ကျွန်တော့် ဘလော့လေးကို Andirod ဖုန်းကနေကြည့်လို့ရအောင် ကို ဖြူသားလေး လုပ်ပေးထား လို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ ပေးထားတဲ့လင့်ကနေ App လေးဒေါင်းပြီး Andriod ဖုန်းထဲမှာ install လုပ်ထားရင် ကျွန်တော့် ဘလော့ကို ဖုန်းကနေကြည့်လို့ရပါပြီ။ အစ်ကို ဖြူသားလေးကို အရမ်းကို ကျေးဇူးတင်ပါတယ်။ အဲလိုပဲ မိမိတို့ဆိုက်တွေကိုလည်း လုပ်ချင်တယ်ဆိုရင် တခါတည်းပြောပြပါ့မယ်။ လွယ်လွယ်လေးပါ။ အရင်ဆုံး အောက်ဆုံးမှာပေးထာသော လင့်လေးကိုအရင်သွားပါ။
အဆင့်(၁) ဒီလင့် လေးကိုသွားပါ။
အဆင့်(၂) အဲဒီအပေါ်ကပုံလေးလို ပေါ်လာပြီဆိုရင် CREATE NOW ! ဆိုတာကိုကလစ်ပေးပါ။ ပြီးရင် Website ကိုကလစ်ပေးပါ။ Website URL မှာ မိမိတို့ ဆိုက်လင့်ကိုထည့်ပါ။ App name မှာမိမိတို့လိုချင်သော နာမည်ကိုရိုက်ထည့်ပါ။ ပြီးရင် create ဆိုတာကိုနှိပ်ပါ။





