Pages

Showing posts with label ဥာဏ်စမ်း. Show all posts
Showing posts with label ဥာဏ်စမ်း. Show all posts

Saturday, November 10

ဥာဏ်စမ်း ပဟေဠိ


ကဲဒီနေ့တော့ စိုးသူ ပဟေဠိလေး နည်းနည်းမေးမယ် နော်။ အပျော်ပေါ့။ အဖြေကတော့ နောက်နေ့မှ ပြောပြမယ်။ မများဘူး ။ ဆယ်ခုထဲပဲ  ။ Fan page တစ်ခုကနေ မလာတာ။ ရိုးရိုးလေးတွေပါ။ ခေါင်းသိပ်မစားပါဘူး။  အပျင်းပြေ ဖြေကြည့်နော်။ 


၁။ ရတနာတွေထဲမှာ သက်ရှိက ဖြစ်တည်တဲ့ ရတနာကဘာပါလဲ ။ (ပုလဲ မဟုတ်ပါ )

၂။လူတွေ ခရီးသွားကြတဲ့အခါ ဘာစီးသွားကြပါသလဲ။

၃။ဆန့် ဆန့် ကြီးနေတဲ့မြို့ ကဘာမြို့ လည်း။

၎။အဲဒီ ပစ္စည်းကို အသုံးပြုဖို့ လို အပ်တဲ့ အချိန်မှာ လွင့်ပစ်လိုက် ပြီးမလို အပ်တဲ့ အချိန်မှာတော့ ပြန်သိမ်းထားတယ် တဲ့  အဲတာဘာပစ္စည်းလဲ ဗျ။

၅။လူ၏ ခန္ဓာကိုယ်တွင် အကြီးဆုံးအင်္ဂါအစိတ်အပိုင်းသည် မည်သည့်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါသလဲ။

၆။သူရှိနေတာ နှစ်ပေါင်းသန်းနဲ့ချီ ကြာနေပြီ....ဒါပေမယ့်သူ့အသက်ကတော့ တစ်လမကျော်ဘူး...သူဘယ်သူလဲ။

၇။အိမ်တွေမှာ လူတွေလုံခြုံရေးအတွက် ပန်းတစ်မျိုး ထားတတ်ကြပါတယ်..ဘာပန်းဖြစ်ပါသလဲ ။

၈။လူရယ်လို. ဖြစ်လာတာနဲ. မသင်ပဲ တတ်တာ ဘာဖြစ်မလဲ။ (ငို ခြင်းကိုပြောတာ မဟုတ် )

၉။လူတစ်ယောက်က ရာဇ၀တ်မှုတစ်ခုကို လုပ်ဖို့ ကြိုးစားတယ်။ အဲဒါဆို ရင် သူကို ပြစ်ဒဏ်ပေးတယ်။ အဲ အဲဒီ ရာဇ၀တ်မှုက အောင်မြင်သွားတယ်ဆိုရင်တော့ သူ့ကို ဘယ်သူမှ ပြစ်ဒဏ်မပေးတော့ဘူး ။ အဲဒီ ရာဇ၀တ်မှုက ဘာရာဇ၀တ်မှုလဲ။ 

၁၀။သူ့ကိုအစာကျွေးရင် အသက်ရှင်မယ်။ ရေတိုက်ရင်တော့ သူသေရလိမ့်မယ်။

ဖြေကြည့်နော်......အောက်မှာအဖြေရှိတယ်......။
အားလုံးကိုလေးစားလျက်..... 

Sunday, November 27

ဂဏန်းလေးလုံးဖြင့် အသက်ကိုသိစေနည်း


ဒီတခါတော့ ဖတ်မိတဲ့ သချာင်္ ပဟေဠိ အကြောင်းလေးကိုပြောပြပါ့မယ်။ သူက တော့  gtalk မှာဖြစ်ဖြစ် ဖုန်းထဲမှာဖြစ်ဖြစ် အသက်ကိုမပြောပြချင်သူအတွက် ဒီနည်းလေးကိုသုံးပြီး မေးကြည့်နော်။ သိတဲ့သူအတွက်တော့  ရီစရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မသိသေးသောသူအတွက်တော့ ဗဟုသုတလည်းရတယ်  ။ အပျင်းလည်းပြေပါတယ်။ ဂဏန်းလေးလုံးမှ မဟုတ်ပါဘူး ဒီထက်လည်းပိုလို့ရ နိုင်ပါတယ်။ လုပ်နည်းအဆင့်ဆင့်က ဒီလိုပါ။
၁။ မိမိသိချင်သောသူကို ဂဏန်းလေးလုံး (သူ့စိတ်ကြိုက်) ရေးပါစေ။ 
၂။ အဲဒီဂဏန်း လေးလုံးကို စိတ်ကြိုက်နေရာ ပြောင်းလဲပါစေ ။
၃။ ကြီးသောကိန်းမှ ငယ်သောကိန်းကို နုတ်ပါစေ။ နုတ်လို့ရသော ဂဏန်းအားလုံးကိုပေါင်းပါစေ။ 
၎။ ပေါင်းလို့ရတဲ့ကိန်းသည် ဂဏန်း ၂ လုံး (သို့) ၃ လုံးထက်ပိုပါက တစ်လုံးတည်း ရသည်အထိပေါင်းပါစေ။
၅။ အဖြေကို (၇) ပေါင်းထည့်ပါစေ။ 
၆။ ပေါင်းရကိန်းကို သူမွေးသောနှစ်ရဲ့ နောက်ဆုံးဂဏန်း ၂ လုံးနဲ့ ပေါင်းထည့်ပါစေ။ 
၇။ အဖြေကိုပြောပါစေ။
မိမိလုပ်ဆောင်ရမှာက နောက်ဆုံးအဖြေမှ (၁၆) ကိုနုတ်ပါ။ သင့်မိတ်ဆွေမွေးသောခုနှစ်ကို ရပါလိမ့်မည်။ ခုနှစ်ကို ရောက်လျှင် ယခုရောက်ရှိနေသော ခုနှစ်ထဲမှ နုတ်လျှင် သူ၏ အသက်ကိုသိနိုင်ပေမည်။ 
အဖြေမှာ အောက်ပါအတိုင်းဖြစ်သည်။
ကိန်းတစ်ခုတွင်  ဂဏန်းအရေအတွက် မည်မျှပင် ပါစေကာမူ ယင်းဂဏန်းများကို စိတ်ကြိုက်နေရာပြောင်း ၍ များသောကိန်းမှ ငယ်သောကိန်းကို နုတ်လျှင်  ရရှိသောအဖြေသည် (၉) သို့မဟုတ် (၉) အဖြစ်ရရှိရန် ဖန်တီးပေးသောအခြေအနေသို့ရောက်ရှိမည်ဖြစ်သည်။ တစ်လုံးထဲ ကျန်သည်အထိပေါင်းသော် အဖြေသည် (၉) ဖြစ်ရပေမည်။ သင့်အနေဖြင့်  (၇) ကို(၉) နှင့်ပေါင်း၍ ရသော (၁၆) ကို နုတ်လိုက်သောအခါ အဖြေမှာ သုညဖြစ်သည်။  သို့ဖြစ်သောကြောင့် မွေးသောခုနှစ်ကို အလွယ်တကူ ရရှိသည်။ ထိုအခါ ယခုရောက်ရှိနေသာ ခုနှစ်ဖြင့် သူ့အသက်ကိုအလွယ်တကူသိနိုင်သည်။  အမှန်တိုင်းပြောရရင် ဒီအထိကျွန်တော်ဖတ်တာ နားလည်သေးဘူး ဥပမာလေးနဲ့မှ အဆင်ပြေတယ်ဗျာ။ ဥပမာကတော့ 
 ၁၃၇၉ ကိုရွေးတယ်ဆိုပါစို့ ။ အဲဒီဂဏန်းလေးတွေကိုဒီလို(၇၉၃၁) နေရာပြောင်းလိုက်မယ်။ များသောကိန်းမှငယ်သော ကိန်းကိုနုတ် (၇၉၃၁-၁၃၇၉=၆၅၅၂ )ကိုရရှိမည်။ ၆၅၅၂ ကိုပေါင်းသော်(၆+၅+၅+၂=၁၈) ရမည်။ အဲဒီ ၁၈ ကိုပေါင်းသော် (၉) ရမည်ဖြစ်သည်။ (၉)ကို (၇) နှင့်ပေါင်းသော် ၁၆ ရရှိမည်။ အဲဒီ ၁၆ ကို သူမွေးသောခုနှစ် ၁၉၈၉ ရဲ့နောက်ဆုံးနှစ်လုံးနဲ့ပေါင်း (၁၆+၈၉=၁၀၅) ကိုရရှိမည်ဖြစ်သည်။ နောက်ဆုံးအဖြေ ၁၀၅ မှ ၁၆  ကိုနှုတ်သော် ၈၉ ရရှိမည်ဖြစ်သည်။ ဒီနေရာမှာသိထားရမှာက ၈၉ ဆိုတာ (၁၉၈၉) ဆိုတာသိထားပါ။  ယခုရောက်ရှိသောခုနှစ် ၂၀၁၁ ။ ထိုကြောင့် ၂၀၁၁ ထဲက ၁၉၈၉ ကိုနှုတ် ၂၂ နှစ်ဖြစ်တယ်။  ကိုယ်တိုင်တွက်ကြည့်မှ သဘောပေါက်လိမ့်မယ်နော်။ 

အားလုံးကို လေးစားလျက်