Pages

Showing posts with label gmail. Show all posts
Showing posts with label gmail. Show all posts

Wednesday, October 17

မလိုချင်သော Mail များ ထပ်ဝင်မလာအောင်လုပ်မယ်


ကျွန်တော် ဒီတစ်ခါ Gmail မှာ Filter ခံနည်းလေးပြောပြပါ့မယ်။ မသိသေးသောသူများအတွက်ပါ။ သူငယ်ချင်း တစ်ယောက်ကပြောတယ် သူ့မှာ မေးလ်တွေ  ၃၀၀၀ လောက်ရှိတယ်တဲ့။ အဲဒါ ဘယ်လိုလုပ်ရမလဲတဲ့ ။ သူက ning.com ဆိုက်တွေဝင်ထားတော့ မေးလ်တွေက တောက်လျှောက်ဝင် နေ တာပေါ့။ သူကအဲလိုမကြိုက်ဘူးတဲ့။ ဆိုက်တွေကနေ မေးလ်မဝင်အောင်လုပ်လို့လည်းရတယ် ။ ဒါပေ့မယ့် တခြားဘယ်ကမှန်း မသိတဲမေးလ်တွေပါ ဝင်ဝင်လာလို့ တဲ့။ အဲဒါနဲ့ ကျွန်တော်ဒီနည်းလေးပြော ပြလိုက်တယ်။ အဆင်ပြေသွားတယ်။ Filter ခံတဲ့ နည်းလေးက ကျွန်တော်တို့မ နှစ်သက်တဲ့ မလိုချင်တဲ့ မေးလ်တွေကို auto Delete  လုပ်ပေးတာဖြစ်ပါတယ်။

အဆင့်(၁) ကျွန်တော်တို့အရင်ဆုံး မဝင်ချင်သောမေးလ်ကိုဖွင့်လိုက်ပါ။ ဖွင့်ပြီပြီဆိုရင် ပေါ်ဘက်နားလေးက More ဆိုတာလေးကို ကလစ်ပေးပြီးတော့  Filter message like these ဆိုတာကို ကလစ်ပေးပါ။

အဆင့်(၂) အဲဒါပြီးရင် နောက်ထပ် Create filter with this search>> ဆိုတာကိုကလစ်ပေးပါ။


အဆင့်(၃) နောက်တစ်ခုမှာ Delete it နဲ့ Also apply filter to 2 matching conversions ဆိုတာမှာ အစက်ကလေးထည့်ပြီးတော့ Create Filter ကို ကလစ်ပေးလိုက်ပါ။ ဒါဆိုရင်ပြီးပါပြီ။
မှတ်ချက်။ Also apply filter to 2 matching conversions မှာ က နှစ်ခုဖြစ်နိုင်သလို အများကြီးဖြစ်နိုင်ပါတယ်။



အဆင်ပြေကြပါစေ......

အားလုံးကိုလေးစားလျက်.......

Sunday, July 22

ဖိုင်ဆိုဒ် ကြီးကြီး မေးလ် ပို့မယ်


ဒီတစ်ခါတော့ ဖိုင်ဆိုဒ် ကြီးကြီး  သူငယ်ချင်းတွေဆီကို ပို့ပေးချင်သူများအတွက်ပါ။ အများဆုံး 3 G ထိပို့လို့  ရပါတယ်။ ပို့နည်းကလွယ်ပါတယ်။ တကယ်လည်းရောက်ပါတယ်။ ကျွန်တော်တို့ gmail ကနေ ရိုးရိုးပို့မယ်ဆိုရင် 25 MB ထက်ကျော်ပြီးပို့လို့မရပါဘူး။ ဥပမာ 200 MB လောက်ပဲပို့ချင်တယ်ထားပေါ့ ။ gmail ကနေပို့မယ်ဆိုရင်ဘယ်လိုမှအဆင်မပြေနိုင်ဘူးလေ။ အဲဒီတော့ ဒီဆိုဒ်လေးက တော်တော်ကောင်းပါတယ်။ မြန်မာနိုင်ငံကသူငယ်ချင်းတွေအတွက်တော့  နည်းနည်းတော့ကြာတယ်ဗျာ။ upload တင်ရတာပဲဆိုတော့ ကွန်ကောင်းတော့ ပိုမြန်တာပေါ့။ အသုံးပြုပုံက လွယ်လွယ်လေးပါ။ ကျွန်တော်ပုံလေးနဲ့ပြပေးပါ့မယ်။ 

အဆင့်(၁)

အပေါ်ကပေးထားတဲ့အတိုင်းဖြည့်ပါ။ mhuthaw@ က ပို့သူပေါ့။ nothateme@ က လက်ခံမယ့် သူပေါ့။ အဲဒါဖြည့်ပြီးပြီဆိုရင် upload files ကို ကလစ်ပေးလိုက်ပါ။ 

အဆင့်(၂)

အဲဒီမှာ Browse လေးတွေကနေ မိမိတို့ပို့ချင်သော ဖိုင်ကို uplaod တင်ပါ။ကျွန်တော်က တစ်ခုပဲတင်ပြထားတာပါ။ ရွေးပြီးပြီဆိုရင် အောက်နားလေးက upload selected file(s) ကိုကလစ်ပေးပါ။ 

အဆင့်(၃)
အဲဒီတိုင်းပေါ်လာပါလိမ့်မယ်။ 100% ပြီးသွားရင် အော်တိုပို့ပြီးသွားပါပြီ။ (ဒီနည်းက မိမိမှာ gmail အကောင့်မရှိလည်း ပို့လို့ရပါတယ်။ ပို့ခံရမယ့်သူ gmail သာ အဓိက ဖြစ်ပါတယ် )

အဆင့်(၄)လက်ခံမယ့်သူအပိုင်း

လက်ခံမယ့်သူက မေးလ်ကိုဖွင့်လိုက်ပါ။ အပေါ်ကလိုလေး တွေ့ပါလိမ့်မယ်။ အပြာရောင်လေးထောင့်လေးက ဒေါင်းလော့လင့်ပါ ။ကလစ်ပေးပါ။ ပြီးရင် အနီရောင် လေးထောင်လေးကို copy လုပ်ပါ။ အဲဒီနံပါတ်က password ဖြစ်ပါတယ် ။ 

အဆင့်(၅)

အဆင့်(၄) ကပြောခဲ့တဲ့ အနီရောင်လေးထောင့်လေးထဲက ဂဏန်းလေးတွေကို paste or write လုပ်ပါ။ ပြီးရင် submit ကိုကလစ်ပေးပါ။ 

အဆင့်(၆)

အဲဒီလိုလေး ပေါ်လာရင် double click ပေးပြီး ဒေါင်းလော့ချလို့ ရပါပြီ။

ကဲ အသုံးလိုမည့်သူများ  ဒီမှာ သွားလိုက်ပါ။ 

အဆင်ပြေကြပါစေ........

အားလုံးကိုလေးစားလျက်.......

Sunday, March 4

လျှို့ဝှက်ကုဒ် နဲ့ gmail ပို့မယ်


ကျွန်တော် ဒီတခါတော့ Gmail ပို့တဲ့နေရာမှာ မူရင်းစာအတိုင်းမပို့ဘဲနဲ့  ဒီလို(4FFF72344E6C1F0AD64BCEAF8047FE13F05A8D35) ကုဒ် လေးတွေနဲ့ ပိုတဲ့ နည်းလေး ပြောပြပါ့မယ်။ အရင်ဆုံး ဒီဆိုက် လေးကိုသွားလိုက်ပါ။ အောက်ကပုံလေး အတိုင်းတွေ့ရပါလိမ့်မယ်။

ပုံမှာ  Enter your ဆိုတဲ့ နေရာမှာ စကားဝှက် ရိုက်ထည့်ပါ။ အောက်က box အကျယ်ကြီးထဲမှာက မိမိရေးလိုသော အကြောင်းအရာကိုရေးပါ ။မြန်မာလိုရေးလို့လည်းရပါတယ်။ ကဲ ရေးပြီးပြီ ဆိုရင်တော့ အောက်ဆုံးမှာ Encode Now ဆိုတာရှိပါတယ်။ အဲဒီကောင်လေးကို နှိပ်လိုက်ရင် မိမိရေးထားသော စာများသည်  ကုဒ်တွေ အဖြစ်ပြောင်းသွားပါတယ်။ အဲဒီကုဒ်ကိုယူပြီးတော့ မိမိပို့ချင်တဲ့သူဆီကိုပို့လိုက်ပါ။ ဒီနေရာမှာ တစ်ခုသိထားရမှာက အပို့ခံရမယ့်သူကလည်း အဲဒီဆိုဒ်လေးကို သိထားမှဖြစ်မယ်နော်။ပြီးတော့ Enter your ဆိုတဲ့ စကားဝှက်ကိုလည်းသိမှ ဖြစ်မယ်။ ဒါမှသာ ကုဒ်က ဘာရေးတယ်ဆိုတာ သိမှာဖြစ်ပါတယ်။ စကားဝှက်မသိဘဲနဲ့ ကုဒ်ကို မြန်မာလို ပြောင်းလို့မရပါဘူး။ အောက်မှာနမူနာပြထားပါတယ်။
အဆင့်(၁)

အဆင့်(၂)

အဆင့်(၃) အပို့ခံရမယ့်သူက  DECODE a message NOW ဆိုတာကို အရင်နှိပ်ပါ။ ပြီးမှ စကားဝှက်ရယ် ၊ ကုဒ်ရယ် ထည့်ပြီးတော့  အောက်ဆုံးမှာရှိတဲ့ Decode Now ကိုနှိပ်ပါ။

အဆင့်(၄)


ဒီနည်းကိုပို့တာက ကြားဖြတ်ကြည့်ုလို့မရအောင်ပို့ကြတာ များပါတယ်။ မသိသေးသောသူများအတွက်ပါ။

အဆင်ပြေကြပါစေ...


အားလုံးကိုလေးစားလျက်....

Monday, February 20

Gmail ကို ကြိုတင် message ပို့မယ်


ကျွန်တော် ဒီတခါပြောပြချင်တာ gmail  ကို မက်စ်ဆေ့ ပို့တာအခါမှာ ကြိုတင်ပို့တဲ့ နည်းလေးပါ။ ဥပမာ သူငယ်ချင်း တစ်ယောက်ဆီကို မေးလ် ပို့မယ်ဆိုပါဆို့။ ဒါပေ့မယ့် ပို့ချင်တာက နောက်လာမယ့် နှစ်ရက်လောက်နေမှ ပိုချင်တယ်။ အဲဒီနှစ်ရက်လောက်မှာ ကိုယ်က မအားဘူး ။ အလုပ်များနေတယ် ။ ဒါဆိုရင် ဒီနည်းလေးနဲ့ ဖြေရှင်းလိုက်ပါဗျာ။ ဒီကောင်လေးက firefox add-on လေးပါ။ ဒီကောင်ေးလကို firefox မှာ  install လုပ်ပြီးရင် ခုနက ကျွန်တော်ပြောသလို ကြိုတင် မေးလ်ပို့ထားလို့ရပါပြီ။ အရင်ဆုံး ဒီလင့် လေးမှာသွားပြီး install လုပ်ပါ။ 

ဒီလိုပုံလေးနဲ့ပါ။
မေးလ်ပို့တဲ့အခါမှာတော့ ကျွန်တော်တို့ ပုံမှန် မေးလ်ပို့တဲ့ ပုံစံအတိုင်း ရေးပါ။ အဲဒီမှာ send ဆိုတာရဲ့ဘေးနား လေးမှာ တစ်ခုပိုလာတာကို တွေ့ရပါလိမ့်မယ်။ send later ဆိုတဲ့စာလေး ပေါ်နေပါလိမ့်မယ်။ အဲဒီကောင်လေးကို ကလစ်ပေးပါ။ ပြီးရင် မိမိပို့ချင်သော ရက်စွဲကို ရွေးပါ။ ပြီး အဲဒီ send later ဆိုတာကို ကလစ်ပေးလိုက်ပါ။ မိမိတို့ သတ်မှတ်ရက်ရောက်မှ မိမိတို့မေးလ်က သူငယ်ချင်းဆီကို ရောက်မှာ ဖြစ်ပါတယ်။ ပြီးပါပြီ ။ 

ဒီလိုပုံလေးပါ။


အဆင်ပြေပါစေ....


အားလုံးကိုလေးစားလျက်.....

Tuesday, December 13

အကောင့်အသစ်ဖောက်လျှင် သတိထားရန်


ကျွန်တော်တို့ အခု gtalk အကောင့်သစ်ဖောက်တဲ့ ပုံစံလေး အသစ်ပြောင်းသွားပါပြီ။ အသစ်လုပ်ရတာလဲ အရင်ကလို အလုပ်မရှုပ်တော့ပါဘူး။ ကျွန်တော်အဓိက ပြောချင်တာ အကောင့်အသစ်ဖောက်တဲ့ နေရာမှာ  Other email address ဆိုတဲ့ နေရာမှာ မိမိရဲ့ ကိုယ်ပိုင်အကောင့်တစ်ခုဆိုရင် ပိုကောင်းပါတယ်။ သူငယ်ချင်းအကောင့် ဆိုရင်လည်းရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပတ်ဝက်စ်မေ့ခဲ့သည်ရှိသော် သုံးလို့ရအောင်ပါ။ သူငယ်ချင်းအကောင့်ဆိုရင် သူရှိတဲ့အချိန်ကိုစောင့်ရအုံးမှာဆိုတော့ သိပ်တော့မလွယ်ပါဘူး။ ပတ်ဝက်စ်မေ့ခဲ့တာပဲ ဖြစ်ဖြစ် အခိုးခံလိုက်ရတာပဲ ဖြစ်ဖြစ် ဒီနည်းလေးနဲ့သုံးလိုက်ရင် ပြန်ရနိုင်ပါတယ်။ သေချာပေါက်ပြန်ရပါ့မယ်လို့ တော့မပြောပါဘူး ။ ကျွန်တော်စမ်းကြည့်တာတော့ အကုန်ပြန်ရတယ်။ ပျောက်သွားသော အကောင့်ကို  gtalk မှာ ရိုက်ပါ။ password ကို မဖြည့်ဘဲ  forgot your password ဆိုတာကို ကလစ်ပေးပါ။ အဲဒီမှာပျောက်သော အကောင့်ကိုဖြည့်ခိုင်းပါလိမ့်မယ်။ ဖြည့်ပြီးရင် သူရိုက်ခိုင်းသော letter လေးတွေကို ရိုက်ထည့်ပါ။ဒီနေရာမှာ တစ်ခုသတိထားပါ။ ဟိုးအရင်တုန်းက လုပ်ခဲ့တဲ့ အကောင့်တွေဆိုရင် တစ်ခါတစ်လေမှာ အဲဒီ letter လေးရိုက်ထည့်ပြီးရင် security question မေးးပါတယ်။ အဲဒါကိုမှန်အောင် ဖြည့်နိုင်မှသာလျှင် အကောင့်ပြန် ရနိုင်မှာဖြစ်ပါတယ်။ အခုတော့ မလိုတော့ပါဘူး ။ အကောင့်အသစ်ဖောက်တဲ့ အခါမှာ security question မပါတော့လို့ပါ။ အဲဒါပြီးရင် သူက ကျွန်တော်တို့ အကောင့်စလုပ်တုန်းက သုံးခဲ့တဲ့ အကောင့်ထဲကို new password ဖြည့်ဖို့ လင့်လေး ပို့ပေးပါလိမ့်မယ်။ အဲဒီလင့်လေးကိုသွားလိုက်ပြီး password အသစ်ဖြည့်ပေးလိုက်ရင် ပြီးပါပြီ။  ဒါဆိုရင်ပျောက်သွားတဲ့အကောင့်ကို ပြန်ရှာလို့ လွယ်တာပေါ့။ ကျွန်တော် အဓိကပြောချင်တာ က အကောင့်အသစ်ဖောက်ပြီဆိုရင် ဖြည့်ထားတဲ့ အရာတွေအားလုံးကို  စာရွက်လေးထဲမှာ မှတ်ထားစေချင်ပါတယ်။ အဓိကမှတ်ထားရမှာကတော့ နှစ်ခုပဲရှိပါတယ်။ Birthday နဲ့ other email address လေးကို သေချာမှတ်ထားကြပါလို့ ပြောချင်ပါတယ်။ နောက်တစ်ခုကတော့ သူများဖောက်ပေးတဲ့ အကောင့်တွေကို လည်း recovery email  ကို မိမိ email ချိန်းတဲ့ နည်းလေးပါ။ ကျွန်တော်တို့  gmail.com ကနေ့ မိမိ gmail ကိုဝင်ပါ။  အဲဒီကနေ ညာဘက်ထောင့် ထိပ်မှာရှိတဲ့ မိမိနာမည်ကို ကလစ်ပေးလိုက်ပါ။ Account setting ဆိုတာကိုတွေ့ပါလိမ့်မယ်  ။ ကလစ်ပေးလိုက်ပါ။ နောက်စာမျက်နှာ တစ်ခု ပွင့်သွားပါလိမ့မယ်။ Personal Settings ဆိုတဲ့အောက်က  Recovering your password ဆိုတာကို ကလစ်ပေးပါ။ သူက သေချာမှုရှိအောင်  အကောင့်ကို နောက်တစ်ချိန် ပတ်ဝက်စ်ထပ်တောင်းပါလိမ့်မယ်။ ပတ်ဝက်စ်ပြန်ဖြည့်ပြီးတော့ ၀င်လိုက်ပါ။ အဲဒီစာမျက်နှာမှာ Add or remove eamil address ဆိုတာကိုရှာပါ။ အဲဒီအောက်နားလေးမှာ  recovery your email address ဆိုတာကိုတွေ့ပါလိမ့်မယ်။ အဲဒီမှာ တကယ်လို့ အကော့င်ဖောက်ပေးတာ မိမိသူငယ်ချင်းဆိုရင်သူရဲ့အကောင့် ဖြစ်နေပါလိမ့်မယ်။ Edit ကို ကလစ်ပေးပြီးတော့ မိမိရဲ့အကောင့်နောက်တစ်ခုကို ဖြည့်လိုက်ပါ။ ပြီးရင် save ကို နှိပ်ပါ။ ပြီးပါပြီး ။ gmail အကောင့် ပတ်ဝက်စ်ပျောက်ခြင်းမှ ကင်းဝေးပါစေ.......။ မသိသေးသောသူများအတွက်ပါ။ အကောင့်မလုပ် တတ်သေးသော သူငယ်ချင်းများ ကျွန်တော့်အကောင့်ကိုအပ်ပြီး အကူအညီတောင်းနိုင်ပါတယ်။ ကျွန်တော့်အကောင့်က nothateme51@gmail.com ပါ။ အသစ်ပြုလုပ်ပေးရန် အဆင့်သင့်ပါ။

အားလုံးကိုလေးစားလျက်.....

Saturday, November 26

@ ဆိုတာ


အီးမေးလ်လိပ်စာများမှာပါတဲ့ အင်္ဂလိပ်အက္ခရာ အေ ကို ၀ိုင်းထားတဲ့ ဟာလေးကို ခေါ်ကြတာတော့။ @ " at sign" ဖြစ်ပါတယ်။ ဒါပေမယ့် သူမှာလည်းသမိုင်းကြောင်းလေးနဲ့ပါ။ ဘာပုံနှိပ်စက်များမှ မပေါ်ခင်မှာ  စာသမားပေသမားများဟာ ဘာသာရေးနဲ့ ပတ်သက်တဲ့ စာတွေ ရေးကြပြီဆိုရင် လက်ကိုဘဲ အသုံးပြုကြရတယ်။ အဲ့ဒီ အခါမှာ အင်္ဂလိပ်စာလုံးကို ရေးတဲ့ အခါ အတွန့်အတက်တွေနဲ့ပေါ့ ။ ကျွန်တော်တို့ မြန်မာလိုဆို ပန်းစာလုံးပုံစံမျိုးလေးတွေပါ။ လှလှပပပေါ့။ အဲ့လို ရေးတဲ့ အခါမှာ at ဆိုတဲ့စာလုံးကို အတွန့် အတက်များနဲ့ ရေး တဲ့ အခါ a ကို ရေးပြီးတာနဲ့ t ကိုသီးခြားမရေးတော့ဘဲ a ကနေ တဆက်တည်း ပြန်ဝိုင်းလိုက်တယ်။ at ဟာ အများသုံးစာ လုံးဖြစ်တာကတစ်ကြောင်း သူ့ကို ဒီအတိုင်းရေးရင် ( a + ထောင်လျက်+အချောင်း+ မျဉ်းတို) လို့ သုံးကြိမ် ရေးရတာကို တကြိမ်တည်း နဲ့ ရေးလိုက်ရာကနေ ပုံသေစာလုံး တစ်လုံးဖြစ်လာလို့ဆိုကြပါတယ်။ နောက်တခါ ဗဟုသုတအနေနဲ့ ပြောပြချင်တာကတော့ တခြား နိုင်ငံခြား နည်းပညာသိပ်ထွန်းကားတဲ့ နိုင်ငံတွေရဲ့ ဘာသာစကားတွေမှာ ဆိုရင် အဲ့ဒီ သင်္ကေတကို ထူးခြားတဲ့ သင်္ကေတအဖြစ် အမှတ်အသားထားကြတယ်။ အချို့က တိရစ္ဆာန် ငယ်ကလေးများဖြင့် တင်စားလို့ အမှတ်အသား ပြုကြပါတယ်။ ဥပမာ ရေးရရင်-
တရုတ် - (xiao laoshu) ကြွက်ကလေး (သို့) ကြွက်သင်္ကေတ ၊ ရုရှား- (sobachaka) - ခွေးသေးသေးလေး၊ပိုလန်- (atka) မျောက်၊ ဟန်ဂေရီကတော့ (kukac) တီကောင် ၊ ကိုရီးယားတွေက (daseul-gi) - ခရု ၊ ပြင်သစ်တို့ကတော့ တစ်မျိုးခေါ်တယ်။ ( escargot) ပက်ကျိ ၊ သို့မဟုတ် ( queue de singe , a dans le rond) မျောက် ၊ ဂျာမန်ကတော့ ( klammeraffe) တွဲလွဲခိုနေတဲ့ မျောက်ကလေး ၊ ဟော်လန်ကတော့ (apen-staartje) မျောက်အမြီး ဆိုပြီး အသီးသီးချစ်စနိုးနဲ့ခေါ်ကြတယ်။ နောက်တစ်ခု အီးမေးလ်တွေ မတွင်ကျယ် မသုံးခင်ကတည်းက။ @ သင်္ကေတကို ပစ္စည်းများရဲ့ အလေးချိန်သတ်မှတ်ရာမှာလဲ အသုံးပြုခဲ့ကြတယ်။ ဥပမာ- ငှက်ပျောသီး ၁၀ လုံးကို ဒေါ်လာ ၅ ဒေါ်လာနဲ့ဝယ်တယ်ဆိုရင် တော့ - ငှက်ပျောသီး ၁၀လုံး @ $ ၁၀ လို့ ရေးကြတယ်။ 
 
အားလုံးကိုလေးစားလျက်

Wednesday, September 28

Online security အတွက်



(၁)သင့်ကွန်ပျူတာမှာ ကောင်းမွန်တဲ့ Antivirus နဲ့ Anti-spyware တွေ Install လုပ်ထားဖို့လိုအပ်ပြီး အမြဲ Up-to-date ဖြစ်နေအောင် ပြုလုပ်ထားသင့်ပါတယ်။

(၂)ကိုယ်ကိုယ်တိုင် သိတဲ့၊ သုံးနေကျဖြစ်တဲ့၊ ယုံကြည်ရတဲ့ website တွေကိုသာ ၀င်ရောက်ကြည့်ရှုသင့်ပါတယ်။ တကယ်လို့ သင်မသိတဲ့ တစ်ခါမှ မသုံးဘူးတဲ့ website တစ်ခုကို ၀င်ကြည့်မယ်ဆိုရင်တော့ ကြော်ငြာ(Ad) တွေ၊ ခေါင်းစည်း(Banner) တွေကို Click မနှိပ်မိဖို့ သတိထားပါ။

(၃)Email ကတဆင့် ရောက်ရှိလာတဲ့ Attachment File တွေကို Download မယူခင်ရော ယူပြီး မ Run ခင်မှာပါ Virus Scan စစ်ဆေးပါ။

(၄) သင့်ရဲ့ Operating System နဲ့ Browser တို့ကို ပုံမှန် Update ပြုလုပ်ပေးပါ။ ပိုကောင်းတဲ့ လုံခြုံရေးအတွက်ဆိုရင် အင်တာနက်သုံးစွဲတဲ့အခါ ကိုယ်သုံးတဲ့ Browser ရဲ့ နောက်ဆုံးထုတ် Version ကိုအသုံးပြုပြီး သုံးစွဲသင့်ပါတယ်။

(၅)သင့်ရဲ့ Password ( Email, Bank Account ) တွေကို ဘယ်သူ တစ်ဦးတစ်ယောက်နဲ့မှ ဘယ်လို အကြောင်းပြချက် အတွက်ဖြစ်စေ Share မသုံးမိပါစေနဲ့။ Password ရွေးချယ်တဲ့အခါမှာလဲ Strong ဖြစ်အောင်ရွေးပါ။ Password တစ်ခုရွေးတဲ့အခါ
1. Capital Letters
2. Small Letters
3. Symbols
4. Numbers
အထက်ပါ (၄) ခုအနက် (၃) ခု ပါဝင်သင့်ပါတယ်။ Password ကိုလဲ (၃) လတစ်ကြိမ်လောက် အသစ်ပြောင်းသင့်ပါတယ်။ ပြီးတော့ အလွယ်တကူ ခန့်မှန်းနိုင်တဲ့ Password မျိုးတွေ မပေးသင့်ပါဘူး။ ဥပမာပြောရရင်- ဖုန်းနံပါတ်၊ ချစ်သူရည်းစားအမည်၊ စသည်ပေါ့။

(၆) Website တစ်ခု ဖွင့်မယ်ဆိုရင် Browser Address Bar ပေါ်မှာ URL ကို အပြည့်အစုံရိုက်ပါ။ ဥပမာ သင်က Gmail ကိုဝင်မယ်ဆိုရင် http://mail.google.com လို့ http:// ပါ ပါအောင် ရိုက်ပါ။
(၇) Login Page တစ်ခုမှာ Password ရိုက်ထည့်တော့မယ်ဆိုရင် အပေါ်က Address မှာ http အစား https လို့ ပြောင်းနေလား သေချာအောင်ကြည့်ပါ။ Https ဟာ SSL ( Secure Sockets Layer) ဖြစ်ပြီး Http ထက် ပိုပြီး Security ကောင်းပါတယ်။

(၈) Phishing Emails ( မေးလ်အတုများ ) ကိုသတိထားပါ။ သင့်ထံရောက်လာတဲ့ မေးလ်တွေထဲက ဥပမာ- ဒီလင့်ခ်ကို နှိပ်ပြီး Account Settings ကို ပြောင်းရန် အစရှိသည်အားဖြင့်ဖော်ပြထားတဲ့ မေးလ်တွေက Link တွေကိုမနှိပ်မိပါစေနဲ့။

(၉) အသုံးပြုပြီးတဲ့အခါ အမြဲတမ်း Logout ထွက်ပါ။ Logout ထွက်ရုံတင်မက Browser ရဲ့ Cache နဲ့ History တွေကို ရှင်းပေးပါ။ ( Mozilla Firefox မှာဆိုရင် Tools ထဲက Clear Private Data ကိုနှိပ်ပြီး အမှန်အားလုံးခြစ်၊ Clear လုပ်ပေးပါ )

(၁၀) Internet Cafe တွေက Public Computers တွေမှာ Bank အကောင့်လို အရေးကြီးတဲ့ အချက်အလက်မျိုးတွေ မသုံးစွဲပါနဲ့။ သုံးရမယ်ဆိုရင်လဲ Spyware, keystroke-logger, password-sniffer တွေလိုမျိုး Software တွေ အဲဒီ Computer တွေမှာ Install လုပ်ထားမထား သေချာအောင်လုပ်ပါ။



(Gmail)မှာ(block)ရုံမကဘဲကိုယ့်ဆီကိုသူ့ စာတွေပို့ လို့ တောင်မရအောင်လုပ်နည်း


ကိုယ်က မဆက်သွယ်ချင်တော့တဲ့ လူကို ဂျီမေးလ်မှာ ဘလော့ (block) လုပ်ရုံသာမကဘဲ ကိုယ့်ဆီကို သူစာပို့လို့တောင် မရအောင် လုပ်လို့ရတယ်လို့ သိရတယ်။

ရိုးရိုးဘလော့ဂ်လုပ်ရင် မေးလ်တွေပို့ပြီး ဆက်သွယ်နေဦးမယ်၊ ကိုယ်က လုံးဝမဆက်သွယ် ချင်တော့တဲ့ လူဆိုရင် ဘလော့ဂ်လုပ်တာထက် ဒီနည်းက ပိုကောင်းပါတယ်။

(၁) ဂျီမေးလ်ကို ဖွင့်ထားပါ။


(၂) မေးလ်ရဲ့ဘေးက (Contact) ကိုသွားပါ။အဲဒီမှာ ကိုယ့် ဂျီမေးလ်ထဲမှာရှိတဲ့ လူတွေအားလုံး ပေါ်လာပါမယ်။


(၃) ကိုယ်ဖျက်ချင်တဲ့သူကို ရွေးပါ။


(၄) ပြီးရင် (delete contact) ကိုနှိပ်ပါ။ အဲဒါဆိုရင် သည်လူက ကိုယ့်စာရင်းထဲမှာ မရှိတော့ဘူး။ ဒါပေမယ့် ဒါနဲ့တင်မရသေးဘူး။


စာတွေဘာတွေ ပို့လို့ရသေးတယ်။ အဲသည်တော့ မေးလ် ကို (filter) လုပ်ရပါမယ်။


inbox ထဲမှာ ရောက်နေတဲ့ ကိုယ်လက်မခံချင်တဲ့သူရဲ့ စာကိုဖွင့်၊ ပြီးရင်စာရဲ့ ညာ ဘက်ထောင့် အပေါ်ဘက်က reply ကိုရှာ။


ပြီးရင် ဘေးက မြားလေးကိုနှိပ်၊ ကျလာတဲ့ (box) ထဲက (filter message like this) ကိုရွေးပါ။ (Next step) ကိုရွေးပါ။


နောက် ကိုယ်လက်မခံ ချင်တဲ့ အီးမေးလ် နောက်ထပ်လာခဲ့ရင် အလိုအလျောက် (delete) ဖြစ်သွားအောင် (delete it box) ကိုရွေးပါ။


ပြီးရင် နောက်ဆုံးအဆင့် (create filter) ကိုနှိပ်ပါ။ ဒါဆိုရင်တော့ ကိုယ်မလို ချင်တဲ့ မေးလ်တွေကိုပါ ဖျက်ပစ်ပေးမှာဖြစ်ပါတယ်။

Tuesday, September 13

Gmail တစ်ခုထက်ပိုဖွင့်ခြင်း


ပထမဦးစွာ ကျွန်တော်တို့  gmail.com မှာ  အကောင့်တစ်ခုနဲ့ အရင်ဝင်ရပါ့မယ်။  မေးလ်ထဲကို    ၀င်ပြီးပြီဆိုရင်
မေးလ်ရဲ့    ညာဘက်ထောင့်ကနေ  account setting ဆိုတာကို သွားရပါတယ်။  account setting ကိုရောက်ပြီ ဆို
ရင် Multiple sign-in   ဆိုတာကို ရှာလိုက်ပါ ။ အဲဒီမှာ off ဆိုတာကိုတွေ့ပါလိမ့်မယ်။  Edit ဆိုတာကို ကလစ်ပေး
လိုက်ပါ။ ပြီးရင်  On - Use multiple Google  Accounts in the same web browser ဆိုတာကို  အစက်ကလေးခြစ် လိုက်ပါ။  အဲဒီအောက်မှာရှိတဲ့လေးထောက်ကွက်       သေးသေးလေးတွေကိုလည်း             အမှန်ခြစ်အားလုံး
ခြစ်ပေးလိုက် ပါ။    ပြီးရင် save ကိုကလစ်ပေးပါ ။          ပြီးရင်   အပေါ်ဘက်မှာ  Back    ဆိုတဲ့ကောင်လေးကို
ပြန်သွားလိုက်ပါ  ။ ခုနက Account setting သွားတဲ့အတိုင်းပဲ  ညာဘက်ထောင့်အပေါ်က    မိမိနာမည်လေးကို 
ကလစ်ပေးလိုက်ပါ။ switch account  ဆိုတာလေးကို ကလစ်ပေးလိုက်ပါ။ ပြီးရင်      sign in to another account  
ဆိုတာကို    ကလစ်ပေးလိုက်ပါ ။   နောက်ထပ်ကိုယ်ဖွင့်ချင်တဲ့      မေးလ်     Email နဲ့  password ရိုက်ထည့်ပါ။
ဒါဆိုမေးလ်တွေကို  browser တစ်ခုထဲမှာ  အများကြီးဖွင့်လို့ရပါပြီး။ သတိပြုစရာတစ်ချက် က  မေးလ်တစ်ခုကို sign out လုပ်လိုက်တယ်ဆိုရင် ဖွင့်ထားတဲ့မေးလ်အားလုံး sign out ဖြစ်သွားပါတယ်။


Gmail သမိုင်းကြောင်း


Paul Buchheit အမေရိကန်ကွန်ပျူတာပရိုဂရမ်မာ Friend Feed တည်ထောင်သူ Case Western Reserve တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။ Google ၏ လက်ရွေးစင်ပရိုဂရမ်မာများမှ ၂၃ ယောက်မြောက်

2004 March
ကမ္ဘာကျော် New York Times သတင်းစာမှနေ၍ ဧပြီလ ၁ ရက်နေ့တွင် Gmail ကို စတင်လွှင့်ထုတ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သိုလှောင်မှုပမာဏ 1 GB အထိပေးမည်ဟု တရားဝင်ဖွင့်ဟခဲ့ရာ မယုံကြည်သူများက ကုမ္ပဏီငယ်တစ်ခု၏ April Fool တစ်ခုမျှသာ ဖြစ်ကြောင်း လက်ခံခဲ့သော်လည်း Spam နည်းပါးခြင်းနှင့် အလွန်အဆင့်အတန်းမြင့်မားသော Ajax နည်းပညာသုံးထားသည့် Gmail ကို Invite မှ တစ်ဆင့် စတင်လက်ခံခဲ့ရပြီးနောက် Gmail ၏ ကမ္ဘာသက်ဝင်လှုပ်ရှားလာခဲ့တော့သည်။

2005 Jan
Hacker များ အလွယ်တကူဖြင့် ထိုးဖောက်ဝင်ရောက်နိုင်သော လုံခြုံရေးဟာကွက်တစ်ခုကို Slash dot တွင် ဖော်ပြခဲ့ရာ အဆိုပါပြဿနာကို အလွယ်တကူဖြင့် ပြန်လည်ပြင်ဆင်ပြီးချိန်တွင် Google ကိုယ်တိုင်သည် သူတို့၏ Service ကို လူများစွာ စိတ်ဝင်စားကြောင်း ယုံကြည်သွားခဲ့သည်။