျက်လုံးတစ်ဝိုက်က နူးညံ့တဲ့အရေပြားကို အကာအကွယ်တောင် ပေးနိုင်ပါသေးတယ်။ နှုတ်ခမ်းသားတွေ ကွဲအက်နေရင် ဗက်ဆလင်း အလှဆီကို လိမ်းပါ။ ပြီးရင် သွားတိုက်တံ အဟောင်းတစ်ခုနဲ့ နှုတ်ခမ်းသားတွေကို နှိပ်နယ် ပွတ်တိုက် ပေးရပါမယ်။ တစ်နေ့ကို နှစ်ကြိမ်လောက် လုပ်ပေးလိုက်ရင် နှုတ်ခမ်းသားတွေက ပိုးသားလို နူးညံ့ချောမွေ့သွားမှာပါ။

(၂) အလွယ်ကူဆုံး မျက်လုံးပြင်နည်း

လွယ်ကူမြန်ဆန်တဲ့ မျက်လုံးပြုပြင်နည်းမှာ အဆင့်လေးဆင့် ပါဝင်ပါတယ်။

အဆင့်(က) မျက်ဝန်းတစ်ဝိုက်ကို ကွန်ဆဲလာလိမ်းပါ။ ဒါက မျက်ကွင်းညိုတာကို သက်သာစေပါတယ်။

အဆင့်(ခ) မျက်ခွံပေါ်က အရေပြားကို သဘာဝအတိုင်း ကြည့်ကောင်းအောင်အိုင်းရှဲဒ
ိုး ခပ်ပါးပါး ခြယ်ပါ။

အဆင့်(ဂ) ဈေးပေါတဲ့ ခဲတံအမျိုးအစား အိုင်းလိုင်နာကို မသုံးပါနဲ့။ အိုင်းလိုင်နာဘရပ်ရှ်ကို သုံးပါ။ အရောင်ရင့်တဲ့ အိုင်းရှဲဒိုးကို လိမ်းထားရင် အနက်ရောင် အိုင်းလိုင်နာကို သုံးပြီး ခြယ်ပါ။ မျက်ခွံအတွင်းထဲကို အိုင်းလိုင်နာခြယ်ရင် မျက်ဝန်းကို သေးသယောင် ဖြစ်သွားစေပါတယ်။ ဒါကြောင့် မျက်တောင်ကြားမှာပဲ အိုင်းလိုင်နာကို ဆိုးပေးပါ။

အဆင့်(ဃ) မက်စ်ကာရာနဲ့ မျက်တောင်ကော့ပေးတာက မျက်လုံးကို ပိုကြီးပြီး ပိုတောက်ပစေပါတယ်။ သင့်မျက်တောင်တွေက တိုပြီးဖြောင့်နေရင် မက်စ်ကာရာမသုံးခင် မျက်တောင်ကော့စက်နဲ့ အရင်ကော့ပေးပါ။

Saturday, July 28

လမ်းလျှောက်ခြင်း၏ သက်ရောက်မှု



လမ်းလျှောက်ခြင်းကြောင့် ကျန်းမာရေးနဲ့ ပက်သက်ပြီးတော့ ရရှိတဲ့ အကျိုးကျေးဇူးကတော့ ပြောမကုန်အောင်များပြားပါတယ
်။ ခန္ဓာကိုယ်အင်္ဂါ အစိတ်အပိုင်းတွေရဲ့ Sensory touches တွေဟာ ခြေဖဝါးမှာ စုစည်းလို့နေ တယ်လို့ သိရပါတယ်။ 

ပုံမှာမြင်တွေ့ရတဲ့အတိုင်း ခြေဖဝါးရဲ့ မျက်နှာပြင်တစ်ခုလုံးမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ၏ ထိတွေ့မှုအာရုံများ ရှိနေပြီး ခြေဖဝါးနှိပ်နယ်ခြင်း(Foot message) လုပ်တာဟာ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲမှုတွေကို ပြေပျောက်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။  အာရုံကြောတွေဟာ တစ်ခုခြင်းစီရဲ့အင်္ဂါအစိတ်အပ
ိုင်းအားလုံးကို ဆက်သွယ် ထားပါတယ်။ ဒါကြောင့်မို့ လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးနဲ့ တိုက်ရိုက်ဆက်သွယ် အကျိုးပေးတယ်လို့ လေ့လာသိရှိနိုင်မှာ ဖြစ်ပါတယ်။ 

From: Facebook 

Wednesday, July 25

ကြို့ထိုးခြင်းနှင့် သိပ္ပံနည်းကျကုထုံး


နှာစေးချောင်းဆိုးရောဂါကဲ့သို့ လူတိုင်းလိုလို ဖြစ်ပွားတတ်သော ရောဂါတစ်မျိုးရှိသည်။ သာမန်အား ဖြင့် ခဏတစ်ဖြုတ်နှင့် ပျောက်သွား တတ်သောကြောင့် ရောဂါဟုပင် သတ်မှတ်လေ့မရှိကြပါ။ သို့သော် ရက်ရှည်လများ ခံစားနေရသော သူများအတွက်တော့မူ ခံရခက်သော ရောဂါဝေဒနာတစ်မျိုး ဖြစ်တော့၏။ ကြို့ထိုးခြင်းဆိုသည်မှာ ဝမ်းဗိုက် အတွင်းရှိ ဒိုင်ယာဖရမ်ခေါ်ကြွက်သား လှုပ်ရှားရာမှ ဖြစ်ပေါ်လာခြင်း ဖြစ် သည်ဟု အကြမ်းဖျင်းကြားဖူးထားပါ သည်။

ယင်းဒိုင်ယာဖရမ်
ကြွက်သား သည် ပုံမှန်အားဖြင့် လှုပ်ရှားလေ့ မရှိဘဲ အကြောင်းတစ်ခုခု တိုက်ဆိုင် လာသောအခါ လှုပ်ရှားလာသဖြင့် ကြို့ထိုးခြင်းဟူသော ဝေဒနာ ဖြစ်ပေါ် လာရခြင်း ဖြစ်သည်။ ကြို့ထိုးခြင်းနှင့် ပတ်သက်၍ ဆေးနည်းတိုပေါင်းမြောက်မြားစွာ တင်ပြရေး သားကြ သည်။ ကြို့ထိုးလျှင် ရေသောက်ရမည်ကို လူတိုင်းသိကြ သည်၊ ကြို့ထိုးသူတိုင်းအားလည်း ရေသောက်ခိုင်းကြသည်။

ရေသောက် ပြီး ပျောက်သွားတာလည်း ရှိပါသည်။ မပျောက်မချင်း ရေသောက်ကြသဖြင့် ဝမ်းဗိုက်ကယ်သွားပြီး ထမင်းစားပျက် ရ၏။ နောက်ဆုံးဖတ်လိုက်ရသော မဂ္ဂဇင်းတစ်အုပ် တွင်သောက်ရေဖန်ခွက် အတွင်း ရေထည့်၊ ကြေးပြားတစ်ခု ထည့်ပြီးသောက်ရန် နည်း တစ်ခု ပေး ထားပါသည်။ ကျွန်တော်တင်ပြချင်သည်မှာ လည်း ရေသောက်နည်းပင် ဖြစ်ပါ သည်။ ဤနည်းမှာ နက္ခတ္တ ရောင်ခြည်မဂ္ဂဇင်းထဲမှ ဖတ်ရှုခဲ့ရသော နည်းပင် ဖြစ်ပါသည်။

ကြို့ထိုးသူ၏ နားရွက်နှစ်ဖက်အား အခြားသူတစ်ဦး က တင်းကျပ်စွာ လေလုံအောင် ပိတ် စေပြီး ကြို့ထိုးသူကို အသက်အောင့်ပြီး ရေသောက်စေသောနည်းပင်ဖြစ်သည်။ မိမိကြို့ထိုးနေစဉ် အနား၌ နားရွက် ပိတ်ပေးမည့်သူမရှိပါက မိမိခံတွင်း၌ ရေကို ဆံ့သရွေ့ ငုံထားပြီး မိမိဘာ သာ နားရွက်ကို လေလုံအောင် ပိတ် ပြီး အသက်အောင့်၍ ရေကို မျိုချပါ။ ရေတစ်ငုံစာနှင့်ပင် ကြို့ထိုး လက်တွေ့ ပျောက်ခဲ့ရပါသည်။ ဤနည်းသည် သိပ္ပံနည်းကျ လက်တွေ့ဆန်သော နည်းဖြစ်သည် ဟု စဉ်းစားမိပါသည်။ အသက်ရှူ အောင့်ထားခြင်းအားဖြင့် အဆုတ်တွင်း ၌ လေများဖြင့် တင်းခံထားစဉ် နား ရွက်ကို ပိတ်ထားခြင်းဖြင့် နားရွက်မှ လေမထွက်နိုင်၊ ထိုအချိန်တွင် အသက် အောင့်၍ ရေကို မျိုချလိုက်သောအခါ ဝမ်းဗိုက်အတွင်းရှိ ဒိုင်ယာဖရမ်ခေါ် ကြွက်သားပြင်အားအောက်သို့ တွန်းချ လိုက်သကဲ့သို့ ဖြစ်သွားသည်။

ဒိုင်ယာ ဖရမ်ကြွက်သားပြင်သည် အထက်သို့ ဆောင့်ဆောင့်တက်ခြင်းအားဖြင့် ကြို့ ထိုးနေရာမှ အောက်သို့ ဖိအားပြင်း စွာဖြင့် တွန်းချခြင်းခံလိုက်ရသောအခါ အပေါ်သို့ ဆောင့်ဆောင့်တက်သော အကျင့်ပျောက်သွားပြီး ကြို့ထိုးခြင်း ဝေဒနာလည်း ပျောက်ကင်းသွားရ လေသည်။ ရေတစ်ငုံမျိုချပြီး မပျောက်ကင်း ပါက ဒုတိယတစ်ငုံထပ်ပြီး အထက်ပါ နည်းအတိုင်း မျိုချပါ။ ရေတစ်ဖန်ခွက် မကုန်မီမှာပင် လက်တွေ့ပျောက်ကင်း မည် ဖြစ်ပါသည်။ လုပ်ကိုင်ရတာ လွယ်ကူ၊ ပစ္စည်း ရှာရတာမခက်ခဲ၊ အမှားအယွင်း အ္တ ရာယ်မရှိနိုင်သော သိပ္ပံနည်းကျ လက် တွေ့နည်းမို့ ကြို့ထိုးနေသောသူများ လက်တွေ့စမ်းသပ်ကြည့်ရန် ရေးသား တင်ဆက်လိုက်ရပါသည်။

Ref:Health Digest


Sunday, July 1

အဆိပ်ဖယ်ရှားပေးသော အသီးအနှံများ


ဒီတစ်ခါ အဆိပ်ဖယ်ရှားပေးသောအသီးအနှံတစ်ချို့ကိုတင်ပြပေးလိုက်တယ်။ တကယ်တော့ ကျွန်တော်တို့ နေစဉ်ပုံမှန်စားသုံးနေတဲ့ အသီးအနှံတွေပါပဲ။ မသိသေးသူများအတွက် ဖော်ပြလိုက်တာပါ။ ဘယ်လိုပြောမလဲ မသိဘဲ နဲ့ စားနေတာနဲ့စာရင် သိပြီးစားတာက ပိုကောင်းတာပေါ့နော်။ ပြောရရင် တစ်ချို့အသီးအနှံတွေ စားတောင်မစားဖူးဘူုး။ သိပြီးရင်တော့ များများစား၊ များများသောက်ပေါ့နော်....:) ။









Saturday, June 23

သားအိမ်ခေါင်းကင်ဆာ ကြိုတင်ကာကွယ်ပါ


ဒီပို့စ်လေးတင်လို့ ရိုင်းတယ်လို့ မထင်ပါနဲ့။ ကျန်းမာရေးရှူ့ထောင့်ကနေကြည့်ပေးပါ။



သိသင့်သည်ဟုထင်သော အမျိုးသမီးရောဂါတစ်ခု အကြောင်းတင်ပြပါမည်။ ဆေးပညာအားဖြင့် CA Cervix သားအိမ်ခေါင်းကင်ဆာလို့ခေါ်ပါတယ်

သားအိမ်ခေါင်းကင်ဆာသည် အရွယ်ရောက်ပြီး အမျိုးသမီးများတွင်   ဖြစ်ပွား သောရောဂါတစ်မျိုး ဖြစ်ပြီးတော့  မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်သောရောဂါ ဖြစ်ပါတယ်။ ဖြစ်ပွားရခြင်းမှာ Human Papilloma Virus (HPV) ဟုခေါ်သော virus တစ်မျိုးကြောင့်ဖြစ်ရပြီး ကူးစက်မှု၏ ၇၀%သည် ပိုးရှိသူအမျိုးသားများနှင့် အတူနေမိမှုကြောင့် ဖြစ်ပါတယ်။ အိမ်ထောင်များသူများ၊ မီးဖွားမှုများသူများ၊ အပျော်အပါးများသူမျာ၊ အပျော်အပါးများသောအိမ်ထောင်ဖက်ရှိသူအမျိုးသမီးများ နှင့် ပဋိသန္ဓေတားရန် အမျိုးသား အကာအကွယ်မသုံးပဲ ဆေးစားသူများ တို့ မှာဖြစ်တတ်ပါတယ်။

မေးခွန်းတစ်ခုမေးမယ်။ မြန်မာနိုင်ငံက အမျိုးသမီး ဘယ်နှစ်ဦးက မိမိတို့ရဲ့ အမျိုးသားက သူ့ဘ၀မှာမိမိသာလျှင် တစ်ဦးတည်းသော အဖော်ဖြစ်ပါတယ်လို့အာမခံနိုင်တဲ့သူ ရှိသလဲ။ ဘယ်နှစ်ယောက် ကကော မိမိတို့ လက်ထပ်မဲ့ အမျိုးသားက အရင်ကဘာအပျော်အပါးမှ မလိုက်စားပါဘူး ဒီ ပိုးမရှိပါဘူးလို့ အာမခံနိုင်သလဲ။ စာရေးသူ ကလဲ ယောက်ျားတစ်ယောက်ပါ။ ယောက်ျားမကောင်းကြောင်းရေးနေတာမဟုတ်ပါဘူး။ သိသင့်တယ်ထင်တာ ဆန်းစစ်သင့်တာလေးတွေကို ထောက်ပြနေတာပါ။

ကဲ ဟုတ်ပြီ။ ဒါဆိုရင် ဘယ်သူမဆို ဒီကင်ဆာရောဂါ တော့ဖြစ်ချင်ကြမှာ မဟုတ်ဘူး။ ဒီကင်ဆာရောဂါ ကဘယ်လိုဖြစ်တာလဲ ဆိုတော့ ပိုးဝင်သွားရင် ဒီပိုးက အရမ်းသေးတယ်။ အဆ သိန်းသန်းမက ချဲ့ထားတဲ့ အနုကြည့်မှန်ပြောင်းနဲ့မှ မြင်ရမှာ။ သူက ဆဲလ်ထဲကိုဝင်တယ် ပြီးရင်ဆဲလ်တွေက ပွားလာတယ်။ သားအိမ်ရဲ့ ထိပ်ဝမှာ မှိုပွင့်လိုကားကား အနာကြီးဖြစ်လာတယ်။ ပြီးရင် သားအိမ်တွေရောသားမွေးလမ်းကြောင်းကိုရော တစ်ကိုယ်လုံးကိုပါပြန့်သွားတယ်။

ဘယ်လိုသိနိုင်မလဲ။ ဒီကင်ဆာဖြစ်တော့မယ်ဆို၇င် သူက အဆင့်လေးတွေနဲ့လာတယ်ပေါ့နော်။ လက္ခဏာတွေကတော့ သွေးတွေဆင်းလာတယ်။ ပုံမှန်ဓမ္မတာလာတာနဲ့မှားတတ်တယ်။ သူကတော့ အကြာကြီးကိုဆက်ဖြစ်နေတာ။ ပြီးတော့ သံဝါသပြုပြီးနောက်ရော ဆီးသွားတဲ့အခါ အညစ်အကြေးစွန့်တဲ့အခါ မျိုးတွေမှာ ဆက်တိုက်ဆိုသလိုသွေးတွေဆင်းလာတယ် ပြီးတော့ သားမွေးလမ်းကြောင်းကနေ သွေးမျှင်တန်းလေးတွေ နံတဲ့အချွဲတွေပါ ဆင်းလာတတ်တယ်။ ပြီးရင်နာလာတယ်။ နာတဲ့အခါမှာလည်း ယောနိဝကနေ အပေါ်ကိုဒေါင်လိုက် နာတာကပြန့်တက်လာတယ်။ နောက်တော့ ခါးအောက်ပိုင်းတစ်ခုလုံး နာလာတယ်။ နောက်ပိုင်းမှာ ဆီး ၀မ်းမထိန်းနိုင်တော့တာတွေ နဲ့ ဆီးအိတ်နဲ့ အစာဟောင်းအိမ်တွေမှာပါ အနာတွေ ဖြစ်လာတယ်။ လူလည်းပိန်လာတယ်။ အနာတွေကနေပိုးတွေဝင်လာပြီး သွေးထဲမှာ အဆိပ်သင့်ပြီး ရှော့ရတတ်တယ်။ ပိုးတွေဝင်လာတာဟာ ဆီးပြွန်ကိုရောက်လာပြီး ကျောက်ကပ်ကိုပါပျက်စီးနိုင်တယ်။

ဒါဆိုရင်ဘာလုပ်ကြမလဲ။

ရောဂါမဖြစ်အောင်ကာကွယ်လို့ရတယ်။

ကိုယ့်ရဲ့ ကိုယ်ခံအားကိုမြင့်တင်နိုင်အောင် ကာကွယ်ဆေးထိုးလို့ရတယ်။ အဆင်ပြေတဲ့သားဖွားမီးယပ်ဆရာမကြီးတစ်ဦးထံမှာ သုံးကြိမ်ထိုးရမယ်။ ပထမလထိုးပြီးရင် နောက်တစ်လနေရင်တစ်ခါထိုးမယ်။ နောက်ခြောက်လနေရင်နောက်ဆုံးအကြိမ်ထိုးမယ်။ ကဒ်ပြားလေးတွေပေးတယ်။ နောက်ထပ်ထိုးရမဲ့ ရက်ကိုရေးပေးထားတယ်။ မပျောက်အောင်တော့သိမ်းထား။ အဲသည်လိုထိုးပြီးပြီဆိုရင် ရှစ်နှစ်အထိခံတယ်။ ဟုတ်ပြီ ဘယ်တော့က စ ထိုးကြမလဲ။ နိုင်ငံခြားမှာတော့ ၉နှစ်ကစပြီးထိုးကြတယ်။ ဒီမှာကတော့ အဲဒီလောက်မလိုသေးပါဘူး။ အပျိုဖော်ဝင်စလောက်ကဆိုရပါတယ်

ရောဂါရှိမရှိစစ်ကြည့်လို့ရတယ်။ မိန်းမကိုယ်ထဲကို ပစ္စည်းလေးထည့်ပြီး အသားစအဖြေထုတ်တယ်။ ဒါပေမယ့်တော်တော်များများ အိမ်ထောင်မကျသေးတဲ့ အမျိုးသမီးများက ကြောက်ကြတယ်။ သူတို့ခန္ဓာကိုယ်ထဲကိုပစ္စည်းထည့်ပြီးယူ၇မှာ ကိုမကြိုက်ကြဘူး။ တကယ်တော့ သုံးနှစ်တစ်ခါ ယူသင့်တယ်။ စစ်ကြည့်သင့်တယ်။ ပိုးဝင်လာပြီဆိုရင်စောစောစီးစီး သိရင်တားလို့ရသေးတယ်။ CIN 1,2,3ဆိုပြီးတော့အဆင့်သုံးဆင့်မှာ မှာ 1ဆို ကာကွယ်ဆေးလောက်နဲ့တားလို့ရသေးတယ်။ နောက်ပိုင်းဆိုရင်တော့ ကုရတော့မယ်။ ပိုးဝင်ပြီး လပိုင်းလောက်ဆို ကာကွယ်ဆေးနဲ့ရသေးတယ်။

ဘယ်လိုကုမလဲ။

ဖြစ်တဲ့နေရာလေးကိုလှီးထုတ်တယ်။ ဓာတ်ကင်တယ်။ ဆေးကျွေးတယ်။ တစ်ခါတစ်လေမှာဖြစ်တာ ကြာသွားလို့ အရမ်းဆိုးသွားရင်တော့ သားအိမ်တစ်ခုလုံးထုတ်လိုက်ရတာတို့ ပေါင်က အကျိတ်တွေကိုပါ လှီးထုတ်လိုက်ရတာတို့ လုပ်ရတယ်။

ဘာဆေးတွေပေးလဲ။

ပေးတာကတော့ ထိုးဆေးရော သောက်ဆေးရောပေါ့ အသုံးများတဲ့ဆေးတွေကတော့ Cyclophosphamine ၁၀ရက်စာ(ခန္ဓာကိုယ်အလေးချိန်အလိုက်သောက်သုံးရန်တွက်ချက်ရသည်) Lomustine နေ့စဉ်သောက်သုံးရန် (ခန္ဓာကိုယ်အကြီးအသေးအရွယ်အစားအလိုက် တွက်ချက်သောက်သုံးရသောဆေးဖြစ်သည်။)

လတ်တလောဆိုးကျိုး-ပျို့၊အန်

ဘာရောဂါတွေနဲ့မှားတတ်သလဲ။

ဓမ္မတာမမှန်တာ အထူးသဖြင့်သွေးဆုံးကာနီး အမျိုးသမီးတွေမှာနဲ့ဆင်မှားတတ်တယ်။ သားအိမ်ထိပ်ဝမှာ သံဝါသပြုပြီးနောက်တို့ သားအိမ်အတွင်းမှာပဲသွေးဆင်းတာတို့ဖြစ်ပြီး သားအိမ်ထိပ်ဝမှာ အနာတရစုတ်ပြဲသွားတဲ့အခါ။ သားခဏခဏလျှောတတ်တဲ့သူတွေမှာ ပိုးဝင်တာ။ ကာလသာရောဂါမှာ ရတတ်တဲ့အနာ။ တီဘီပိုးကြောင့်ဖြစ်တဲ့အနာ။ အခြားသောသားအိမ်ထိပ်ဝမှ သွေးယိုစိမ့်စေသည့်အနာများ။

ဒါဆိုဘယ်လိုသိနိုင်မလဲ။

အထက်မှာပြထားတဲ့ လက္ခဏာ တစ်ခုခုပေါ်လာတဲ့အခါ အချိန်အခါမဟုတ်ဘဲ သွေးဆင်းလာတာ ၀မ်းဗိုက်အောက်ပိုင်း ချက်အောက်တည့်တည့်ကနာလာတဲ့အခါ ကိုယ့်ကိုကိုယ်သံသယ ရှိတဲ့အခါ ultra-sound ရိုက်ကြည့်လို့ရပါတယ်။ ပိုသေချာအောင် အသားစ အဖြေယူရပါမယ်။ မရှိသေးဘူးဆိုရင် ကာကွယ်ဆေးသုံးခါထိုးပြီး ရှစ်နှစ်စိတ်ချလက်ချနေလိုက်ပါ။ ရှိနေပြီဆိုရင် ဘယ်အဆင့်ထိရောက်နေပြီလဲမေးပါ။ လုံးဝပျောက်ကင်းသည် အထိကုသလိုက်ပါ။
ဆေးဝါးများမှာသောက်ဆေးများဖြစ်သော်လည်း ဘေးထွက်ဆိုးကျိုး အလွန်များသောဆေးများ ဖြစ်သဖြင့် ဆရာဝန်၏ ညွန်ကြားချက်ဖြင့်သာသောက်သုံးရန်။

ဆေးပညာဂျာနယ်တစ်ခုမှ........

လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဖို့အရေးကြီး



• Blood group match for marriage is unnecessary အဲလိုစစ်နေဘို့ မလိုအပ်လှပါ။ ကျန်းမာရေး အယူအဆ နှစ်မျိုးလုံး တွေ့နိုင်ပါတယ်။

အရေးကြီးတယ်ဆိုတာ Rh incompatibility မတူဖြစ်မှာကို တားဘို့အတွက် ဖြစ်တယ်။ မသိဘဲ အိမ်ထောင်ကျလို့ ကိုယ်ဝန်ရတဲ့အခါ ကလေးမှာ Hemolytic disease of the newborn-HDN ဆိုတာ ဖြစ်နိုင်တယ်။ Erythroblastosis fetalis လို့လဲခေါ်တယ်။ Antigen-antibodies reaction ခေါ်တဲ့ ဓါတ်ပြုမှုကြောင့် ဖြစ်ရတယ်။ Maternal antibodies မိခင်ရဲ့ (အင်တီဘော်ဒီ) တွေက Placenta အချင်း ကတဆင့် ကလေးဆီ ကူးလာတယ်။

မိခင်ဟာ Rh negative မဖြစ်ရင် ဘာမှ စိုးရိမ်စရာ မရှိပါ။ Rh -ve ဆိုတဲ့သဘောက သူ့ရဲ့ cells သွေးနီဥတွေ မျက်နှာပြင်မှာ D antigen ဒါမှမဟုတ် Rh factor မရှိတာ ဖြစ်တယ်။ မိန်းမက RH-ve နဲ့ ယောက်ျားက RH+ve ဖြစ်နေရင် သူတို့ကနေမွေးမဲ့ကလေးဟာ RH+ve ဖြစ်ဘို့ အခွင့်အလမ်း ၅ဝ% ရှိနိုင်တယ်။ အဲလို ဖြစ်နေမှ ပြဿနာတက်မယ်။ ကလေးရဲ့သွေးနဲ့ မိခင်သွေးတွေ အမျိုးမတူကြဘူး။

မွေးလာတဲ့ကလေးမှာ Erythroblastosis fetalis ရောဂါရမယ်ဆိုရင် Exchange transfusion သွေးလဲတာ လုပ်ရတယ်။ Hemolytic disease of the newborn မွေးစကလေးမှာ ဒီရောဂါဖြစ်မှာကို Intrauterine transfusion ဗိုက်ထဲကတည်းက သွေးလဲတာနဲ့ ကုနိုင်သေးတယ်။ Direct antiglobulin test (DAT, Direct Coomb's test ) စမ်းသပ်နည်းနဲ့ HDN ရှိ-မရှိစစ်ဆေးတယ်။ ဒါ့ကြောင့် လက်မထပ်ခင် သွေးအုပ်စု တည့်-မတည့် သိဘို့ အရေးမကြီးဘူး ပြောတာဖြစ်တယ်။

Maternal Risks မိခင်မှာ ဘာဖြစ်နိုင်သလဲ

• Rh negative မိခင်ကနေ Rh positive ကိုယ်ဝန်ကို ဆောင်နိုင်တယ်။ အဲဒီအခြေအနေမှာ မိခင်ရဲ့ Immune system ရောဂါပြီး စနစ်ကနေ ကလေးရဲ့ Rh positive red blood cells သွေးနီဥတွေကို ရန်သူလိုသဘောထားလိမ့်မယ်။ ဒါကြောင့် မိခင်ရဲ့သွေးထဲမှာ ဒါကိုဆန့်ကျင်တဲ့ Antibodies တွေထွက်လာပြီး တိုက်ခိုက်လိမ့်မယ်။ Sensitization ယဉ်ပါးအောင်လုပ်တာလို့ ဆေးစာနဲ့ခေါ်တယ်။
• ပထမကိုယ်ဝန်မှာ မဆိုးတာများတယ်။ ဒုတိယကလေးဆိုရင် RH+ve ဖြစ်ဘို့ ၂၅-၅ဝ% ရှိတယ်။ ပထမ ကိုယ်ဝန်ဆောင်တုံးက သွေးထဲမှာ ဖြစ်နေခဲ့ပြီးသား Antibodies တွေဟာ များနေပြီမို့ ဒုတိကိုယ်ဝန်ဖြစ်နေတဲ့ အထဲက ကလေးကို ဆိုးဆိုးဝါးဝါး တိုက်ခိုက်တော့မယ်။
• Rh negative မိခင်မှာ Miscarriage ကိုယ်ဝန်ပျက်တာ၊ Ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်တာ၊ Induced abortion ကိုယ်ဝန်ဖျက်တာတွေကနေ ကလေးရဲ့သွေးကလဲ အချင်းကတဆင့် မအေဆီရောက်နိုင်လို့ မအေမှာ Sensitization ဖြစ်မယ်။
• ကိုယ်ဝန်ရင့်ချိန်မှာ Amniocentesis ရေမြွာရည် ဖေါက်ယူ စစ်ဆေးလို့လဲ နဲနဲဖြစ်နိုင်သေးတယ်။

Risks to the baby ကလေးအတွက် အန္ကရာယ်တွေ

• မိခင်ရဲ့ ဆန့်ကျင်တဲ့ Antibodies တွေကတိုက်ခိုက်ခံရတော့ သွေးနီဥတွေ နည်းပါးလို့ (Anemia) သွေးအားနည်းမယ်၊(Jaundice) အသားဝါရောဂါရမယ်၊ (Mental retardation ) ဦးနှောက်ညံ့မယ်၊ ကြာရင်( Heart failure) နှလုံးရောဂါရမယ်။
• သွေးအား အလွန်နည်းတာနဲ့ အသားဝါ အလွန်ဆိုးတာ ခံစားရမယ်။ ဒီ Jaundice အသားဝါဖြစ်တာက Physiological jaundice ကလေးတိုင်း ဖြစ်တဲ့ အသားဝါထက် ဆိုးတယ်။
• ဗိုက်ထဲမှာတင် သေနိုင်တယ်။ မွေးပြီး မကြာခင်လဲ သေနိုင်တယ်။ Hemolytic Disease of the Newborn ရောဂါလို့ ခေါ်တယ်။

Rhogam ဆေး နဲ့ ကိုယ်ဝန်

Rh negative pregnancy ကိုယ်ဝန်ဆောင်ကို Rhogam ဆေး IM ထိုးပေးရတယ်။ Anti-D globulin (RhoGAM) ဆေးပေးရင် Rh negative မိခင်လောင်း ၉၉% မှာ Anti-Rh antibodies တွေ ဖြစ်မလာစေနိုင်ဘူး။ ကိုယ်ဝန် ၂၈ ပါတ်မှာ နဲ့ မွေးပြီး ၇၂ နာရီအတွင်း ပေးတယ်။ ဒီလိုနည်းတွေ ပေါ်လာလို့ ကနေ့ခေတ်မှာ Erythroblastosis fetalis ရောဂါ နည်းလာနေပြီဖြစ်တယ်။

Rh-ve ဖြစ်သူအရေအတွက် နည်းပါတယ်။ Rh-ve factor ရှိသူအချင်ချင်း အိမ်ထောင်ပြုတာ ဘာမှ စိုးရိမ်စရာမရှိပါ။ ABO blood types (A, B, AB, O) အေ-ဘီ-အို သွေးအုပ်စု မတူသူတွေ လက်ထပ်လို့ ဘာမှမဖြစ်ပါ။ လက်မထပ်ခင်၊ ကလေးမယူခင် HIV နဲ့ Hepatitis B တွေ စစ်ဆေးတာက ပိုလိုသေးတယ်လို့ ဆိုနိုင်တယ်။

စာရေးသူကိုမသိသောကြောင့် အမည်မဖော်ပြလိုက်ပါ........ 

ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြလိုက်တာပါ။  နောက်တစ်ခုက ပုံလေးတင်ပေးလိုက်ပါတယ်။ မည့်သို့သောသွေးအုပ်စုတွေက တခြားသွေးအုပ်စုတွေကို အစားသွင်းလို့ရတယ်ဆိုတာရယ်၊ မိခင်သွေးနဲ့ ဖခင်သွေးပေါင်းရင် ကလေးသွေးက ဘာဖြစ်တယ်ဆိုတာကို ပြထားတဲ့ ဇယားလေးပါ။


အားလုံးကိုလေးစားလျက်.....

Tuesday, June 19

အူမကြီး ကင်ဆာ အကြောင်းသိကောင်းစရာ


ကျွန်တော့်ကို  သူငယ်ချင်းတစ်ယောက်မေးလာလို့   ဒေါက်တာတင့်ဆွေဆီမေးလ်ပို့ပြီး မေးထားတာပါ။  ကျွန်တော်ကျန်းမာရေးနဲ့ပက်သက်တဲ့အကြောင်းအရာများကို တော်တော်များများမေးဖူးတယ်။ ဒေါက်တာက အမြဲတမ်းမေးလ်ပြန်ပို့ပေးတယ်။ ကျွန်တော်သိချင်တာမှန်သမျှကို မအားလပ်တဲ့ကြား ကနေမေးလ် ပို့ပေးတဲ့အတွက် ဒေါက်တာကို ဒီကနေပဲ အရမ်းကျေးဇူးတင်ကြောင်း ပြောလိုက်ပါရစေ.........။ သူငယ်ချင်းတို့လည်း ကျန်းမာရေးန့ပက်သက်ပြီးသိလိုသမျှ မေးချင်တယ်ဆိုရင် ဒေါက်တာရဲ့ Email ပါ ရေးပေးလိုက်ပါတယ်။  drswe01@gmail.com


Tue, Jun 19, 2012 at 12:55 AM
ဒေါက်တာခင်ဗျာ ကျွန်တော် အူကင်ဆာနဲ့ပက်သက်တဲ့အကြောင်းလေး သိချင်ပါတယ်ခင်ဗျာ။


Bowel cancer အူကင်ဆာလို့ ခေါ်တာဟာ Colorectal cancers ဖြစ်တယ်။ Colon cancer အူမကြီး-ကင်ဆာ နဲ့ Rectal cancer အစာဟောင်းအိမ်-ကင်ဆာကို ပေါင်းခေါ်ထားတာ ဖြစ်တယ်။ အမျိုးသားတွေမှာ တတိယမြောက် နဲ့ အမျိုးသမီးတွေမှာ စတုတ္ထမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်နိုင်ငံတွေမှာ ပိုဖြစ်တယ်။ ၆ဝ% ရှိတယ်။ ၂ဝဝဂ လေ့လာမှုအရ တကမ္ဘာလုံးမှာ လူနာသစ်ပေါင်း ၁့၂၃ သန်းရှိပြီး၊ ၆ သိန်းကျော် သေဆုံးရတယ်။ Colon cancer အူမကြီး-ကင်ဆာ အများစုက ကင်ဆာမဟုတ်တဲ့ Polyps အသားပိုကနေစတယ်။

ဖြစ်ကာစမှာ အူမကြီးရဲ့ အတွင်းဆုံးလွှာကနေဖြစ်ပြီး စောစောမသိလို့ ဆေးမကုရင် အူမကြီးရဲ့ ကြွက်သားလွှာအထိ ရောက်လာမယ်။ အူနံရံမှာသာ ဖြစ်နေသေးရင် ကုရတာလွယ်တယ်။ ခွဲစိတ်မယ်။ နောက်ကျမှသိရင်တော့ အသက် ရှည်နိုင်သမျှ ရှည်အောင် Chemotherapy ဆေးပေးကုသမယ်။

 

Cause ဘာလို့ဖြစ်သလဲ

• အသက်ကြီးမှ ဖြစ်တာများတယ်။
• ယောက်ျားတွေမှာ ပိုဖြစ်တယ်။
• အမျိုးထဲမှာ တယောက်မက ဖြစ်တတ်တယ်။ ဒါပေမဲ့ ၇၅-၉၅% ဟာ မျိုးဗီဇနဲ့ မပတ်သက်တာ တွေ့ရတယ်။
• လူနေမှုပုံစံ (အစားအသောက်၊ အရက်သောက်၊ ဆေးလိပ်သောက်) ကြောင့်လဲ ဖြစ်နိုင်တယ်။
• Inflammatory bowel disease (Ulcerative colitis and Crohn's disease) ရှိနေသူတွေမှာ ပိုဖြစ်တယ်။
o Crohn's disease ရှိသူထဲက ၁ဝ နှစ်အတွင်း ၂%၊ ၂ဝ နှစ်အတွင်း ၈% နဲ့ ၃ဝ နှစ်အတွင်း ၁၈% အူမကြီး-ကင်ဆာ လာဖြစ်တယ်။
o Ulcerative colitis ရှိနေသူထဲက ၂ဝ% ဟာ ၁ဝ နှစ်နေရင် အူမကြီး-ကင်ဆာဖြစ်လာတယ်။

Diagnosis ရောဂါသေခြာအောင် Sigmoidoscopy or Colonoscopy စမ်းရင်းနဲ့ Tumor biopsy အသားစ ဖြတ်ယူ စစ်ဆေးတာ လုပ်ရတယ်။ Barium enema စအိုကနေ ဆေးသွင်းပြီး ဓါတ်မှန်ရိုက်တာလဲ လုပ်တယ်။ ရောဂါ ဘယ်အထိ ပြန့်နေသလဲ သိအောင် CT scan လုပ်ရတယ်။ ရောဂါဗေဒအရပြောရရင် ၉၅% က Adenocarcinoma အမျိုးအစားဖြစ်ပြီး ကျန်တာက Lymphoma နဲ့ Squamous cell carcinoma အမျိုးအစားဖြစ်တယ်။

အူမကြီးဆိုတာ ညာဘက်အထက်တန်းနေတာ၊ ကန့်လန့်တန်းနေတာ နဲ့ ဘယ်ဘက်အောက်တန်းနေတာဆိုပြီး ရှိတယ်။ ညာဘက်ဖြစ်တာမျိုးက အူလမ်းပိတ်တာ ဖြစ်ခဲတယ်။ သွေးယိုရာကနေ သွေးအားနည်းနေတာ များတယ်။ ဘယ်ဘက်က ဖြစ်တာ ဆိုရင် အူလမ်းပိတ်တတ်တယ်။

• အထဲမှာ ရောဂါစနေပေမဲ့ ဘာမှမခံစားရဘူး။ ဒါကြောင့် သိရင် နောက်ကျနေတတ်တယ်။
• သိသာတဲ့ ရောဂါ လက္ခဏာတွေက
o စအိုကနေ သွေးယိုမယ်၊ ဝမ်းသွားရင်း သွေးပါမယ်။
o ကြာတော့ သွေးအားနည်းလာမယ်။
o လူက ပိန်လာမယ်။ အားယုတ်မယ်။
o ဝမ်းသွားရတာ အရင်လိုမဟုတ်တာဖြစ်မယ်။ ဝမ်းချုပ်တာ၊ ဝမ်းလျှောတာတွေ ဖြစ်မယ်။ ဝမ်းချုပ်တာ များတယ်။ ဝမ်းသွားပြီးပေမဲ့ မကုန်သေးသလိုခံစားရနိုင်တယ်။
o အစားအသောက် ပျက်မယ်။
o ကိုယ်ပူမယ်။
o ပျို့-အန်ချင်တာ ဖြစ်မယ်။ ဗိုက်အောင့်၊ လေထိုး အနေရခက်မယ်။

Risk factors ဘယ်လိုလူမျိုးတွေမျာ သတိထားရမလဲ

• Older age ကင်ဆာ ၉ဝ% ဟာ အသက် ၅ဝ ကျော်တွေဖြစ်တယ်။
• African-American race အာဖရိကနွယ်ဖွါးတွေမှာ ပိုဖြစ်တယ်။
• colorectal polyps ကင်ဆာမဟုတ်တဲ့ အသားပိုရှိနေသူ။
• Ulcerative colitis and Crohn's disease ရောဂါရှိနေသး၊
• Inherited syndromes မျိုးရိုးရှိသူ။
• Low-fiber, high-fat diet အဆီများများစားပြီး အသီအနှံစားနည်းသူ။
• A sedentary lifestyle ကိုယ်လက်လှုတ်ရှားမှု နည်းသူတွေ
• Diabetes ဆီးချိုရှိသူ။
• Obesity ကိုယ်ခန္ဓာဝသူ။
• Smoking ဆေးလိပ်သောက်သူ။
• Alcohol အရက်သောက်သူ။
• Radiation therapy for cancer ကင်ဆာတခုခုအတွက် ဓါတ်ကင်ရသူ။

Stages of colon cancer အဆင့်ခွဲခြားခြင်း

1. အဆင့် (၁) အူမကြီးနံရံ အတွင်းဆုံးလွှာမှာသာရှိသေးသူ။
2. အဆင့် (၂) အူမကြီးနံရံတခုလုံးမှာဖြစ်နေသူ။
3. အဆင့် (၃) အူမကြီးနံရံအပြင် အနီးအနားက တက်စေ့တွေအထိရောက်နေသူ။
4. အဆင့် (၄) အူမကြီးနံရံ၊ အနီးအနားက တက်စေ့တွေအပြင် အသဲ၊ အဆုပ်စတာတွေအထိ ရောက်နေသူ။

Treatments and drugs ဘယ်လိုကုသမလဲ

• Surgery for early-stage colon cancer စောသေးတာအတွက် ခွဲစိတ်ကုသနည်း။ အသားပိုအဆင့်သာ ရှိသေးမယ်၊ ကင်ဆာကသေးမယ်၊ နေရာတခုလေးမှာသာကွက်ဖြစ်မယ်ဆိုရင် ခွဲစိတ်ထုတ်ပြစ်မယ်။ Colonoscopy ကရိယာနဲ့စစ်ဆေးရင်း လုပ်မယ်။
• အရွယ်အစားပိုကြီးတာဆိုရင် Laparoscopic surgery ကရိယာသုံးပြီး ခွဲထုတ်မယ်။
• Surgery for invasive colon cancer နောက်ကျလာပြီဖြစ်တဲ့ ကင်ဆာကို ခွဲစိတ်နည်း။ Partial colectomy ဖြစ်နေတဲ့နေရာကို ဖြတ်ထုတ်မယ်။ ဘေးက ကောင်းနေသေးတဲ့ နေရာကိုပါ ထုတ်မယ်။ တက်စေ့လဲ ထုတ်မယ်။ ထိပ်စနှစ်ဘက်ကို ဆက်ပေးလို့ရရင် ဆက်ပေးမယ်။
• ဒါမှမဟုတ် ဝမ်းသွားလမ်းကို ဗိုက်ကနေအသစ်လုပ်ပေးမယ်။ တခါတလေ Temporary colostomy ယာယီ အဲလိုလုပ်ရပြီး။ တခါတလေ Permanent colostomy ရာသက်ပန် လုပ်ပေးရတယ်။
• နောက်ကျနေတဲ့ အူလမ်းပိတ်နေတဲ့ ကင်ဆာဆိုရင် အူလမ်းပွင့်အောင် ခွဲစိတ်တာလုပ်မယ်။ ရောဂါကို တိုက်ရိုက် ကုတဲ့သဘောတော့ မဟုတ်ဘူး။
• တကယ်လို့ အသဲအထိ ရောက်နေတာ တွေ့ရပေမဲ့ လူက ခံနိုင်ရည်ကောင်းနေရင် ကူးစက်နေတဲ့နေရာက ကင်ဆာ အကျိတ်ကို ထုတ်ပေးမယ်။
• Chemotherapy ဆေးပေးကုသနည်းကို ခွဲစိတ်တာ မလုပ်ခင်ဖြစ်ဖြစ် လုပ်ပြီးမှဖြစ်ဖြစ် တွဲလုပ်တာလဲရှိတယ်။ Chemotherapy ဆိုတာ ကင်ဆာ (ဆဲလ်) တွေကို သေစေဘို့ဖြစ်တယ်။ Radiation therapy ဓါတ်ကင်တာနဲ့ တွဲပေးရတာလဲ ရှိတယ်။ 5-flourauracil (5-FU) ဆေးကိုသုံးတာများတယ်။
• Radiation therapy ဓါတ်ကင်တယ်ဆိုတာ X-rays ဓါတ်မှန်ရောင်ခြည်နဲ့ ကင်ဆာ (ဆဲလ်) တွေကို သေစေတာဖြစ်တယ်။ ခွဲစိတ်ထုတ်ပေမဲ့ ကျန်နေနိုင်တာကို သေစေမယ်။ အရွယ်အစားကိုလဲ သေးစေလို့ ပိတ်နေတာ၊ ဖိနေတာရှိရင် သက်သာစေမယ်။ ရောဂါ စောစောပိုင်းအဆင့်အတွက် မသုံးဘူး။ ခွဲစိတ်တာ၊ ဆေးပေးတာ နဲ့ ဓါတ်ကင်တာ တွဲလုပ်ရတာတွေလဲရှိတယ်။
• Targeted drug therapy ဆေးပေးနည်းတမျိုးလဲရှိတယ်။ ရောဂါ နောက်ပိုင်းရောက်နေသူတွေအတွက် Bevacizumab (Avastin), Cetuximab (Erbitux) and Panitumumab (Vectibix) ဆေးတွေကိုသုံးတယ်။

ဘယ်လောက်ကြာကြာ နေနိုင်မလဲ 

• ရောဂါ ဘယ်လောက်စေစောသိသလဲ။ ဘယ်အတိုင်းအတာအထိ ကုသမှုခံယူသလဲအပေါ်မူတည်တယ်။
• အူမကြီးနံရံမှာသာဖြစ်နေသူက ခွဲစိတ်ကုသမှုခံယူလိုက်ရင် အသက်ကြာကြာရှင်ဘို့ ၈ဝ% ရှိမယ်။
• နောက်ကျမှသိရ-ကုရသူဆိုရင် ၅ နှစ်သက်တမ်းနေနိုင်မှု ၁ဝ% ရှိမယ်။
• ကင်ဆာက တက်စေ့တွေအထိ ရောက်နေသူတွေမှာ ၅ နှစ်သက်တမ်းနှုန်း ၆၅% ရှိတယ်။
• တခြားအင်္ဂါတွေအထိ ရောက်နေသူတွေမှာ ၈% ရှိတယ်။

အူမကြီးကင်ဆာ ဘယ်လိုကာကွယ်မလဲ

• စောစောသိအောင်လုပ်ပါ။
• Digital rectal examination စအိုလမ်းကို စမ်းသပ်ခြင်း နဲ့ Stool occult blood testing ဝမ်းထဲမှာ မျက်စိနဲ့ မမြင်ရတဲ့သွေး ပါနေ-မနေ စစ်ဆေးတာ လုပ်ရမယ်။ ဝမ်းထဲမှာ အဲလိုစစ်မှ သွေးတွေ့သူတွေထဲက ၃ဝ-၄၅% ဟာ Colon polyp အသားပိုအဆင့် နဲ့ ၃-၅% ဟာ Colon cancer ကင်ဆာ ရှိနေတာ တွေ့ရတယ်။
• Stool occult blood အပေါင်းပြသူတွေကို Barium enema x-rays, colonoscopies တွေဆက်လုပ်ရမယ်။
• ဝမ်းထဲသွေး ပါ-မပါစစ်လို့ အနုတ်ပြတိုင်းလဲ ကင်ဆာ မရှိဘူးလို့ အသေအခြာ မပြောနိုင်သေးဘူး။ ၂ဝ% လောက်မှာ အဲလိုဖြစ်တယ်။
• ဝမ်းသွေးစစ်တာ အောင်ပေမဲ့ ဖြစ်နိုင်ခြေစာရင်းထဲပါနေသူတွေကို Flexible sigmoidoscopies or Colonoscopies တွေပါ လုပ်သင့်တယ်။
• အသက် ၅ဝ ကျော်ရင် ၃-၅ နှစ်တခါလုပ်ဘို့ လမ်းညွှန်တယ်။
• Genetic counseling and testing မျိုးဗီဇစစ်ဆေးနည်းတွေ အသစ်ပေါ်လာပြီ။ သွေးစစ်တာပါ။ FAP, AFAP, MYH, and HNPCC တွေရှိသူတွေကို Hereditary colon cancer syndromes လို့ခေါ်တယ်။
• Diet and colon cancer အူမကြီးကင်ဆာနဲ့ အစားအစာ
o အဆီလျှော့ပါ။ အသား၊ ဥ၊ နို့ထွက်အစားအစာတွေ၊ သားသုံးဆီတွေကနေ ရတာတွေကို လျှော့ပါ။
o Fiber (ဖိုက်ဘာ) ဆိုတာ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေ၊ အဖြူဆွတ်နေအောင်လုပ်မထားတဲ့ ဆန်-ဂျုံမှုံ့တွေနဲ့ လုပ်တဲ့ အစာတွေက ရတယ်။ (ဖိုက်ဘာ) က ကျေချက်-ပျော်ဝင်မသွားနိုင်ဘူး။ ဝမ်းထဲမှာ အတိုင်းသားလို ပါနေမယ်။ အစာထဲက potential carcinogens ကင်ဆာဖြစ်စေနိုင်တာတွေကို ဖယ်ထုတ်ပေးမယ်။ ဝမ်းသွားလွယ်စေလို့ အဲလိုဓါတ်တွေ အထဲမှာ ကြာကြာမနေစေနိုင်ဘူး။

Dr. တင့်ဆွေ
၁၉-၆-၂ဝ၁၂

Sunday, June 17

Laptop အသုံးပြူသူများ သတိထားရန်


လူအများစုက လက်တော.ပ်ကို ပေါင်ပေါ်တင်ပြီး အသုံးပြုဖို.လို. ယုံကြည်ထားကြပေမယ်. ကုမ္မဏီကြီးတွေ ဖြစ်တဲ. Apple, Hewlett Packard and Dell စတဲ. ကုမ္မဏီတွေကတော. လက်တော.ကို ပေါင်ပေါ်မတင်ဖို. သတိပေးခဲ.ကြတယ်။ 

လက်တော.ပ် ကို ကြာရှည်စွာ ပေါင်ပေါ်တင်ပြီး အသုံးပြုခြင်းကြောင်. ရှားပါးတဲ. Toasted Skin ရောဂါလက္ခဏာစုကို ရစေနိုင်ကြောင်း မကြာသေးမီက ၁၂နှစ်သားအရွယ် ကောင်လေးတစ်ယောက် ၅၂ ဒီဂရီ စင်တီဂရိတ်ထိ အပူထုတ်လွတ်တဲ. လက်တော.ကို လအတန်ကြာ. ပေါင်ပေါ်တင်ပြီး ဂိမ်းကစားခဲ.ရာမှ Toasted Skin Syndrome ရရှိခဲ.ကြောင်း Pediatrics Medical Journal မှာဖော်ပြလိုက်ပါတယ်။

၎င်းရောဂါဟာ လက်တော.ပ် ကိုပေါင်ပေါ်တင်ပြီး အသုံးပြုတဲ.အခါ ထွက်ပေါ်လာတဲ. အပူ ရှိန်ကြောင်. နေလောင် သကဲ.သို. အညိုရောင် အကွက်လေးတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒီ အခြေအနေမှာ အန္တရာယ်မရှိပေမယ်. Permanent skin darkening အရေအပြားအရောင်ကို ပျက်စီးစေပြီး အရေအပြားကင်ဆာ ကိုလည်းဖြစ်စေ နိုင်ပါတယ်လို.ဆိုပါတယ်။ 

Toasted Skin Syndrome ဟာ မုန်.ဖုတ်သူ ၊ မီးဖိုနားမှာအလုပ်လုပ်ရသူ၊ မီးအပူနဲ. နီးနီးကပ်ကပ် အလုပ်လုပ်ရတဲ. အလုပ်သမားတွေမှာ အများဆုံးတွေ.ရနိုင်ပါတယ် ။

လက်တော.ပ်ကို ပေါင်ပေါ်တင်ပြီး အသုံးပြုတဲ. အမျိုးသားတွေကလည်း လက်တော.ကနေ ထွက်လာတဲ.အပူရှိန်ကြောင်. ဝှေးစေ.မှ သုက်ပိုးထုတ်လုပ်မှု ကျဆင်းစေပြီး ၊ မျိုးကန်းစေ နိုင်တဲ.ထိ ဖြစ်နိုင်ကြောင်းလည်း အနောက် တိုင်းဆေးပညာကလွန်ခဲ.တဲ. နှစ်တွေက ဖော်ပြ ခဲ.ပါတယ်။ မည်သည်.လက်တော.ပ် အမျိုးအစားက ထိုသို.ဖြစ်စေနိုင်ကြောင်းကိုတော. မသတ်မှတ် ရသေးပါဘူးလို.လည်းဆိုပါတယ်။



From : facebook 

Wednesday, June 6

အစားကို ဖြေးဖြေးစားပါ



အစားအစာကို ဖြည်းဖြည်း စားတာက  ဗိုက်ခေါက်ထူ ထွက်လာခြင်းကို အောင်နိုင်စေနိုင်ပါတယ်။ ဂျပန်လူမျိုး ၃၀၀၀ ယောက်ကျော်ကို လေ့လာပြီးနောက် British Medical Journal ကထုတ်ဖော် ရေးသားထားတဲ့ ဆောင်းပါးက အစားအစာကို မြန်မြန် စားတတ်သူတွေဟာ ဖြည်းဖြည်းစားတဲ့ သူတွေထက် နှစ်ဆ ပိုဝ စေနိုင်ပါတယ် လို့ ဆိုပါတယ်။

အစားအစာကို မြန်မြန်လည်းစားတယ်..ဗိုက် အလွန်ပြည့်တဲ့ထိလည်း စားတတ်တယ် ဆိုရင် သူများထက် ပိုဝဖို့ ၃ ဆ ဖြစ်လာနိုင်ပါတယ်။ လေ့လာ သုတေသနပြုလုပ်သူများရဲ့ အဆိုအရ အစားကို မြန်မြန်စားတဲ့သူတွေက အစားစားနေစဉ်မှာ ကယ်လိုရီ အတော်များများကို စားသုံးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အစားမြန်မြန်စားသူတွေက သူတို့ ကယ်လိုရီ ပမာဏ ဘယ်လောက်စားသုံးတယ်ဆိုတာနဲ့ မဆိုင်ဘဲ ပိုဝလာစေခြင်းကို ဖြစ်စေနိုင်ပါတယ်။

University of New South Wales မှ Dr.Elizabeth Denny Wilson က လူတွေဟာ အစားကို ဖြည်းဖြည်းစားတာကို အလေ့အကျင့်ပြုလုပ်သင့်တယ် လို့ ဆိုပါတယ်။ အစားကို ဖြည်းဖြည်းစားပြီး ဗိုက်ပြည့် မပြည့်ကိုလည်း သိရှိစေဖို့ လိုအပ်ပါတယ်လို့ ဆိုပါတယ်။

အစာစားတဲ့ အချိန်တစ်ခုကို သတ်မှတ်ထားပြီး စကား စမြည် ပြောဆိုရင်း အစာစားခြင်းဟာ အစာစားတဲ့ အမြန်နှုန်းကို နှေးစေပြီးနောက် ဗိုက်ပြည့် ၊ မပြည့်ကိုလည်း သိနိုင်စေတဲ့အတွက် အလွန်အကျူးစားခြင်းမှ ရှောင်ကြဉ်စေသလိုပဲ ဖြစ်ပါတယ်။ 


သူငယ်ချင်းတို့လည်း အစားကိုဖြေးဖြေးစားကြနော်။ 

အားလုံးကိုလေးစားလျက်......