Pages

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Saturday, April 13

Skynet up to date channel လိုင်းအသစ်


မနှစ်က တင်ထားတဲ့လင့်မှာ Skynet up to date ကို ကြည့်လို့မရတော့ပါဘူးခင်ဗျာ။ အခုလင့်လေးမှာ သွားကြည့်လို့ရပါတယ်။ 




အားလုံးကိုလေးစားလျက်..

Sunday, March 24

ဖုန်း အတု နဲ့ အစစ် ခွဲခြားဖို့အတွက်



ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆို
တာကို သိနိုင်ဖို့ခက်ပါတယ်။

တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့
ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်
ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။ 

Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေ
က ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အ
စစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်
မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်
လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို
ပြောပြလိုက်ပါတယ်။

အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။ 

Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Displayထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။

နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်
လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါ
လိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေး
ကို ၃ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။

စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရ
ပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ်
နိုင်ပါဘူး။

ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။အတုအစစ် ခွဲခြားဖို့အတွက် အလွယ်
ကူဆုံး နည်းလမ်းနဲ့ အထက်မှာပြောပြထားတဲ့အတွက် လုံလောက်
ပြီးအဆင်ပြေကြမယ်ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်

Source: IT GARDEN

အားလုံးကို လေးစားလျက်...

Saturday, November 24

ရွှေတိဂုံ ဘုရားပေါ်မှာ အင်တာနက် သုံးလို့ရပြီ


Facebook မှာတွေ့မိတာလေးန်လည်ဖော်ပြလိုက်ပါသည်။ 

 
ရွှေတိဂုံဘုရားပေါ်မှာ Internet သုံးလို့ရပါပြီ။ ပထမဆုံးကိုယ့်ဖုန်းက Wi fi ကိုအရင်ဆုံးဖွင့်ပြီး ဘုရားက Hotspot ကို ချိတ်ပါ။ ပြီးရင် 188133 ကို mmspot ဆိုပြီး Message ပို့လိုက်ပါ။ Password ပြန်လာပါလိမ့်မယ်။ ပြီးရင် Browser ဖွင့်လိုက်တဲ့အခါ Password Code ထည်ရမဲ့ Page auto တက်လာပါလိမ့်မယ်။ ပြန်လာတဲ့ code ထည့်ပြီးသုံးနိုင်ပါပြီ။ ၄၅ မိနစ် ရမယ်ပြောပါတယ်။ ဒီဟာကိုအဲဒီ Connection သုံပြီးရေးပါသည်။
  
အဘဥက္ကာကိုကို via Ko Char
 
 

Wednesday, November 14

ဂျာနယ်၊သတင်းစာများ တစ်နေရာတည်းမှာဒေါင်းရန်




ကျွန်တော် ဒီတစ်ခါတော့ သတင်းစာတွေ ၊ ဂျာတယ်တွေ၊ နည်းပညာဂျာနယ် တွေကို တစ်နေရာတည်းမှာ ဒေါင်းလော့ ချဖို့ စုစည်းထားတဲ့ website လေးတစ်ခုကို ညွှန်းချင်ပါတယ်။ တော်တော်လည်းစုံပါတယ်။ မြန်မာ ဂျာနယ်များ ၊ သတင်းများကို အပင်ပန်းခံပြီး လိုက်ရှာ ဒေါင်းစရာမလိုတော့ဘူးပေါ့ဗျာ။ ကျွန်တော် အဲဒီဆိုက်လေး တွေ့ပြီးကတည်းက ဘယ်မှမရှာတော့ဘူး အဲဒီဆိုက်ကနေပဲ ဒေါင်းလော့ချပြီးဖတ်တော့တယ်။ အပတ်စဉ် ဖတ်စရာတွေကလည်း အများကြီးပဲ ။ အကုန်မဖတ်နိုင်လို့ စိတ်ဝင်စားတဲ့ နည်းပညာဂျာနယ်လေးတွေပဲ ဒေါင်းပြီးဖတ်နေတယ်။ အွန်ုလိုင်းမှာဖတ်လို့မရဘူးနော်။ ဒေါင်းပြီးဖတ်ရမှာ။ တကယ်လို့ပေါ့နော် ....ဒေါင်းလော့ချလို့ အဆင်မပြေဘူး အွန်လိုင်းမှာဖတ်ချင်တယ်ဆိုရင် ကျွန်တော်ကိုပြောပေးပါ။ ကျွန်တော် အွန်လိုင်းမှာဖတ်လို့ရအောင် ပြန်တင်ပေးပါ့မယ် ။ အဆင်ပြေအောင်လို့ပါ။ ဖတ်ချင်တဲ့ ဂျာနယ်လေးသာ ကွန်မန့်ပေးခဲ့ပါတယ်။ မေးလ်ထဲကို အွန်လိုင်းကနေဖတ်လို့ရမယ့် လင့်လေး ပို့ပေးပါ့မယ်။ တော်တော်ကိုစုံတာနော်။

ကဲ ဒီဆိုက်လေးမှာသွားလိုက်ပါ။ 



အားလုံးကိုလေးစားလျက်.....

Friday, July 6

ဇူလိုင် (၉) ရက်နေ့ Internet server များ shutdown ချမည်


၂၀၁၂ ဇူလိုင်လ (၉) ရက်နေ့ မှာ ကမ္ဘာတစ်လွှားက Internet Server များ ခေတ္တ Shutdown ချမည်ဖြစ်၍ ထိုနေ့တွင် အင်တာနက်အသုံးပြုမှု မရရှိနိုင်ပါ။

ဟက်ကာတွေရဲ့  DNSChanger malicious software (malware) ဖြင့် DNS (Domain Name System) များကို တိုက်ခိုက်မှုကြောင့် နိုင်ငံတကာမှာ ရှိကြတဲ့ အင်တာနက်သုံးစွဲသူ သန်းပေါင်းချီပြီ ထိခိုက်မှုတွေ ရှိနေတဲ့အတွက် အမေရိကန်နိုင်ငံ FBI ကနေ လာမယ့် ဇူလိုင်လ (၉) ရက်နေ့ မှာ ကမ္ဘာတစ်လွှားက အင်တာနက်သုံးစွဲမှုတွေကို ခေတ္တရပ်ဆိုင်းပြီး အဆိုပါ CNSChanger ပြဿနာကို ဖြေရှင်းမှာဖြစ်တယ်။

အင်တာနက်သုံးစွဲသူတွေအနေနဲ့  မိမိတို့ ရဲ့  ကွန်ပျူတာမှာ ဒီ DNSChanger malicious software (malware) တိုက်ခိုက်ခံထားရမှု ရှိ မရှိကို ဖေါ်ပြပါ အင်တာနက်စာမျက်နှာတွေမှာ ၀င်ရောက်စစ်ဆေးနိုင်ပါတယ်။

http://www.dns-ok.us/
http://www.dns-ok.ca/
http://www.dns-ok.gov.au/

မိမိ၏ ကွန်ပျူတာ DNSChanger malicious software (malware) တိုက်ခိုက်ခံထားရမှု ရှိပါက သက်ဆိုင်ရာ Internet Service Provider သို့ ဆက်သွယ်ပြီး အဆိုပါ Malware အား ဖယ်ရှားပေးရန် အကူအညီတောင်းပါ။


From: computer knowledge and sharing  
 

Saturday, April 14

Sky net myanmar online channel


ဒီတခါတော့ ပြည်ပရောက် မြန်မာများအတွက်ပါ။  အတာသင်္ကြန်မှာ ကိုယ်တိုင် ပါဝင်မဆင်နွှဲနိုင်ပေ့မယ့်  သူများတွေ ပျော်နေ၊ ရေပက်နေတာတွေကို  အွန်လိုင်းကနေတဆင့် ကြည့်ရှူနိုင်ဖို့ ဒီလင့်လေးကို ပြန်ရှယ်လိုက်ပါတယ်။ မသိသေးသောသူများအတွက်ပါ။  ဒီလိုင်းက တိုက်ရိုက်တော့ မဟုတ်ပါဘူး နာရီအနည်းငယ်နောက်ကျပါတယ်။ ကျွန်တော်ကြည့်ပြီးပါပြီ။ သင်္ကြန်အလွမ်းပြေ နေ့တိုင်း Skynet ကိုပဲ ကြည့်ဖြစ်တယ်။ ကျွန်တော်လိုပဲ အတာသင်္ကြန်ကို အလွမ်းပြေကြည့်ဖို့အတွက်ပါ။

မှတ်ချက် ။  Skynet က အရင်ကအတိုင်းမရတော့ပါဘူးခင်ဗျာ လိုင်းပြောင်းသွားပါပြီ။ ဒီလင့်မှာ သွား ကြည့်ကြပါခင်ဗျာ..။

http://www.ustream.tv/channel/up-to-date---sky-net/theater


အရင်ဆုံး  ဒီလင့် လေးကိုသွားပြီး ဒေါင်းလော့ချပါ။  ပြီးရင် run ပါ။ run ပြီးတဲ့အခါမှာ  Search channel ဆိုတဲ့နေရာလေးမှာ 99221 ဆိုပြီးရိုက်ထည့်လိုက်ပါ။ ဒါဆိုရင် ကြည့်လို့ရပါပြီ။ နက်ကောင်းရင် ကောင်းသလောက် ကြည့်ရတာ အဆင်ပြေပါတယ်။ ကျွန်တော့်ဆီမှာတော့ တချက်တချက် ထစ်ထစ်သွားတယ် ။ အမြဲတမ်းတော့မဟုတ်ပါဘူး။  ဒီ Channel လေးက နေ့တိုင်းထုတ်လွင့်ပေးပါတယ်။ သတင်းတွေကိုလည်းကြေငြာပေးပါတယ်။ ကျွန်တော် က သင်္ကြန်အတွက် ရည်ရွယ်ပြီးတင်ပေးလိုက်တာပါ။ သင်္ကြန်ပြီးသွားလည်း  မြန်မာနိုင်ငံက သတင်းတွေကြည့်ချင်တယ်ဆိုရင် ဆက်ပြီးကြည့်နိုင်ပါတယ်။  အဆင်မပြောခဲ့ဘူးဆိုရင် C box မှာ ပြောခဲ့ပေးပါ။ သင်္ကြန်ရက်တွေကို ဖြတ်သန်းရတာ ပြည်ပရောက် မြန်မာတွေအတွက် ပျော်စရာမကောင်းတာတော့ အမှန်ပဲ။ သူငယ်ချင်းအများကြီးရှိတယ်ပဲထားပေါ့နော်။ သူများနိုင်ငံမှာ မြန်မာနိုင်ငံမှ မဟုတ်တာ။ ခေါင်းစဉ်မှာ သင်္ကြန်လို့ ရေးထားတာက မကြည့်ဖြစ်မှာစိုးလို့ပါ။ တကယ်တော့ သင်္ကြန်အတွက်တင်မဟုတ်ပါဘူး။


အဆင်ပြေကြပါစေ........

အားလုံးကိုလေးစားလျက်.......

Monday, March 19

Gmail အကောင့်အသစ်ပြုလုပ်သူများ မြန်မာပြည်ဖုံးနံပါတ်ဖြင့် Google မှ code ရယူနိုင်ပြီ


မြန်မာနိုင်ငံက သူငယ်ချင်းတွေအတွက် သတင်းကောင်းပါ။ တကယ်လည်းအဲလိုဖြစ်သင့်တာကြာပါပြီ။ ဖုန်းရှိတဲ့သူတိုင်းပိုပြီးတော့ အဆင်ပြေတာပေါ့ဗျာ။
မြန်မာနိုင်တွင် ယခင်ကာလများကို  Gmail အသုံးပြုလိုသူများအနေ ဖြင့်  အကောင့်အသစ်တခုပြုလုပ်ပါက တခါတရံ ဖုန်းနံပါတ်များတောင်းခံ လေ့ရှိပါသည် ။ ထိုအခါတွင် အခြားတိုင်းပြည်များမှ အသိမိတ်ဆွေများ၏  ဖုန်းနံပါတ်ဖြင့် အသုံးပြုခဲ့ကြရပါသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်မှ စတင်၍ Google မှ မြန်မာပြည်ဖုန်းနံပါတ်ဖြင့် code နံပါတ် အတည်ပြုချက်ရယူခြင်းကို ခွင့်ပြုလိုက်ပြီ ဖြစ်ပါသည်။ သို့  ပါ၍  မြန်မာပြည်တွင်းရှိ Gmail အကောင့်အသစ်ဖွင့်လိုသူများ အနေဖြင့် မိမိတို့  အသုံးပြုနေသော လက်ကိုင်ဖုန်းနံပါတ်အား ရိုက်နှိပ်ထည့်သွင်းလိုက်ပါက Google မှ Audio Massages ပြန်လည်ပေးပို့  ပါလိမ့်မည်။ သို့ သော်  SMS အနေဖြင့် ပြန်လည်ပေးပို့ ခြင်း မရှိသေးပဲ Audio Massages ကိုသာအသုံးပြုနိုင်ဦးမည် ဖြစ်ပါသည်။


အားလုံးကိုလေးစားလျက်.....

အိမ် ခြံ မြေ အခမဲ့ ကြော်ငြာလိုသူများအတွက်


C box မှာ အစ်ကိုတစ်ယောက် လာပြီးတော့ ပြောသွားလို့ပါ။ ပို့စ်တစ်ခုအဖြစ်တင်လိုက်တာပါ။  စီဘောက်မှာဆို ဘယ်သူမှမကြည့်မိမှာလည်း စိုးတယ်။ ကျွန်တော်လည်း အခမဲ့ ပြန်ပြီးတော့ ကြော်ငြာပေးလိုက်ပါတယ်။ စိတ်ဝင်စားမယ့်သူများတော့ ဒီလင့် မှာ သွားပြီးတော့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 


အားလုံးကိုလေးစားလျက်.....

Thursday, February 23

ကြုံတောင့်ကြုံခဲ ရွှေတိဂုံ နှစ် ၂၆ဝဝ ပြည့် ပူဇော်ပွဲ



ဤကမ္ဘာလောက၌ ဂေါတမ ဘုရားရှင်ပွင့်တော်မူခဲ့သည်မှာ နှစ် ပေါင်း ၂၆ဝဝ တိုင်ခဲ့ပြီဖြစ်ပါ၏။ မြတ်စွာဘုရားရှင်သည်ဒုက္ကရစရိယာ အကျင့်မြတ်ကို ခြောက်နှစ်မျှ ကျင့် တော်မူပြီးနောက် သဗ္ဗညုတ ရွှေ ဉာဏ်တော်ကို ရရှိတော်မူခဲ့ပါ၏။ ဘုရားရှင်အဖြစ်သို့ ရောက် တော်မူပြီး သတ္တာ သတ္တဟ စံနေ တော်မူစဉ် မွန်နိုင်ငံတော် အသိ တဥနာဂိုရ် ပြည်မှ ကုန်သည် ညီ နောင်ဖြစ်သော တဖုဿနှင့် ဘလ္လိက တို့သည် ရာဇယတနတွင် ဗုဒ္ဓအား ဖူးမြော်ခွင့်ကြုံပါ၏။ ဘုရားရှင်က တရားတော်များ ဟောကြားတော်မူ ပြီး ဆံတော်များကို ပူဇော်ရန် ပေး ခဲ့သဖြင့် လက်ခံပြီး နေရပ်သို့ပြန်လာ ပါ၏။ ထိုဆံတော်များကို ဋ္ဌာပနာ တော်မူ၍ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ရွှေ တိဂုံစေတီတော်မြတ်ကြီးကို တည် တော်မူခဲ့သည်ဟု အဆိုရှိပါ၏။ မြတ်စွာဘုရားရှင်သည် ဘုရား အဖြစ်ရောက်တော်မူပြီး ၄၅ ဝါ ပတ်လုံး တရားတော်များ ဟောကြား ကာ သတ္တဝါဝေနေယျတို့ကို ကယ် ချွတ်တော်မူခဲ့ပါ၏။ ထိုဘုရားအဖြစ် ရတော်မူသော ၄၅ ဝါ၊ (၄၅)နှစ်နှင့် သာသနာနှစ် ၂၅၅၅ ကို ပေါင်း သော် နှစ်ပေါင်း ၂၆ဝဝ ဖြစ်ပါ၏။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အဓိကရ တည်ရှိနေပါသော လေးဆူဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားရှင် ပွင့်တော်မူသည်မှ ယခုတိုင် မြဲမြံခိုင်ခိုင် တည်ရှိနေသော မြတ်ဗုဒ္ဓသာသနာ၏ မော်ကွန်း သက်သေကြီးလည်း ဖြစ်ပါ၏။ ၁၇၇၅ ခုနှစ် မတ်လ ၁၅ ရက်၊ (တပေါင်းလပြည့်နေ့)က ထီးတော် တင်ပွဲ အခမ်းအနားကို ကျည်းကန် ရှင်ကြီး ရှင်နန္ဒဓဇက ရွှေတိဂုံ မေတ္တာစာကို ဤသို့ဖွဲ့ဆိုခဲ့ပါ၏။ ”ပန်းမျိုးစုံ စီသီကာကုံးလို့ ထီး တံခွန်တွေ၊ အဝေဆုံးနှင့်၊ ငါးကြော် သားကြော် အဆီတုံးနှင့်၊ ဆွမ်းသင် ပုတ်တော်ကိုယ်တော်သုံးဖို့၊ ဖက်စိမ်း ထွန့်ချွန် ယဉ်ရုံဖုံးလို့၊ အပျိုအအို တပြုံးပြုံးမို့၊ အမြိုင်မြိုင်ဆံတော် ရင်းမှာ၊ အပြိုင်ပြိုင်လှူဖွယ်ခင်းလို့ ပလုတ်တုတ်သံ ပြုတ်ပြုတ်ပြုန်းနှင့်၊ ဆိုင်းသံ စည်သံညံညံအုန်းစ။ ပရိ သတ်တွေခြိမ့်ခြိမ့်ရုံးလို့”ဟု ဖွဲ့ဆို ခဲ့သည်။ ၁၈၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် တနင်္ဂနွေနေ့တွင် အနောက် နန်းမိဖုရား မမြကလေးက ရွှေတိဂုံ စေတီတော်ကြီး အနောက်စောင်း တန်းဆောက်လုပ်ရန် သစ်ပျဉ်ကံ ကျွေး လက်ခငွေများ ဆက်သရာ မိဖုရားခေါင်ကြီးနှင့်အတူ သာယာ ဝတီမင်းကြီးသည် ရေစက်သွန်းချ တော်မူခဲ့ပါ၏။

ထိုအချိန်က နန်းမ တော် မမြလေးက သီကုံးခဲ့လေ သလောဟု ထင်ရသည့် သဖြန် တစ်ပုဒ်တွင်-
စိမ်းပြာလဲ့မှုံ ရဂုံကမှိုင်း
မြူခိုးရယ် မှောင်မှောင်နှင့်
သည်တောင်မှာ ရွှေရောင်ဖုန်း တယ်
ကုန်းမြတ် သမိုင်း။
ဟု အဆုံးသတ်ထားသော လွမ်းဖွယ် ရွှေတိဂုံကို သမိုင်းတွင် မှတ်မှတ်သားသား ရှိခဲ့ရပါသည်။
ထိုနည်းတူစွာပင် မြန်မာမင်း အဆက်ဆက်က ရွှေတိဂုံစေတီ တော်မြတ်ကြီးအား ပြုပြင်မွမ်းမံ တည်ဆောက်ခဲ့ကြပုံ၊ ထီးတော်များ တင်လှူခဲ့ကြပုံ၊ အကြိမ်ကြိမ်လှုပ်ခဲ့ သော ငလျင်ကြီးများကြောင့် ပြို ကျပျက်စီးခဲ့ရာတွင် မင်းနှင့် ပြည်သူ၊ ညီတူစိတ်ထား သဒ္ဓါများ၍ ပြန် လည် မွမ်းမံ လှူဒါန်းခဲ့ကြပုံများကို သမိုင်းမှတ်တမ်း အစောင်စောင်တွင် တွေ့မြင်ဖတ်ရှု သိရှိခဲ့ရပါ၏။

မြန်မာလူမျိုးတို့သည် သမိုင်း ဆိုင်ရာ အထောက်အထား အချက် အလက်တို့ကို မှတ်သား စုဆောင်း ရာတွင် အားနည်းလှသည့်ဟု အနောက်နိုင်ငံသားတို့ကဆိုခဲ့သည် ကိုလည်း တွေ့ရပါ၏။ သို့သော် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သမိုင်းနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပ အထောက်အထားများနှင့် ညှိနှိုင်းထောက်ဆ၍ ပြုစုခဲ့သော မှတ်တမ်းမှတ်ရာများ အမြောက် အမြားရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ပါ ၏။

ဗုဒ္ဓဝင်ကျမ်းများအလိုအရ ဗုဒ္ဓ နှင့် ကုန်သည်နှစ်ဦး တွေ့ဆုံခန်းကို ‘ဝိနယပိဋက’တွင် တွေ့ရပါ၏။ (ဆံ တော်စွန့်လိုက်သည်ဟုတော့ မတွေ့ ရပါ)သို့သော်လည်း နှစ်ပေါင်း ၁ဝဝဝ ကျော်အကြာ အေဒီ ၁၅ ရာစုထိုး၊ မွန်ကျောက်စာများနှင့် အဋ္ဌကထာ များတွင်မူ ဆံတော်စွန့်လှူလိုက် ကြောင်း ဖော်ပြချက်များကို တွေ့ရပါ ၏။
မည်သို့ဆိုစေ အေဒီ ၃ ရာစု တွင် အိန္ဒိယတောင်ပိုင်း နဂရ်ဇဏိ ကောဏ္ဍကျောက်စာနှင့် ယင်းအေဒီ ၃ ရာစုမှာပင် ရေးသားခဲ့သော ‘စန်ဒုဖူ’ တရုတ်မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် ဗုဒ္ဓအယူဝါဒသည် ထိုရာစုနှစ် များမှာပင် သာသနာ ထွန်းကားနေပြီဖြစ်သည်ကို တွေ့နိုင် ပါ၏။

အံ့ချီးမကုန်မြတ်ရွှေတိဂုံ


ယခုဖူးတွေ့နေရသော ရွှေတိ ဂုံစေတီတော်မြတ်ကြီး၏ ဥာဏ် တော်မှာ ၃၂၆ ပေမြင့်ပါ၏။ သို့ သော် မူလရွှေတိဂုံစေတီတော်၏ အမြင့်မှာ ၆၆ ပေမျှသာဖြစ်ပါ၏။ ယခု ဖူးတွေ့ရသော စေတီပုံမျိုး လည်းမဟုတ်ဘဲ အေဒီ ၅ ရာစုမှ ၁၅ ရာစုအတွင်း မြန်မာနိုင်ငံတွင် ခေတ်စားခဲ့သော တိုက်စေတီပုံဖြစ် ခဲ့ပါ၏။ အေဒီ ၁၄ ရာစုတွင် ယင်း စေတီမှာ ပြိုပျက်နေပြီဖြစ်ပါ၏။ ရွှေ တိဂုံစေတီတော်ကြီးနှင့် ပတ်သက် သော ရှေးအကျဆုံး အထောက်အ ထားအဖြစ် အေဒီ ၁၅ ရာစုနှောင်း ပိုင်းက ရေးထိုးခဲ့သည့် ပါဠိ၊ မွန်၊ မြန်မာကျောက်စာများကို တွေ့ရပြီး ယင်းကျောက်စာများကို ရွှေတိဂုံ စေတီတော်ကြီး အရှေ့ဘက်စောင်း တန်း၏မြောက်ဘက်အလယ်ပစ္စယံ တွင် တွေ့နိုင်ပါ၏။ ထိုကျောက်စာ များအရ ရွှေတိဂုံစေတီတော်ကြီး၏ Óာဏ်တော်အမြင့်မှာ ဆင်ဖြူရှင်မင်း လက်ထက်တွင် စေတီအိမ်ပြာသာဒ် ကို ပယ်၍အတောင် ၄ဝ မြင့်သော စေတီကိုတည်ခဲ့ပုံ၊ သက္ကရာဇ် ၈၃၁ တွင် ဗညားဗ ရူး၏ ညီဝမ်းကွဲ ဓမ္မဇေ တြလောကျနာထ ရာဇဓိရာဇ်ဘွဲ့ခံ ဗညားကျန်းတော မင်းပြုသောအခါ မယ်တော်ဝိဟာရ ဒေဝီမိဖုရားကြီး သည် အမြင့် ပေ ၃၂ဝအထိ တည် ထားပြီးဖြစ်၍ ဗညားကျန်းတောက စေတီတော်ကို အင်္ဂတေကိုင်ပြီး ထီး တော်တင်ခဲ့ပုံများကို သမိုင်းမှတ်တမ်း များတွင် တွေ့ရပါသည်။

ဘက်စုံထောင်စုံရွှေတိဂုံ

ရွှေတိဂုံသည် မြန်မာတို့၏ ကိုး ကွယ်ယုံကြည်ဆည်းကပ်ရာဖြစ်သ လို မြန်မာတို့၏ပထဝီသမိုင်း (င လျင်အကြိမ်ကြိမ်လှုပ်ခဲ့ပုံ) မြန်မာတို့ ၏ နိုင်ငံရေးသမိုင်း၊ မြန်မာမင်းတို့ ၏ အောင်မြေနင်းပုံ၊ မြန်မာတို့၏ နယ်ချဲ့တော်လှန်ရေးဆင်နွှဲပုံများတွင် အထိကရအဓိကအခန်းမှ ပါဝင်နေ သည်ကို တွေ့ရမည်ဖြစ်ပါ၏။ သမိုင်းမှတ်တမ်းများအရ မြန်မာ သက္ကရာဇ် ၇၉ဝ (အေဒီ ၁၄၃၆) ဗညားရန်ခိုက်မင်း၊ အေဒီ ၁၅၆၄ (ဘုရင့်နောင်မင်း)၊ အေဒီ ၁၆ဝ၈၊ အေဒီ ၁၆၁၆ (ဗညားဒလမင်း)၊ အေဒီ ၁၆၂ဝ နိုဝင်ဘာ (အနောက် ဘက်လွန်မင်း)၊ အေဒီ ၁၆၄၄ (သာ လွန်မင်း)၊ အေဒီ ၁၆၅၂ (ပင်းတလဲ မင်း)၊ အေဒီ ၁၆၆၂ (ပြည်မင်း)၊ အေဒီ ၁၆၆၄၊ အေဒီ ၁၆၇၉ (မင်းရဲ ကျော်ထင်)၊ အေဒီ ၁၉၆၈ ဇွန်လ ၁၃ (ဆင်ဖြူရှင်မင်း)၊ ၁၉၃ဝ မေလ ၅ ရက်နှင့် ၁၉၇ဝ သြဂုတ်လ ၂ဝ ရက်တို့တွင် ငလျင်များလှုပ်ခတ်ခဲ့ ရာ ရွှေတိဂုံစေတီတော်ကြီးအား ထိခိုက်မှု ရှိခဲ့သဖြင့် ပြုပြင်မွမ်းမံ ခြင်း၊ ထီးတော်တင်ခြင်း၊ စိန်ဖူး တော်၊ ငှက်မြတ်နားတော်များ ပြု ပြင်ခြင်းတို့ကို ပြုလုပ်ခဲ့ရပါ၏။ ရွှေတိဂုံစေတီတော်မြတ်ကြီး သည် သင်္ခါရနှင့်သဘာဝ ဓမ္မတရား အရ ငလျင်လှုပ်ခြင်း၊ မီးလောင် ကျွမ်းခြင်းတို့ကိုလည်း ခံခဲ့ရပါ၏။ ၁၉၃၁ ခုနှစ် မတ်လ ၆ ရက်နေ့ တွင် အနောက်ဘက်စောင်းတန်းမှ စ၍ လောင်ခဲ့သော မီးသည် စေတီ တော်ကြီးနှင့်အရှေ့ဘက်စောင်းတန်း အထိ မီးကူးစက်လောင်ကျွမ်းခဲ့ရာ သမိုင်းတန်ဖိုးများစွာ ဆုံးရှုံးခဲ့ရပါ၏။ သို့သော်လည်း သဘာဝတရား ကြီးကို ကြံ့ကြံ့ခံကာ သိင်္ဂုတ္တရ ကုန်း တော်မြတ်၌ ငွါးငွါးစွင့်စွင့် တင့်တင့် တယ်တယ်သပ္ပာယ်လှစွာရွှေအဆင်း ဖြင့် ပဝင်းလျက်ရှိတော်မူသော ရွှေတိ ဂုံစေတီတော်မြတ်ကြီးသည် နှစ် ၂၆ဝဝ တိုင်တိုင်တိုး၍တိုး၍သာ ကြည်ညိုသဒ္ဓါပွားဖွယ်ဖူးတွေ့ရပါ၏။

၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်

မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် တပေါင်းလပြည့်နေ့ (၂ဝ၁၂ ခုနှစ် မတ်လ ၇ ရက်)သည် ရွှေတိဂုံ စေတီတော်ကြီး နှစ် ၂၆ဝဝ ပြည့် နေ့ထူးနေ့မြတ်ဖြစ်ပါ၏။ ထိုနေ့ မ တိုင်မီ ၁၅ ရက်(ဖေဖော်ဝါရီ ၂၂ ရက်)မှ စတင်၍ ရွှေတိဂုံစေတီ တော်မြတ်ကြီးတွင် ကြုံတောင့်ကြုံခဲ နှစ် ၂၆ဝဝ ပြည့်ဗုဒ္ဓပူဇနိယပွဲတော် ကြီးကို ကျင်းပမည်ဖြစ်ပါ၏။ ပွဲတော် ကြီးတွင် သံဃာတော် အပါး ၂၆ဝဝ ဖြင့် ရွှေတိဂုံစေတီတော်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်ပြီး သံဃာတော်အပါး ၂၆ဝဝ အား ဆွမ်း ဆန်တော်များ လောင်းလှူခြင်း၊ ပွဲ တော်ကာလအတွင်း ဓမ္မဒေသနာ တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ ဆွမ်းပန်းရေ ချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊ ရိုးရာ ထမနဲပွဲများ ကျင်းပခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည် ဖြစ်ပါ၏။ ပွဲတော်ကာလအတွင်း သိဂုင်္တ္တ ရကုန်းတော်ကြီးတွင် ဖူးပွင့်ဝေဆာ နေသော ပန်းပင်ပေါင်း ၅၄ဝဝဝဝ ကို စိုက်ပျိုးလှူဒါန်းလျက် ကုန်း တော်တစ်ခုလုံး ပန်းပေါင်းစုံဝေဆာ ပွင့်ဖူးသည့် ပန်းပင်လယ်ကြီးပမာ ပန်းပူဇော်ပွဲကြီးကိုလည်း ကျင်းပ မည်ဖြစ်ရာ ရွှေတိဂုံစေတီတော် သမိုင်းကာလတစ်လျှောက်တွင် အ ထူးခြားဆုံး ပွဲတော်ကြီးတစ်ခုလည်း ဖြစ်လာမည်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါ၏။
သိန်းအေး
ရည်ညွှန်း-
-မြတ်လှအစုံ ရွှေတိဂုံ(တင်လှသော်)
၁-၁ဝ-၇ဝ နေ့ထုတ်ပြည်သူ့ကြယ်ဂျာနယ်
- ရွှေတိဂုံစေတီတော်သမိုင်း(တင်လှသော်)
၁-၈-၇ဝ ပြည်သူ့ကြယ်
-Myanmar Newsweek




Myanmar Express

ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော် စတင်ဖွင့်လှစ်


သာသနာ သက္ကရာဇ် ၁၀၃ခုနှစ်မှာ စတင်တည်ထား ကိုးကွယ်တော်မူခဲ့တဲ့ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနား မှာတော့ ရွှေတိဂုံစေတီတော် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှ စတင်ကာ စေတီတော်မြတ် ကြီးကို လက်ယာရစ် လှည့်လည်ပူဇော်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် စေတီတော် ရာဟုထောင့်အောင်မြေရှိ ဗဟိုမဏ္ဍပ်နဲ့ မဟာပဋ္ဌာန်းမဏ္ဍပ်မှာ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနား ဖွင့်လှစ်ခြင်း ပြုလုပ်ခဲ့ပါတယ်။ ဆက်လက်ပြီး ရွှေတိဂုံစေတီေ တာ် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများမှ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရခြင်းနဲ့ ပတ်သက်တဲ့ အဖွင့်မင်္ဂလာစကား ဖတ်ကြားခြင်း နဲ့ ဗုဒ္ဓမြတ်စွာဘုရားအား ပင့်လျှောက်ခြင်း၊ ကုသိုလ်တော်ပြု လုပ်ဖို့ အတွက် နတ်ဗြဟ္မာများ ကို ဖိတ်ကြားခြင်းများ ပြုလုပ်ခဲ့ ပါတယ်။

ဒါ့အပြင် နိုင်ငံတော်သြ၀ါဒစရိယ ဗန်းမော် ဆရာတော်ဘုရားကြီး ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်းနဲ့ ရွှေတိဂုံစေတီေ တာ် နှစ် ၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အတွက် ဆရာတော်ဘုရားကြီးနဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနဲ့ တာဝန်ရှိသူများမှ ပွင့်တော်မူပြီးသော ဘုရားရှင်တို့ကို ရည်စူးပြီး ဆီးမီးများထွန်းညှိ ပူဇော်ကာ ရွှေတိဂုံစေတီေ တာ် နှစ် ၂၆၀၀ပြည့်၊ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖွင့်လှစ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၂၂ရက်နေ့ ကနေ မတ်လ ၇ရက်နေ့အထိ ၁၅ရက်တိုင် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလို ကျင်းပပြုလုပ်ရာမှာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ခြင်း၊ ပွဲတော်ကာလအတွင်း ပန်းများဝေဆာနေတဲ့ ပန်းပင်ပေါင်း ၅သိန်း ၄သောင်းနဲ့ ပူဇော်ခြင်းများနဲ့ ကျင်းပပြုလုပ်နေ တာ ဖြစ်ပါတယ်။ ဒါ့အပြင် ညစဉ်၊ ညတိုင်း တရားပွဲများ ကျင်းပပြု လုပ်ခြင်း၊ ပျော်ပွဲ ရွှင်ပွဲများ ပြုလုပ်ခြင်းနဲ့ ပွဲတော်ကာလအတွင်း စေတီေ တ်ာရှိ အရံစေတီများ တန်ဆောင်းများ စတဲ့နေရာတွေမှာ ဆီမီးများနဲ့ ပူဇော်ခြင်းများလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။






Myanmar Express

Thursday, February 9

အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးပါသည်


 ဖေ့ဘွတ်မှာ တွေ့ရသော သတင်းလေးတစ်ပုဒ် ပြန်လည် ဖော်ပြသည်။ စာဖတ်သူများလည်း ပြန်လည် ဖြန့်ဝေပေးပါ။
Legal Aid Project  ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်အောက်ရှိ  ပြစ်မူကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ ၊ လူငယ်များနှင့် သက်သေများ ၊ ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များ နှင့် လူငယ်များ၊ အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မူကျူးလွန်စော်ကားခံရသော(
female survivos  of  gender based violence)  အမျိုးသမီးများအတွက်  အမူလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာမယူဘဲ ဥပဒေကြောင်းအရ  အခမဲ့  ကူညီပေးသည့် စီမံချက်ဖြစ်ပါသည်

ရည်ရွယ်ချက်
-မသိနားမလည်၍ သော်လည်းကောင်း၊ တရားရုံးစရိတ် မတတ်နိုင်၍သော်လည်းကောင်း၊ ရှေ့နေငှားရမ်းခ မတတ်နိုင်၍သော်လည်းကောင်း၊ မိမိနစ်နာသောအမူကိုတိုင်တန်းရန် (သို့) စွပ်စွဲခံရသောအမူကို ရင်ဆိုင်ဖြေရှင်းရန် အခက်အခဲ ရှိသူများအတွက် ဥပဒေကြောင်းအရ  အခမဲ့ လိုက်ပါဆောင်ရွက်ပေးရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အသက်(၁၈)နှစ်အောက်  ကလေးသူငယ်၊ လူငယ်များအား ကျောင်းစရိတ်အခက်အခဲရှိပါက ကျောင်းစရိတ်ထောက်ပံ့ကူညီရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) များအား ဆေးကုသစရိတ် နှင့် တရားရုံးသို့သွားလာစရိတ် အခက်အခဲရှိပါက လူမူရေးစရိတ် ထောက်ပံ့ကူညီရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အား အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲရှိပါက အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲ ရှိပါက အသက်မွေးဝမ်းကျောင်း သင်တန်းတစ်ခုခုတက်ရောက်နိုင်ရေးအတွက် ထောက်ပံ့သကူညီရန်

xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ  ပြစ်မူကျူးလွန်စော်ကားခံရလျှင်
xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ ပြစ်မူကျူးလွန်ကြောင်းစွပ်စွဲခံ
ရ၍ တရားရုံးတွင် အမူရင်ဆိုင်ရလျှင်
xxx အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီးဖြစ်သည်အတွက် ပြစ်မူကျူးလွန်စော်ကားခံရလျှင်

"
 အမြန်ဆုံး  သတင်းပို့ပါ  ဥပဒေကြောင်းအရ  အခမဲ့ အကူအညီ ပေးပါသည်   "
Legal Aid Project  အောက်တွင် အမူလိုက်ပါဆောင်ရွက်သော ရှေ့နေများအား ရှေ့နေခ၊  ခရီးစရိတ်၊ စားစရိတ်၊ စာရွက်စာတမ်းခ များကို အမူသည်များက လုံးဝ မပေးရပါ၊
ရှေု့နေများမှ ငွေကြေးတစ်စုံတစ်ရာတောင်းခံလာပါက စီမံကိန်းမန်နေဂျာထံတွင် တိုင်တန်းနိုင်ပါသည်။

                      ဦးငိုင်ဆာခ့်
               (စီမံကိန်း မန်နေဂျာ)
၀၉-၈၆၁၈၁၉၆၊ ၀၁-၃၉၈၃၉၇
၀၉-၅၁၆၀၇၈၄၊ ၀၁-၃၉၈၂၁၅

"ရုံးခန်း"
အမှတ်(၃၈၅/၃၈၉)၊  (၆)ထပ်၊  အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊  မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

အကူအညီတောင်းခံနိုင်သောနေရာနှင့်ဖုန်းနံပါတ်များ

ဥပဒေကြောင်းအရ အကူအညီလိုအပ်သူများအနေဖြင့် အောက်တွင်ဖော်ပြထားသော လိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အချိန်မရွေးအကူအညီ တောင်းခံနိုင်ပါသည်။

ရန်ကုန်ရုံးချုပ်
အမှတ်(၃၈၅/၃၈၉)၊  (၆)ထပ်၊  အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊  မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။၀၉-၂၀၅၄၇၈၂၊ ၀၁-၃၉၈၂၁၅

မန္တလေးရုံး
၂၆(ဘီ)လမ်း၊၆၂x ၆၃ လမ်းကြား၊
မဟာဇေယျာဘုံရပ်၊အောင်မြေသာစံမြိ
ု့နယ်၊
မန္တလေးမြို့၊၀၉-၄၉၂၄၀၈၇၃

ပုသိမ်ရုံး
အမှတ်(၅၆) ၊ ပုသိမ်-မုံရွာ-ရေဦးလမ်း၊
(၁၅)နယ်မြေ ၊ မြတ်တိုရပ်ကွက် ၊ပုသိမ်မြို့။
၀၉-၈၅၅၃၄၃၀၊ ၀၉-၇၃၁၃၀၅၂၁

ပြည်ရုံး
အခန်းအမှတ်(၁၅)၊မီးသတ်တိုက်ခန်း
ကန်လမ်း၊ကျောင်းကြီးအိုးတန်းရပ်
ကွက်၊ပြည်မြို့။
၀၉-၇၃၁၃၀၅၂၃

ပဲခူးရုံး
အမှတ်(၂၂၄/ခ)၊ (၃)ထပ် ၊မင်းလမ်း၊ရုံးကြီးရပ်ကွက်၊
ပဲခူးမြို့။၀၉-၇၃၁၂၆၄၂၅

တောင်ကြီးရုံး
အမှတ်(၁၁၂)၊ မြေညီထပ်၊ဇောတိကလမ်း၊သစ်တောရပ်
ကွက်
တောင်ကြီးမြို့။၀၉-၄၉၃၁၉၉၄၈

မြစ်ကြီးနားရုံး
အမှတ်(၆၂)၊ စီတာပူရပ်ကွက်
မြစ်ကြီးနားမြို့။၀၉-၆၄၁၂၁၇၉


ပခုက္ကူရုံး
အမှတ်(၃၅)၊တပ်မလမ်း၊ (၇)ရပ်ကွက်
ပခုက္ကူမြို့။၀၉-၄၉၃၂၁၁၈၁


ကလေးရုံး
အမှတ်(၄/၇)၊ပင်လုံလမ်းမတော်လမ်း
ပင်လုံရပ်ကွက်၊ကလေးမြို့။
၀၉-၄၉၃၃၀၇၁၅


လားရိုးရုံး
ဆိုင်ခန်းအမှတ်(၁၁)၊စစ်သားစုဆောင်းရေးတိုက်တန်း၊ကံ့ကော်လမ်းနှ
င့် ဘူတာလမ်းထောင့်၊
ရပ်ကွက်(၁)လားရိုးမြို့။၀၉-၇၃၁၃၆၃၂၆၊၀၈၂-၃၀၅၃၅


မော်လမြိုင်ရုံး
အမှတ်(၃၃/ဘီ) သိပွံလမ်း၊အန်းဘဲတန်း ရပ်ကွက်၊
မော်လမြိုင်မြို့။၀၉-၄၉၃၂၅၉၀၂

မုံရွာရုံး
မုံရွာတက္ကသိုလ်ဘုရားအနီး၊ကျောက်
ကာလမ်း၊
မုံရွာမြို့။၀၉-၄၇၀၅၈၂၅၅

မကွေးရုံး
အမှတ်(၈၀)၊ကမ်းနားလမ်း၊အလယ်ရပ်၊
မကွေးမြို့။၀၉၄၉၃၂၂၁၁၇၈

ကျိုင်းတုံရုံး
နောင်နွန်ကျေးရွာ၊မိုင်းဇိုင်း၊
ကျိုင်းတုံမြို့။
၀၉၅၂၅၂၀၈၆

သံတွဲရုံး
အမှတ်(၁၂၃)၊ဇီဇဝါလမ်း၊(၆)ရပ်ကွ
က်၊သံတွဲမြို့။
၀၉-၈၅၁၆၆၄၈


ဘားအံရုံး
အမှတ်(၆/၄၃၂)မြို့တော်ဦးလမ်း၊(
၆)ရပ်ကွက်။
ဘားအံမြို့။၀၉-၇၃၁၄၀၂၃


တောင်ကုတ်ရုံး
ပြည်-တောင်ကုတ်လမ်း၊ ကန်ပိုင်ရပ်ကွက်၊တောင်ကုတ်မြို့
၀၉-၄၉၆၆၈၁၃၉


မြိတ်ရုံး
အမှတ်(၃၅)၊ သိန်းညီနောင်လမ်း၊ကံဖျားရပ်ကွက်
။မြိတ်မြို့။
၀၉-၄၉၈၇၂၄၃၀


ထားဝယ်ရုံး
အမှတ်(၄၃၀)၊ရေးလမ်း၊ဆင်ဆိမ့်ရပ်ကွက်၊ထားဝယ်မြို့။၀၉-၄၉၈၅၀၈၂၆

အားလုံးကိုလေးစားလျက်.....

Wednesday, December 14

၂၀၁၃ ဆီးဂိမ်း မတိုင်ခင် မြန်မာအင်တာနက် မြန်နှုန်းမြှင့်မည်


ပြည်တွင်းအင်တာနက် ဆက်သွယ်မှုစနစ်အား မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ ဆီးဂိမ်း  (အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ) မတိုင်မီအတွင်း လက်ရှိအနေအထားထက် အသုံးပြုရာ တွင် ပိုမိုမြန်ဆန်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းအချက် အလက်နှင့် အွန်လိုင်းဌာနမှ အင်ဂျင်နီယာချုပ်က 7 Day News သို့ပြောသည်။ထိုကဲ့သို့ အင်တာနက် ဆက်သွယ်မှုအမြန်နှုန်းများအား လက်ရှိအနေအထားထက် ပိုမိုမြန်ဆန် လာအောင် ဆောင်ရွက်ရာတွင် အင်တာနက်ဂိတ်ဝေး (Internet Gateway) တစ်ခုနှင့် ပုဂ္ဂလိက အင်တာနက် ၀န်ဆောင်မှုကုမ္ပဏီ (ISP-Internet Service Provider) များကို ၂၀၁၃ ဆီးဂိမ်းမတိုင်မီ ကာလအတွင်း ထပ်မံ တည်ဆောက်တိုးချဲ့ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူကဆိုသည်။

အစိုးရအနေဖြင့် ၂၀၁၃ ဆီးဂိမ်းကာလမတိုင်မီ အချိန်အတွင်း ပြည်တွင်း အင်တာနက်စနစ် များ ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ရခြင်းမှာ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်း သည် အာဆီယံအဆင့် အားကစားပြိုင်ပွဲဖြစ်ခြင်းနှင့် ယခုအစိုးရလက်ထက်အတွင်း အာဆီယံအဆင့်နှင့် နိုင်ငံ တကာအဆင့် အစည်းအဝေးများ၊ ပြိုင်ပွဲများကို ဆက်တိုက်လက်ခံကျင်းပလာခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရ သည်။ အာဆီယံအဆင့်အစည်းအဝေးတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလာရတာတွေအပြင် လက်ရှိအင်တာနက်မြန်နှုန်းကိုလည်း ပိုမြန်လာအောင် ပိုကောင်းလာအောင် လုပ်ပေးသွားပါမယ်။ ၂၀၁၃ ဆီး ဂိမ်းမတိုင်ခင်အတွင်း အင်တာနက်ဆက်သွယ်မှု မြန်နှုန်းတွေ ပိုပြီးကောင်းလာအောင် လုပ်ပေးပါမယ်။ အာဆီယံ နိုင်ငံများနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းထိုင်းနိုင်ငံတွင် အင်တာနက် ဂိတ်ဝေးငါးခုခန့်နှင့် ISP စုစုပေါင်း ၁၅ ခု ခန့်ရှိကြောင်း နိုင်ငံတကာအတွေ့အကြုံ နိုင်ငံတကာအတွေ့အကြုံရှိ ကွန်ပျူတာလုပ်ငန်းရှင်နှင့် ပညာရှင်များထံမှ သိရသည်။ ပြည်တွင်း၏ အင်တာနက်ဆက်သွယ်မှု အခြေအနေမှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းနယ်ပယ် တွင် နှေးကွေးကျဆင်းခြင်းအများဆုံး ဖြစ်ပေါ်နေကြောင်း 7 Day News ဂျာနယ်မှာ ရေးသားဖော်ပြထားပါသည်။

Thursday, December 8

အသက်(၁၆)နှစ် နှင့် Ph.D ဘွဲ့ရသည့် တရုတ်ကျောင်းသား


ကျန်ရှီယန်း မှာ အသက် ၁၀နှစ်နှင့် တက္ကသိုလ် တက်ခွင့်ရသူမို့ တရုတ်မှာရော ပြင်ပမှာပါ ပညာပါရမီပါသူ အဖြစ် ထင်ရှားသည်။အသက် ၁၃ နှစ်မှာ ပေကျင်း နည်းပညာတက္ကသိုလ်မှာ မာစတာဘွဲ့အတွက် စတင်လေ့လာခဲ့သည်။ အခု အသက် ၁၆ နှစ် မှာ ပေကျင်း တက္ကသိုလ်ကနေ သင်္ချာဘာသာနဲ့ PhD ဘွဲ့ ရရှိခဲ့သူမို့ ပိုမိုကျော်ကြားလာသည်။ကျန်ရှီယန်း ရဲ့ ထူးခြားမှုကြောင့် နောက်ဆက်တွဲအဖြစ် တရုတ်ပညာရေးစနစ်ကိုပါ ဒီဘိတ်လုပ်စရာတွေ ဖြစ်လာသည်။ ငယ်ရွယ် ကလေးတွေကို အတန်းတွေ ခုံပျံတက်အောင်လုပ်တဲ့ တရုတ်ပညာရေးစနစ်က မှန်ကန်ရဲ့လား၊ အဲဒီ စာတော်တဲ့ ကလေးတွေကကော တကယ် အသိပညာ ရင့်ကျက်ပြည့်စုံမှု ရှိရဲ့လား။မကြာခင်က ကျန်ရှီယန်း ကို တရုတ်အစိုးရ ရုပ်သံ CCTV က အင်တာဗျူးလုပ်တော့ သူ့ရဲ့ ကလေးဆန်မှု၊ စိတ်ကောက်မှုတွေ မြင်ကြရသည်။ သူ့အတွက် မိဘတွေက ပေကျင်းမြို့လယ်မှာ တိုက်ခန်းတစ်ခန်း ၀ယ်မပေးရင်၊ သူ ကျောင်းဆက်မတက်တော့ဘူးဆိုပြီး မိဘတွေကို အကျပ်ကိုင်ခဲ့သည်ဟု ပြောပြသည်။အဲဒီလို မိဘတွေအပေါ် အကျပ်ကိုင် စိတ်ကောက်တဲ့အကြောင်း သူပြောလိုက်တော့ တရုတ် အွန်လိုင်း ပရိတ်သတ်တွေကြား ပွဲဆူသွားသည်။ ချို့ချို့တဲ့တဲ့ ရုန်းကန်နေရတဲ့ မိဘတွေကို သူ ဒီလို မညှဉ်းဆဲသင့်ဘူး ဆိုပြီး၊ ပြောချင်ဆိုချင်နေကြတဲ့ 'အက်တာနက် နိုင်ငံသား' (netizens) တွေအတွက် လက်တို့လိုက်သလို ဖြစ်သွားသည်။ဘွဲ့ရမှ ကိုယ့်ဟာကိုယ် အလုပ်လုပ်ပြီး ငွေစု တိုက်ခန်းဝယ်သင့်တာပေါ့၊ သိပ် အတ္တကြီးတဲ့ကောင်လေးပဲ၊ သူ့ပညာက ဘာသုံးစားရမှာလဲ၊ စိတ်ကော ပုံမှန်ဟုတ်သေးရဲ့လား စသဖြင့်..။တချို့ကတော့ သက်သက်ညှာညှာပြောသည်။ ဒီအရွယ်ဆိုတာ ဒီလိုပဲ မိဘကို ပူဆာမယ်၊ စိတ်ကောက်မယ်၊ ပုန်ကန်ချင်မယ်၊ ဒါဖြစ်လေ့ဖြစ်ထပဲ။ သူရဲ့ ဒေါက်တာဘွဲ့ကြီးကြောင့် သတင်းစာတွေထဲပါပြီး ရေးကြီးခွင်ကျယ် ပြောနေကြတာပဲ၊ သနားစရာလေးပါ။ကျန်ရှီယန်း ကို လယောင်နင်ပြည်နယ်မှ ၀င်ငွေအလယ်အလတ်ရှိ မိသားစုကနေ မွေးဖွားခဲ့သည်။ အစိုးရ ၀န်ထမ်း ဖြစ်တဲ့ သူ့အဖေက သူ့သား ပညာပါရမီပါတာကို အစကတည်းက သိရှိခဲ့သည်။ ငယ်ငယ်ကတည်းက မေးခွန်းတွေ မေးခိုင်း၊ တွေးခိုင်းပြီး လေ့ကျင့်ပေးခဲ့သည်။ ကလေးအရွယ်မှာ တရုတ်ပြည်သမိုင်းကနေ အီရတ်စစ်ပွဲ အကြောင်းအထိ ကြီးကြီးကျယ်ကျယ်တွေ အာဘောင်အာရင်းသန်သန် ပြောတတ်သည်။ သူ့အဖေနဲ့ အပြန်အလှန်ငြင်းခုန်ကြသည်။ဒါပေမဲ့ သူ့ပညာရေးခရီးမှာ အခက်အခဲကာလတွေ ဖြတ်ခဲ့ရသည်ဟု CCTV အင်တာဗျူးမှာ ပြောပြသည်။ ကျောင်းစာမလုပ်ဘဲ ကွန်ပျူတာဂိမ်းစွဲသွားတော့ အဖေရဲ့ အကြိမ်းအမောင်းခံရသည်။ ကျောင်းအဆောင်မှာ ဂိမ်းဆော့နေတာ သူ့အဖေ လိုက်ချောင်းတာ မြင်သွားတော့ သားအဖတွေ ပြဿနာအကြီးအကျယ် တက်ကြသည်။ အဲဒီနောက်ပိုင်း သူ့အဖေက သူ့ကျောင်းစာလုပ်တာကို အမြဲစောင့်ကြည့်နေတတ်သည်။သူ့မိဘတွေရဲ့ မောင်းနှင်မှုက သူ့အတွက် ပြင်းထန်လွန်းသည်။ အဲဒီ မိဘတွေရဲ့ ဖိအားကပဲ သူ့အတွက် ရည်မှန်းချက် ဖြစ်လာရသည်။ မာစတာဘွဲ့ လုပ်နေစဉ်မှာ ဘာသာရပ်အချို့ ကျခဲ့ပြီး၊ ဘွဲ့ကို လက်လျှော့ဖို့အထိ ဖြစ်ခဲ့ရသည်။ နောက်ဆုံး သတ်သေဖို့အထိပါ တွေးခဲ့သေးသည်ဟု ပြန်ပြောပြသည်။CCTV က သူ့အဖေ ဟူရှီယန် ကိုပါ အင်တာဗျူးသည်။ သူက သူ့သား အနာဂတ်လှပဖို့အတွက် ပျိုးထောင်ခဲ့တာ ဖြစ်ကြောင်း၊ သူတို့ဇနီးမောင်နှံက သူ့သားကို ဘယ်လို ပျိုးထောင်ခဲ့သလဲဆိုတဲ့ အကြောင်း 'ပဉ္စလက်ဆန်တဲ့ ပညာသင်ကြားရေး' အမည်နဲ့ စာအုပ်တစ်အုပ်ပင် ရေးဦးမယ်ဆိုတဲ့အကြောင်း ပြောပြသည်။သူ့သား မာစတာတန်း တက်နေစဉ်မှာ တိုက်ခန်းဝယ်ပေးရမယ်၊ ၀ယ်မပေးရင် စာမလုပ်တော့ဘူးလို့ ပြဿနာ ရှာတော့၊ သူတို့ လင်မယားမှာ ရွေးချယ်စရာ မရှိကြောင်း၊ ပေကျင်းမှာ တိုက်ခန်းတစ်ခန်း သီးသန့် သူ့အတွက် ငှားပေးခဲ့ရကြောင်း ပြောသည်။ သူ့သားက ပေကျင်းမြို့ကြီးမှာ ကျောင်းသွားတက်ကတည်းက ရုပ်ဝတ္ထုဩဇာ လွှမ်းမိုးခံရကြောင်း ပြောသည်။၁၆ နှစ်သား ကျန်ရှီယန်း ကတော့ သူ့မိဘတွေရဲ့ အိပ်မက်က သူ့ရဲ့ အိပ်မက် ဖြစ်လာကြောင်း၊ မိဘတွေက သူ့အတွက် ခက်ခက်ခဲခဲ ရုန်းကန်ရသလို၊ သူလည်း အပြင်းအထန် ကြိုးစားရကြောင်း ပြောသည်။ နောက် သူ့အဖေက ငွေမရှိရင် ဘ၀မှာ ဒုက္ခရောက်မယ်လို့ တဖွဖွပြောပြီး ကြိုးစားခိုင်းသည်ဟု ဆိုသည်။အခု ကျန်ရှီယန်း က မီဒီယာတွေနဲ့ အွန်လိုင်းပေါ်တွေမှာ သူ့အကြောင်း ဘာပြောပြော အပြုသဘော မြင်ကြောင်းနဲ့ နိုင်ငံရပ်ခြားမှာ ဆက်ပြီး ဒေါက်တာဘွဲ့ ထပ်ယူဦးမယ့်အကြောင်း CCTV ကို ပြောခဲ့သည်။

source:http://groups.google.com/group/mayanmardailymail
အားလုံးကိုလေးစားလျက်........ 

Saturday, December 3

Message Free ပိတ်သွားခြင်း


Message Center Number ပြောင်းလဲ၍ အခမဲ့ပို့လို့ရသောသတင်းမှာ အရမ်းလူသိများသွားသောကြောင့် မြန်မာ့ဆက်သွယ်ရေးမှ ယနေ့နေ့လည်ပိုင်း မြန်မာစံတော်ချိန် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် အသုံးပြု၍မရတော့အောင် ပိတ်လိုက်ပြီဖြစ်ကြောင်းသိရပါသည်။

ပို့စ်ရေးသားသူအမည်: သက်နိုင်စိုး

http://www.myanmarmobileapp.com/?p=2665