ဒါလေးက သိတာတော်တော်ကြာပြီ။ ဘာလို့မတင်လဲဆိုတော့ ကိုယ်တိုင်သုံးလို့မရလို့ မတင်ဖြစ်တာ ။ ကျွန်တော်ဆီမှာ windows media player ထဲက option>> plug in >> Background မှာ Google Talk Music Plugin ဆိုတာ မပါဘူးဗျ။ အဲဒါကြောင့်ဘယ်လိုအမှန်ခြစ်ပေးရမလဲဆိုတာ အဖြေရှာနေတာ ကြာပြီ။ သူများစက်တွေကျ ရပြီး င့ါစက်မှာဘာလို့မရလဲပေါ့။ သူများတွေလိုက်မေးတော့လည်း အပေါ်က ပြောထားတဲ့အတိုင်းပဲလုပ်ရတာတဲ့။ ဒီမှာမပါဘူးဆိုတော့ windows media version မတူလို့နေမှာဆိုပြီး သူတို့သုံးတဲ့ version ကိုလိုက်သုံးတယ် ဒါလည်းမရဘူး။ ဒါပေ့မယ့်အဲလိုပါအောင်လုပ်တာ အခုမှသိတော့တယ်။ Google Talk Music Plugin မပါရတဲ့ အကြောင်းအရင်းက gtalk စပြီး install လုပ်ကတည်းကစတာဗျာ။ ကျွန်တော်က ဆော့ဝဲလ်တစ်ခုခု install လုပ်ရင် left click နှစ်ချက်နှိပ်ပြီးသုံးတယ်လေ။ အဲဒါကြောင့်မရတာပေါ့။ Gtalk ကိုစ install လုပ်ကတည်းက run as administartor ဆိုပြီး install လုပ်ရင် ခုနကပြောတဲ့ Google Talk Music Plugin လေးက windows media မှာ ပေါ်လာပြီဗျာ။
Showing posts with label gtalk. Show all posts
Showing posts with label gtalk. Show all posts
Monday, October 8
Wednesday, July 18
Gtalk မှာ ကိုယ့်အသံ တဖက်လူမကြားဖူးဆိုရင်
တစ်ချို့ဖြစ်ဖူးကြမယ်ထင်ပါတယ်။ Gtalk မှာ သူ့ဘက်အသံကြားရပြီး ကိုယ်ပြောတာကို သူမကြားရဘူးဆိုတာပေါ့။ အဲဒါက earphone error လည်းဖြစ်နိုင်တာပဲပေါ့။
ကဲ ပထမစစ်ကြည့်သင့်တာက Gtalk က settings ကိုသွားပါ။ ပြီးရင် Audio ဆိုတာကို ထပ်သွားပါ။ အဲဒီမှာ Input-microphone or headset ဆိုတာကို စစ်ပါ။ အဲဒီအောက်နားလေးမှာ Automatically adjust microphone sensitivity ဆိုတာအမှန်ခြစ် ပေးထား မထားစစ်ပါ။ ပေးမထားရင်အသံမလာပါဘူး။ အမှန်ခြစ်ထည့်ပေးပါ။ အဲဒါကို အမှန်ခြစ် မခြစ်ချင်ဘူးဆိုရင် အဲဒီအပေါ်ကကောင်လေးကို Default Device မထားပဲ Microphone ကိုချိန်းပေးပါ။
ဒုတိယက မိမိ Microphone က အသံဝင်လမ်းကြောင်း ပန်းရောင် ထိုးထားတဲ့နေရာကိုသေချာ တပ်မတပ်ကြည့်ပါ။ အဲဒီပန်းရောင် လေးက မိမိအသံကို မိုက်ကနေတစ်ဆင့်ဝင်တာဖြစ်ပါတယ်။ အစိမ်းရောင်လေးက အသံကိုကြားရတာပါ။ သုံးတာကြာပြီဆိုရင် အဲဒီကောင်လေးက အလုပ်မလုပ်တာတွေ့ရပါတယ်။ ဖြုတ်လိုက်တပ်လိုက်ဆိုတော့ အထဲက ၀ါယာသေးသေးလေးတွေ ဖြတ်တောက်သွားတာဖြစ်ပါတယ်။ ဒါဆိုရင်တစ်ဖက်ကလူမိမိအသံကိုမကြားနိုင်တော့ပါဘူး။ earphone လှဲမှပဲရပါတော့မယ်။
တတိယက Desktop ရဲ့ အောက်ဘက် ဘယ်ဘက်ထောင့်မှာရှိတဲ့ speaker လေးကို right click ပေးပါ။ အဲဒီမှာ Playback ဖြစ်ဖြစ် Recording ဖြစ်ဖြစ် တစ်ခုခုကို ကလစ်ပေးလိုက်ပါ။ ဒါဆိုရင် Sound အတွက် setting box ကျလာပါလိမ့်မယ်။ အဲဒီကနေမှ Recording ဆိုတဲ့ buttom လေးကိုရွေးပါ။ အဲဒီမှာ မိုက်ပုံလေးတွေတွေ့ပါလိမ့်မယ်။ မိမိ လက်ရှိအသုံးပြုနေတဲ့ မိုက်ပုံစံလေးက အမှန်ခြစ်လေးနဲ့တွေ့ပါလိမ့်မယ်။ တွေ့ပြီဆိုရင် right click ထောက်ပါ။ properties ကိုသွားပါ။ အဲဒိမှာ နောက်ထပ် Levels ဆိုတာကိုထပ်သွားပါ။ Mic in at rear panel (Pink ) ဆိုတဲ့နေရာမှာ 0(သုည)ဖြစ်နေပြီဆိုရင် မိမိပြောတဲ့အသံကို မကြားနိုင်ပါဘူး။ 100 ထိတိုးပေးပါ။ ပြီးရင် အိုကေပေးပါ။ ဒါဆိုရင်အသံလာပါပြီ။ ကဲအောက်မှာပုံလေးနဲ့ ပြထားတယ်နော်။
Labels:
gtalk
Saturday, March 17
haha photo gtalk virus သတ်ရန်
Gtalkမှာ အပေါ်ကမြင်နေရတဲ့ လင့်မျိုးဝင်လာရင်လုံးဝမနှိပ်မိပါစေနဲ့..နှိပ်မိလိုက်ရင်သင်gtalkဖွင့်တိုင်း သင်ဘာမှမလုပ်ရဘဲနဲ့တခြားသူငယ်ချင်းတွေဆီကိုအလိုအလျောက်ဒီvirus လင့်တွေလျှောက်ပို့နေတော့ မှာဖြစ်ပါတယ်။
hahaha photo or is this your photo? ဆိုပြီး ဖိုင်တစ်ဖိုင် ဂျီတော့မှ (သို့) မက်ဆင်ဂျာမှ လက်ခံ ရရှိပါလိမ့်မယ်။ အဲဒီဖိုင်ဟာ လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို လုံးဝ မမေးဘဲ ခင်များရဲ့ Desktop ပေါ်တွင် အော်တို ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ထိ ပြသနာ မရှိသေးပါဘူး။ အဲဒီ Folder ထဲမှာ ရှိတဲ့ JPEG လိုလို ဘာလိုလို ရေးထားတာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ အဲဒါဟာ ဘာပုံမှ မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုပါ။ အဲဒီပရိုဂရမ်ကို ရမ်းလိုက်ရင်တော့ ဖလန်းဖလန်း ထပါတော့မယ်။ အဲဒါ ဗိုင်းရပ်ပါ။ ခင်များ မဖွင့်ပါဘဲနဲ့ မက်ဆင်ဂျာ ဆော့ဝဲ မိမိစက်မှာ ရှိခဲ့ရင် အော်တို သူ့ဘာသာ ဖွင့်ပါလိမ့်မယ်။
အကယ်၍ ဂျီတော့ကို ဖွင့်ထားမယ်ဆိုရင် ခင်များဂျီတော့မှာ ရှိတဲ့ သူငယ်ချင်းတွေကို ခင်များမပို့ပါပဲနှင့် သူ့ဘာသာ hahaha photo Jpeg...is this you? ဆိုပြီး သူ့ဘာသာ ပို့ပါလိမ့်မယ်။ ခင်များကို ယုံကြည်တဲ့လူအားလုံး (ရလာတဲ့ဟာက ဘာလဲလို့ မစဉ်းစားဘဲ ဖွင့်တတ်သူ)ဟာ ဖွင့်လိုက်ရင် ဂျီတော့ဟာ...ဖလန်းဖလန်းနဲ့ အစည်းအဝေးနောက်ကျလို့ ကဗျာကရာ ဟိုးပြေးဒီပြေး လုပ်နေပါလိမ့်မယ်။
အဲဒီဗိုင်းရပ်ကို သတ်လိုပါက..
မူရင်းရေးထားတဲ့သူရဲ့ Malwarebytes software ကလင့်ပျက်နေလို့ ကိုယ့်ကွန်ပြုတာထဲမှာ Portableအဖြစ်သုံးနိုင်အောင်တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ DOWNLOAD လုပ်ပါ..)လင့်ကတော့ http://www.mediafire.com/?mkm2jmy2m4z (ဒေါင်းမာန်ဟုန်)
၁.. desktop မှာ ဆေ့ပါ။
၂..ပြီးလျှင် R- Click မှ အင်စတော လုပ်ပါ။
၃..ပြီးလျှင် ပါဝါကို နှိပ်ပြီးသာ ပိတ်လိုက်ပါ။
၎..Save Mode နှင့် F8 ကိုနှိပ်ပြီး ပြန်တက်ပါ။ Restart ပြန်လုပ်ပါ။
၅..Systerm Restore ကို Off လိုက်ပါ။ Control Panel > System > System Protection > Configure > Turn Off System Protection
၆..ပြီးလျှင် ကျနော်တို့ Run ထားတဲ့ Anti Malware နှင့် Scan ဖတ်လိုက်ပါ။
၇..ကွန်ပြူတာကို ရီစတတ်ချပါ။ ပြန်တက်လာလျှင်...အန်တီကို ပြန်ပြီး စကင်ဖတ်ပေးပါ။ နှစ်ကြိမ် စကင်ဖတ်လိုက်လျှင် အိုကေပါပြီဗျာ။ တွေ့သမျှကို
အကုန် သတ်လိုက်ပါ။
From : computer knowledge and sharing
Labels:
gtalk
Subscribe to:
Posts (Atom)





