Pages

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Saturday, November 3

အပျင်းပြေ SimSimi လေးနဲ့စကားပြောရအောင်


ဒီတစ်ခါတော့ Facebook ပေါ်မှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ SimSimi လေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ အပျင်းလည်းပြေတယ်။မသိခင်တုန်းကတော့ ဘယ်လိုလုပ်တာလဲပေါ့။ ကိုယ်မေးတိုင်းသူက လူတစ်ယောက် တစ်ဖက်ကနေပြောတယ် လားအောင့်မေ့ရလောက်အောင် ကွက်တိတွေပြောပြတယ်။ သေချာ စမ်းစစ်ကြည့်လိုက်တော့ ဘယ်ဟုတ်မလဲ ။ အဲဒီမှာ Teach ဆိုတာလေး ပါလာတာ သတိထားမိလိုက်တယ်။ အဲဒီ Teach မှာ မေးတာနဲ့ ဖြေတာကို မိမိစိတ်ကြိုက်ထည့်ပြီး ပြင်လို့ရတယ်။ Facebook အကောင့်နဲ့ sign in လုပ်ဖို့တော့လိုပါတယ်။ မိမိ ပြင်ဆင်ပြီး မိနစ်အနည်းငယ်အတွင်းမှာ ကြိုတင်ဇာတ်တိုက်ထားတဲ့ အတိုင်း အသုံးပြုလို့ရပါပြီ။ စိုးသူအောက်မှာ ပုံလေးနဲ့ နမူနာပြထားတယ် ။ စိတ်ဝင်စားဖို့တော့ကောင်းတယ်။  


ကဲ အလှိမ့်မခံရအောင် ဖော်ကောင်လုပ်ပေးလိုက်ပြီနော်..... ။ မသိသေးသူတွေကို ဆက်လှိမ့်ပေါ့။ 
အဲဒီလင့်မှာ သွားပြီး  ပြောပေတော့........http://www.simsimi.com/talk.htm
အော်မေ့လို့ ဖုန်းတွေထဲမှာလဲ အသုံးပြုလို့ရအောင် လင့်လေးတွေပေးထားပါတယ်။ 

အားလုံးကိုလေးစားလျက်...

Sunday, October 21

ကွန်ပျူတာ ဟာသ





ပထမအကြိမ်ဝင်းဒိုးအတက်နှေးသည်ကို စိတ်ရှည်ရှည်စောင့်လိုက်ပါ။ ဒုတိယအကြိမ် ထပ်ဖြစ်မလာစေရန် ကွန်ပြူတာကို လုံးဝ shut down မချပါနှင့်တော့။ ၀င်းဒိုးအတက်မစောင့်ရတော့ပါ
စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက တက်တက်လာပါက ကွန်ပြူတာ screen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen တက်လာသည်ကို မမြင်နိုင်တော့ပေ။

ဒေတာ ထည့်သွင်းမှု ချောမွေ့စေရန် Hard disk အတွင်းပိုင်းအထိ အိုကီ ဆပ်ပြာမှုန့်ဖြင့် မကြာခဏတိုက်ချွတ်ပေးပါ။ လိုအပ်ပါက အစွန်းချွတ်ဆေး နှင့် ဖားဥကျွတ်ဆေးပါ သုံးပေးပါ။

ကွန်ပြူတာ တက်မလာဘဲ အသံမြည်နေတတ်ခြင်းမှာ မန်မိုရီကတ်လွတ်ခြင်းကြောင့်ဖြစ်သည်။ စိတ်မပူပါနှင့် Super Glue သုံးပြီး နောက်ဘယ်တော့မှ လွတ်လို့မရအောင် ကပ်လိုက်ပါ။ လိုအပ်လျှင် သံနှင့်ရိုက်ပြီး သော့ခတ်ထားလိုက်ပါ။

CPU heat မတက်စေရန် ကွန်ပြူတာဖင်ကို ရေစိမ်ပြီးသုံးပါ။ လိုအပ်ပါက သုံးသူကိုယ်တိုင်ပါ စိမ်ကောင်းစိမ်ရ လိမ့်မည်။ ရေစိမ်လို့မှ အဆင်မပြေလျှင် ရေခဲတိုက်ထဲ သွားသုံးပါ။

ကွန်ပြူတာကို ပုံမှန်အပူချိန်ထက် ပိုမမြင့်ပါစေနှင့်။ အပူချိန်ကြီးလာပါက ရေခဲဝတ်အုပ်ပေးပါ။ သို့မှသာ ကွန်ပြူတာတုပ်ကွေးမ၀င်မှာ ဖြစ်သည်။

အပူချိန်မြင့်နေသော ကွန်ပြူတာကို လေတိုက်ထဲမထားပါနှင့်။ တတ်နိုင်သမျှ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနေပါစေ။ ပလတ်စတစ်အိတ်နှင့်ထုပ်ထားပါ။ တိပ်နှင့်ကပ်ထားပါ။ အခြေအနေပေးပါက ဖီနိုင်း ပရော်ပါ နော်လမင်း မပါသော ဖလူဇာကို တစ်နေ့သုံးကြိမ် တိုက်ပေးပါ။(ရေအေးဖြင့်သာတိုက်ပါ)

ဗိုင်းရပ်စ် ၀င်မ၀င် စစ်ရန် အန်တီဗိုင်းရပ်စ်ကိုသုံးပါ။ လိုအပ်လျှင် အန်တီဗိုင်းရပ်စ်၏ ယောကျာ်း အန်ကယ်ဗိုင်းရပ်စ် ကိုပါ ခေါ်ပြီးရှာခိုင်းပါ။

အန်တီနှင့် အန်ကယ် ဗိုင်းရပ်စ်လင်မယားမှ ကွန်ပြူတာတွင် ဗိုင်းရပ်စ် ၊ ပိုးကောင်၊ ကုတ်ကမြင်းများ ၀င်ရောက်နေသည်ကို အချက်ပြလျှင် အထူးဂရုစိုက်ပါ။ ချက်ချင်း ဇာဂနာ ဖြင့် ကလော်ထုတ်လိုက်ပါ။ ပိုသေချာစေရန် ပုရွက်ဆိတ်ဆေး ၊ ကြမ်းပိုးဆေး၊ ခြဆေး များလည်း ထည့်ပေးပါ။

အပတ်စဉ် ခြင်နိုင်ဆေး မှုတ်ပေးပါ။ ကွန်ပြူတာအနီး ခြင်ယင် ပိုးမွှားများမလာရောက်စေရန် ခြင်ထောင်ချထားပေးလျှင်လည်း အဆင်ပြေပါမည်။

ကွန်ပြူတာအသုံးများပြီး motherboard လောင်ပါက fatherboard ပြောင်းတပ်ပါ။ ထို့နောက်မှ တစ်ဆင့် sonboard ၊ daughterboard ၊ စသဖြင့် ဆွေမျိုးစုံအောင်တပ်ပါ။ တစ် board မဟုတ် တစ် board နှင့် အဆင်ပြေပါလိမ့်မယ်။
From: Facebook 

အားလုံးကိုလေးစားလျက်....

Sunday, August 26

ဟာသပုံလေးများ




Ok , Now u know !


This is people'mind



Go to the hell 

Saturday, August 18

Animation Funny 1


ဒီတစ်ခါ တော့ ဟာသ ဗွီဒီယို Animation လေး တင်ပေးလိုက်ပါတယ်။ ဘယ်က ရှာထားမိမှန်းတော့ မသိတော့ဘူး။ လုပ်ထားတာ တော်တော်မိုက်တယ်။  ရီရတယ်။ အပျင်းပြေ အောက်မှာကြည့်သွားနော် ။ ကြိုက်ရင်တော့ ဒေါင်းလော့ချသွားလိုက်ပေါ့ဗျာ။ 


အားလုံးကိုလေးစားလျက်....

Sunday, August 12

ဟာသပုံလေးများ



အပျင်းပြေ တင်ပေးလိုက်ပါတယ်။











Tuesday, June 26

၁၂ ရာသီခွင် ဟာသ



(၁) Aries (မိဿရာသီဖွား -- မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ)

မေမေ "Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။ ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်"
Aries "ဟုတ်ကဲ့ပါ မေမေ"
ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး "မေမေ... မေမေ ဒီနေ့ အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်"
မေမေက စိတ်တိုပြီး "စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?"
Aries "သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင်
ချွတ်ထားပြီးမှ ဒါန်းစီးတာပါ" :cd

(Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)


(၂) Taurus (ပြိဿရာသီဖွား--ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)

ဖရဲသီးရောင်းသူ "လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး"
ရေဆာနေတဲ့ Taurus " အတော်ပဲ... ကျွန်တော့်ကို မချိုတာပေးပါ" :cd
(Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင် ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)


(၃) Gemini (မေထုန်ရာသီဖွား-- မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ)

မေမေ "Gemini ရေ ထတော့ ကြက်ဖတောင်တွန်နေပြီ"
Gemini "အာ..... မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မမှမဟုတ်တာ" :cd
(Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊ ကိုယ်ပိုင်တွေးတောစိတ် ပြင်းထန်သူဖြစ်တယ်)


(၄) Cancer (ကရကဋ်ရာသီဖွား-- ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူ)

Cancer "ဒီည သားမေမေနဲ့အိပ်မယ်"
မေမေ "သား မိန်းမယူပြီးလည်း မေမေနဲ့အိပ်မှာလား?"
Cancer "အင်း"
မေမေ "ဒါဆို သားမိန်းမဘယ်လိုလုပ်မလဲ?"
Cancer "ဖေဖေနဲ့ ပေးအိပ်လိုက်မယ်" :cd
(Cancerဖွားက မိခင်ကိုစွဲလမ်းသူ၊ မှီခိုသူဖြစ်တယ်)


(၅) Leo (သိဟ်ရာသီဖွား-- ဇူလိုင် ၂၃ မှ သြဂုတ်၂၂ အတွင်းမွေးဖွားသူ)

Leo "ဒီတင်ပါးပုံပေါက်စီကို လူတွေဘာလို့ စားကြတာလဲ?"
ဆိုင်ထဲက ပေါက်စီစားသူတွေ နေရထိုင်ရခက်ကုန်တယ်။ Leoက ပဲပေါက်စီတစ်လုံး ယူလိုက်တယ်။
Leo "မေမေ.. မေမေ... တင်ပါးထဲမှာ အီးတွေနဲ့...."
ပေါက်စီစားသူတွေ အန်လုလုဖြစ်ကုန်ကြတယ်။
(Leoဖွားက ကိုယ်ပိုင်ခံစားချက်နဲ့ ဘေးလူရဲ့အကြည့်၊ အပြောကို သိပ်ဂရုမစိုက်တတ်သူဖြစ်တယ်)


(၆) virgo (ကန်ရာသီဖွား-- သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသူ)

virgoက ကိုယ့်ချက်ကိုကြည့်ပြီး "ဒါဘာလဲ"လို့ ဖေဖေကို တအံ့တသြမေးတယ်။

ဖေဖေက "ချက်ကြိုးက ကလေးငယ်ကို မိခင်နဲ့ဆက်ထားပေးတယ်။ မိခင်ဝမ်းတွင်းက ခွါတာနဲ့ ဆရာဝန်က ချက်ကြိုးကိုဖြတ်ပြီး အထုံးထုံးပေးလိုက်တယ်။ အဲဒီလိုနဲ့ ချက်ဖြစ်လာခဲ့တယ်" လို့ အတိုချုံးရှင်းပြလိုက်တယ်။ 
virgo "ဆရာဝန်က ဘာဖြစ်လို့ လိပ်ပြာပုံဖဲကြိုးလေး မထုံးပေးတာလဲ မသိဘူးနော်"
(virgoဖွားက စူးစမ်းလိုစိတ်များပြီး ပြီးပြည့်စုံမှုကို လိုလားသူဖြစ်တယ်)


(၇) Libra (တူရာသီဖွား-- စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသူ)

ဖေဖေ "Libra သား.. ဒီနေ့ကျောင်းမသွားနဲ့တော့၊ မနေ့ညက သားအတွက် သားမေမေက
အမွှာလေးမွေးပေးလိုက်တယ်။ ဆရာမဆီ ခွင့်တစ်ရက်တိုင်လိုက်နော်"

Libra "ဟုတ်ကဲ့ဖေဖေ... ဒါပေမယ့် တစ်ယောက်ပဲမွေးတယ်လို့ သားပြောမယ်။
ကျန်တစ်ယောက်ကို သားကျောင်းမသွားချင်တဲ့နေ့မှ ထပ်ပြောမယ်" :cd

(Libraဖွားက ထက်မြက်ပြီး ချင့်ချိန်ကြံဆတတ်သူဖြစ်တယ်)


(၈) Scorpio (ဗြိစ္ဆာရာသီဖွား-- အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Scorpioအိပ်ပျော်ခါနီးမှ ခြင်တစ်ကောင်က သူ့ကိုကိုက်လိုက်တယ်။ ဒါနဲ့
Scorpioထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကနေ
ခြင်ထွက်မသွားဘူး။
"ကောင်းပြီ.... မင်းမထွက်ရင် ငါထွက်တယ်ကွာ!"

ပြောပြောဆိုဆို အိပ်ခန်းထဲကနေ Scorpioထွက်သွားပြီး
တံခါးကိုသော့ခတ်လိုက်တယ်။ ပြီးမှ အားရကျေနပ်ဟန်နဲ့---

"ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး။ အခန်းထဲမှာ မင်းကို အငတ်ထားပြီး သတ်ပစ်မယ်"

( Scorpio ဖွားက မရေရာသူ၊ လက်တွေ့ထိုးထွင်းဥာဏ် နည်းသူဖြစ်တယ်)


(၉) Sagittarius (ဓနုရာသီဖွား-- နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Sagittarius "ဖေဖေ... ဖေဖေ့ဆံပင်ဖြူတွေ ဘာဖြစ်လို့ ဒီလောက်များရတာလဲ?"
ဖေဖေ "သား မလိမ္မာလို့ပေါ့။ သားမလိမ္မာလို့ ဖေဖေဆံပင်ဖြူများရတာပေါ့"
Sagittarius တအောင့်လောက် စဉ်းစားပြီး.....
"ဘိုးဘိုးဆံပင်တွေ တစ်ခေါင်းလုံးဖြူရတာက ဘာကြောင့်လဲဖေဖေ?"
ဖေဖေ "............"  :cd

(Sagittarius ဖွားက တွေးတောတာကို နှစ်သက်သူဖြစ်တယ်)


(၁ဝ) Capricorn (မကာရရာသီဖွား-- ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသူ)

တစ်နေ့မှာ Capricornနဲ့မေမေ လမ်းထွက်လျှောက်တယ်။ လမ်းခုလပ်ရောက်တော့
ရုတ်တရက်မိုးရွာချတယ်။ မေမေက Capricorn လက်ကိုဆွဲပြီး "မိုးရွာပြီ...
ပြေးပြေး.. ရှေ့ကိုပြေး!" လို့ပြောတော့ Capricornက တုံ့နှေးနှေးနဲ့
"ရှေ့မှာ မိုးမရွာလို့လား?" တဲ့။ :cd

(Capricorn ဖွားက အမှန်ကိုသိပေမယ့် လိုက်ပြုပြင်ပြောင်းလဲဖို့ ပျင်းရိသူဖြစ်တယ်)


(၁၁) Aquarius (ကုံရာသီဖွား-- ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသူ)

Aquarius "ကြက်ဥက ဘယ်ကထွက်လာတာလဲ မေမေ?"
မေမေ "ကြက်မက ထွက်လာတာပေါ့"
Aquarius "'ကြက်မက ဘယ်ကထွက်လာတာလဲ မေမေ?"
မေမေ "ကြက်ဥက ပေါက်လာတာပေါ့"
Aquarius "ကြက်မနဲ့ကြက်ဥ ဘယ်ဟာက အရင်ရှိတာလဲ မေမေ?"
(Aquarius ဖွားရဲ့ အတွေးတွေက သာမန်လူတွေရဲ့အတွေးတွေနဲ့ အမြဲကွဲပြားတတ်တယ်)


(၁၂) Pisces (မိန်ရာသီဖွား-- ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ အတွင်းမွေးဖွားသူ)

ဖေဖေက သူ့ငယ်စဉ်အကြောင်းတွေ Pisces ကို ပြောပြနေခဲ့တယ်။
ဖေဖေ "ဖေဖေတို့ ငယ်ငယ်တုန်းကဆို အစာရေစာမဝလို့ အမြဲငတ်ပြတ်ခဲ့ရတယ်"
Pisces "သနားလိုက်တာနော်။ ဖေဖေက စားစရာမရှိလို့ သားတို့အိမ်ကို
ရောက်လာခဲ့တာပေါ့နော်" :cd

(Piscesဖွားက ကိုယ်ချင်းစာ၊ အကြင်နာစိတ်ရှိပေမယ့် အခြေအနေကို မခွဲခြားတတ်သူဖြစ်တယ်)

:cd:cd:cd:cd:cd:cd:cd:cd:cd:cd:cd:cd:cd:cd

***၁၂ရာသီဖွားတွေမှာ အားနည်းချက်၊ အားသာချက်တွေ ဒီထက်မကရှိကြပါတယ်။ အင်တာနက်မှာရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ ဒီမှာရေးထားတာက တချို့တလေပဲဖြစ်ပါတယ်။ (၁၂)ရာသီခွင်ဟာသလို့ ဆိုထားပေမယ့် တချို့က သိပ်မရယ်ရပါဘူး။ ဘာပဲဖြစ်ဖြစ် ဘာသာပြန် မျှဝေလိုက်ပါတယ်။

နိုင်းနိုင်းစနေ (ဓနုရာသီဖွား)

Tuesday, June 19

ဟာသပုံလေးများ


ကဲဒီတစ်ခါတော့ ဟာသပုံလေးတွေ တင်ပေးလိုက်ပါတယ်။ ဒီပုံလေးတွေက ကျွန်တော် Facebook က Funny world မှာတွေ့ဖူးတဲ့ပုံလေးတွေပါ။ ဒါပေ့မယ့် ကျွန်တော်ယူတာက အဲဒီကတော့မဟုတ်ပါဘူး။ တခြားဆိုက်ကနေ ကူးယူထားပါတယ်။ မူရင်းဆိုက် ကိုလည်း အောက်မှာဖော်ပြထားပါတယ်။ မူရင်းဆိုက်က မြန်မာဆိုက်တော့ မဟုတ်ပါဘူး။ အဲဒီထဲက ကျွန်တော်သဘော ကျတာလေးတွေကို ပြန်တင်ပေးလိုက်တာပါ။ ကျွန်တော်တင်ထားတဲ့ပုံတွေနဲ့တင် မကျေနပ်ဘူးဆိုရင်လည်း ဖော်ပြထားတဲ့ဆိုက်ကိုသာ သွားကြည့်ပါနော်။ 


အဲလိုမျိုးသူများထက် ထူးလိုက်ရမှ.........

ဇိပ်ပဲ ဆိုဖာလောက်တော့ သနားတယ်......

အဲဒီလောက်ထိပျင်းတာ......ငပျင်း.........

ဘယ်ဟာမှန်တာလဲကွာ......

ဒီလိုရီရတယ်.......

နားရွက်က အော်ဒါမှာထားတာလေ.....

ရှင်တော်လောက်ပြီ.ဘုန်းကြီးကျောင်းသွားရအောင်

Thursday, May 24

ဟာသလေးများ


ဉာဏ်ပြေးတဲ့ ကျောင်းသား

ဖိုင်နယ်ကျောင်းသား ၀ီလျံတစ်ယောက် စာမေးပွဲမှာ "မှား" "မှန်" မေးခွန်းဖြေဖို့ အကျပ်ရိုက်နေရှာတယ်။ ငါးမိနစ်လောက် ခက်ခက်ခဲခဲ စဉ်းစားပြီးတဲ့နောက် သူ့ရဲ့ ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်တယ်။ အဲဒီနောက် အကြွေစေ့တစ်စေ့ကို ယူလိုက်ပြီး စဖြေပါလေရော။ ခေါင်းဆိုရင် "မှန်"၊ ပန်းဆိုရင် "မှား" လို့ အဖြေစာရွက်ပေါ်မှာ သူက အရင်မှတ်လိုက်သေးတယ်။
တစ်ခန်းလုံး ချွေးပြန်နေတဲ့အချိန်မှာ သူကတော့ နာရီဝက်အတွင်း အားလုံး ဖြေပြီးသွားပါလေရော။ ဖြေဆိုချိန်ကုန်ခါနီးမှာ ချွေးတရွှဲရွှဲနဲ့ ဆုတောင်းလိုက်၊ အကြွေစေ့ လှည့်လိုက်လုပ်နေတဲ့ သူ့ကို အခန်းစောင့်ဆရာမက "ဟဲ့… ဘာတွေ လုပ်နေတာလဲ" လို့ တအံ့တသြနဲ့ မေးလိုက်တယ်။ အလုပ်ရှုပ်နေတဲ့ကြားက ၀ီလျံ ပြန်ဖြေလိုက်တာကတော့ "ကျွန်တော်က နာရီဝက်အတွင်း အကုန်ဖြေပြီးသားပါ ဆရာမရဲ့။ အခု အဖြေပြန်တိုက်နေတာပါ"


ကဲ…. ရှင်းပြီလား

မနက်စောစောမှာ မိခင်ဖြစ်သူက သားကို ကျောင်းသွားဖို့ နှိုးတယ်။
``ထတော့… သား။ ကျောင်းသွားဖို့ အချိန်ရောက်နေပြီ``
``ဘာဖြစ်လို့လဲ အမေရဲ့ ။ မသွားချင်ဘူးဗျာ``
``မင်းက ဘာကိစ္စ မသွားချင်ရတာတုံး။ အကြောင်းပြချက် နှစ်ခုလောက် ပေးစမ်းပါဦး``
``တစ်အချက် ကျောင်းသားတွေက ကျွန်တော့်ကို ကြည့်မရကြဘူး။ နှစ် အချက် ဆရာတွေကလည်း မကြိုက်ကြဘူး။ ကဲ….``
``မရဘူးဟေ့… မရဘူး။ ဘာအကြောင်းပဲ ရှိရှိ မင်းကျောင်းတော့ သွားကို သွားရမယ်``
``ကွိုင်ပဲ အမေရာ၊ ကျွန်တော့် ဘာဖြစ်လို့ ကျောင်းသွားသင့်တယ်ဆိုတဲ့ အကြောင်းပြချက်လေး နှစ်ခုလောက် ပေးပါဦး``
တွေ့ကြသေးတာပေါ့ဆိုတဲ့ မျက်နှာထားနဲ့ မိခင်ဖြစ်သူ ပြောလိုက်တာကတော့
``တစ်အချက်က မင်းအသက် ၅၃ နှစ်ရှိနေပြီ။ နှစ်အချက်က မင်းက ကျောင်းအုပ်ဆရာကြီး ဖြစ်နေလို့ပဲ``


သရဲ ထင်လို့ပါ

တစ်ခါက လူတစ်ယောက်သည် မနက် ဝေလီဝေလင်း အချိန်တွင် သင်္ချိုင်းကုန်းနားမှ ဖြတ်သွားရာ ကြောက် သဖြင့် သုတ်သုတ် သွားလေသည်။ ထိုအချိန်တွင် နောက်မှာ သူ့နောက်သို့ ကပ်လိုက်လာသော ခြေသံ ကြားလေသည်။ သူသည် ကြက်သီး မွှေးညင်းများ ထလာကာ ပိုပြီး မြန်မြန်လျှောက်ရာ နောက်က ခြေသံ ကလည်း ပိုမြန်လာလေသည်။ ခြေသံက ကပ်လာသဖြင့် သူနောက်လှည့်ကြည့်လိုက်ရာ ခေါင်းကြီး ကြီး ကိုယ် လုံးသေးသေး သရဲကို တွေ့ရသဖြင့် အောင်မလေး ဟုအော်ကာ ကြောက်ကြောက် နှင့် သရဲခေါင်းကို ခြေထောက် နှင့်ကန်ပြေးလေသည်။ လူစလူနတွေ့သော နေရာ ရောက်မှ လူတွေက သူ့ကို မနည်း နှာနှပ် ယူရလေသည်။ သူကရှင်းပြသည်။ “သရဲကြီး ဗျာ ခေါင်းက အကြီးကြီး ကိုယ်လုံးက သေးသေးလေး“ အခြားသူတွေလည်း ကျောချမ်းကုန် ကြလေသည်။ ထိုအချိန်တွင် ကလေးလေး တစ်ယောက် တောင်းအကြီးကြီး ရွက်ပြီး ငိုမဲ့ ငိုမဲ့ ဖြင့် ရောက် လာကာ “ဒီလူကြီး တော်တော် ဆိုးတဲ့လူကြီး ဗျာ ကျွန်တော်မှ သရဲကြောက်လို့ သူ့နောက်က ကပ်လိုက်ပါတယ် ဆို ကျွန်တော့် ကို ကန်ပြီးထွက်ပြေးတယ်“ ဟူ၏။

 သိပြီးသား

အမျိုးသမီးတစ်ယောက် အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်လျှောက်စဉ် ဆိုင်ရှေ့ရှိ ကြက်တူရွေးတစ်ကောင်က
"ဟ… တော်တော်ရုပ်ဆိုးတဲ့ မိန်းမပါလား" ဟု လှမ်းအော်သည်။
အမျိုးသမီးက စိတ်တိုသွားပြီး ဆိုင်ရှေ့မှ ခပ်သွက်သွက် လျှောက်သွားသည်။ အိမ်အပြန်တွင် ထိုဆိုင်ရှေ့မှ ဖြတ်လျှောက်ရပြန်ရာ ကြက်တူရွေးက ထပ်မံ၍
"အလိုဗျာ… တော်တော်အရုပ်ဆိုးတဲ့ မိန်းမပဲ" ဟု အော်ပြန်သည်။
နောက်တစ်နေ့တွင်လည်း ဆိုင်ရှေ့မှအဖြတ် ကြက်တူရွေးက ထပ်အော်ရာ အမျိုးသမီးက စတိုးဆိုင်ပိုင်ရှင်အား ၎င်း၏ကြက်တူရွေး ရိုင်းစိုင်းပုံကို ပြောပြ၍ နောင်တစ်ကြိမ် ထပ်မံပြောဆိုပါက ဆိုင်ရှင်ကို တရားစွဲ၍ ကြက်တူရွေးကိုလည်း သတ်ပစ်မည်ဟုပြောရာ ဆိုင်ရှင်က နောက်မဖြစ်စေရပါဟု တောင်းပန်သည်။
နောက်တစ်နေ့ နံနက်တွင် ထိုဆိုင်ရှေ့မှ ဖြတ်သောအခါ -
ကြက်တူရွေး - ဟေး…. ဟိုအစ်မကြီး။
အမျိုးသမီး - ဘာလဲ။
ကြက်တူရွေး - ဟဲ… ဟဲ… ကျုပ် ဘာပြောမယ်ဆိုတာ ခင်ဗျား သိပြီးသားပါ။


ဘယ်ရမလဲ

ဂျွန်နီကလေး ယနေ့ကျောင်းစတက်ရသည်။ အဖေဖြစ်သူက ဆရာမအား ``ကျွန်တော့်သားက အလောင်းအစားလုပ်တာ အရမ်းဝါသနာပါတယ်။ သူ့ကို သတိထားပါ`` ဟုပြောရာ ဆရာမက ``စိတ်မပူပါနဲ့၊ ကျွန်မငယ်ငယ်က သူ့ထက်တောင်ဆိုးသေးတယ်။ ကျွန်မ သူ့ကို ထိန်းနိုင်ပါတယ်`` ဟု ဆိုသည်။
ညနေကျောင်းဆင်းချိန်တွင် ဆရာမက ဂျွန်နီကလေး၏ဖခင်အား ဂုဏ်ူယူစွာဖြင့် ``ဒီနေ့ အလောင်းအစားလုပ်တာ ကျွန်မ နိုင်လိုက်တယ်။ နောက်ဆို သူကျွန်မကို စိန်ခေါ်ရဲတော့မှာ မဟုတ်ဘူး။ ကျွန်မ တင်ပါးမှာ မှဲ့ရှိရမယ်လို့ သူက ငါးဒေါ်လာကြေး လာလောင်းလို့ မရှိဘူးဆိုတဲ့ အကြောင်း သူ့ကို သက်သေပြလိုက်တယ်လေ`` ဟု ဆိုရာ ဂျွန်နီလေး၏ ဖခင်က စိတ်ပျက်စွာဖြင့် ဆိုလိုက်သည်က ``အဲဗျာ…. ဒါဆို ကျွန်တော်တော့ ရှုံးပြီ။ သူက ဒီနေ့ နေ့မကူးခင် ဆရာမရဲ့ တင်ပါးကို ရအောင် ကြည့်ပြမယ်ဆိုပြီး ကျွန်တော်နဲ့ ဒေါ်လာ ၁၀၀ ကြေး လောင်းထားတာလေ…`` ။


 From:forever

Thursday, April 19

ဟာသအတိုအထွာလေးများ



သက်သေပြမလို့

စုတ်ပြတ်နုံချာလှသော အ၀တ်အစားများ ၀တ်ဆင်ထားသူတစ်ဦးသည် လမ်းသွားလမ်းလာများထံမှ တောင်းရမ်းလျှက်ရှိသည်။ ထိုနေရာသို့ သားနားသပ်ရပ်စွာ ၀တ်ဆင်ထားသော လူတစ်ဦးလမ်းလျှောက်လာရာ..... "အကိုကြီးရယ်.. ကျွန်တော့်မှာစားစရာမရှိလို့ စေတနာရှိသလောက်လေး မစပါခင်ဗျာ" "မပေးးနိုင်ပါဘူး။ မင်းကို ငွေပေးလိုက်ရင် မင်းဖဲရိုက်လို့ ကုန်သွားမှာပေါ့" "ကျွန်တော်လောင်းကစား မလုပ်ပါဘူး" "အရက်သောက်ပစ်မှာပေါ့" "အရက်လည်းမသောက်တတ်ပါဘူး" "ဒါဆို မင်းမကောင်းတဲ့မိန်းမတွေဆီ သွားမှာပေါ့" "ကျွန်တော် အပျော်အပါးလည်း မလိုက်ပါဘူး" "ok ဒါဆို မင်းကို ငွေ(၅၀၀၀)ပေးမယ်။ မင်းငါ့အိမ်ခဏလိုက်ခဲ့။ အပျော်အပါး အသောက်အစားနဲ့ လောင်းကစား မလုပ်တဲ့ ယောင်္ကျားတွေ ဘယ်လိုဘ၀ရောက်နေတယ်ဆိုတာ ငါ့မိန်းမကိုပြရမယ်"
 
ငရဲဘုံရောက်လူသုံးယောက်

သေသွားတဲ့ လူသုံးယောက် ကို ယမမင်းက ဘယ်လိုသေခဲ့ကြသလဲလို့ မေးတယ်။ ပထမတစ်ယောက် အဲဒီနေ့က ကျွန်တော်အိပ်ရာထနောက်ကျလို့ အဝတ်အစား သပ်သပ်ရပ်ရပ် မဝတ်သေးဘဲ ကပျာကယာ အိမ်ပေါ်ထပ်ကပြေးဆင်းခဲ့တယ်။ တက္ကစီတစ်စီး လှမ်းတားလိုက်ချိန် အပေါ်ထပ်ကနေ အဝတ်ဘီရိုတစ်လုံး ပြုတ်ကျလာတယ်။ အဲဒီမှာကျွန်တော်သေသွားခဲ့တယ်။ ဒုတိယတစ်ယောက် အဲဒီနေ့က ကျွန်တော်ခရီးကနေ အချိန်စောပြီးပြန်လာခဲ့တယ်။ ကျွန်တော်ပြန်လာတာကို အံ့သြဝမ်းသာအောင်ဆိုပြီး ကျွန်တော့်မိန်းမကို ကျွန်တော်ကြိုမပြောခဲ့ဘူး။ အိမ်ရောက်တော့ အိပ်ခန်းထဲကနေ ယောက်ျားအသံတစ်သံကြားလို့ အခန်းထဲ ကျွန်တော်ပြေးဝင်သွားတယ်။ ပြတင်းပေါက်ကနေ အပြင်ကိုလှမ်းကြည့် တော့ အဝတ်အစား မသပ်မရပ်နဲ့ ယောက်ျားတစ်ယောက်ကို ကျွန်တော် လှမ်းမြင်လိုက်တယ်။ ကျွန်တော်လည်း စိတ်တိုတိုနဲ့ အဝတ်ဘီရိုယူပြီး အဲဒီလူပေါ် ပစ်ချလိုက်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တယ်။ တတိယတစ်ယောက် ကျွန်တော်က အပြစ်မဲ့ပါ။ အသစ်တွေ့တဲ့ ကောင်မလေးနဲ့ ကျွန်တော်ကြည်နူးနေတုန်း သူ့ယောက်ျား ပြန်ရောက်လာခဲ့တယ်။ ရုတ်တရက်မို့ ကြံရာမရတာနဲ့ အဝတ်ဘီရိုထဲ ကျွန်တော်ဝင်ပုန်းနေခဲ့တယ်။ အဲဒီမှာ "ဝုန်း" ဆိုတဲ့အသံနဲ့အတူ ကျွန်တော်သေသွားခဲ့တာပါပဲ။

(၁)- လူငယ်ကောင်လေးတစ်ဦးက သူ့ချစ်သူကောင်မလေးရဲ့အဖေဆီမှာ ချစ်သူကိုလက်ထပ်ခွင့်တောင်းနေစဉ်...
လူငယ်။ ။ ဦးရဲ့သမီးနဲ့ကျွန်တော်တို့နှစ်ယောက် ချစ်သူတွေဖြစ်နေကြပါပြီ ကျွန်တော်သူ့ကိုလက်ထပ်ချင်ပါတယ်...
ဖခင်။ ။ မင်းအရက်သောက်တတ်သလား?
လူငယ်။ ။ ဟာ...နေပါအုံးဦး အရေးကြီးတဲ့ကိစ္စအရင်ပြောပါအုံး ပြီးမှသောက်ကြတာပေါ့...

(၂)- လူငယ်တစ်ယောက်က သူ့ချစ်သူကို အိမ်သို့ခေါ်လာသည်။ ကောင်မလေးကိုလူငယ်ရဲ့ဖခင်က မြင်သောအခါ တော်တော်လေးကို တုန်လှုပ်၊စိတ်ရှုပ်သွား၏။ထို့ကြောင့် သူရဲ့သားကို အခန်းထဲသို့တီးတိုးခေါ်၍ ပြော၏။

ဖခင်။ ။ဒီလောက်ရုပ်ဆိုးတဲ့ မိန်းကလေးကိုအဖေတစ်ခါမှ မမြင်ဖူးဘူး။ မေးစေ့မှာလဲ အမွှေးတွေနဲ့ မျက်စိကလဲ စွေနေသေးတယ် ဒီကြားထဲသွားကခေါခေါ လက်တစ်ဖက်ကလဲ သိမ်နေသလိုပဲ...
သား။ ။ဖေဖေကလဲ တိုးတိုးပြောစရာမလိုပါဘူး သူကနားလဲကန်းနေသေးတယ်အဖေရဲ့ သနားစရာလေးပါဗျာ...

(၃)- တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က ထွက်လာပြီး လိုရာဆု (၃)ဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး
(၁) နေ့တိုင်း ရေသောက်ရပါစေ
(၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
(၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်း...ဆိုတဲ့ အသံကြီးနဲ့အတူ အဲဒီလူမဲဟာ......
အိမ်သာအိုးတစ်လုံး  ဖြစ်သွားသတဲ့...

(၄)-ဆေးခန်းတစ်ခုတွင်ဖြစ်သည်...ဆရာဝန်ကလူနာကို ဆေးထိုးရန်ပြင်နေသည်
လူနာ။ အား...နာတယ် နာတယ်...
ဆရာဝန်။ အပ်က ခင်ဗျားအသားကိုတောင် မထိရသေးဘူး...
လူနာ။ ဒါပေမဲ့ ဆရာကျွန်တော့်ခြေထောက်ကို တက်နင်းထားတယ်လေ...

(၅)-လူနာတစ်ယောက် ဆေးရုံတက်နေစဉ် တာဝန်ကျဆရာမက ဆေးတိုက်ရန်လာသည့် အချိန်ဖြစ်သည်...
ဆရာမ။ ကဲ..ဆေးသောက်ရမယ့် အချိန်ရောက်ပြီ...
လူနာ။ ဟာ...ဆရာမ ဆေးသောက်ပြီးပြီလေ
ဆရာမ။ ဘယ်တုန်းက ကျွန်မဆေးတိုက်လို့လဲ?
လူနာ။ ဒီစားပွဲပေါ်မှာ ဆရာမပဲတင်ထားခဲ့တာလေ အဲဒီ့ဆေးလုံးတွေ ကျွန်တော်အားလုံးသောက်လိုက်ပြီ...
ဆရာမ။ ဟာ..အဲဒါဆေးမဟုတ်ဘူး မနေ့ကမှရှင့်ရဲ့ ကျောက်ကပ်ထဲကခွဲထုတ်ထားတဲ့ ကျောက်ခဲတွေ ရှင်သတိရလာရင် ပြရအောင်ဆိုပြီးသိမ်းထားတာ။


အားလုံးကိုလေးစားလျက်....

Wednesday, March 7

ဟာသပုံလေးများ



သားက ကလေးမဟုတ်ဘူးဗျ


ဒီကောင် ဘာကောင်လဲ


ဟေ့ နောက်တစ်လုံးချကွာ မြန်မြန်နော်..


နင့်ငါ့ကိုမချစ်ရင် တွေ့မယ်


ဒီလိုဒီလို ဇိမ်ခံပြီး ဟင်းချက်တာ.


နဖူးတည့်တည့်ပဲ လာမှာနော်......


ကျွန်တော်တို့လည်း အဆင့်မြင့်လာပါပြီ....


ဖွားဖွားတို့က ကျန်းမာရေး လိုက်စားတယ်လေ


မင်းကောင်းကောင်း အလုပ်မလုပ်ရင် အစာမကျွေးဘူး


အင်း ငါလည်းပါတယ်ထင်တယ်..



ဒီလောက်တော့ အပျော့ပေါ့


ကျမ ခွေးလေး ပျောက်သွားလို့ပါ

ကိုက်ချင်စရာကြီး.....လာထား......


ဟယ် ချစ်စရာလေးတော့်


ဖေဖေ အသာနေ ..သားရှင်းလိုက်မယ်.


ဘွားတို့က ခုထိကိုနာမည်ကြီးတုန်းပဲလေ..


ငါ့ကိုမခေါ်နဲ့  မလို်က်ဘူး...

အားလက်ရက်မှာ အားရပါးရ ရေးကူးလိုက်အုံးမယ်



ရယ်မောခြင်းဖြင့် အသက်ရှည်ကြပါစေ...........


အားလုံးကိုလေးစားလျက်.....

Tuesday, February 21

ဟာသအတိုအထွာလေးများ


အကြံပိုင်သော ဖခင်

ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။


ကမ္ဘာပျက်တော့မယ်

ကမ္ဘာကြီး ပျက်တော့မယ့် အကြောင်းနဲ့ ပါတ်သက်ပြီး ဘုရားသခင်က ကမ္ဘာပေါ်က အထင်ရှားဆုံးလူတွေကို ခေါ်ပြီး ပြောပါတယ်။

အမေရိကန် သမ္မတရယ်။ တရုတ် သမ္မတရယ်။ ဘီလ်ဂိတ်ရယ် ပါ။
အမေရိကန် သမ္မတက သူ့တိုင်းပြည်ကလူတွေကို ကြေငြာပါတယ်။
ကျွန်တော်ဝမ်းသာ စရာတစ်ခု ၀မ်းနည်းစရာ တစ်ခု ပြောပါရစေ။
ဝမ်းသာစရာက ကျွန်တော်တော်တို့ ထင်သလို ဘုရားသခင်ဆိုတာ တကယ်ရှိပါတယ်။
ဝမ်းနည်းစရာက ဘုရားက မကြာခင် ကမ္ဘာပျက်တော့မယ်လို့ပြောပါတယ်။

တရုတ်သမ္မတကလည်း သူ့တိုင်းပြည်က လူတွေကို ကြေငြာပါတယ်။
ကျွန်တော်ဝမ်းနည်းစရာ နှစ်ခု ပြောစရာရှိပါတယ်။
ပထမတစ်ခုက ကျွန်တော်တို့ထင်သလို မဟုတ်ဘဲ ဘုရားသခင် ဆိုတာရှိနေပါတယ်။
ဒုတိယ တစ်ခုက ဘုရား က မကြာခင် ကမ္ဘာပျက်တော့မယ်လို့ ပြောပါတယ်။

နောက်ဆုံး ဘီလ်ဂိတ်က သူ့ ကုမဏီရှိလူတွေကို ခေါ်ပြီး ပြောပါတယ်။
ကျွန်တော် ၀မ်းသာစရာ နှစ်ခုပြောစရာရှိပါတယ်။
ပထမတစ်ခု က ကျွန်တော်ကို ကမ္ဘာပေါ်မှာ အထင်ရှားဆုံးလူဆိုတာ ဘုရားက အသိအမှတ်ပြုလိုက်ပါတယ်။
ဒုတိယတစ်ခုက ကျွန်တော်တို့ နောက်ထပ် ဘယ်တော့မှ ထပ်ပြီး  Service Park တွေကို ထုတ်စရာမလိုတော့ပါဘူး။


အောက်က ဟာသလေးတွေကတော့ လင့်လေးတွေကို ကလစ်ပေးပါ။ လင့်ကိုကလစ်ပေးမယ်ဆိုရင် Ctrl+mouse left click ကိုတွဲနှိပ်ပါ။ ကြည့်ရတာအဆင်ပြေအောင်လို့ပါ။

minimize and maximize  ဆိုတာ ဒီလိုကွ
ဒီလင့် မှာကြည့်ပါ။

လကုန်ပြီလေ
ဒီလင့်  မှာကြည့်ပါ။

 အဲဒါ မီဒီယာလို့ ခေါ်တယ်ဗျာ
ဒီလင့် မှာကြည့်ပါ။

 တယ် ငါလုပ်လိုက်ရ၊ တေချင်းဆိုး အိပ်ရေးပုတ်
ဒီလင့်  မှာကြည့်ပါ။ 

နာတောင်းတာ အဲဒါဟုတ်ဘူးရေ
ဒီလင့် မှာကြည့်ပါ။ 

တစ်က္ကန့်အတွင်း အရောက်ပို့မယ့် အမြန်ယာဉ်
ဒီလင့်  မှာကြည့်ပါ။ 

လေဒီ ဂါဂါ ခွေးကိုက်ခံရပြီ။ ဟဲ့ ဟဲ့  လုပ်ကြပါအုံး....
ဒီလင့်  မှာကြည့်ပါ။ 

Facebook မှာ ဒီလိုဒီလို
ဒီလင့် မှာကြည့်ပါ။

ပုစ္ဆာရဲ့ သဘောတရားက ဒီလိုရှိတယ်ကွယ့်
ဒီလင့် မှာကြည့်ပါ။ (ကိုယ့်ချစ်သူ မသိသေးရင် တွက်ခိုင်းကြနော် ...:)   )

ရာထူးလေးများတိုးမလားလို့ 
ဒီလင့်  မှာကြည့်ပါ။

ဆောရီးကွာ ငါ့တူရာ
ဒီလင့် မှာ ကြည့်ပါ။ 

ရယ်မောခြင်းဖြင့် အသက်ရှည်ကြပါစေ............

တလက်စတည်း ကျွန်တော်ပြောချင်တာက ကျွန်တော် သိသလောက် forum ဆိုက်လေးတွေကို လင့်ချိတ်ပေးထားပါတယ် ။ ဒါလည်း ကျွန်တော့်ဆီကို ဘယ်ကလာတယ်ဆိုတာ ကြည့်ရင်းနဲ့ အနည်းငယ်ပဲ သိတဲ့  social network ဆိုက်လေးတွေပါ။ Forum ဆိုတာက လူပေါင်းစုံဆိုတော့ ဗဟုသုတမျိုးစုံရရှိပါတယ်။ အဲဒါကြောင့် လင့်ချိတ်ပေးထားပါတယ်  ။ စိတ်ဝင်စားသူများ ညာဘက် ခြမ်းမှာ ရှာကြည့်ပါ။



အားလုံးကိုလေးစားလျက်.....

Sunday, February 12

ပေါ့ပေါ့ပါးပါးဟာသလေးများ


ကဲဒီတခါတော့ ပေါ့ပေါ့ပါးပါးဟာသ စာသားလေးကို  တင်ပြလိုက်ပါတယ်။


How old are You ? (မင်းဘယ်လို အိုသွားတာလဲဟင် ။) 
Quite Well ...!(တော်တော်လေးကောင်းသောရေတွင်း ။)
Where does you live ? (မင်းဘယ်မှာ live (show) လုပ်မှာလဲ ။ ) 
Quite Right ! (တော်တော်လေးကောင်းသော ညာဘက် ။)
Turn right !(အမှန်ကို လှည့်ပါ ၊။)
Turn left (လှည့်ပီးထားခဲ့ သည် )
Bye the way (လမ်းမကြီး အားဖြင့် )
Hand round ( လက်ကိုလှည့်ပါ )
Next door (နောက်တံခါးတစ်ချပ် )
How's going ? (ဘယ်လိုသွားမျာလဲ )
How long have you been in Singapore ? (မင်း စင်္ကာပူမှာ ဘယ်လို ရှည်လာတာလဲ ။)
Get into bed (အိပ်ယာထဲတွင်ရသည် )
Getting out (အပြင်တွင်ရသည် )
Getting in (အထဲတွင်ရသည် )
Dressing table (၀တ်စုံပြည့် စားပွဲ )
All right (အားလုံးညာဘက် )
Make up your mind (မင်းစိတ်ကို မိတ်ကပ် လိမ်းလိုက်ပါ )
Try on ( အပေါ်တွင်ကြိုးစားပါ )
Put on ( အပေါ်တွင်ထားပါ )
Keep an eye (မျက်လုံးတစ်လုံး သိမ်းထားပါ )
Long gone (အရှည်ကြီး သေသွားပြီ )
Go out with date (နေ့ စွဲနဲ့ အပြင်ထွက်သည် )
Well done (ေ၇တွင်းပီးပီ)
Everything should be all right (အားလုံးညာဘက်ဖြစ်သွားမှာပါ )
I am not felling well (ငါရေတွင်းကိုခံစားလို့ မရတော့ဘူး )
Hurry up (အပေါ်က မြန်မြန်လုပ် )
Poor you (မင်းက ဆင်း၇ဲလိုက်တာ )
Poor down (အောက်ကဆွဲပါ )
back off (နောက်ဖက်ကို ပိတ်ပါ )
Anyway (မည်သည့်လမ်းမဆို )


အားလုံးကိုလေးစားလျက်

Thursday, January 5

ရီစရာဟာသလေးများ

 
 ကလေး. ၊ ဖေဖေ၊ သားကို ဘယ်လိုမွေးလာတာလဲဟင်

ဖခင် ၊ အေး၊ ငါ.သား။ မင်းတစ်နေ.နေ.မှာသည်လိုမေးမှာပဲလို.ငါတွက်ထားတာကွ၊
ဒီလိုကွာ။ မင်းအမေနဲ.ဖေဖေ chat room မှာ chattingလုပ်ရင်းသိခဲ့ကြတယ်။နောက်
cyber cafe ဆိုင်တွေကနေ email တွေအပြန်အလှန်ပို.ကြတယ်၊
ဒီလိုနဲ.နောက်ဆုံးမင်းအမေက ဖေဖေ.ကို download လုပ်နိုင်တယ်လို.ခွင့်ပြူတယ်။ 
သူကလည်းဖေဖေ.ကို uploaded ပြန်လုပ်တယ်၊ဖေဖေတို.နှစ်ယောက်လုံး firewall ချမထားမိဖူး၊
ပြီးတော့ delete buttonကိုလည်းမနှိပ်မိဖူး၊
နောက် ကိုးလကြာတော. မင်းကိုရလာတာပေါ.၊
အဲသည်အချိန်ကvirous အကိုက်မခံလိုက်ရတာလည်းပါတာပေါ.၊ current ကလည်းလုံးဝမှန်နေခဲ.တာ၊
မင်းကံကောင်းတယ်ငါ.သား၊

သတိပေးချက်

``ဟေ့ကောင်၊လေထီးမပါဘဲ ခုန်ဆင်းမလို့လား မင်းရူးနေသလားကွ ဟေ..´´ ``ဘာဖြစ်လို့လဲ´´´´အပြင်မှာ မိုးရွာနေတယ်လေကွာ။´´ မှီနိုင်သေးတယ်
အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။ ``ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။ ``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´ အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ``ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´
 
အဖြေမှန်
 
လူနာ။ ။ဆရာ ခုတစ်လော ကျွန်တော်အရမ်းပင်ပန်းပါတယ်ဆရာ အဲဒါဘယ်လို အနားယူရင်ကောင်းမလဲလို့ပါ
ဒေါက်တာ။ ။ကျွန်တော်ကတော့ပင်ပန်းလာရင် ကျွန်တော့မိန်းမရဲ့ပခုံးလေးမှာမှီပြီးတော့ သီချင်းနားထောင်တယ် အကြင်နာတွေပေးကြတယ် အိပ်ရင်လည်း မိန်းမကို ဖက်ပြီးအိပ်တယ်ဗျ အဲဆိုပင်ပန်းတာတွေသက်သာသွားတတ်ပါတယ်
လူနာ။ ။ဟင် တကယ်လားဆရာ ကျေးဇူးပါပဲ ဒါနဲ့ဆရာ့မိန်းမ အိမ်မှာ ဘယ်အချိန်ရှိတတ်ပါသလဲ
 
ဇွတ်ပဲ
 
ဧည့်ခံပွဲတစ်ခုတွင်ဖြစ်သည်
ဦးလှတို့လင်မယားပွဲတက်လာကြ၏ မိတ်ဆွေတစ်ဦးနှင့်တွေ့သဖြင့် ဦးလှကမိတ်ဆက်ပေး၏
ဦးလှ။ ။ဒါကိုယ့်မိတ်ဆွေဒေါက်တာလေကွာ
မိန်းမ။ ။ဒေါက်တာရှင် ဘယ်အဆိပ်မျိုးသုံးရင် ယောင်္ကျားကိုတစ်ခါတည်း အသေသတ်နိုင်ပါသလဲ
ဒေါက်တာ။ ။အိုး ကျွန်တော်က ဥပဒေဘွဲ့နဲ့ဒေါက်တာရထားတဲ့သူပါ
မိန်းမ။ ။အဲဆို ဘယ်နည်းနဲ့ယောင်္ကျားကိုသတ်ရင် ပြစ်မှုအနည်းဆုံးဖြစ်မလဲ
 

 

Thursday, December 22

အလုပ်တွေများပြီ ပျင်းနေမှာဆိုးလို့


ဈေးရောင်းကောင်းသူ

စတိုးဆိုင်ကြီး တစ်ခုအတွင်းမှာ ချောချောမောမော လှလှပပ မိန်းခလေး တစ်ယောက်ဟာ ဈေးဝယ်နေပါတယ်.. အဲဒီမှာ အဆင်လှလှ ပိတ်စလေးတစ်စကို တွေ့လိုက်ရတော့ ၀ယ်ယူဖို့အတွက် အရောင်းကောင်ဆီမှာ “တစ်ကိုက်ကို ဘယ်လောက်လဲ” လို့ ဆိုင်ရှင်ကို ဈေးမေးလိုက်ပါတယ်.. ဆိုင်ပိုင်ရှင်က လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ဖြစ်ပါတယ်.. ဆိုင်ရှင်ကလည်း ချောချောလှလှ ကောင်မလေးကို ခပ်ပြုံးပြုံးနဲ့ “တစ်ကိုက်ကို အနမ်းတစ်ပွင့်ဘဲ ပေးပါ” လို့ ပြန်ဖြေလိုက်ပါတယ်.. ဒီတော့ ကောင်မလေးကလည်း “အိုကေလေ ကောင်းတာပေါ့.. ဒီလိုဆို ကျွန်မ ဆယ်ကိုက်ယူမယ်” လို့ ပြောလိုက်ပါတယ်.. ဆိုင်ရှင်က အကွက်တော့ ၀င်ပြီဆိုပြီး ပြုံးရွှင်စွာနဲ့ မျှော်လင့်ချက်တွေပြည့်ပြီး အားရကျေနပ်တဲ့ မျက်နှာနဲ့ ပိတ်စ ဆယ်ကိုက်ကို အမြန်ဆုံး တိုင်းထွာလိုက်ပါတယ်..ပြီးနောက် အစကို ကပ်ကြေးနဲ့ ဖြတ်လိုက်ကာ အိတ်ကလေးတစ်ခုနဲ့ ထုပ်ပိုးပြီး ကောင်မလေးကို လှမ်းပေးလိုက်ပါတယ်.. ကောင်မလေးက အိတ်ကို လှမ်းယူလိုက်ပြီးနောက် မလှမ်းမကမ်းမှာ ရပ်စောင့်နေတဲ့ အသက်ခပ်ကြီးကြီး လူကြီးတစ်ယောက်ကို လက်ညိုးညွှန်လိုက်ကာ ဆိုင်ရှင်ဖြစ်သူကို အပြုံးလေးနဲ့ ပြောလိုက်တာက “ကျသင့်တန်ဖိုးကို ကျွန်မရဲ့အဖိုးက ကျွန်မကိုယ်စားရှင်းပေးလိမ့်မယ် ” လို့ ပြောပြီး သူ့ရှေ့ကနေ ထွက်ခွာသွားပါတော့တယ်။

အမှန်တရား

ဆမ် နဲ့ ဂျွန်တို့ဟာ နေ့လည်စာ စားနားချိန်မှာ အစာစားရင်း စကားပြောနေကြပါတယ်.. ဆမ်က “ ငါ ပိုက်ဆံကို ဘယ်လိုနည်းနဲ့ လွယ်လွယ်ကူကူရှာလို့ရတယ်ဆိုတာ သိထားတယ် ” လို့ ဂျွန်ကို ပြောလိုက်ပါတယ်.. ဒီတော့ ဂျွန်က “ဘယ်လိုရှာရမလဲ.. ကျွန်တော့ကိုလည်း နည်းလမ်းလေး ဘာလေး ပေးပါဦး ” လို့ မေးလိုက်ပါတယ်.. ဒါနဲ့ ဆမ်က “အိမ်ရောက်ရင် မင်းအဖေဆီကိုသွား… ပြီးရင် အဖေ ကျွန်တော် အမှန်တွေ သိထားတယ်နော် လို့ ပြောလိုက်.. ဒါဆိုရင် မင်းအဖေက မင်းကို ပိုက်ဆံထုတ်ပေးလိမ့်မယ် ” လို့ ပြောပြပါတယ်..ဂျွန်ဟာ အိမ်ကိုရောက်တဲ့အခါ သူ့အဖေဆီသွားပြီး “အဖေ.. အမှန်အတိုင်း ကျွန်တော်သိတယ်နော် ” လို့ ပြောလိုက်ပါတယ်. ဒါနဲ့ သူ့အဖေက ဆယ်ဒေါ်လာတန် တစ်ရွက်ထုတ်ပေးပြီး သူသိထားတာတွေ ဘယ်သူ့ကိုမှ မပြောဖို့ ဂျွန့်ကို နှုတ်ပိတ်ပါတယ်.. ဂျွန်ဟာ ဒီနည်းကို အတော်သဘောကျသွားပါတယ်.. လွယ်လိုက်တဲ့ ပိုက်ဆံရှာနည်းပါလားလို့ စိတ်ထဲမှာ တွေးမိပြီး သူ့အမေဆီကို သွားပြန်ပါတယ်.. ပြီးတော့ သူ့အမေကို “ အမေ.. ကျွန်တော် အမှန်တွေ သိနေတယ်နော်” လို့ ပြောပြန်ပါတယ်.. သူ့အမေကလည်း ဒေါ်လာ၂၀ကို ထုတ်ပေးပြီး သား.. မင်းသိထားတာတွေ မင်းအဖေ မသိစေနဲ့လို့ နှုတ်ပိတ်ပြန်ပါတယ်.. ဒေါ်လာ၃၀ရပြီး ပျော်နေတဲ့ ဂျွန်ဟာ ရတဲ့ပိုက်ဆံနဲ့ မုန့်ဝယ်စားဖို့ အိမ်အပြင်ကို ထွက်လာပါတယ်.. မုန့်တွေရောင်းတဲ့ ဆိုင်တွေဘက် အရောက်မှာ သူ့အိမ်ကို နွားနို့ပို့နေကျ လူကြီးကို တွေ့လိုက်ရပါတယ်.. ဒါနဲ့ ဂျွန်က ပိုက်ဆံထပ်ရအောင်ကြံဦးမှလို့ စိတ်ကူးပြီး နွားနို့ပို့တဲ့လူကို “ကျွန်တော် အမှန်အတိုင်းသိနေတယ်နော် ” လို့ ပြောလိုက်ပါတယ်..ဒီတော့ နွားနို့ပို့တဲ့သူ ပြန်ပြောလိုက်တာက “ အော် မင်းက အမှန်အတိုင်းသိသွားပြီပေါ့.. ဒါဆိုလဲ မင်းအဖေအရင်းဖြစ်တဲ့ငါ့ကို လာပြီး ပွေ့ဖက်စမ်းပါကွာ” တဲ့။

အမေရိကန် ပျော်ပွဲရွှင်ပွဲနေ့

တစ်ရက်မှာ အိုစမာဘင်လာဒင်ဟာ ရှေ့ဖြစ်ဟော ဆရာမကြီးတစ်ဦးကို သွားတွေ့ပြီး သူဘယ်နေ့ သေမလဲဆိုတာကို သိချင်တယ်လို့ မေးပါတယ်.. ဆရာမကြီးက ရှင်ဟာ အမေရိကန်တွေရဲ့ ပျော်ပွဲရွှင်ပွဲနေ့တစ်နေ့မှာ သေလိမ့်မယ်လို့ ပြန်ဖြေပါတယ်. ဒီတော့ ဘင်လာဒင်က ဘယ်ပျော်ပွဲရွှင်ပွဲနေ့များလဲ… အမေရိကန်မှာက ပျော်ပွဲရွှင်ပွဲနေ့တွေက သိပ်များတယ်လေ.. လို့ ပြန်မေးလိုက်တော့ ရှေ့ဖြစ်ဟော ဆရာမကြီးက “အိုး အဲဒါကကိစ္စမရှိပါဘူး.. ရှင်သာသေလို့ကတော့ အဲဒီနေ့ဟာ အမေရိကန်တွေရဲ့ ပျော်ပွဲရွှင်ပွဲနေ့ဖြစ်မှာ သေချာတယ် ” တဲ့။

အကြွေးဝယ်ကဒ်

လူတစ်ယောက်ဟာ သူရဲ့ အကြွေးဝယ်ကဒ် ကုမ္ပဏီကနေ ဖုန်းခေါ်တာကို လက်ခံရရှိပါတယ်.. ဖုန်းထဲမှာ သူ့ကိုပြောတာက “လူကြီးမင်းရဲ့ အကြွေးဝယ်ကဒ်မှာ ပုံမှန်မဟုတ်တဲ့နည်းနဲ့ ငွေသုံးထားတာတွေကို စစ်ဆေးတွေ့ရှိရပါတယ်.. ဒါကြောင့် လူကြီးမင်းဆီ ကျွန်တော်တို့ဖုန်းဆက်တာပါ.. လူကြီးမင်းရဲ့ အကြွေးဝယ်ကဒ်ဟာ တစ်စုံတစ်ရာ ပြဿနာများ ရှိနေပါသလားခင်ဗျာ.. ” လို့ ပြောပါတယ်..သူက “ဟုတ်ပါတယ်.. ကျွန်တော့် အကြွေးဝယ်ကဒ်ဟာ လွန်ခဲ့တဲ့ တစ်လကျော်လောက်ကတည်းက အခိုးခံလိုက်ရပါတယ်..” လို့ပြန်ဖြေပါတယ်.. ဒီတော့ အကြွေးကဒ် ကုမ္ပဏီက တာဝန်ရှိသူကလည်း “ဘာဖြစ်လို့ ကျွန်တော်တို့ဆီကို အဲဒီကဒ် ပျောက်ပျောက်ခြင်း သတင်းမပို့တာလဲ ခင်ဗျာ” လို့ ပြန်မေးတော့သူက “ အကြွေးဝယ်ကဒ်က ကျွန်တော့်ဆီမှာ ရှိနေလို့ ကျွန်တော့်မိန်းမ သုံးဖြုန်းတာထက်စာရင် သူခိုးက အဲဒီကဒ်ကို ခိုးသွားပြီး သုံးပစ်တာက ကျွန်တော့်မိန်းမ သုံးတာထက် အများကြီး သက်သာပါသေးတယ်ဗျာ” လို့ ပြန်ဖြေလိုက်ပါတယ်။

မှားသွားတဲ့ပန်းခြင်း

စီးပွားရေးလုပ်ငန်းသစ်တစ်ခု ဖွင့်လှစ်တဲ့ပွဲမှာ လုပ်ငန်းပိုင်ရှင်ဖြစ်သူဟာ သူ့ရဲ့ စီးပွားဖက် မိတ်ဆွေတွေထံကနေ ဂုဏ်ပြု ပန်းခြင်းတွေ လက်ခံရရှိပါတယ်.. ဒါပေမဲ့ ထူးထူးခြားခြား သူလက်ခံရရှိတဲ့ ပန်းခြင်းတစ်ခုကတော့ “ ငြိမ်းချမ်းစွာ အိပ်စက်အနားယူနိုင်ပါစေ” ဆိုတဲ့ အသုဘ အခမ်းအနားတွေမှာ ပေးပို့တဲ့ ပန်းခြင်းပေါ်က စာသားကို တွေ့လိုက်ရပါတယ်.. စိတ်ဆိုးသွားတဲ့ လုပ်ငန်းပိုင်ရှင်ဟာ ပန်းဆိုင်ကို ဖုန်းဆက်ပြီး ပန်းခြင်းပေါ်က စာကိစ္စကို သူမကျေနပ်ကြောင်း ဒီလို အမှားမျိုး မဖြစ်သင့်ကြောင်း ပြောဆိုပါတယ်…တစ်ဖက်က ဖုန်းလက်ခံပြောဆိုတဲ့ ပန်းဆိုင်ရှင်ကလည်း “ ခုကိစ္စအတွက် ကျွန်တော်တို့ဘက်ကလည်း အလွန်ကို စိတ်မကောင်းဖြစ်ရပါတယ်ဗျာ.. ဒီနေ့ ကျွန်တော်တို့ဆိုင်ဟာ အသုဘတစ်ခုကို ပန်းခြင်းပို့ဖို့လည်း လက်ခံထားမိပါတယ်. ဒါကြောင့် ပန်းခြင်းမှားပြီး ပို့လိုက်တာ ဖြစ်ပါလိမ့်မယ်.. ဒါပေမဲ့ ခုလို စိတ်ဆိုး ဒေါသဖြစ်နေမဲ့အစား ခင်ဗျားနဲ့ ပန်းခြင်း မှားသွားတဲ့ အသုဘရှင်တွေ ဘက်ကလည်း ပြန်စဉ်းစားသင့်ပါတယ်.. ခင်ဗျားကိုပို့မဲ့ပန်းခြင်းကို မှားပြီး သူတို့ လက်ခံရရှိခဲ့မယ်ဆိုရင် “ခင်ဗျားရဲ့ နေရာအသစ်အတွက် ၀မ်းမြောက်ဂုဏ်ယူပါတယ် ” ဆိုတဲ့ စာသားကြီးပါနေတဲ့ ပန်းခြင်းအတွက် သူတို့တွေ ဘယ်လိုများ နေမလဲဆိုတာ စဉ်းစားလိုက်မယ်ဆိုရင် ခု ခင်ဗျား ဖြစ်ရတဲ့ စိတ်ကသိကအောက်က အများကြီး တော်ဦးမှာပါဗျာ လို့ပြောလိုက်ပါတယ်။

ရယ်မောခြင်းသည် အသက်ရှည်စေသည်....

အားလုံးကိုလေးစားလျက်....

Saturday, November 26

ဟာသလေးများ


ဖတ်မိထားသော ဟာသလေးများကို ပြန်လည်ရေးသား ဖော်ပြလိုက်ပါတယ်။
 
ပွေးရှိတယ်

တစ်ခါက အလွန်အလှအပကြိုက်သော လူပျိုကြီးတစ်ဦးရှိည်။ သူသည် သန့်သန့်ပြန့်ပြန့် နေထိုင်တတ်သော် လည်း ၊ ကျောကုန်းမှာ ပွေးများပေါက်လျက်ရှိသည်။ သူပွေးပေါက်သည်ကို လူမသိအောင် အိမ်တွင်းမှာသာ ရေချိုးလေ့ရှိသည်။ တစ်နေ့တွင် အိမ်မှာ ရေမလာသောကြောင့်  လမ်းထဲရှိရေတွင်းသို့ ရေချိုးရန်ထွက်လာခဲ့သည်။ ရေချိုး နေစဉ် သူ့ဘေးမျ ဦးမာမွတ်က ရေချိုးနေသူများအား " ကျောကုန်းမှာ ပွေးရှိတယ်မင်းတို့ မသိဘူးလား " ။ လူပျိုကြီးမှာ အကြီးအကျုယ် ရှက်သွားပြီ ဆပ်ပြာတုံးဖြင့် ဦးမာမွတ် ကိုပေါက်လိုက်သည်။ ထိုအခါ တစ်ယောက် နဲ့တစ်ယောက် စကားများရန်ဖြစ်ကြရာ နံဘေးမှလူများ ၀ိုင်းဝန်းဖြန့်ဖြေကြရသည်။ ဒါနဲ့ လူတစ်ယောက် လူပျိုကြီးကို မေးပါလေရော။ နေပါဦး ဦးလူပျိုကြီးရဲ့ ဘာဖြစ်လို့ ဦးမာမွတ်ကို ဆပ်ပြာတုံးနဲ့ ပေါက်ရတာတုန်း။ လူပျိုကြီးပြန်ပြောလိုက်သည်။  ပေါက်ရမှာပေါ့ဗျ-သူက ဘာလို့ ကျုပ် ကျောကုန်းမှာ ပွေးရှိတာ ပြောရတာလဲ။ ထိုအခါ လူအုပ်ထဲမှာ လူတစ်ယောက် ၀င်ပြောလိုက်သည်။ ဖြစ်ရလေဗျာ-ဦးမာမွတ်ပြောတာက -  ကျောက်ကုန်းမှာ  ပွဲရှိတာကို ပြောတာဗျ ။

ပိုင်ရှင်မရှိသောကား
မြို့တစ်မြို့တွင် မြို့ပိုင်ထံသို့ ကားခိုးမှုဖြင့် တရားခံတစ်ဦးရောက်လာသည်။ ထိုသူမှာ အရက်လည်း မူးနေသည်။ အမှုစစ်သောအခါ မြို့ပိုင်က -မောင်မင်း ကားခိုးမှုကို ကျူးလွန်ခဲ့တယ် မဟုတ်လား။ ထိုအခါ တရားခံ ဖြေလိုက်သည်မှာက -ကျွန်တော် ဒီကားကို ခိုးတာမဟုတ်ပါဘူး ခင်ဗျာ။ သင်္ချိုင်းကုန်းနားမှာ မော်တော်ကား ရပ်ထားတာတွေ့တော့ ပိုင်ရှင်သေသွားပြီထင်လို့ ယူသွားမိတာပါ ခင်ဗျာ။

အားဆေး
ရပ်ကွက်တစ်ခုမှာ ဗြော့ကြီး ဆိုသူ အချောင်သများ လူပျင်း တစ်ယောက်ရှိသည် ။ဘာအလုပ်မှ မလုပ်ပေ။ အိမ်နားနားချင်းများ က သူ့ကို အရင်းအနှီးရရန် ၊ ငွေချေးလိုက်သော အခါတွင်လည်း သုံးဖြုန်းပစ်လိုက်ပြီး  ရေသာခိုမြဲ ခိုနေသည်။ တစ်နေ့တါင် ထိုရပ်ကွက်ထဲပြောင်းလာသော လူသစ် တစ်ဦး ထံဗြော့ကြီး ပိုက်ဆံသွားချေးရာ ရသွားသည်။ ပြောင်းလာသောလူသစ်က ထိုအကြောင်းကို သူ့အိမ်ဘေးမှ အဘိုးကြီးအားပြောပြရာ။  သူ့ကို ငွေငါးဆယ် ချေးလိုက်တယ် အဘရေ ။ ဗြော့ကြီး အကြောင်းသိပြီး ဖြစ်သော အဘိုးကြီးက ပြောလိုက်သည်မှာ-မင်းကွာ သူ့ကိုအကူအညီပေးတာ ကျားကို ဘားဘပက် အားဆေးကျွေးတာနဲ့ အတူတူပါပဲကွာ.......။

ထင်သားပဲ 

တစ်ခါ က အလွန်သည်းခံတတ်သော  ကိုထွန်းမောင်ဆိုသူတစ်ယောက်ရှိသည်။ သူ့မိန်းမ မထွားကြီးကမူ ကိုထွန်းမောင်နှင့် ဆန့်ကျင်ဘက် ၊ ဒေါသအလွန်ကြီးသူဖြစ်သည်။  တစ်နေ့တွင် ဇနီးမောင်နှံနှစ်ယောက် စကာပြော အဆင်မပြေရာမှ ကိုထွန်းမောင် က စကားနည်း ရန်စဲ အိမ်ပေါက်ဝတွင် ထွက်ထိုင်နေလိုက်သည်။ ထိုအခါ မထွားကြီးသည်ဒေါသ ပိုထွက်လာပြီး  ကိုထွန်းမောင် ထံသွားက ရေအပြည့်ပါသော သံပုံးဖြင့် ခေါင်းပေါ်သို့ လောင်းချလိုက်သည်။ ရယ်သွားကြသော လမ်းသွာလမ်းလာလူများကို ကိုထွန်းမောင်ပြောလိုက်သည်မှာကား- အင်းမိုးကြိုးထစ်ပြီးရင် မိုးရွာ ချလိမ့်မယ်လို့ ထင်သားဗျို့ ။ 

သူ့အလုပ် 

မြို့တစ်မြို့ရှိ ဆေးခန်းတစ်ခုသို့ ခပ်ကြောင်ကြောင်လူတစ်ဦး ရောက်လာရာ ဆရာဝန်ကမေးသည်။ ဘယ်လိုဖြစ်တာလဲ ပြောပါအုံး။ ခပ်ကြောင်ကြောင်လူက -အခုတလောကျွန်တော်စိတ်တွေ ဂယောက်ချောက်ချား ဖြစ်နေလို့ပါ ဆရာ။ ဆရာဝန်ကစမ်းသပ်ကြည့်ပြီး -ဒီမယ် ခင်ဗျားထွေထွေထူးထူးဘာ မှမစဉ်းစာပါနဲ့ ၊ ခင်ဗျားရဲ့ကိုယ်ကို ခင်ဗျားရဲ့ အလုပ်ထဲမှာပဲ နစ်မြုပ်ထားလိုက်ရင် ခင်ဗျားစိတ်တွေ ပြန်ပြီး တည်ငြိမ်လာမှာပါ။  ထိုအခါလူနာပြောလိုက်သည်က - ခင်ဗျာ ! ကျွန်တော် ကိုယ်ကို ကျွန်တော့် အလုပ်ထဲမှာ နစ်မြုပ်ထားရမယ်၊ ဟုတ်လား၊ ကျွန်တော်က သင်္ချိုင်းတူး သမားဆရာရဲ့.......။

ရယ်မောခြင်းဖြင့် အသက်ရှည်ပါစေ......