Pages

Showing posts with label အတွေးအခေါ်. Show all posts
Showing posts with label အတွေးအခေါ်. Show all posts

Tuesday, November 13

Facebook မှာ သိပ် မလန်းနဲ့


စိုးသူ ဒီတစ်ခါ တစ်ခုပြောချင်တယ်ဗျာ။   Facebook နဲ့ပတ်သတ်တာလေးပါ။ အဓိက ကတော့ မိန်းကလေးတွေပေါ့ဗျာ။ စိုးသူရဲ့ သူငယ်ချင်းတစ်ယောက်ကို လာပြီး tag လုပ်ထားတာ။ Facebook fun page လေးတစ်ခုကပေါ့။  စိုးသူလည်း နည်းနည်းလောက် ဝင်ကြည့်လိုက်တယ်။ မော်ဒယ်တွေမဟုတ်ဘူးဗျ။ တင်ထားတာက အစုံပဲ ။ ကိုးရီးယား ၊ ဂျပန် အဲလိုပုံတွေရောပဲ။ အဲလိုထဲကမှ မြန်မာမိန်းကလေးတွေ တော်တော်များများ ပါတယ်ဗျာ။   သာမန် မိန်းကလေးတွေ  Facebook ကနေ ယူပြီးတင်ထားတဲ့ပုံတွေပါ။ အဲဒီ page မှာက သိတဲ့အတိုင်း အများစုက  ယောကျာ်းလေးတွေ ချည်းပဲလေ။ အဲဒီတော့ အောက်မှာ ကွန့်မန့်တွေကလည်း အကောင်းတိုင်းလာ မှာမဟုတ်ဘူး။ မော်ဒယ်ပုံတွေဆိုရင် စိုးသူ မပြောလိုပါဘူး။ အခုက ကိုယ့်ဖေ့ဘုတ်မှာ တင်ထားတဲ့ ပုံတွေကို အဲဒီ page က ဆွဲယူ သုံးနေတယ်ဆိုတော့ မကောင်းဘူးပေါ့ဗျာ။ ပိုင်ရှင်လည်း သိမှာမဟုတ်ဘူး ။ ကိုယ်ကမသိလိုက်ပဲ ဟို page မှာရောက်သွားပြီတဲ့။ ကိုယ်မသိပေ့မယ့် ဘယ်လောက်တောင် ပြောဆိုနေလိုက်ကြမလဲ စဉ်းစားသာကြည့်ပေါ့။ စိုးသူလည်း ယောက်ျားလေးပါ။ ကောင်မလေး လန်းလန်းပုံတွေ့ရင် ကြည့်မိပါတယ်။ သို့သော် ကြည့်ယုံတင်တော့ မပြောလိုပါဘူး ။ အောက်မှာ ကပ်ပါလာတဲ့ ကွန့်မန့်တွေကိုတော့ မကြိုက်ဘူးဗျာ။ ပုံတင်တာတော့ Facebook သုံတဲ့သူတိုင်း တင်ကြပါတယ်။ ဒါပေ့မယ့် မိန်းကလေးများ  အရမ်းကြီး လန်းနေတဲ့ပုံတွေ မတင်ကြဖို့ ပြောချင်တာပါ။ လှလို့တင်ကြတာ ဘာမှမဖြစ်ဘူး။ အလှလွန် အလန်းလွန် ပြီး တင်ကြရင် အဲလို မဟုတ်တဲ့ Facebook page တွေပေါ် ရောက်သွားမှာစိုးလို့ သတိပေးတာပါ။ ဒါက နည်းနည်းယဉ်ကျေးသေးတဲ့ Page လေး တစ်ခုကို ညွှန်းထားတာပါ။ တခြားတခြား မကောင်းသော Fan page များလည်း ရှိပါသည်။ မြင်နေရတာများတော့ စိုးသူ စိတ်ထဲမှာရှိတဲ့ အတိုင်း ရေးလိုက်တာပါ။  သူငယ်ချင်းတို့လည်း အရမ်းကြီး မလန်းကြပါနဲ့လို့ စိုးသူပြောချင်ပါတယ်။ တင်ထားရင်လည်း ဖြုတ်ထားကြနော်။ စိုးသူရေးတယ်ဆိုတာ ညီမ ၊ နှမချင်း ကိုယ်ချင်းစာမိလို့ပါ။  

တစ်ခါက စိုးသူ နယ်ဘက်က ညီမလေး တစ်ယောက် Facebook မှာ အဆိုတော်တစ်ယောက်ရဲ့ ပုံကို share ပြီးတော့  ကြည့်မရကြောင်းရေးထားပါတယ်။ အဲဒီဆိုတော်က မပေါ်တစ်ပေါ်ဝတ်ထားတယ်။ အဲဒါကိုသူက မကျေနပ်ဘူးလေ ။ စိုးသူလည်း ပြောလိုက်ပါတယ်။  ညီမလေးလို့ သူတို့ဘာသာ သူတို့ ဘယ်လို ဝတ်ဝတ် ၊ ဘယ်လိုပဲ နေနေ ညီမလေးနဲ့ မဆိုင်ဘူးလို့။ အခုလို share လုပ်လိုက်တာက ညီမလေးနဲ့ ဆိုင်သွားပြီ။ ဘာလို့လည်းဆိုတော့ အဲလို မသင့်တော်တဲ့ပုံတွေ ညီမလေး  wall မှာ ရှိနေရင် တခြားသူတွေ ညီမလေးကိုဘယ်လိုမြင်မလဲ။ အမြင်မတော်လို့ စိုးသူ ဖြုတ်ခိုင်းခဲ့ပါတယ်။  မိန်းကလေးဖြစ်တဲ့အတွက် ကိုယ်တိုင် မတင်ရင်တောင် သူများ မသင့်တော်ဝတ်စားမှုတွေကို share မလုပ်ပါနဲ့။ Facebook မှာ ဘယ်သူမှမသိဘူးဆိုပေ့မယ့် ။ ကိုယ်ရဲ့လုပ်ဆောင်ချက်တွေက ကိုယ်ရဲ့စိတ်နေ စိတ်ထားကိုဖော်ပြနေပါတယ်။ ခုနက စိုးသူပြောခဲ့သလိုပေါ့။ တခြားမိန်းကလေးတစ်ယောက် ကတွေ့သွားမယ်။ သူကအဲလိုပုံတွေတောင် သူ wall မှာ share လုပ်ထားတာ သူစိတ်ထဲမှာရော အဲလို ဖြစ်နေ နိုင်မလားဆိုပြီး မတွေးမိနိုင်ပေဘူးလား။ ဒါကနည်းနည်းလောက်လေးပြောပြတာပါ။ ကဲ ဒီလောက်ပဲ ဗျာ။ Facebook သုံးတဲ့သူငယ်ချင်းများ အထူးဂရုစိုက်ကြပါ။  လွန်တာရှိ ဝန်တာမိ တောင်းပန်ပါသည်။ 

အားလုံးကိုလေးစားလျက်.....

Saturday, September 15

လောကမှာ အခမဲ့ရတဲ့ အရာတွေက တန်ဖိုးအရှိဆုံးပါတဲ့


နေရောင်ခြည်

အခမဲ့ဖြစ်တယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ နေရောင်ခြည်မရှိဘဲ အသက်မရှင်နိုင်ကြဘူး။ ငယ်ရာကနေ ကြီးလာတဲ့အထိ ကျွန်တော်တို့သုံးစွဲခဲ့တဲ့ နေရောင်ခြည်အတွက် ငွေကြေးတစ်ပြားတစ် ချပ်မှ ပေးစရာမလိုခဲ့ဘူး။

လေ

အခမဲ့ဖြစ်တယ်။ အသက်ရှင်နေသူတိုင်း လေကိုရှူရှိုက်ကြရတယ်။ ဟိုးရှေးရှေးတုန်းကနေ ယနေ့အထိ ကိုယ်ရှူသွင်းလိုက်တဲ့ လေအတွက် တစ်ဦးတစ်ယောက်ကမှ ငွေပေးချေတာမရှိခဲ့ပါဘူး။ လူတိုင်း လောကတစ်ခွင်မှာရှိတဲ့ လေတွေကို လွတ်လွတ်လပ်လပ် ရှူနိုင်ကြတယ်။

မိသားစုသံယောဇဉ်

အခမဲ့ဖြစ်တယ်။ ကလေးဘဝကစ မိဘတွေရဲ့ ချစ်ခင်ယုယမှုကို လူတိုင်းခံကြရတယ်။ ပေးဆပ်စွန့်လွတ်ခြင်းတွေနဲ့ အနစ်နာခံကြတဲ့ မိဘတွေက ဘယ်သားသမီးကိုမှ “ငါ့ကို ငွေပေးမှ ချစ်မယ်” လို့ ပြောခဲ့မယ်မထင်ဘူး။ မိဘရဲ့ ချစ်ခြင်းမေတ္တာတွေက သားသမီးတွေကြီးလာလည်း ပျောက်ပျက်လျော့ရဲသွားတာမျိုး မရှိသလို အိုမင်းသွားလည်း ပျက်စီးပျောက်ကွယ်သွားတာမျိုး မရှိဘူး။ သူတို့အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့မေတ္တာတွေက သားသမီးအပေါ် လွှမ်းခြုံနေမှာဖြစ်တယ်။

Saturday, August 18

လက်ထက်ဖို့ စဉ်းစားပြင်ဆင်နေပြီလား ညီမလေး


ဖေ့ဘွတ်မှာတွေ့လို့ပြန် ရှယ်လိုက်ပါသည်။ အစဆုံးဖတ်ကြည့်စေချင်ပါသည်။ ရေးထားတာ အနှစ်သာရ ရှိပါတယ်။  မိန်းကလေးမှ မဟုတ်ပါဘူး ယောင်္ကျားလေးလည်း ဖတ်သင့်ပါတယ်။


တစ်ခါ တစ်ခါ ညီမလေးတွေ အိမ်ထောင်ပြု ဖို့စိတ်ကူး တာ ကြားမိရင်.. ကျွန်မ ရင်နည်းနည်းလေး မိတယ်..။ ကိုယ်ကို တိုင် အိမ်ထောင်ပြု ခဲ့ပြီးမှ ..သူများအိမ်ထောင်ပြု မှာကိုဘာလို့ရင်လေးမိပါလိမ့်လို့ ကျွန်မကိုယ်ကျွန်မ ပြန် မေးမိတယ်..။ ကျွန်မ မသိတတ် နားမလည်တတ်ခဲ့လို့ အိမ်ထောင်ရေးမသာယာ ခဲ့တာ တွေ ရှိခဲ့ဖူးတာကိုး..။ဒါကြောင့် ညီမငယ်တွေ ကို တစ်နည်းတစ်ဖုံအသိပေး ရှင်းပြ ချင်ခဲ့မိပါတယ်..။ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားတွေမှာ... မင်းသားနဲ့မင်းသမီး ပျော်ရွှင်စွာဇာတ်ပေါင်းကြလေသတည်း မှာ ဇာတ်လမ်းဆုံးပေမယ့်.. တကယ်လက်တွေ့ဘဝမှာ..မင်းသားနဲ့မင်းသမီး တို့ရဲ့ ဇာတ်လမ်း ကြီးက အစ ပဲမဟုတ်လား..။ အင်မတန်ရှည်လျားတယ်... အင်မတန် ရှုပ်ထွေးတယ်..အင်မတန်ကို လေးနက်တယ်.. ။

ဟိုးအစ က ဆိုခဲ့ဖူးသလို..ချစ်သူ ၂ ဦး ချစ်လွန်းလို့အတူဘဝကိုရင်ဆိုင်မယ်ဆိုပြီး လက်တွဲ ခဲ့ပြီးကာမှ..တစ်ချို့ ချစ်လှပါချည်ရဲ့ ဆိုတဲ့ ဇနီးမောင်နှံတွေ..ဘာကြောင့် လမ်းခွဲ ခဲ့ကြ သလဲ.. ဘာ့ကြောင့် ကွာရှင်းပြတ်စဲမှုတွေ တစ်နှစ်ထက်တစ်နှစ်များပျား လာရတာလဲ..။ ညီမလေး တို့ သိထားသလို..ချစ်သူ ၂ ဦးအတူ တူ နေဖြစ်ကြပြီးတဲ့နောက်မှာ..အစစ အရာအရာသာယာနေမယ်... နေ့သစ်တိုင်းဟာလှပနေမယ် လို့ မတွေးထား ကြစေချင်ဘူး..။ နေ့သစ်တိုင်းလှပနိုင်ဖို့ ... သတို့သားလောင်းဘက်ကရော..သတို့သမီးလောင်းဘက်က ပါ..စိတ်ပိုင်းဆိုင်ရာ.. ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများစွာကို လေ့လာ ပြင်ဆင်ထားသင့်ပါတယ်..။

ဘယ်လိုပြင်ဆင်ကြမလဲ

ကျွန်မ ပထမ တစ်ပုဒ်မှာရေးခဲ့သလို.. အမျိုးသမီးလေးတွေ ဘက်က.. ဦးစွာပထမ အကြံပေးချင်ပါတယ်.. အရင့်အရင် ကျွန်မထက်နားလည်တတ်ကျွမ်းသူတွေ .. ရေးသားထားခဲ့တာကို ဖတ်ဖူးမှတ်ဖူးသမျှ ရောကိုယ်တွေ့ကိုပါ ကျွန်မ ပြန်လည်မျှဝေ လိုပါတယ်၇ှင်..။ သတိရမိသလောက် အချက်အလက်များစုစည်းပေးလိုက်ပါတယ်..ပထမ တစ်ပုဒ်လို အတွေးတွေ ပြန့်ကျဲမနေတောာ့အောင်ပါ..။အခု တစ်ပိုင်းကတော့ .......လင်နှင့်မယား....ကတောက်ကဆ မများရလေအောင်.. များခဲ့သော်...

၁ ။ မိမိခင်ပွန်း ဖြစ်လာသူကို ချစ်သူဘဝကလိုမျိုး... ကိုယ်လိုချင်ကိုယ်ဖြစ်ချင်ရာ ကို တစ်ချက်လွှတ်အမိန့်များနှင့် မချုပ်ချယ် မတားမြစ်သင့်တော့ပါဘူး .. ( ကိုယ်က ဘယ်လိုပင်ချုပ်ချယ်ပါစေ.. ယောင်္ကျားအများစုဟာ.. ၄င်းတို့ကိုယ်တိုင် စိတ်ပါလက်ပါ ရပ်ပစ်မှ ရပ်တန့်သွားပါတယ်..မိမိကို ချစ်လို့ရပ်တန့်ရင်တောင် ခဏတစ်ဖြုတ်သာ ဖြစ်ပြီး အခြေအနေအကြောင်းကြောင်းကြောင့်ပြန်လည် သွားတတ်ကြတယ်.. ဒါကြောင့် မိမိတို့မိန်းမသားများအနေဖြင့် အတွေး မြင့်မြင့်အသိကြွယ်ကြွယ် စကားလည်လည်ဖြင့် ဖြေရှင်းရင်း ကိုယ်လိုရာကိုပုံသွင်း တတ်ကြစေလိုပါတယ် ) ။

၂ ။ မိမိခင်ပွန်းကို လူတကာရှေ့..အများအားဖြင့်ရွယ်တူမိန်းမသားများရှေ့တွင် ကိုယ်ပိုင်ကြောင်း ကိုယ်နိုင်ကြောင်း အမူအရာအပြောအဆို များရှောင်ရှားသင့်ပါတယ်. ( ယောင်္ကျားတွေ က သိပ်ရှက်တတ်ကြပါတယ်.. အထူးသဖြင့်မိန်းမကိုကြောက်ရသူများအဖြစ် အခြားမိန်းမသားများရှေ့မှာပါ..။ ကိုယ့်မိန်းမ က ကိုယ့်ကို ဂရုစိုက်ကြောင်းသဝန်တိုကြောင်း ပြသ တာမျိုးကိုတော့အ ထူး ခုံမင် နှစ်သက်တတ်ကြပြန်ပါတယ်...ဒါကြောင့်မို့ မိမိလင်သားကို ပိုင်နီုင်ဖို့ရာ.. အဓိက လိုအပ်ချက်ကတော့.. လင်ယောင်္ကျားကို လူအများရှေ့ ရိုသေလေးစားနေရာပေးတတ် ဖို့ပါပဲ..။)

၃ ။ မိမိခင်ပွန်း ကို ဘယ်တော့မှ.. ကိုယ်ထိလက်ရောက် မိမိကစပြီးမတုန့်ပြန် မိပါစေ နှင့် ..။ ( အင်မတန် ကြမ်းတမ်းသောမိသားစုအသိုင်းအဝိုင်းက မဟုတ်ပဲ..မည်သို့သောနူးညံ့သိမ်မွေ့သော အသိုင်းဝိုင်းကပင်ဖြစ်စေ...မိန်းမသားတွေရဲ့ နှုတ်ထွက်ကြမ်းတမ်းမှု..ကိုယ်လက်အမူအရာကြမ်း တမ်းမှုတွေဟာ.. ယောက်ျင်္ားသားတွေရဲ့ မူလ ဇစ်မြစ် ဖြစ်တဲ့ကြမ်းတမ်းမှု ကိုလှုပ်နိုးလိုက်သလိုမို့.. မိမိ ကတစ်ချက်ကုတ်ဆွဲ ရုံနဲ့ အစပိုင်းသည်းခံတတ်ပေမယ့်..သူလဲလေ လူသားပေမို့ နား ကလည်းမခံသာ... ကိုယ်ထိလက်ရောက်ကလဲ ပြုခံရ ပါများရင် ..သူတို့ရဲ့ တုန့်ပြန်မှုတွေက မိမိထက်ပိုပြီးကြမ်းတမ်းရက်စက်လာ အောင် မိမိကိုယ်တိုင် ဖန်တီးမိသလိုဖြစ်လာတတ်ပါတယ်။။ လင်ယောင်္ကျားရဲ့အရိုက်အနှက်ခံရတဲ့ အမျိုးသမီးအများစုဟာ.... မိမိတို့ကိုယ်တိုင်ကစပြီး နှုတ်ကြမ်း လူကြမ်း မိတာကို မေ့လျော့ နေတတ်ပါတယ်.. ။ )

၎ ။ မိမိခင်ပွန်း အမှားပြုသည်ရှိသော်.. သေးသော်ခွင့်လွှတ်..ကြီးသော်နားလည်... ပေးရင်း သူစိတ်အေးချမ်းအောင် အရင် ပြုမှုဆက်ဆံပေးသင့်ပါတယ်... ထို့နောက်တွင်မှ... မိမိ စိတ်မကောင်းဖြစ်နေတာကို သိအောင်ပြောရင်း နားလည်အောင် တစ်ဖြည်းဖြည်းချင်း အပြုံမပျက် ဆွေးနွေး ပေးပါ..။ (ယောင်္ကျားအများစုဟာ..သွေးဆူလွယ်တဲ့မိန်းမ တွေကို မလေးစားတတ်ကြပါဘူး... ပြဿနာတစ်ခုဖြစ်လာရင် သွေးအေးအေးနဲ့ဖြေရှင်းတတ်တဲ့မိန်းမမျိုးကိုတော့ လန့်လည်းလန့် လေးလည်းလေးစားတတ်ကြ ပြန်ပါတယ်။တစ်ချို့က ငိုယိုအော်ဟစ်ထုနှက် ပြီးယောင်္ကျားကိုအပြစ်တွေ အလျည်းသင့်ရင်သင့်သလိုတင်ရင်း အခုခေတ်စကားနဲ့ပြောရရင် လူရှေ့သူရှေ့ရောက်မှ ဖဲ့တယ် ပြောရမလား... အဲလို မယားမျိုးကတော့ရန်သူလိုမယားအဖြစ်သတ်မှတ်ခံရမှာပါ.) သတိထားကြစေလိုပါတယ်ရှင်..။

၅ ။ အိမ်မှုကိစ္စ အဝဝ ကို အိမ်ထောင်မကျခင်ကထဲက လေ့လာသင်ယူထားသင့်ပါတယ်.. ယခုခေတ်မိန်းမပျိုတွေအနေနဲ့..သင်ယူချိန်မရ.. အလေ့အကျင့်မရ ဖြစ်နေကြပါပြီ.. ကျောင်းပြီးရင်းကျောင်းအလုပ်ပြီးရင်းအလုပ်ဖြစ်နေကြတဲ့ခေတ်ကြီမှာ... လင့်လုပ်စာ ထိုင်မစား ရတော့တဲ့အိမ်ထောင်သည်အမျိုးသမီးဦးရေတိုးလို့လာနေပါပြီ..။ သို့ပါသော်ငြား.. မလုပ်ချင်လို့မလုပ်တာသာဖြစ်ရမယ်..မလုပ်တတ်တာမရှိဆိုတာမျိုးဖြစ်အောင်လေ့လာသင်ယူသင့်ပါတယ်..။ ဟင်းချက်ကောင်း ခြင်းကလဲ..မိမိခင်ပွန်းမည်သည့်နေရာရောက်နေပါစေ..အချိန်တန် အိမ်ပြန်ရောက်စေတဲ့..လက်နက်တစ်မျိုး ပါ..။ သန့်ရှင်းစွာနေထိုင်တတ်ခြင်းလဲပါဝင်ပါတယ်.. ။ ငွေလဲ ဒိုးတူဘောင်ဖက် ရှာရသေး သူ့ကိုလဲဟင်းချက်ကျွေးရသေး ဆိုတဲ့အတွေးဝင်လာမိရင်တောင်.... ဟင်းတစ်ခွက်အတူချက်ရအောင်နော်လို့ ချိုသာတဲ့စကားတစ်ခွန်း နဲ့ မီးဖိုခန်းကို တစ်ဝက်ခွဲပေးဖို့ မိမိတို့နှုတ်ရေးရာကြွယ်ဝမှုကလည်းအရေးပါနေပါသေးတယ်ဆိုတာ မေ့လျော့မသွား ကြပါနဲ့ရှင်..။ အိမ်မှုကိစ္စ အဝအဝကိုလဲ..တစ်ယောက်တစ်ဝက်ခွဲဝေယူတတ်အောင် လဲ မိမိတို့နှုတ်ခမ်းချိုချိုများပေါ်မှာသာမှုတည် ပါတယ်..။

၆ ။ ဇနီးမောင်နှံ့ ကြားမှာ အားနာတယ်ဆိုတဲ့အတွေးနဲ့စကား မရှိသင့်ပါ..။ အိမ်ထောင်ဦးအစထဲက အားနာလို့..ဆိုပြီး..ကိုယ်ပဲ အစစအရာအရာသိမ်းကြုံးလုပ်မိတတ်ကြတယ်... ချစ်စ ခင်စမို့အိမ်မှုကိစ္စ ကျွန်မ ကျွမ်းကျင်ပါတယ် ဆိုတာ ပြချင်တာလဲပါမယ်ထင်ပါတယ်..။ မယားဝတ္တရားငါးပါး ကို အားနာပါနားနဲ့အသကုန်ကြေစရာမလိုပါဘူး... ကိုယ်မလုပ်နိုင်တဲ့အရာ..မလုပ်ချင်တဲ့အရာ..မကြိုက်တဲ့အရာမှန်သမျှကို ငြင်းပယ်ရဲရပါမယ်..။ ရှင်းပြ ရဲရပါမယ်..။ အဲလိုမှမဟုတ်ရင် အိမ်ထောင်သက်ကြာလာတာနှင့်အမျှဝန်ထုတ်ဝန်ပိုး ဖြစ်လာပါလိမ့်မယ်... လုပ်ကိုင်နေရသမျှ ဟာလည်းမေတ္တာအရင်းခံနည်း ပြီးအားနာလို့ြ့ပုခဲ့တာမို့... စိတ်ပျက်စရာ... ဒေါသထွက်စရာတွေသာဖြစ်လာပြီး မခံရပ်နိုင်တော့တဲ့တစ်နေ့ မီးတောင်ပေါက်ကွဲသလို ပေါက်ကွဲရင်း.ဝမ်းနည်းစရာအဖြစ်တွေဖြစ်လို့လာတော့မှာပါ..။

၇ ။ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုသလို... ဇနီးမယားကိုယ်တိုင်က အသုံးအဖြူန်း ကြီး ခဲ့တာကို သမီးရည်းစားဘဝထဲကသိထားယောင်္ကျာ့း တွေအဖို့ကတော့ သူတို့ရှာသမျှ အကုန်အပ်မယ်လို့မထင်ပါဘူး... ငွေမအပ်ရကောင်းလားလို့အပြစ်မတင် စေချင်ဘူး... ကိုယ်ကိုတိုင် အသုံးနဲ့အဖြုန်းကိုအရင် သေချာ နားလည် ကိုင်တွယ်ပြ သင့်တယ်...မိမိကိုယ်တိုင်စီးပွားရှာနေရသူဆိုရင်လည်း ... စစ်စစ် စီစီ သုံးပြ ပြီးတဲ့နောက်မှာ..အလိုလို မိသားစုဘဏ္လာ စိုး အဖြစ် ရောက်ပါလိမ့်မယ့်...ဒါဆို..သမီးရည်းစားဘဝထဲက သူ့ယုံကြည်မှု ရယူဖို့လိုတယ်ဆိုတာ သဘောပေါက်မယ်ထင်ပါတယ်ရှင်..။

၈ ။ တစ်ဦးနှင့်တစ်ဦးလက်ထပ်ပြီဆိုကထဲက မိသားစု ၂ စု လုံးလက်ထပ်လိုက်တာပါပဲ.. ဒါကိုတစ်ချို့ကတော့..အို..တကယ်ပေါင်းရတာ နင်နဲ့ငါ ဆိုတဲ့အတွေး .. ဟုတ်ပါတယ် တကယ်ပေါင်းကြရတာက နင်နဲ့ငါ.. ပါ..ဒါပေမယ့် အဲဒီနင်ရယ် ငါရယ်တွေဖြစ်လာတာက ကိုယ်စီမိဘ တွေဆီကပါ..အနည်းနှင့်အများ ပက်သက်စပ်ဆိုင် ပါတယ်..။ လူ မှန်ရင်တစ်ယောက်ထဲရပ်တည်လို့မရပါဘူး. မိဘ ဆွေမျိုး.. မိတ်ဆွေသူငယ်ချင်း..လုပ်ဖော်ကိုင်ဖက် အစရှိသည်တို့၏ အမှီအခို အထောက်အပံ့ နှင့်ချီးမြှောက်မှုတွေ ရှိမှသာ လူ့လောကအလယ်ဝင့်ထည်နီုင်မှာပါ..။ သိပ်အရေးကြီးပါတယ်ရှင်..။ ၂ ဖက်ဆွေးမျိုးတွေအပေါ် လျော်အောင်ဖြန့်ချီ ဆိုတဲ့ မယားဝတ္တရား ကို ကျွန်မ နားလည်သလို ပြောရရင်..ပေးကမ်းထောက်ပံ့ တဲ့နေရာတွင်သာ မက .. စကား အရာကိုပါ..တစ်ဖက်နားမှ တစ်ဖက်နားသို့မပေါက်ရလေအောင် ကျွမ်းကျင်လိမ္မာစွာ ထိန်းသိမ်းသင့်ပါတယ်..။ သူ့မိဘ ကိုယ့်မိဘ မခွဲခြားပဲ မျှတစွာနေထိုင်ပြောဆို တတ်မယ်ဆိုရင်... ၂ ဖက် မိသာစု ဆက်ဆံရေး ကို အလွယ်တကူ ခိုင်မာစွာတည်ဆောက်နိုင်လာတာနှင့်အမျှ ခင်ပွန်းလင်ရဲ့ လေးစားမှု ယုံကြည်မှုကို အလွယ်တကူ ရယူနိုင်ပါလိမ့်မယ်... မိမိခင်ပွန်းသည် ဖာသိဖာသာနေတတ်သူ ဖြစ်လျင်တောင်မှမိမိဖော်ရွေမျှတမှုကြောင့် .. သူ့မှုရင်း အကျင့်စရိုက်တွေပြောင်းလဲ လာကာ ၂ဖက်မိသာစု ဆက်ဆံရေး ပိုမို တိုးတက်လာပါလိမ့်မယ်..။

၉ ။ မိမိ ခင်ပွန်း ရဲ့စိတ်တွေ တစ်ခြားတစ်ယောက်ဆီ ရောက်နေလေမလား ??.. အမျိုးသမီးတိုင်းကြောက်တဲ့ ဆင်းရဲခြင်း တွေထဲမှာ.. ဒီလို စိတ်ဆင်းရဲခြင်းမျိုးကိုတော့ ကမ္ဘာတုန်အောင် ကြောက် ကြပါတယ်.. ကြားဖူးမှာပေါ့.. အမျိုးသားတွေဟာ ချမ်းသာခြင်းဒဏ်ကိုမခံနိုင်ကြသလို အမျိုးသမီးတွေကလဲ ဆင်းရဲခြင်းဒဏ်မခံနိုင်ကြပါဘူး..။ အဲဒီ ဆိုလိုရင်းအနေဆင်းရဲ အစားဆင်းရဲ အဝတ်ဆင်းရဲ ဒဏ်ကို ကျွန်မတို့မိန်းမသားတွေ တော်တော်များများ သိပ်ကြောက်ကြပေမယ့် ခင်ပွန်းလင် ဆီမှ ရသင့်တဲ့မေတ္တာ အကြင်နာ ဆင်းရဲဒဏ် ကိုတော့ သေမလောက်ကြောက်တတ်ကြသူချည်းပါပဲ..။ ကိုယ့်ခင်ပွန်းခြေလှမ်းစပျက်ပြီဆိုကထဲက..သွေးရူးသွေးတန်း ဘာဖြစ်နေလဲ ဆိုတာ သူ့ကို တစ်နေ့ဆယ်ခါလောက်မေးမိလာတယ်.. ယောင်္ကျားလုပ်သူကလဲ..စီးပွားရေးကြောင့် အလုပ်ကိစ္စကြောင့်.. မျက်နှာပျက်တာပဲဖြစ်ဖြစ်..မူမမှန်လို့မျက်နှာပျက်တာပဲဖြစ်ဖြစ် မိန်းမသားတွေ မှာတော့ သံသယ အတွေးနယ်ချဲ့ ပြီး ယောင်္ကျားဖြစ်သူကိုရန်ရှာလာမိတတ်တယ်...အရင်ကဆို ..ရှင်က ဘယ်လို ပါ... အခုတော့ပြောင်းလဲနေပြီ..ဟုတ်မှဟုတ်သေးရဲ့လား..ဘယ် မယားငယ်ဆီ စိတ်ေ၇ာက်နေပါလိမ့် ဆိုပြီးစကားနာစထိုးမိတတ်လာပါရော..။ အဲဒီကစ ပါပြီ... ကိုယ့်လင်သား မည်သို့သော အကြောင်းကြောင့်ပဲ မျက်နှာပျက်ပျက်... တစ်ချိန်ချိန်မှာတော့မျက်နှာကြည် ပါလိမ့်မယ်..အဲဒီတော့မှမေးကြည့်ပါ.. သို့မဟုတ် .. သည်းခံပြီး စောင့်ပါ..။ .. သူ့ဘက်က စဖွင့်ပြောလာသည်အထိပေါ့။။ ယုတ်ဆွဆုံး ....တကယ်လို့သူ့မှာနောက်တစ်ယောက်ရှိနေပါပြီ... သူ့ကိုနားလည်ပေးပါ လို့ ပြောလာ သည်အထိ ပေါ့။ မိမိဘာသာ အပြင်ကသိထားသည်များရှိသည့်တိုင်အောင် သူ့အပြော သူ့ဝန်ခံချက်ကို စိတ်ပူလောင်မှုတွေကြားက ပြင်ဆင်ရင်းစောင့်နေ စေလိုပါတယ်..။ အဲဒါမှ ..သူဖွင့်ပြောလာသည်ရှိသော်.. ကိုယ်ပြန်ပြောရမယ့်စကားများကို သွေးအေးအေးနှင့် သူ့ကိုမိတ်ဆွေကောင်းတစ်ယောက်လို အကြံပေး ဆွေးနွေး နှစ်သိမ့်ပေး နိုင်မှာပါ..။ ဒီလိုမိန်းမမျိုးကို ယောင်္ကျားတိုင်းလေးစားတယ်..တန်ဖိုးလဲထားတယ်.. ဘယ်လိုမှ မတတ်သာလို့လမ်းခွဲကြရရင်တောင် တစ်သက်လုံးမိတ်ဆွေကောင်းတွေအဖြစ်နဲ့ ပက်သက်သွားလို့ရတယ်.. ဒါပေမယ့် မိမိ ဖြေရှင်းမှုအပေါ် မူတည်ပြီးသူတို့ဆုံးဖြတ်ချက်တွေ ပြောင်းလဲသွားနိုင်တယ် ဆိုတာ မမေ့စေချင်ပါဘူး..။

လူဆိုတာ ကိုယ့်ခန္ဒာ ကို ကိုယ်မပိုင်သလို ကိုယ့်စိတ်တောင်မှ ကိုယ်မနိုင်နိုင်အောင် ကြိုးစား နေရသူများပါ..။ တစ်ဖက်သားကို ပိုင်ဆိုင် ချင်တယ်ဆိုတာ တွေးကြည့်ရင်ရယ်စရာကြီးပါ..။ တစ်ဖက်သားရဲ့ စိတ်ကို ချုပ်ကိုင်လွှမ်းမိုးလိုသူတိုင်း ၄င်းတို့စိတ်တွေ သာ ပင်ပန်းဆင်းရဲ ကြစမြဲပါ..။

လက်ထပ်တယ်ဆိုတာ

တစ်ဦးနဲ့တစ်ဦးပိုင်ဆိုင်လိုစိတ်တွေကိုအဆုံးသတ်ပြီး .. လောက ရဲ့ဒုက္ခ..သုခ တွေကို မျှဝေခံစားဖို့ ထွက်တဲ့ခရီးအစ လို့တင်စားချင်တယ်..။ အဲဒီခရီးမှာ ..ဆောင်ရမည်ပစ္စည်းတွေက... ဖေးကူ မယ့်လက်တစ်စုံ..နားထောင်ပေးမယ့်နားတစ်စုံ... နှစ်သိမ့်ပေးမယ့်နှုတ်ခမ်းနှစ်လွာ..အစဉ်အမြဲနွေးထွေးစေ မယ့်မျက်ဝန်းတစ်စုံနဲ့ ကြင်နာတတ် တဲ့နှလုံးသား တစ်ခု အဓိကလိုအပ်တယ်..။ ချန်ထားခဲ့ရမယ့်ပစ္စည်းကတော့သိပ်မများပေမယ့် ချန်ဖို့အရမ်းမေ့လျော့တတ်ကြ တဲ့.... "ငါ " ဆိုတဲ့ အတ္တ ... ပါပဲ ..။ :)

ချစ်သော ညီမလေး များ အတ္တနည်းနည်း လေး ချန်ထားခဲ့ပြီးမှ လက်ထပ် ကြပါနော်... ချစ်ခြင်းမေတ္တာဆိုတာ ကိုယ်ကလိုချင်လေ... ကိုယ်ကပဲပေးဆပ်ရလေ ပါပဲ... အပူအပင်ကင်းသော အိမ်ကလေး တွင် စံရသော အိမ်ကြီးရှင်မ များ ဖြစ်ကြပါစေလို့ ဆုတောင်း ပေးရင် နိဂုံးချုပ်လိုက်ပါတယ် ..။

လေးစားကျေးဇူးတင်လျက်

မနတ်သမီး

မှတ်သားဖွယ်ရာ စာစုလေးများ



၂၀-၈၀ နိယာမ

လူတွေမှာ ၂၀% က လည်ပင်းအထက်ပိုင်းနဲ့ပိုက်ဆံရှာတယ်၊ ၈၀% က လည်ပင်းအောက်ပိုင်းနဲ့ ပိုက်ဆံရှာတယ်။ ၂၀% က အချိန်ဝယ်တယ်၊ ၈၀% က အချိန်ရောင်းတယ်။ ၂၀% က လုပ်ငန်းကိုင်ငန်းကြီးတွေ လုပ်တယ်၊ ၈၀% က အလုပ်လုပ်တယ်။ ၂၀% က အနာဂတ်အတွက် အစီအစဉ်ချတယ်၊ ၈၀% က အိပ်ယာထမှ ဒီနေ့ဘာလုပ်မယ်ဆိုတာ စဉ်းစားတယ်။ ၂၀% က ကိုယ့်ကိုကိုယ် ပြောင်းလဲတယ်၊ ၈၀% က ပတ်ဝန်းကျင်ကို ပြောင်းလဲပစ်တယ်။ ၂၀% က ဥစ္စာကြွယ်ဝတယ်၊ ၈၀% က ဆင်းရဲတယ်။ မင်း ၂၀% လုပ်မလား၊ ၈၀% လုပ်မလား။

တတိယ ၈ နာရီ

ဘုရားသခင်က လူတိုင်းလူတိုင်းကို တစ်ရက်မှာ ၈ နာရီစာ အပိုင်းအခြားသုံးခုစီ မျှမျှတတပေးထားတယ်။ ပထမ ၈ နာရီမှာ
လူတွေအလုပ်လုပ်ကြတယ်၊ ဒုတိယ ၈ နာရီမှာ လူတွေအိပ်ကြတယ်။ လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ကွဲပြားခြားနားချက်တွေကို များသောအားဖြင့် တတိယ ၈ နာရီကနေ ဖန်တီးခဲ့ကြတာပဲ။

လမ်းနှစ်လမ်း

လူတိုင်းမှာ လျှောက်စရာလမ်းနှစ်လမ်းရှိတယ်၊ တစ်လမ်းကလျှောက်ကိုလျှောက်ရမယ့်လမ်း၊ နောက်တစ်လမ်းက ကိုယ်လျှောက်ချင်တဲ့လမ်း။ မလျှောက်မနေ လျှောက်ကိုလျှောက်ရမယ့်လမ်းကို လှလှပပလျှောက်ပြီးမှ ကိုယ်လျှောက်ချင်တဲ့လမ်းကို လျှောက်လို့ရပါလိမ့်မယ်။

တခါသုံးယုံကြည်မှု

ယုံကြည်မှုဆိုတာ စာရွက်တစ်ရွက်လိုပဲ၊ ကြေသွားပြီဆိုတာနဲ့ ဘယ်လိုပဲဖြန့်ဖြန့် နဂိုအတိုင်းပြန်မဖြစ်တော့ဘူး။

Saturday, July 28

ချာတူးလန် မြန်မာစစ်ကားများ



အရမ်းသဘောကျလို့ ပြန်ရှယ်လိုက်တာပါ။ ဖတ်ကြည့်စေချင်တယ်။ 

ခေါင်းစဉ်ကိုကြည့်ပြီး Military Vehicles များ ( FAW, Aerolus, Lanjian ) တွေကိုပြောတာထင်နေပါလိမ့်မယ်။ မဟုတ်ပါဘူး။ အဲ့ဒီ့ကားတွေက ချာတူးလန် အဆင့်ထက်တောင်ကျော်နေပါပြီ မဟာချာတူးလန်ဖြစ်နေပါပြီ။ အဲ ဒါပေမယ့် ကျွန်တော်ပြောမှာက War Action Movie တွေအကြောင်းပါ။
၂၀၀၀ ခုနှစ် ၀န်းကျင်က ရုံတင်ခဲ့ပြီး အော်စကာတလှေကြီး သိမ်းကြုံးယူသွားတဲ့ Saving Private Ryan ကိုရုပ်ရှင်ပရိသတ်တွေ မေ့နိုင်မယ်မထင်ပါဘူး။ မင်းသားကြီး Tom Hank ရဲ့ စစ်ခေါင်းဆောင်တယောက်ရဲ့စိတ်ခံစားချက် ပေါ်လွင်တဲ့မျက်နှာသွင်ပြင်၊ သွေးချင်းချင်းနီနေတဲ့ အဂ်လိပ်ရေလက်ကြား၊ Omaha Beach၊ အတုံးအရုံးကျဆုံးနေတဲ့ အမေရိကန် မရိန်းတပ်သားတွေ၊ ရက်စက်လှတဲ့ ဂျာမန်စက်သေနတ်ကြီးတို့ကို မြင်ယောင်မိမှာဖြစ်ပါတယ်။ အမေရိကန် မရိန်းတပ်သားများကို သနားကြသည်၊ လေးစားကြသည်၊ ရန်သူဂျာမန်တို့အပေါ် ရွံမုန်းကြသည်။ ရုပ်ရှင်ကောင်းတခု၏ ရသ သာမက လူတိုင်း၏စိတ်နှလုံးတွင် စူပါပါဝါ အမေရိကန်ကိုလေးစားမိကြသည်။
ပြန်တွေးကြည့်ပါ သမိုင်းမှာတကယ်ရော ဒီလိုတွေဖြစ်ခဲ့လား။ ၁၉၄၅ ဂျာမန်တို့ အရှုံးကြီးရှုံးနေချိန် အရှေ့ဘက်မှ ရုရှတို့တင့်ကားနှင့်လိုက်ကြိတ်သလို တလှိမ့်လှိမ့်တက်လာပြီး ဂျာမန်တို့၏ တပ်မဟာများ တခုပြီး တခုပြုတ်ပြုတ်ပြုန်းနေချိန်တွင် အနောက်ဘက် အင်္ဂလိပ်ရေလက်ကြားမှ အမေရိကန် နှင့် အဂ်လိပ်တပ်များ ကမ်းတက်တိုက်ပွဲဆင်နွှဲခဲ့သည်။ D-day တွင် Omaha, Utah နှင့် ဓါးကမ်းခြေများမှ ရေကြောင်းလက်နက်ကြီးပစ်ကူ အသာစီးအင်အားနှင့်ဝင်တိုက်တော့သည်။ ထိုကမ်းခြေများမှာ ဝေးလွန်းသဖြင့် ဂျာမန်ဗိုလ်ချုပ်များမှ ထင်မထားသောနေရာဖြစ်သည်။ စစ်အင်အားကြီး မဆိုထားဘိ ခုခံကာကွယ်ရန်လေယာဉ် ၂ စီးသာထားထားသည်။ စစ်သင်္ဘောများပစ်ခတ်မှုနှင့်ပင် မြေပြင်မှာမွစာကြဲနေပြီဖြစ်သည်။ အလွယ်တကူပင်တက်သိမ်းနိုင်လေသည်။ မကျဘူးတော့မဟုတ် စစ်ပွဲစဉ်တခုလုံး စစ်သည် ၃၀၀၀ ကျော်ကျသည်။ ဒါပေမယ့် အမေရိကန်တွေပဲတော့ မဟုတ်။ အင်္ဂလိပ်တပ်တွေလဲ ကျသည်။ သို့သော် ရုပ်ရှင်ထဲတွင် အင်္ဂလိပ်စစ်တပ်ကို မတွေ့ရ အားလုံးအမေရိကန်တွေပဲ ဖြစ်နေသည်။ ဂျာမန်တွေဘက်က ပိုဆိုးသည် ထိုတိုက်ပွဲများတွင်ပင် မဟာမိတ်တွေကျတာထက် ၂ဆမက ကျဆုံးသည်။ ရဲဘော်မပြောနှင့် ဗိုလ်ချုပ်ပင် ၃၀ ကျော်ကျသည်။ ဘန်ကာများထဲတွင် အရှင်လတ်လတ်မီးတိုက်ခံရသည်။ ဆုတ်ခွာရချိန်တွင် ရိက္ခာပြတ်ကာ လူသားပင်စားရသည်ဟူ၏။ ထားတော့ ပြောရင်း ပြောရင်း ဘာလင်သိမ်းတိုက်ပွဲအထိရောက်သွားတော့မည်။ ကျွန်တော်ပြောချင်တာက ဒီဇာတ်ကားနဲ့တင် အင်္ဂလိပ်တပ်များ ဒုတိယကမ္ဘာစစ်တုန်းက လုပ်ခဲ့တာတွေ သဲထဲရေသွန်ဖြစ်ရသည်။ ဗြိတိသျှရုပ်ရှင်ထုတ်လုပ်ရေးက ကန့်ကွက်သည်။ သို့သော် ဟောလိဝုဒ်က ရှင်းရှင်းပဲပြန်ပြောလိုက်သည် ငါတို့လိုရိုက်နိုင်လျှင်ရိုက် မရိုက်နိုင်လျှင် ပါးစပ်ပိတ်... ။ ရှင်းသည်။
ဒါတင်ပဲလား မဟုတ်ပါ။ အဂ်လိပ်စစ်တပ်က အမေရိကန်တို့ထက် အနာခံကာတိုက်ခဲ့သော စစ်ပွဲတွေ မနည်းပါ။ Operation Market Garden, အာလာမိန်းတိုက်ပွဲ၊ Dankisk တိုက်ပွဲ အစရှိသည်တို့မှာ ပျောက်ဆုံးနေ၏။ အင်္ဂလိပ်စစ်သားများစွာ ကျဆုံးခဲ့သည်။ နှောင်းခေတ်လူများက ဒါတွေမေ့သွားပြီ။ The Longest Day, Hamberger Hill နှင့် Band of Brother စသည် စသည် မရေမတွက်နိုင်အောင် အမေရိကန်တို့ ဟီးရိုးဖြစ်ခဲ့ကြသည်။ ထိုစစ်ကားများတွင် အင်္ဂလိပ်တပ်များမှာ ဂျစ်ကားတစ်စီးနှင့် ဆေးလိပ်သောက်နေသူများ အဖြစ်သာ ပါဝင်ခဲ့ရသည်။နောက်လူများဆိုလျှင် ဒုတိယကမ္ဘာစစ်ဆိုတာ အမေရိကန်နှင့် ၀င်ရိုးစွန်းနိုင်ငံများတိုက်ပွဲ ဟုတောင်ထင်ကြလိမ့်မည်။
အရှေ့ဘက် စစ်မျက်နှာတွင်လည်း ဂျပန်တို့ အရှုံးနှင့်ရင်ဆိုင်နေရချိန် အမေရိကန်တို့အောင်ပွဲခံနေချိန်တွင်မတော့ မှန်ပါသည်။ အမေရိကန် အထိနာခဲ့သည်။ ဂျပန်တို့၏ ခါမိကာဇီ စိတ်ဓါတ်ကို မယှဉ်နိုင်သောအခါ နောက်ဆုံးလက်နက်ထုတ်သုံးလိုက်သည်။ အနှူမြူဗုံး နှစ်လုံးကြဲချလိုက်သည်။ အေးရော။ ဂျပန်ပြည်သူများစွာသေကြေခဲ့ရသည်။ ယခုတိုင်ပင် Radiation ပြသာနာများစွာရင်ဆိုင်နေရသည်။ သို့သော် အမေရိကန် မီဒီယာများက အနှူမြူဗုံးကိုမေ့လိုက်သည်။ ဂျပန်ကို ဗီလိန်လုပ်ကာ ရိုက်ထားသော ဇာတ်ကားတွေ မနဲမနော။ Pearl Habour, Wind Talker, Bridge on river Kwai အစရှိသော နာမည်ကျော်ရုပ်ရှင်ပေါင်းစုံ ဖြင့်ဂျပန်တပ်တွေကို ဆိုးဝါးလွန်းသော စစ်ဘီလူးတွေလိုရိုက်ထားသည်။ အနှူမြူဗုံးကြဲလိုက်သည်ကပင် မှန်သလိုလို လုပ်လာသည်။
ကဲ အဖြစ်မှန်ကို ပြန်ကြည့်ရအောင် ။ ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးသူများ (စစ်သား only) စာရင်းကိုကြည့်ပါ။
အမေရိကန်စစ်သား   လေးသိန်းခန့် (ရေတပ်အပါအ၀င်)
ဆိုဗီယက်စစ်သား     ရှစ်ဆယ့်ရှစ်သိန်း မှ တစ်ရာ့ခုနှစ်သိန်းကြား
ဂျပန်စစ်သား           နှစ်ဆယ့် ခုနှစ်သိန်းခန့်
တရုတ်စစ်သား        သိန်းသုံးဆယ်ခန့်
အင်္ဂလိပ်စစ်သား       သုံးသိန်းရှစ်သောင်းကျော်
ပြင်သစ်စစ်သား        နှစ်သိန်းခန့်
ဂျာမန်စစ်သား          ငါးဆယ့်ငါးသိန်းခန့် ဖြစ်ကြသည်။
ဒါဆို အမေရိကန်မဟုတ်တဲ့ တခြားနိုင်ငံက စစ်သားတွေကရော ဘာအတွက်သေကြရတာလဲ။ သူတို့ကကော စစ်မတိုက်ဘူးလား။ မေးစရာဖြစ်လာသည်။ မဟုတ်ပါဘူး တိုက်ခဲ့ပါတယ်။ အစာငတ်ရေငတ် ရိက္ခာပြတ်ရင်း တိုက်ခဲ့ အသက်စွန့်ခဲ့ရတာပါ။ ဒါပေမယ့် သူတို့ အသက်စွန့်ခဲ့တာကို ဖေါ်ပြမယ့်မီဒီယာ မရှိတဲ့အတွက် နောက်လူတွေက အမှုမဲ့ အမှတ်မဲ့တောင် ဖြစ်နေကြပါပြီ။                 

Wednesday, July 11

Bad master and servant



ဒီတစ်ခါတော့ ဗွီဒီယို လေးတစ်ခု တင်ပေးလိုက်ပါတယ်။ ဒီဗွီဒီယိုလေးကို ကြည့်ပြီး တစ်ခုခု ကျန်ခဲ့မယ်လို့ ထင်ပါတယ်။ ခေါင်စဉ်က တော့ ကျွန်တော့် သဘောနဲ့ပေးထားတာပါ။ youtube မှာ လျှောက်ရှာရင်းနဲ့ တွေ့လို့။ နှစ်သက်မိလို့တင်လိုက်တာပါ။ သခင်ဘယ်လောက်ဆိုးဆိုး သခင့်အနားက ခွဲခွာ မသွားတဲ့ ဗျိုင်းကလေးပေါ့။


အားလုံးကိုလေးစားလျက်.......

Thursday, June 28

နှစ်သက်မိသော စာစုလေးများ(၁)


ကျွန်တော်ဖတ်မိသော စာအုပ်မှ နှစ်သက်သော စာစုလေးများကို တင်ပြလိုက်ခြင်းဖြစ်ပါသည်။

မနေ့သည် အိပ်မက်၊
မနက်ဖြန်သည် မျှော်မှန်းချက်၊
ယနေ့သည် လက်တွေ့ဘ၀။
Yesterday is only a dream, tomorrow is  only a vision , but today is life .

အတွေးအခေါ် နှင့် ဘ၀ကို ပတ်ဝန်းကျင်က ပြုပြင်ပေးသည်။
Environment influence one'e mode of life and thought.

အသုံးမ၀င်သော အသက်ရှည်ခြင်းသည် စောစော သေခြင်းပင်ဖြစ်သည်။ 
A uneless life is an early death.

ဘ၀ဆိုတာ ဘာမှမဟုတ်သော်လည်း ရုန်းကန်မှု တစ်ရပ်ဖြစ်သည်။
Life is nothing but a struggle .

ပျင်းရိခြင်းသည် အသက်ရှင်နေသူအား(ဘ၀အား) သဂျြိင်္လ်ခြင်းဖြစ်သည်။
Lazy is a burial of a living man.

အသက်ရှင်နေသရွေ့ ဘယ်လိုနေထိုင်ရမည်ကို အမြဲ လေ့လာဆည်းပူးနေပါ။ 
As long as you live, keep learning how to live.

အသက်ရှင်ခြင်း(ဘ၀) ဟူသည် တိုက်ပွဲပင်ဖြစ်သည်။
To live is to do battle .

အချစ်သည် သူ့အလိုအလျောက်ပေး၏။ ၀ယ်ယူလို့ မရပေ။
Love gives itself ,it is not bouhgt.

အချစ် နှင့် ချောင်းဆိုးခြင်းကို ဖုံးကွယ်ထားလို့မရပေ။ 
Love and cough  can not be hid. ( ဖုံးကွယ် ထားရင် ပိုဆိုးတယ် ဟုတ် ...:) )

ဘ၀သည် ပန်းဖြစ်ပြီး အချစ်သည် ၀တ်ရည်ဖြစ်ပေသည်။
Life is a flower of which love is the honey.


ဘ၀၏ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ အကောင်းဆုံးမှာ အချစ်ပင်တည်း။
The greatest pleasure of life  is love.

အချစ်တွင် မျက်စေ့မရှိပါ။ 
Love is blind . (ချစ်နေသောကြောင့် အပြစ်မမြင်ခြင်း ဖြစ်မည်ထင်၏...:P)

အချစ်စစ် အချစ်မှန်သည် ဘယ်သောအခါမှ မဟောင်းနွမ်းပေ။
Ture love  never grows old .

အချစ်သည် ကမ္ဘာကြီးကို တည်ဆောက်ထားသည်။ 
Love made the world . ( မှန်၏ ကျွန်တော့် ကမ္ဘာကြီးပေါ့.....:P )

အချစ်သည် အရာရာကိုအောင်နိုင်၏ ။ 
Love conqueror all things.

ကျွန်ုပ်သည် အရူးဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည် ကောင်းတာမှန်သမျှကို ချစ်၏။
I am a fool anything that is good .

စောစီးစွာ အိမ်ထောင်ပြုခြင်းသည် အချစ်တာရှည်၏။
Early marriage ,long live.

ငယ်ချစ်သည် မပျောက်ပျက်။
Old love does not rust. (ငယ်ကအချစ် အနှစ်တစ်ရာ မမေ့သာ )

ဒေါသသည် မိုက်မဲမှုဖြင့် စတင်ခဲ့ပြီး နောင်တရရှိခြင်းဖြင့် အဆုံးသတ်သည်။
Anger begins with folly, and ends with repentance.

ဒေါသကြီးသူ စကားတို။
A short tempered person's speech is short.

မီးပြင်းတဲ့အခိုက် ရေလိုက်လို့လည်းမနိုင်။
While the fire is raging, water can do nothing.

ဒေါသဖြစ်နေသူသည်  သူ၏မျက်စိကိုပိတ်ထားပြီး  သူ၏ပါးစပ်ကိုပိတ်ထာ၏။
An angry man opens his mouth and shuts up his eyes.

ဒေါသကို ကုစားဖို့ရာ အကြီးမားဆုံး သောနည်းလမ်း ကား အချိန်ဆွဲထားရန်ပင်ဖြစ်သည်။
The gratest for anger is delay.

ဒေါသဖြစ်ခြင်းသည် ခေတ္တခဏ ရူးသွပ်ခြင်းဖြစ်သည်။
Anger is short madness.

လူတစ်ယောက်ဒုက္ခရောက်ခြင်းသည်  မချမ်းသာရသော်လည်း အသိပညာတိုးပွားလာလေသည်။
Advesity makes a man wise , not rich.

ကြံသာ အစဉ်ချိုသည်၊ လူ သည် အစဉ်မချို။
Only sugar-cane is always  sweet , not man.

တောင်ထိပ်ရောက်သောသူတိုင်း အောက်က တက်၏။
Whoever has reached the peak , had  to begin the climb at the foot of the hill.

တုံဆိုင်းသောလူသည် ရှုံးနှိမ့်သည်။
The man who hesitates is lost.

လူတစ်ယောက်သည် ပျော်ရွှင်နေသောအခါ နာရီထိုးသံပင် မကြားပေ။
When a man happy he does not hear the clock strike.( နာရီထိုးသံမပြောနဲ့ ဗုံးကြဲတာတောင် ကြားမှမဟုတ်ဘူး....:) )

လူကြီးနှင့်လူငယ်သည် ဘယ်တော့မှ သဘောထားခြင်းတိုက်ဆိုင်မည် မဟုတ်။
Youth and age will never agree.(May be sometime )

ဆက်လက်ဖော်ပြပါမည်။

သုတေသီ ဘုန်းမြင့်သွေး

Friday, June 22

Steve Jobs ပြောခဲ့သော မိန့်ခွန်း



ဖတ်ဖြစ်အောင် တော့ ဖတ်ကြည့်စေချင်တယ်။ တကယ်ကို တန်ဖိုးရှိပါတယ်။ အတုလည်းယူသင့်ပါတယ်။ 

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်ကြီးတစ်ခုရဲ့ ဘွဲ့ရ မောင်မယ်များကို တွေ့ဆုံ စကားပြောခွင့် ရတဲ့အတွက်ကြောင့် အင်မတန် ဂုဏ်ယူမိကြောင်း ပြောပါရစေ။ ကျွန်တော်ဟာ တက္ကသိုလ်ဘွဲ့ရ တစ်ယောက်မဟုတ်ပါ။ အမှန်အတိုင်း ပြောရရင် ဘွဲ့နှင်းသဘင် အခမ်းအနားဆိုတာ ဒီနေ့မှ တက်ဖူးတာပါ။ ဒီ ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကျွန်တော့်ဘဝ ဇာတ်လမ်းလေး သုံးပုဒ် ပြောပါရစေ။ မိန့်ခွန်း အရှည်ကြီး မဟုတ်ပါ။ ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေ မဟုတ်ပါ။ ဇာတ်လမ်းသုံးပုဒ် ထဲပါ။

ပထမဆုံး ဇာတ်လမ်းကတော့ ဆက်စပ်ပုံဖော်ခြင်း အကြောင်းပါ။ ကျွန်တော် Reed College မှာ ခြောက်လပဲ တက်ပြီး ကျောင်းထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းက မခွါနိုင်သေးပဲ နောက် ၁၈ လလောက် အတန်းတွေ ဆက်တက်ခဲ့ပါတယ်။ ကျွန်တော် ဘာကြောင့် ကျောင်းထွက်ခဲ့ရတယ် ထင်ပါသလဲ။

ဒီ ဇာတ်လမ်းက ကျွန်တော် မမွေးခင် အချိန်ကစပြီး ပြောပြရမှာပါ။ ကျွန်တော့်ကို ကိုယ်ဝန် ရှိတဲ့ အချိန်မှာ အမေဟာ အိမ်ထောင် မရှိသေးတဲ့ ဘွဲ့လွန်ကျောင်းသူ တစ်ယောက်ပါ။ အဲဒါကြောင့်လည်း ကျွန်တော့ကို မွေးစားဖို့ ပေးလိုက်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့ကို မွေးစားမဲ့ မိဘများဟာ ဘွဲ့ရပညာတတ်တွေသာ ဖြစ်သင့်တယ်လို့ အမေ့ စိတ်ထဲမှာ အကြီးအကျယ် စွဲနေခဲ့ပါတယ်။ ဒါကြောင့်လဲ ဥပဒေပညာရှင် တစ်ယောက်နဲ့ သူ့ဇနီးတို့က ကျွန်တော့ကို မွေးပြီးပြီးချင်း လွှဲယူလိုက်ဖို့ ကြိုတင် စီစဉ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ ကျွန်တော့်ကို "အူဝဲ"ဆိုပြီး မွေးလိုက်တဲ့ အချိန်မှာ သူတို့က မိန်းကလေးမှ လိုချင်ပါတယ်လို့ စိတ်ပြောင်း သွားခဲ့ပါတယ်။ ဒါကြောင့်မို့ အချိန်မတော် ညကြီး သန်းခေါင်မှာ မွေးစား မိဘလောင်း တန်းစီစာရင်းထဲက ကျွန်တော့မိဘများကို ဖုံးဆက်ခဲ့ပါတယ်။

"ဒီမှာ မမျှော်လင့်ဘဲ ယောက်ျားလေး တစ်ယောက် ရထားတယ်။ ယူမလား…" တဲ့။ မိဘများကလဲ "သိပ်ယူတာပေါ့…" တဲ့။ အဲဒီလို ပေးလိုက်ပြီးမှ ကျွန်တော့ရဲ့ အမေဟာ ဘွဲ့ရပညာ တတ်မဟုတ်တာ၊ ကျွန်တော့ရဲ့ အဖေဟာလဲ အထက်တန်းကျောင်းတောင်မှ မအောင်တာကို ကျွန်တော့ မွေးမိခင်က သိသွားတာပါ။ မွေးမိခင်ဟာ မွေးစားစာချုပ်မှာ သဘောတူကြောင်း လက်မှတ်ထိုးမပေးခဲ့ပါဘူး။ နောင်လပေါင်း အတော်ကြာပြီး ကျွန်တော့်ရဲ့ မိဘတွေက ကျွန်တော့ကို "တက္ကသိုလ် ထားပေးပါ့မယ်…" လို့ ကတိပေးမှ မွေးမိခင်က စိတ်လျော့ပြီး လက်မှတ်ထိုးပေးခဲ့တာပါ။

နောက် ၁၇ နှစ် အကြာမှာတော့ ကျွန်တော် တက္ကသိုလ်ကျောင်းသား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ အဆင်အခြင် ကင်းမဲ့စွာနဲ့ Stanford တက္ကသိုလ်နီးပါး စားရိတ်ကြီးတဲ့ တက္ကသိုလ်ကို ရွေးခဲ့ပါတယ်။ ကျွန်တော့ရဲ့ တတ္ကသိုလ်ပညာရေးအတွက် အခြေခံလူတန်းစား မိဘများရဲ့ စုငွေတွေ အားလုံးကို ကျွန်တော်သုံးမိရက်သား ဖြစ်သွားပါတယ်။ နောက်ခြောက်လ အကြာမှာတော့ ဒီပညာ ရေးဟာ တကယ်ပေးရတာနဲ့ တန်တယ်လို့ ကျွန်တော် မထင်တော့ပါဘူး။ အဲဒီအချိန်က ကျွန်တော့မှာ ဘဝရည် မှန်းချက်ဆိုတာ မရှိခဲ့ပါဘူး။ တတ္ကသိုလ်ပညာရေးကနေပြီး ကျွန်တော့ရဲ့ ဘဝရည်မှန်းချက်ကို ဘယ်လိုလုပ်ပြီး အဖြေထုတ်ပေးနိုင်မယ် ဆိုတာလဲ စဉ်းစားလို့ မရခဲ့ပါ။ ဒီတော့ ကျွန်တော်ဟာ မိဘတွေရဲ့ တစ်သက်စာစုငွေကို တက္ကသိုလ်မှာလာပြီး ဖြုံးနေတာပါဘဲ။

ဒါနဲ့ ကျွန်တော်လဲ တက္ကသိုလ်ကထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အချိန်ကျရင်အားလုံး အဆင်ပြေ သွားမှာပါလို့ မျက်စိစုံမှိတ်ပြီး လုပ်ခဲ့တာပါ။ အဲဒီတုန်းကတော့ ကြောက်ကြောက်နဲ့ လုပ်ခဲ့တာပါ။ ခု ပြန်စဉ်းစား ကြည့်တဲ့အခါမှာတော့ ဒီဆုံးဖြတ်ချက်ဟာ ကျွန်တော့ရဲ့ အကောင်းဆုံး ဆုံးဖြတ်ချက် တစ်ခုပါ။ ကျောင်းက ထွက်လိုက်တာနဲ့ ချက်ချင်းဘဲ မတက်ချင်ဘဲ တက်နေရတဲ့ အတန်းတွေကို တက်စရာ မလိုတော့တာကြောင့် တက်ချင် စရာကောင်းတဲ့ အတန်းတွေထဲမှာ ဝင်ထိုင် ကျောင်းသား လုပ်ခဲ့ပါတယ်။
ဒီဇာတ်လမ်းမှာ ကဗျာမဆန်တာ တွေလဲပါပါတယ်။ ကျွန်တော့မှာ နေစရာ အခန်းမရှိတော့ပါဘူး။ ဒီတော့ ကျွန်တော့် သူငယ်ချင်းတွေရဲ့အခန်း ကြမ်းပြင်ပေါ်မှာ အိပ်ခဲ့ရပါတယ်။ Coke ပုလင်းတွေကို လိုက်စုပြီး ပြန်အပ်လို့ရတဲ့ တစ်ပုလင်း ၅ ဆင့်ဆိုတဲ့ ပိုက်ဆံနဲ့ ဗိုက်ဖြည့်ရပါတယ်။ တနင်္ဂနွေနေ့ ညတိုင်း ခုနှစ်မိုင် လမ်းလျှောက်ပြီး Hare Krishna ဟိန္ဒူဘုရားကျောင်းမှာ ထမင်းတနပ် အဝ သွားစားရပါတယ်။ စားလို့ အင်မတန်ကောင်းပါတယ်။ စူးစမ်းလိုစိတ် နောက်လိုက်ရင်း၊ စိတ်ထဲမှာ ပေါ်လာတာတွေကို လိုက်လုပ်ရင်း ကြုံကြိုက်ခဲ့တာ အတော်များများဟာ နောက်ပိုင်းမှာ အဖိုးမဖြတ် နိုင်တဲ့ အတွေ့အကြုံတွေ ဖြစ်လာခဲ့ပါတယ်။ ဥပမာလေးတစ်ခု ပေးပါရစေ။

Sunday, April 29

အချိန်ပညာ


ကျွန်တော်ဒီတစ်ခါ ကျွန်တော်ဖတ်ဖူးတဲ့ အကြောင်းအရာလေးတစ်ခုကို ပြန်ပြီးပြောပြချင်ပါတယ်။ 

ရှေးအခါက ဘုရားအလောင်းတော်ဟာ ဗာရာဏသီပြည်မှာ လုလင်ငါးရာကို ပညာသင်ပေးနေတဲ့ ဒိသာပါမောက္ခကြီး တစ်ဦးဖြစ်ခဲ့တယ်။ လုလင်တွေမှာ အချိန်မှန်မှန်တွန်တဲ့ ကြက်တစ်ကောင်ရှိတယ်။ လုလင်တွေဟာ အဲဒီကြက်တွန်သံကိုနားထောင်ပြီး  အိပ်ရာထ ပညာသင်ယူကြပါတယ်။ တစ်နေ့တော့ အဲဒီကြက် သေသွားခဲ့ပါတယ်။ ဒါနဲ့ လုလင်တွေလည်း ကြက်တစ်ကောင်ထပ်ရှာကြပါတယ်။ လုလင်တစ်ယောက်က သုဿန်မှာ ထင်းခွေရင်းနဲ့ ကြက်တစ်ကောင်ကို ဖမ်းလာခဲ့ပါတယ်။ အဲဒီကြက်က သုဿန်မှာ ကြီးပြင်းလာတာမို့ ဘယ်ချိန် တွန်ရမယ်ဆိုတာကိုမသိပါဘူး။  ဒါကြောင့် တစ်ခါတစ်ရံမှာ ညဉ့်နက် သန်းခေါင်တွန်ပါတယ်။ တစ်ခါတစ်ရံမှာ မိုးလင်းမှ တွန်ပါတယ်။ ညသန်းခေါင်မှတွန်တော့ အတတ်ပညာသင်နေတဲ့ လုလင်တွေဟာ ညသန်းခေါင်ကနေ မနက်အာရုဏ်တက်အထိတောင် မသင်ယူနိုင်ကြတော့ပါဘူး။  အိပ်ငိုက်နေတုန်းသင်တာဖြစ်တဲ့အတွက် ဘယ်ရာမှလည်းကောင်းကောင်း မမှတ်မိကြတော့ဘူး။ မနက်မိုးလင်းအားကြီးမှ တွန်တော့လည်း စာသင်ဖို့အချိန်တွေ နှောင်းကုန်ပါသတဲ့။ အဲဒီတော့သူတို့စဉ်းစားကြတယ်။ " ဒီကြက်ဟာ မိုးလင်းမှ တွန်ချင် တွန်တယ်၊ ညသန်းခေါင်မှတွန်ချင်တွန်တယ် ၊ ငါတို့ဒီကြက်ကို အားကိုးလို့ကတော့ အတတ်ပညာပြီးဆုံးမှာ မဟုတ်ဘူးတော့ဘူးလို့ " စဉ်းစားမိကြတယ်။ ဒါနဲ့ သူတို့လည်း အဲဒီ အချိန်မဟုတ် အခါမဟုတ်တွန်တဲ့ကြက်ကို လည်လိမ်ပြီး ရိုက်သတ်လိုက်ကြတယ်။  အဲဒီကြောင်းအရာကို ဘုရားအလောင်းတော် ဒိသာပါမောက္ခကြီးကို ပြောကြားကြပါတယ်။  အဲဒီတော့ ဆရာကြီးက " အဆုံးအမကို မခံယူရဘဲ ကြီးပြင်းခဲ့တာမို့ ဒီကြက်ဟာ သေပွဲဝင်ရတယ် " လို့ မိန့်ခဲ့ပါတယ်။
ဒီကြက်ဟာ အချိန်အခါကိုမသိလို့အသတ်ခံရတယ်။ အချိန်အခါကို ဒီကြက်လို တိရစ္ဆာန်မှ မသိကြတာ မဟုတ်ပါဘူး။ တစ်ချို့လူများလည်း အချိန်အခါကို မသိကြပါဘူး။ အချိန်အခါကိုသိတဲ့ အသိဥာဏ်ရှိဖို့ လူတိုင်းမှာ လိုအပ်ပါတယ်။ အချိန်အခါကို တိရစ္ဆာန်မသိရင် တိရစ္ဆာန်မှာ ဒုက္ခတွေ့တယ်၊ လူကမသိဘူးဆိုရင် လူမှာ ဒုက္ခတွေ့ရတတ်ပါတယ်။  အချိန်အခါဆိုတာ ဘယ်လိုမျိုးလဲဆိုရင် စကားကိုပြောသင့်တဲ့အချိန်မှ ပြောတာ၊ မပြောသင့်တဲ့အချိန်ကိုမပြောတာ ။ အကျိုးရှိတဲ့ စကားဖြစ်အုံးတော့  မပြောသင့်တဲ့အချိန်မှာသွားပြောရင်  အကျိုးမရှိတော့ဘူးပေါ့။ အချိန်မှာ ကျွမ်းကျင်တဲ့ ပညာဟာ နေရာတကာမှာ လိုအပ်ပါတယ်။ မင်္ဂလာဆောင်နေပါတယ်ဆို အသုဘ အကြောင်းပြောတာတို့၊ စာသင်ခန်းထဲမှာဆိုရင်လည်း Bio သင်နေပါတယ်ဆို physics အကြောင်းထပြောတာ အဲလိုမျိုးပေါ့။ ကျွန်တော်တို့ ပိတ်ဝန်းကျင်မှာလည်း အများကြီးပါ ။ အခြေအနေနဲ့ အချိန်အခါကို သိဖို့ အများကြီး လိုအပ်ပါတယ်။ ဥပမာပေါ့နော်... သူငယ်ချင်းတစ်ယောက် စိတ်မကောင်းဖြစ်နေတာကို...နင်က ဘာဖြစ်တယ်..ညာဖြစ်တယ်ဆိုပြီး အပြစ်ပြောနေမယ်ဆိုရင်တော့...ရလဒ်က ကောင်းမှာမဟုတ်ပါဘူး။ ဒီချိန်မှာသူဘာသာ  ဘာပဲ မကောင်းလုပ်ခဲ့လုပ်ခဲ့ သူစိတ်မကောင်းချိန်မှာ နှစ်သိမ့်ဖေးမပေးရမှာပေါ့။ တစ်ချို့ဆိုရှိသေးတယ်  နှစ်ယောက်တည်းပြောရမယ့် စကားကို လူကြားထဲရောက်မှ ပြောတာ။ အဲဒီပြောတဲ့စကားက တစ်ဖက်လူရဲ့ အားနည်းချက်ဖြစ်နေတယ်ဆိုပါစို့။ သူဘယ်လိုခံစားရမလဲ။ ပြောလိုက်တဲ့သူအပေါ်ကိုရော ဒေါသမထွက်နိုင်ဘူးလား ။ အဲဒီတော့ မခေါ်မပြောကြဖြစ်ကုန်ရော။ သူတပါးရဲ့အားနည်းချက်ကို  လူကြားသူကြားထဲမှာ ဘယ်တော့မှ..ထုတ်ဖော်မပြောသင့်ပါဘူး။ပြောချင်အုံးတော့ နှစ်ယောက်တည်းရှိတဲ့အချိန်မှာ မင်းဒါလေးတော့ပြင်သင့်တယ်ကွာ၊ မင်းမှာဒီအားနည်းချက်လေး ရှိနေတယ်။ ပြီးတော့ ဘယ်လောက်ပဲ တန်ဖိုးရှိတဲ့ စကားပြောနေပါစေ နားထောင်တဲ့သူက မဖြစ်မနေမို့ နားထောင်နေရတယ်ဆိုရင်လည်း ဘာအကျိုးရှိမှာလဲ။ ဆရာက စာမေးပွဲနီးလို့  စာကျက်ကြ ငါ့တပည့်တို့လို့ပြောပြီး.တပည့်တွေက စာမကျက်ဘူးဆိုရင် စာမေးပွဲကျ ကြမှာပေါ့။ ဆရာပြောလိုက်တာ စာကျက်ကြဆိုတဲ့ တန်ဖိုးရှိတဲ့စကားပဲ။ တပည့်တွေက မလိုက်နာတော့ အချည်းအနီးပဲ ဖြစ်သွားတယ်။  သူငယ်ချင်းတို့လည်း အချိန်ပညာကို ကျွမ်းကျင်စွာ တတ်ကျွမ်းကြပါစေ...။ စကားကိုပြောသင့်တဲ့အချိန်ပြော၊ မပြောသင့်တဲ့အချိန်မပြောဘူးတော့ ဟုတ်ပါပြီ။ တန်ဖိုးရှိတဲ့ စကား ၊ ထောင်တန်တဲ့ စကားတွေပြောလာသူရှိရင်လည်း အမိအရ ဖမ်းယူနိုင်ကြပါစေ....။ ကျွန်တော်စာမရေးတတ်ပါ။ သည်းခံပြီးတော့ ဖတ်ပေးတာကို အထူးပင်ကျေးဇူးတင်ပါတယ်။


အားလုံးကိုလေးစားလျက်......

Tuesday, March 27

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား



ဆရာဖေမြင့်ရေးတဲ့ ဆောင်းပါးလေးပါ။ အရမ်းကိုကောင်းပါတယ်။ အတုယူစရာတွေ ၊ လိုက်နာ မှတ်သားသင့်တာတွေ အများကြီးပါ။ စိတ်ဓာတ်ခွန်အားလည်း ဖြစ်စေပါတယ်။ မဖတ်ရသေးသူများအတွက် ပြန်လည် ဖော်ခြင်းဖြစ်ပါသည်။

လက်(စ)ပေါလ်(Les Paul)အမေရိကန် ဂစ်တာသမား။ ၁၉၁၆တွင် ၀စ္စကွန်ဆင်ပြည်နယ် ဝေါ်ကီရှာမြို့၌ ဖွားသည်။ရေဒီယို၌ ကျေးလက်တေးများ တီးခတ်သီဆိုရင်း စတင်နာမည်ရခဲ့သည်။ ထို့နောက် ဂျပ်ဇ်ဂီတဘက်သို့ ကူးပြောင်းကာ လက်(စ)ပေါလ်သုံးယောက်ဝိုင်းကို ဖွဲ့စည်းသည်။ ၁၉၃၈ မှ ၁၉၄၁ အတွင်း နာမည်ကြီးဖရက်(ဒ)၀ါရင်းအဖွဲ့နှင့် လိုက်ပါ ဖျော်ဖြေရင်း သုံးယောက်ဝိုင်း ပို၍လူသိများလာသည်။ ၁၉၄၂တွင် ဟောလိဝုဒ်သို့ရောက်သည်။ ၁၉၅၀ ကျော်နှစ်များအတွင်း သူအထူးကျော်ကြား အောင်မြင်လာသည်။ အဓိက,က ဇွဲနပဲကြီးကြီးနှင့် ဆောင်ရွက်ခဲ့သည့် သူ၏ စမ်းသပ်တီထွင်မှုများကြောင့်ဖြစ်သည်။ ဂစ်တာဖြင့် မာလတီပယ် ရီကော့ဒင်းများ သူ စတင်ပြုလုပ်သည်။ ဆောလစ် ‘လော့ဂ်’ ဂစ်တာကို တီထွင်သည်။ လျှပ်စစ်ဂစ်တာ ရေပန်းစားအောင် သူကြိုးပမ်းခဲ့သည်။ ဇနီးမေရီဖို့ဒ်နှင့်တွဲဖက်၍ ထင်ရှားသော ဓာတ်ပြား အချပ်ပေါင်းများစွာ သွင်းခဲ့ပြီး ရုပ်မြင်သံကြားတွင်လည်း နှစ်ပေါင်းအတော်ကြာအောင် ပူးတွဲတင်ဆက်ခဲ့သည်။ နောက်ပိုင်းကာလ၌ လျှပ်စစ်ဂစ်တာအား ပို၍ပီပြင်ထက်မြက်သောတူရိယာပစ္စည်း ဖြစ်အောင် မွမ်းမံပြုပြင်သော အလုပ်ကိုပင်နှစ်မြှပ်လုပ်ကိုင်ခဲ့သည်။


‘ကိုယ်တကယ်လုပ်မကြည့်သေးပဲနဲ့ ကျွန်တော်လုပ်မရဘူး လို့ဘယ်တော့မှမပြောနဲ့’
ကျောက်တုံးကျောက်ခဲနှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာဖိတွန်းလျှင် တစ်ချိန်မှာ ပြိုလဲသွားနိုင်သည်။


‘မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား’
အဲသည်နေ့တုန်းက အလုပ်သမားတွေ မြောင်းတူးနေကြသည်။ သို့သော် ကျွန်တော်က မြောင်းကို စိတ်မ၀င်စား။ နေ့လယ်စာ စားရန် သူတို့နားကြသည့်အချိန် ဆံပင်ဖြူကျိုးကျဲ နှင့် အလုပ်သမားကြီး တစ်ယောက် သူ့ဘာဂျာဟောင်းလေး ထုတ်ပြီး မှုတ်သည့်အခါမှသာ ကျွန်တော်အံ့သြသဘောကျကာ ငေးကြည့်နေမိသည်။ အဲသည်တုန်းက ကျွန်တော် ကျောင်းသားလေးပဲ ရှိသေးသည်။ ကျွန်တော်စိတ်ထဲတွင် ‘ငါသာ ဒီလိုမှုတ်တတ်ရင် သိပ်ကောင်းမှာပဲ’ ဟုတွေးနေမိသည်။ သည်အခိုက် အလုပ်သမားကြီးက ဘာဂျာကို ကျွန်တော့်ဆီ ရုတ်တရက်ထိုးပေးသည်။ ‘လုပ်ကွာချာတိတ်မှုတ်ကြည့်စမ်း’ ‘ကျွန်တော်မမှုတ်တတ်ဘူးခင်ဗျ’ကျွန်တော်ကငြင်းသည်။ လူကြီးက ကျွန်တော့်ကို တစ်ချက်စိုက်ကြည့်သည်။ ပြီးတော့မှ ‘ဘယ်ဟုတ်မလဲ ကလေးရ ၊ မှုတ်သာကြည့်စမ်းပါ ၊ တော်ကြာတော့ မင်းကျွမ်းသွားမှာ’ ဟုဆိုသည်။ အဲသည်နောက် သူက ကျွန်တော့်တစ်သက်တာအတွက် တန်ဖိုးအရှိဆုံး စကားတစ်ခွန်းကို ဆိုသည်။ ‘ကိုယ် တကယ်လုပ်မကြည့်သေးဘဲနဲ့ ကျွန်တော်လုပ်မရဘူးလို့ ဘယ်တော့မှ မပြောနဲ့ကွ’ ဟူ၍။ တစ်နေ့မှာ စန္ဒရားဆရာက အမေ့ထံ စာတစ်စောင် ကျွန်တော်နှင့် ပေးပါသည်။ စာက ကျွန်တော်နှင့်ပတ်သက်၍မညှာမတာရေးထားသည့်စာ။ ‘ခင်ဗျားရဲ့သား လက်စတာဟာ ဂီတပညာ ဘယ်တော့မှ သင်လို့တတ်မှာမဟုတ်ဘူး ၊ ကျွန်တော်သူ့ကိုနောက်ထပ်မသင်နိုင်တော့ပါ’တဲ့။ သည်စာ ဖတ်ပြီးနောက် အလုပ်သမားကြီး ပြောခဲ့သောစကားကို ကျွန်တော်ပြေးသတိရသည်။ စင်စစ် ကျွန်တော်နောက်မဆုတ်ချင်ပါ။ ကျွန်တော်ဂီတပညာ သင်၍ မရနိုင်ဆိုတာ သေချာအောင်မှ စမ်းသပ်မကြည့်ရသေးတာ။ သင်လို့ရတယ်ဆိုတာ သက်သေပြနိုင်အောင် ငါ ကြိုးစားမယ်ဟုကျွန်တော်ဆုံးဖြတ်လိုက်သည်။ အဲသည်နှစ်မှာ ကျွန်တော် ကိုယ့်ဘာသာ ဂစ်တာအတီးသင်သည်။ ကျွန်တော့်အိမ်နားမှာ ဂစ်တာသမားတစ်ယောက်ရှိရာ အဲသည်လူ တီးသည့်အခါ ဘေးက အသေအချာကြည့်ပြီး ကြိုးခြောက်ကြိုးပေါ်မှာ လက်ချောင်းလေးတွေ ဘယ်အနေအထား ထား၍တီးလျှင် ဘယ်အသံထွက်သည်ဆိုတာ မှတ်သားကာ ၄င်းအတိုင်း ထပ်တူလိုက်တီး ကြည့်ခြင်း ဖြစ်သည်။ သင်ယူရသည့်ချိန်တာကရှည်ကြာလှပါသည်။ သို့သော် ဘာပဲဖြစ်ဖြစ် ကျွန်တော့်အဖို့တော့ ကိုယ် ပိုင်ပိုင်နိုင်နိုင်တီးခတ်နိုင်မည့်တူရိယာပစ္စည်းတစ်ခုကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။


အသက်နှစ်ဆယ် အရွယ်မှာ ကျွန်တော်က ကျွန်တော့်ဂျပ်ဇ်ဂစ်တာကို ပင်တိုင်ထားပြီး သုံးယောက်ဝိုင်းတစ်ခု ဖွဲ့စည်းသည်။ ပြီး အောင်မြင်ကျော်ကြားလာရမည်ဟူသော ရည်မှန်းချက်နှင့် နယူးယောက်သို့ တက်ခဲ့ကြသည်။ သို့သော် နယူးယောက်ရောက်တော့ နာမည်ကြီးတီးဝိုင်းခေါင်းဆောင်တွေက ကျွန်တော်တို့လို ရွက်ပုန်းသီး ပညာသည်တွေကို ကောင်းကောင်းပင် မဆက်ဆံချင်ကြတာ ကျွန်တော်တွေ့ရသည်။ ကျွန်တော်တို့ လက်သံကို မြည်းစမ်းကြည့်ဖို့ပင်အချိန်မပေးနိုင်လောက်အောင်သူတို့အလုပ်များနေကြသည်။


တစ်နေ့ ဘရော့ဒ်ဝေး သဘင်ဂီတ လမ်းမ အဆောက်အဦးကြီးတစ်ခု၏ ကော်ရစ်ဒါမှာ ကျွန်တော်တို့သုံးယောက်အဖွဲ့ ထိုင်စောင့်နေဆဲ နာမည်ကြီး ပင်ဆီလ်ဗေးနီးယင်းအဖွဲ့၏ ခေါင်းဆောင် ဖရက်(ဒ) ၀ါရင်း ဓါတ်လှေကားဆီသို့ လျှောက်သွားတာ ကျွန်တော်လှမ်းမြင်သည်။ ရုတ်တရက်ပင် ကျွန်တော် သည်လူ့ကို သည်နေရာမှာပဲ တီးပြလိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ ကျွန်တော့်အဖွဲ့သားတစ်ယောက်က လန့်သွားသည်။ ‘ဟ ဒီနေရာကြီးမှာ ဖြစ်ပါ့မလားကွ’ဟု ဆိုသည်။


‘တကယ်ဖြစ်မဖြစ် သေချာအောင် စမ်းကြည့်တာပေါ့ကွာ’ ကျွန်တော်ပြောရင်း ဂစ်တာကို ကောက်ကိုင်လိုက်သည်။ ကံအားလျော်စွာ ဓါတ်လှေကားကလည်း ကြာနေသည်။ ကျွန်တော်တို့လက်သံကို ကြားရသောအခါ ဖရက်(ဒ) အံ့အားသင့်သွားသည်။ ဓါတ်လှေကား ရောက်လာ၍ လှေကားထဲ သူမ၀င်မီမှာပင် ကျွန်တော်တို့ ‘လက်(စ) ပေါလ် သုံးယောက်ဝိုင်း’ ကို သူငှားရမ်းပြီးဖြစ်သွားလေသည်။ ထို့နောက် နှစ်ပေါင်း အတော်ကြာအောင် ကျွန်တော် ညစဉ်ညတိုင်း ဂစ်တာကို အမျိုးမျိုးအဖုံဖုံ တီထွင်စမ်းသပ် တီးခတ်နေခဲ့သည်။ သည်တူရိယာပစ္စည်း တကယ်ထူးခြားပေါ်လွင်လာအောင် မြှင့်တင်ပေးနိုင်မည့် နည်းနာများ ကျွန်တော် မပြတ်ရှာဖွေခဲ့သည်။ နောက်ဆုံးတွင် ဂစ်တာတစ်လက်တည်းနှင့်ပင် ဂစ်တာများစွာပါဝင်သော သံစုံတီးဝိုင်းကြီးတစ်ခုမှ ထွက်လာသည့်အသံမျိုး ရအောင် ဖန်တီးရန် နည်းလမ်းကို ကျွန်တော် တွေ့ရှိခဲ့သည်။ တေးသီချင်းတစ်ပုဒ်အတွက် ရစ်သမ် ၊ မယ်လဒီ ၊ ဟာမိုနီ ၊ ဘက်ဂရောင်း စသည်တို့ကို တစ်ခုချင်း သီးခြားစီ တီးခတ်ပြီး အသံသွင်းယူသည်။ ထို့နောက် ၄င်းဓာတ်ပြားများအားလုံးမှ အသံစုံကို ဓာတ်ပြားတစ်ချပ်တည်းသို့ ပြောင်းရွှေ့ထည့်သွင်းသည်။ ဤသည်ကား ယခုအခါ မာလတီပယ်(Multiples)ဟုလူသိများနေပြီဖြစ်သည့်နည်းဖြစ်ပါသည်။


ပထမဆုံး မာလတီပယ်ဓာတ်ပြားများ သွင်းရန် ကုမ္ပဏီတစ်ခုနှင့် စာချုပ်ချုပ်ဆိုဖြစ်ပြီးနောက် မိသားစုထံ အလည်ပြန်ခဲ့သည်။ အိမ်မှာ ကောင်းကောင်းအနားယူပြီး အပြန်လမ်းတွင် ကားဘီးချော်ပြီး လမ်းဘေး ထိုးကျသည်။ ဆီးနှင်းတွေထဲမှာ ရှစ်နာရီလောက် ကြာပြီးမှ ကျွန်တော့်ကို တွေ့ကြကာ လူနာတင်ယာဉ်နှင့်ဆေးရုံသို့ယူဆောင်ကြသည်။ ဆေးရုံက လူနာမှတ်တမ်းမှာ ရေးသားထားသည့် ကျွန်တော့်ထိခိုက်ဒဏ်ရာစာရင်းက ကြောက်စရာ ရှည်လျားလွန်းလှသည်။ ကျောရိုးဆစ် တချို့ ကျိုးသွားသည်။ ပခုံးနှစ်ဖက်လုံး ကျိုးသွားသည်။ နှာခေါင်းရိုး ကျိုးသည်၊ ညာဘက်လက်မောင်းရိုးက သုံးနေရာတိတိ ကျိုးသွားသည်။ အဲသည်နောက် နံရိုး အတော်များများ၊ တင်ရိုးခွေ၊ ပြီးတော့ ခြေထောက်နှစ်ချောင်းလုံး။ တစ်နေ့နံနက်မှာ ဆရာဝန်တွေ ကျွန်တော့်ညာလက်မောင်းရိုးက ကျိုးကြေသွားတာတွေ သိပ်များနေသဖြင့် ပြန်လည်ပြင်ဆင်နိုင်ဖို့ အလွန်ခဲယဉ်းနေကြောင်း သုံးသပ်ကြသည်။ သည်လက်ကို ဖြတ်ပစ်လိုက်တာအကောင်းဆုံးဖြစ်လေမလားသူတို့ဆွေးနွေးကြသည်။
 သူတို့ ပြောဆိုကြသည့် စကားများ၏ အနက် အဓိပ္ပာယ် အပြည့်အ၀ကို သေချာစွာ စေ့ငုနေမိသည့်အချိန် အခန်းထဲမှာ ကျွန်တော် နောက်ထပ် ဘာသံမျှ မကြား။ ကျွန်တော် စဉ်းစားနေမိသည်က လက်မောင်းရင်းကသာ ဖြတ်မည်ဆိုလျှင် ကျွန်တော့် ဂစ်တာသမားဘ၀ ဆုံးပြီ၊ ကျွန်တော်ကြိုးစားခဲ့သမျှ သဲရေကျပြီ ဆိုတာပဲ ဖြစ်သည်။ ခုတင်ပေါ်မှာ လဲလျောင်းရင်းကပင် အတိတ်ကာလဆီသို့ ကျွန်တော် လွင့်မျောရောက်ရှိသွားသည်။ ဘာဂျာဟောင်းလေးကို မှုတ်နေသည့် မြောင်းတူးအလုပ်သမားကြီးဆီသို့။ ယခုအချိန်ထိ ကျွန်တော် ရရှိခဲ့သမျှ အောင်မြင်မှုသည်လည်း သူပေးသည့် အကြံဉာဏ်အတိုင်း လိုက်နာခဲ့ခြင်းကြောင့်သာ ဖြစ်သည်။ ဆံဖြူကျိုးကျဲနှင့် သူ့ရုပ်သွင်ကိုကျွန်တော်ပြန်မြင်လာသည်။ သို့နှင့်၊ကျွန်တော့်ခုတင်နှင့်အနီးဆုံးမှာရှိသည့်ဆရာဝန်ကိုလှမ်းပြောသည်။ ‘ကျွန်တော် ပြောပါရစေဆရာ၊ ဒီလက်မောင်းကို ဆရာတို့ တတ်နိုင်သမျှ ကြိုးစားကြည့်ကြပါဦး၊ လုံးဝ မရတော့ဘူးဆိုတာ သေချာတော့မှပဲ မရဘူးလို့ လက်လျှော့ကြရအောင်လား ဆရာ’ သည်နောက်မှာတော့ ကျွန်တော့်လက်မောင်းကို အကြိမ်ကြိမ် အထပ်ထပ် ခွဲစိတ်ကြသည်။ ခြေထောက်က အရိုးကို လက်မောင်းဆီ ဆက်ပွားနိုင်ပြီးတော့မှသာ လက်တစ်ချောင်းလုံး ဖြတ်ပစ်ရတော့မည့် အန္တရာယ်မှ လွတ်မြောက်သွားတော့သည်။ သို့သော် တံထောင်ဆစ်နေရာမှာ ပြဿနာကျန်နေသေးသည်။ တံထောင်ဆစ်နားတွင် အရိုးတွေ ကြေမွသွားသည်ဖြစ်ရာ အဲသည်နေရာတွင် သတ္တုပြားတစ်ခု အစားထိုးပြီး ပြန်လည်တည်ဆောက်ရသည်။ သည်နေရာမှာ အကွေးအဆန့်လုပ်၍ ရမည်မဟုတ်တော့။ ကွေးလျှင် အကွေးအတိုင်း ၊ ဆန့်လျှင် အဆန့်အတိုင်း တစ်သမတ်ရှိတော့မည်ဖြစ်ရာ ဆရာဝန်များအား ကျွန်တော် ဂစ်တာတီးရန် အဆင်ပြေသည့် အနေအထားအတိုင်းထားပေးရန်မေတ္တာရပ်ခံလိုက်သည်။


တကယ် ဂစ်တာတီး၍ ရ မရ သေချာအောင်ကား တစ်နှစ်ခွဲလောက် ကြာအောင် စောင့်ဆိုင်းခဲ့ရသည်။ သို့သော် မရဘူး ဆိုတာ မသေချာမချင်း လက်မလျှော့ဘူးဟူသော မူဝါဒကို လက်ကိုင်ထားသူပီပီ အဲသည်စောင့်ဆိုင်းနေရစဉ် ကာလအတွင်းမှာ တေးသွားတွေ၊ တီးကွက်တွေကို ခေါင်းထဲမှာပဲ စဉ်းစားသည် ၊ စီစဉ်သည် ၊ အမျိုးမျိုးအဖုံဖုံ စမ်းသပ်တီးခတ်ကြည့်နေသည်။ တဖြည်းဖြည်း ကျွန်တော့်ခေါင်းထဲမှာ ဧရာမ လောင်းပလေး ဓာတ်ပြားကြီး တစ်ချပ် တည်ဆောက်မိလာသည်။ ကျွန်တော်ဂစ်တာ သေသေချာချာ ပြန်ကိုင်နိုင်သည့်အချိန် တီးခတ်မည့် ဂီတသံစဉ်တွေအားလုံးသည်ဓာတ်ပြားကြီးထဲမှာသိုမှီးထားသည်။ သည်လိုနှင့် နောက်ဆုံး ကျောက်ပတ်တီးဖြည်ရမည့်အချိန် ဆိုက်ရောက်လာပါသည်။ အဲသည်နောက်တွင် လုံးဝ အချိုးမကျဖြစ်နေသော ကျွန်တော့်ညာဘက်လက်ကို အရင်တုန်းက သူတတ်ခဲ့သမျှတွေ ပြန်လုပ်တတ်အောင် ခဲယဉ်းပင်ပန်းစွာ ပြန်လည်သင်ကြားခြင်း ပြုရပါသည်။ ထို့နောက်သုံးယောက်ဝိုင်းတစ်ခုထပ်မံထူထောင်ကာနယ်ပွဲစဉ်များစတင်သည်။


သည်လိုလုပ်ဖြစ်ရန်အတွက် ကျွန်တော် အတော်ကြီး သတ္တိမွေးခဲ့ရသည်။ ဇွဲကြီးကြီးနှင့်လည်း အားထုတ်ခဲ့ရပါသည်။ ယခင်ပုံမှန်အနေအထား ရောက်အောင် ကျွန်တော်ပြန်လုပ်နိုင် မလုပ်နိုင် ဆိုသည်ကစင်ပေါ်တကယ်တက်ကြည့်မှသေချာပေါက်သိနိုင်မည်မဟုတ်လား။ တစ်မြို့ပြီးတစ်မြို့၊ တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက်ကူးကာ တစ်နှစ်လောက်ကြာအောင် ကျွန်တော်ထွက်ခဲ့သည်။ အလွန်ပင်ပန်းသည်။ သို့သော် အဲသည်ပြင်းထန်ကြမ်းတမ်းလွန်းသော ခရီးစဉ်က အကျိုးရလဒ်ကြီးမားခဲ့သည်။ ထိခိုက်ဒဏ်ရာ မရမီက လက်ကို မီအောင် ကျွန်တော် ပြန်လည်တီးခတ်လာနိုင်ခဲ့သည်။ ကျွန်တော် ဓာတ်ပြားတွေ ပြန်သွင်းဖြစ်သည်။ သည်အခါမှာတော့ ကျွန်တော့်ဂစ်တာသံမှာ ဇနီးသည် မေရီဖို့ဒ်၏ အဆိုပါ တွဲဖက်ပါဝင်လာပြီ။ ကျွန်တော့်တို့ ဇနီးမောင်နှံ၏ ဓာတ်ပြားတွေကို တစ်ကမ္ဘာလုံးက နှစ်ခြိုက်စွာ နားသောတ ဆင်ကြသည်။ ဓာတ်ပြား ချပ်ပေါင်း ၁၇ သန်းကျော်မျှ ၀ယ်ယူအားပေးခဲ့ကြသည်။ အတိုင်းတိုင်း အပြည်ပြည်က လူငယ်များလောကတွင်လည်း ဂစ်တာ ဆိုသော တူရိယာပစ္စည်းက အကြီးအကျယ် ရေပန်းစားကာ အားတက်သရော လေ့ကျင့်တီးခတ်လာခဲ့ကြသည်။
***
များမကြာမီကမူ မိတ်ဆွေ ဂီတသမားတစ်ယောက် ကျွန်တော့်နည်းတူ ဆိုးဆိုးဝါးဝါးထိခိုက်အနာတရဖြစ်သည့်အကြောင်းကြားသိရသည်။ သူက စန္ဒရားသမား ဖြစ်သည်။ ထိခိုက်ဒဏ်ရာကြောင့် စန္ဒရားလုံးဝမတီးနိုင်တော့ပြီ၊ ဂီတပညာရှင်ဘ၀ကို စွန့်လွှတ်ရတော့မည်ဟု ကြားရသည့်အခါ ကျွန်တော် သူ့ကို စာတွေ အစောင်စောင်ရေးကာ ဂီတကို မစွန့်လွှတ်ဖို့ ၊ ပြန်လည်ကြိုးစားကြည့်ဖို့ တိုက်တွန်းသည်။ ‘ကျွန်တော် မတတ်နိုင်တော့ပါဘူးဗျာ’ သူ့ထံမှ စိတ်ပျက်စွာ အကြောင်းပြန်လာသည်။


‘မတတ်နိုင်တော့ဘူးဆိုတာ သေချာလား ၊ သေချာအောင် ခင်ဗျား စမ်းကြည့်ပြီးပြီလား’ ဟူ၍ပဲ ကျွန်တော် ထပ်တလဲလဲ ပြန်မေးသည်။ နောက်ဆုံးတော့ ကျွန်တော့်တိုက်တွန်းမှု အောင်မြင်သွားသည်။ သူစန္ဒရားပြန်တီးသည်။ မျှော်လင့်ချက် ကင်းမဲ့သော အနေအထားမှ နေ၍ တောက်ပသော အနာဂတ် တစ်ခု သူပြန်လည် တည်ဆောက်နိုင်ခဲ့သည်။
***
သည်လိုပဲ တစ်ကြိမ်မဟုတ် တစ်ကြိမ် ကျွန်တော်တို့ဘ၀တွေမှာ အုတ်နံရံကြီး ကာဆီးထားသလို ခက်ခဲသော အနေအထားမျိုးကြုံရတတ်ပါသည်။ ဖြေရှင်းရန် နည်းလမ်းမရှိတော့ပြီဟု ထင်ရသည့်ပြသာနာမျိုး။ ဆောင်ရွက်ရန် လုံးဝမဖြစ်နိုင်ဟု ယူဆရသော လုပ်ငန်းတာဝန်မျိုး။ သည်အနေအထားမျိုး ကြုံရသောအခါ ငါ မတတ်နိုင်ဟု အလွယ်တကူ မပြောပါနှင့်။ ငါ မတတ်နိုင်ဘူးဆိုတာ သေချာသလား လက်တွေ့ စမ်းကြည့်ပါ။ မတတ်နိုင်တာ တကယ်သေချာပါပြီဆိုတော့မှသာ လက်လျှော့ပါ။ ကျွန်တော်ကိုယ်တိုင် အနေနှင့်မူ ငယ်စဉ်က တွေ့ဖူးသည့် မြောင်းတူးသူအလုပ်သမားကြီး၏ ကျေးဇူးကြီးမားလှသော သြ၀ါဒစကားကို လိုက်နာခဲ့သည့် အကျိုးကြောင့် ကျောက်တုံးကျောက်ခဲနှင့် တည်ဆောက်ထားသည့် နံရံတံတိုင်းဟူသည်လည်း နာနာ ဖိတွန်းလျှင် တစ်ချိန်မှာ ပြိုလဲသွားနိုင်သည်ဆိုတာ တွေ့မြင်သိမြင်ခဲ့ပြီဖြစ်ပါသည်။


  'ဖေမြင့်'

Thursday, March 22

မိန်းကလေးများ ဆင်ခြင်ကြပါ



ကျွန်တော် ဒီနေ့ ဖေ့ဘွတ်ကိုဖွင့်ကြည့်လိုက်တယ်။ တွေ့တွေ့ချင်းကို ရင်ထဲမှာ နင့်သွားတာပဲဗျာ။ ဘာလို့လည်းဆိုတော့ ကောင်မလေးတစ်ယောက် ရေးထားတဲ့ Status  မှာ ဗျာ။ မိန်းကလေးတန်မဲ့ ဆဲထားလိုက်တာဗျာ။ နင့်အမေ့(......) ဟိုင်း...Everyone တဲ့။  သူဘာသာပေါ့ ဘယ်လောက်ပဲ မကျေနပ်ချက်တွေ များပါစေ။ ဒီလိုတော့ မဆဲသင့်ပါဘူး။ မိန်းကလေးတစ်ယောက်ရဲ့သိက္ခာဆိုတာ ဘယ်ရောက်သွားပြီလဲ။  မိန်းကလေးဆိုတာ များသောအားဖြင့် နူးညံ့တယ် ၊ သိမ်မွေ့တယ်၊ ယဉ်ကျေးကြတယ်။ ဒါက သူတစ်ယောက်အတွက်ပဲထိခိုက်သွားတာ မဟုတ်ဘူးနော်။ သူ့အသိုင်းဝိုင်း၊သူ့ပတ်ဝန်းကျင်ပါ ထိခိုက်သွားတယ်ဆိုတာကို အဲဒီကောင်မလေး မစဉ်းစားမိဘူး ။ အဲဒီစာကို မြင်တဲ့ မိန်းကလေးအချင်းချင်းရော ဘယ်လိုမြင်မလဲ။ အရမ်းကို ရှက်ဖို့ကောင်းပါတယ်ဗျာ။ ပြီးတော့ နောက်တစ်ခုရှိသေးတယ်။ သူ့ရည်စားနဲ့ အဆင်မပြေဖြစ်တာကိုလည်း ($)အဲဒါကို ပါးစပ်ကမချဘဲ မိုးမွန်အောင်ဆဲထားတယ်ဗျာ။ သူ့ရည်းစားတော့ ဘယ်လိုနေတယ်မသိဘူး။ ကျွန်တော်တော့သူငယ်ချင်း list ထဲက ထုတ်ပစ်လိုက်ပြီ။ မိန်းကလေးတွေ ဘာလို့အဲလိုတွေ ဖြစ်နေတယ်ဆိုတော ကျွန်တော်မသိဘူ့း။ ဒါပေ့မယ် သူ့ပတ်ဝန်းကျင်၊ သူ့သူငယ်ချင်းတွေက ဘာလို့ မထိန်းသိမ်းကြပဲလွတ်ပေးထားတာလဲဗျာ။ သူငယ်ချင်းဆိုလို့ မင်းလည်းသူငယ်ချင်းပဲ၊  ပြောပါ့လားလို့ မေးမယ်ဆိုရင်တော့ အမည်ခံသူငယ်ချင်းပဲပေါ့ဗျာ။ Facebook ကသူငယ်ချင်းတွေကို ကျွန်တော်စကားတောင်ပြောတာမဟုတ်ပါဘူး။ သတင်းတခုခုရဖို့ရယ်၊ မိမိအတွက် စိတ်ဝင်စားစရာတစ်ခုခုရမယ်ဆိုတာရယ်၊ကိုယ်ပိုင် ဒိုင်ယာရီလေး တစ်ခုအဖြစ်သုံးတာပါ။ မရင်းနှီးပါဘူး သူတို့တွေနဲ့။ အဲဒီနှစ်ယောက်တည်းမကဘူးနော်။ နောက်ထပ်လည်းရှိသေးတာ။ နောက်တစ်ခုက Sexy ပုံတွေ ထင်ကြတယ်။ ခေတ်မီတာလား ၊ ခေတ်လွန်တာလားတော့ မပြောတတ်ဘူး။ မိန်းကလေးမှာ ရှိသင့်တဲ့ အရှက်တရားတွေကရော ဘယ်ရောက်သွားပြီလဲ။ ယောက်ျားလေးတွေကတော့ ဘာပြောမလဲ တင်ပေါ့။ မျက်စိတောင် အစာကျွေးလိုက်အုံးမယ်။ ပေါ်ပြူလာဖြစ်ချင်ကြလို့လား၊ သူငယ်ချင်းတွေ များအောင်လို့လား အယူအဆတွေ လွဲမှားနေကြတယ်။ တစ်ချို့ကပြောသေးတယ် ကိုယ်ရည်းစားနဲ့ လွတ်လွတ်ကဲထားတာ တင်တာ ဘယ်သူ့ $ ဂရုစိုက်ရမှာလဲတဲ့။ တင်ထားတဲ့ပုံတွေက ပလူးပလဲ ပုံတွေ။ အင်းပြောရရင်တော့ အများကြီးပဲဗျာ။ ဒါက ဖေ့ဘွတ်ပေါ်မှာနော်။ နောက်တစ်ခုက အပြင်ဘက်လက်တွေ့မှာ ဖြစ်တာတွေပေါ့။ မိန်းကလေးတစ်ယောက် စကက်တိုတိုဝတ်လို့ ဘတ်စ်ကားပေါ်မှာ ပေါင်အကိုက်ခံလိုက်ရတာ အားလုံးလည်းသိကြမှာပါ။ အဲလိုပေါ့ ၀တ်စားဆင်ယင်မှုတွေ ကလည်း  တိုသထက် တိုလာကြတယ်။ ပြောမယ်ဆိုရင် အရမ်းကိုဟော့လာကြတယ်။ ခေတ်မီတာ လက်ခံပါတယ်။ ခေတ်လွန်တာကျတော့ မကောင်းတော့ဘူးပေါ့။  ကောင်လေးတွေ မနောက်ယှက်အောင်တော့ မိမိကိုယ်ကို အရင်ပြင်သင့်တာပေါ့နော်။ ကိုယ်က အတိုလေးတွေဝတ်၊ ဟိုက်လိုက်တွေ ၀တ် မယ်ဆိုရင်တော့ အစခံရတာ၊ အနောက်ခံရတာ ၊ အီခံရတာ နည်းသေးတယ်လို့ အဲလို မိန်းကလေးတွေကိုပြောလိုက်ချင်ပါတယ်။ နောက်ပြီး မယုံရင် စောင့်ကြည့်ပါ။ သင်္ကြန်မှာ ပြဿနာ ပေါင်း သောင်းခြောက်ထောင် ကြားရပါလိမ့်မယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲလုပ်ချင်တာ မလုပ်ကြပါနဲ့လို့ အချို့အချို့သော မိန်းကလေးများကို ပြောချင်ပါသည်။   ကိုယ့်ကြောင့် ကိုယ့်မိဘ ၊ကိုယ့်မောင်နှမ ၊ကိုယ့်သူငယ်ချင်းတွေ ပါ ထိခိုက်စေမယ့် အပြုအမှု ၊အပြောအဆို၊ အနေအထိုင်၊ အ၀တ်အစား အားလုံး အားလုံး ဆင်ခြင်ကြပါလို့ တိုက်တွန်းနိုးဆော်လိုက်ပါရစေ။ မိန်းကလေးများကို ထိခိုက်စေလိုသော၊ ရှုတ်ချလိုသော ဆန္ဒ လုံးဝ၊ လုံးဝ မပါ ပါ။ ဒီပိုစ့်ကို ဖတ်မိတဲ့သူတွေမှာ လည်း အဲလိုမျိုး မိန်းကလေးတွေ တစ်ယောက်မှ မပါဘူးဆိုတာ ယုံပါတယ်။ ဘာလို့လည်းဆိုရင် အဲလိုမိန်းကလေးများက စာဖတ်ပါ့မလား။ တစ်ချို့ တစ်ချို့သော မိန်းကလေးများကြောင့် နှမချင်း ကိုယ်ချင်းစာမိလို့ ဒီပို့စ်လေးကို ရေးသားတင်ပြ လိုက်ရပါသည်။


အားလုံးကိုလေးစားလျက်....

Saturday, March 10

စာဖတ်ခြင်း စာမဖတ်ခြင်းနှင့် ယနေ့ခေတ်လူငယ်


''အရှေ့ကနေဝန်း ထွက်သည့်ပမာပ၊ တို့ခေတ်ကို ရောက်ရမည်မှာမလွဲပါ'' အထက်ပါ စာသားလေးကို ရွတ်မိ ဖတ်မိရလေတိုင်း စိတ်ထဲ၌ ကြက်သီးထမျှ တက်ကြွမှုကို ပေးစွမ်းလေ့ရှိပေသည်။ ထိုစာသားသည်ကား တေးရေးဆရာ ဝိုင်အမ်ဘီဆရာတင်၏ 'တို့ဗမာ'သီချင်းမှ စာသားပင်၊ တစ်နည်းအားဖြင့် သခင် ဘသောင်းတို့၏ ကြိုးပမ်းမှုမှထွက်ပေါ်လာသော ပြည်သူတို့၏ ငုပ်လျှိုးနေသည့် အမျိုးသားရေးစိတ်ဓာတ်ကို လှုပ်နှိုးစေခဲ့သော စာသားပင်။
သခင်ဘသောင်း၊ သခင်လေးမောင်၊ သခင်ဗဟိန်းအစရှိသော တက္ကသိုလ်ကျောင်းသားကြီးများ လက်ထက် (၂ဝ)ရာစုဆန်းတွင်မှ 'နယ်ချဲ့ကိုမဖြစ်မနေ တော်လှန်ဆန့်ကျင်ရမည်'ဟူသော အသိစိတ်များနိုးကြားလာခဲ့ကြသည်။ အရှေ့တောင် အာရှနိုင်ငံများ၏ အမျိုးသားရေးလှုပ်ရှားမှုကို ကြည့်လျှင် (၂ဝ)ရာစုဆန်း၊ ခေတ်ပညာတတ်များ ပေါ်ပေါက်လာချိန်မှ စတင်လာကြသည်ကိုတွေ့ရမည်။
ထိုအချိန်ထိုကာလတွင်မှ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများ တိုက်ဆိုင်စွာ ပေါ်ပေါက်လာရသည့် အကြောင်းရင်းကို အဖြေရှာကြည့်ပါလျှင် ခေတ်ပညာတတ်များ ပေါ်ပေါက်လာသောကြောင့် ဖြစ်ကြောင်းတွေ့ရပေမည်။ အဘယ်ကြောင့် ခေတ်ပညာတတ်များက နယ်ချဲ့ဆန့်ကျင်ရေးကို ဦးဆောင်ရပါသနည်းဟု ထပ်ဆင့်တွေးကြည့်သောအခါ ခေတ်ပညာတတ်များသည် အတွေးအခေါ် အသိပညာများ တိုးပွားလာ၍ နားမျက်စေ့ပွင့်လာသောကြောင့် ဖြစ်ကြောင်း၊ အသိပညာတိုးပွား၍ နားမျက်စေ့ပွင့်လာကြသော အကြောင်းရင်းမှာကား ထိုသခင် ကျောင်းသားများ ပညာတတ်လာကြသောကြောင့် စာပေဖတ်ရှုလာကြသောကြောင့် ဟူသည့် ရှင်းလင်းသော အဖြေကို ထင်ရှားစွာ သဘောပေါက်လာရပါသည်။
''ဗာဟုဿဉ္စ၊ သိပ္ပဉ္စ'' ဗဟုသုတ အကြားအမြင်များခြင်း၊ အတတ်ပညာတို့ရှိခြင်း၊ တတ်မြောက်ခြင်းသည် 'မင်္ဂလာ'မည်ကြောင်း မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့ သကဲ့သို့ပင် တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး ကျွန်ဘဝ ရောက်နေရာမှ ခေတ်နောက်ကျနေရာမှ သခင်မင်းသားစိတ်ကို သွတ်သွင်း၍ အထက်တန်းကျသော ဘဝသို့ အရောက်ပို့ပေးခြင်းမှာ ပညာ၊ ဗဟုသုတ၊ စာပေလေ့လာလိုက်စားခြင်းသည် အဓိကဟု ကျွန်တော်ထင်မြင် ယူဆပါသည်။
ဗဟုသုတ အကြားအမြင်ရှိသူ တစ်ယောက်က ဘာမှမသိသော 'အန္ဓ' တစ်ယောက်ကို လှည့်စား၍ရပါသည်။ ပညာတတ်ခြင်း၊ဗဟုသုတအကြားအမြင်များခြင်းဖြင့် အခြားသူအပေါ် လွှမ်းမိုးလူလည်ကျရန်ဆိုလိုခြင်းမဟုတ်ပါ။ အခြားသူ အခြားလူမျိုး၏ လှည့်စားလွှမ်းမိုးခြင်း မခံရရန် 'အန္ဓ' ဘဝမရောက်ရန်သာဆိုလိုပါသည်။
သည်တော့ လူငယ်တွေ ပညာရှာရပါမည်။ ဗဟုသုတ အကြားအမြင်များရန် စာဖတ်ရပါမည်။ ကျွန်တော့်အတွေ့ အကြုံအရပြောရလျှင် ယနေ့လူငယ် တော်တော်များများ စာဖတ်အင်မတန် နည်းပါးပါသည်။ ခြုံငုံပြောရလျှင် စာမဖတ်ကြတော့ပါ ဟုပင် ပြောလိုက်ချင်ပါသည်။ စာပေကိုမလိုက်စားဘဲကျောင်းစာကို အဓိကထား၍ ကြိုးပမ်းနေသည်ဟု ဆိုလျှင်လည်း မထောင်းတာလှသေးပါ။ ကျောင်းစာထဲမှ အသိအမြင် ဥာဏ်ပညာများ တိုးပွားလာနိုင်ပါသေးသည်။ ကျောင်းစာအပြင် ပြင်ပစာပေ ဖတ်ရှုလေ့လာ လိုက်စားသူများအဖို့မူ အလှတွင် အယဉ်ဆင့်၍ တင့်ချင်တိုင်း တင့်နေပေတော့သည်။
ယခုကာလရုပ်ဝတ္ထုများကား တိုးပွားများပြား လှစွာ၏။ အတွေ့အကြုံ နုနယ်သေးသော၊ အတွေးအခေါ် မရင့်ကျက်သေးသော လူငယ်လေးများအတွက် အန္တရာယ်ပေးနိုင်သည့် ပတ်ဝန်းကျင် ရုပ်ဝတ္ထု၊ အခြေအနေတွေက များလှသည်။ 'မိမိ ပညာ၊ သတိသာလျှင် မဟာသြသဓ၊ ဆေးမည်စွရှင့်' ဟူသကဲ့သို့ပင် မိမိ၏အသိပညာသာ အားကိုးရာ ပဲ့ကိုင်ရာဖြစ်ပေသည်။ ထိုအရေးကြီးလှစွာသော အသိပညာ၊ အတွေးအခေါ် တိုးပွားစေရန်မှာ စာဖတ်မှသာ ရပေမည်။
ကျွန်တော်တို့ ငယ်စဉ်ကဆိုလျှင် ဆရာကြီး ဦးတင်ဆောင်၊ ဆရာကြီး ဦးထွန်းမြင့်၊ ဆရာမကြီးဒေါ်မြင့်မူမူ စသော မြန်မာစာအသင်ကောင်း သည့်ကျေးဇူးရှင်ဆရာ ဆရာမကြီးများ၏ အားပေးမှု၊ လမ်းညွှန်မှုဖြင့် စာဖတ်ချင် စိတ်တွေတိုးပွားလာရသည်။ စာတွေဖတ်ရသည်။ ဖတ်ပြီးရင်း ဖတ်ချင်သိပြီးရင်းသိချင်လာကြသည်။
စာဆိုသည်မှာလည်း ဖတ်ပါများမှသာ စာပေ၏ကျေးဇူး၊ စာပေ၏ အရသာကိုသိပြီး မဖတ်ရမနေနိုင်ဖြစ်လာကာ စာပေသမားတစ်ယောက်၊ အသိပညာတိုးပွားသူတစ်ယောက်ဖြစ်လာပေမည်။ ယနေ့ကျောင်းသား ကျောင်းသူလူငယ် အတော်များများသည် မြန်မာစာကို ဝါသနာပါရန်ဝေးစွ၊ အထင်သေးကြသည်လျစ်လျူရှုကြသည်။
'ဒီဘာသာလောက်တော့ အောင်ပါတယ်' ဟူ၍ ခံယူထားကြသည်။ အောင်ရုံလောက်ကိုသာ အာရုံထားနေကြသည်။ ကိုယ့်လူမျိုး၏ဘာသာစကား၊ ကိုယ့်လူမျိုးစာပေ၏နက်ရှိုင်းမှု ကိုယ့်စာပေကပေးသော အသိပညာ၊ အတွေး အခေါ်တွေကို သူတို့မသိ၊ အလေးမထား၊ မခံစားတတ်၊ ဤသည်မှာလည်း ဆန်းတော့မဆန်းပါပေ။ တစ်ခါမျှမမြင်ဖူး၊ မစားဖူးသော မုန့်တစ်မျိုး၏ အကြောင်းကို မည်သို့ပင် ပြောပြသော်လည်း နားထောင်နေသူကလေး အဖို့ သွားရည်ယိုမိမည် မဟုတ်သကဲ့ သို့ပင်။ မစားဖူး၍ထိုမုန့်၏ ထူးကဲသော အရသာကို မသိနိုင်သကဲ့သို့ စာမဖတ်ဖူးသော လူငယ်များအနေနှင့်လည်း စာပေ၏ ကျေးဇူးတရား၊ စာပေ၏ အနှစ်သာရကို သိနိုင်မည်မဟုတ်ပါ။ မြတ်နိုးနှစ်သက်မည် မဟုတ်ပါ။
တစ်ခါက မှတ်သားခဲ့ဖူးသော ဆရာကြီးပီမိုးနင်း၏ အဆိုအမိန့်လေးတစ်ခုကိုသတိရမိသည်။ ဆရာကြီးက- '' လူကို 'စိတ်' အုပ်ချုပ်သည်၊ စိတ်ကို 'ပညာ' အုပ်ချုပ်သည်၊ ပညာကို 'ဗဟုသုတ' အုပ်ချုပ်သည်၊ သို့အတွက် 'ဗဟုသုတ' များအောင်၊ စာအုပ်မျိုးစုံကိုဖတ်ရှုကြကုန်လော့'' ဟူ၍ စာဖတ်ကြရန် တိုက်တွန်းနှိုးဆော်ထားပါသည်။ မြန်မာစာသင်ရင်းနှင့် ကြုံဆုံပတ်သက်လာသောအခါ မြန်မာစာပေကျေးဇူးရှင်ကြီးများဖြစ် ကြသောဆရာကြီး ဦးဖေမောင်တင်၊ ဆရာကြီးဇော်ဂျီ၊ ဆရာကြီးမင်းသုဝဏ်စသည့် ပုဂ္ဂိုလ်ကြီးများအကြောင်းပြောပြသောအခါ ကျောင်းသားက ကျောင်းသူလူငယ် အတော်များများသည် ထိုပုဂ္ဂိုလ်ကြီးများ အကြောင်းကို သူစိမ်းဆန်ဆန် နားထောင် နေကြလေသည်။
'ဆရာသိပ္ပံမောင်ဝ'ဟု ဆိုလိုက်သည်နှင့် ''မြန်မာပြည်ရဲ့ သိပ္ပံပညာရှင်ကြီးလား'' ဟုမေးသူကမရှား၊ 'လုဒ္ဒကဆိုတာ သောနုတ္တရမုဆိုးရဲ့ ငယ်နာမည်လားဆရာ''ဟုမေးသူလည်း ရှိရဲ့ သည့်ထက်သည့်ထက် ဆိုးသည်က ''ဆရာသခင်မြတို့က နယ်ချဲ့ကိုတော်လှန်ဖို့ မြေအောက်တော်လှန်ရေး လုပ်ရတယ်ဆိုတော့ တွင်းတွေ လိုဏ်ခေါင်းတွေ တူးရမှာပေါ့နော်''ဟု ဆိုလာသူ တပည့်နှင့် တွေ့ရလေသောအခါ ကျွန်တော်ကိုယ့်နဖူးကိုယ် ရိုက်လိုက်မိပါတော့သည်။
သည်တော့ ယနေ့ကျောင်းသားကျောင်းသူ လူငယ်များကို မေးလိုက်ချင်ပါသည်။
''ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး တိုးတက်ဖို့အတွက် တို့ခေတ်ရောက်မှ ညံ့ရတော့မှာလား'' ဟူ၍ မညံ့စေလိုလျှင် ဘာလုပ်ရမည်နည်း။
''ပညာကိုကြိုးစားပါ၊ အဓိက 'စာဖတ်ပါ၊ စာဖတ်ပါ စာကိုလေးလေး စားစားဖတ်ကြပါ'' ဟူ၍ ပြင်းပြင်းထန်ထန် တိုက်တွန်း လိုက်ချင်ပါသည်။

မြင့်ငွေ(မော်ကျွန်း)
 
 
ကျွန်တော်လည်း ဒီဆောင်းပါးလေးကို ဖတ်မိမှပဲ စာဖတ်ချင်စိတ်ပြန်ပေါ်လာတော့တယ်။  ကျွန်တော် အရင်ကတည်းက စာဖတ်တာ ၀ါသနာပါတယ်ဗျာ။ ဒါပေ့မယ့် ကွန်ပျူတာနဲ့ အနေနီးလာတဲ့အခါမှာ တော့ စာသိပ်မဖတ်ဖြစ်တော့ဘူး။ တကယ်ဆို ကွန်ပျူတာကြီးရှိနေတာ သူများထက်ပိုပြီးစာဖတ်ချိန်လည်းရတယ်။ လိုချင်တဲ့စာအုပ်တွေကို ဒေါင်းလော့ဆွဲလို့လည်းရတာပဲ။ တခြားသောအကြောင်းအရာတွေနဲ့  အချိန်ကုန်နေ မိတယ်။ ကျွန်တော် လည်း သုံး သပ်ကြည့်မိ ပါ တယ်။   ဆောင်းပါးရှင်ပြောသလိုတော့  ကျောင်းသူ၊ကျောင်းသားလေးတွေတော့ မပြောလိုပါ။ သူတို့အတွက်က ဒီအချိန်မှာ ပညာရေးပဲ အဓိကထားကြမှာပဲ။ မိဘတွေကလည်း စာကိုပဲ ကြိုးစားခိုင်းကြမှာပဲ။ ကျွန်တော်လည်း လူငယ်ဆိုတော့ လူငယ်နဲ့ပက်သက်တဲ့ ကျွန်တော့်အမြင်လေး ပြောချင်ပါတယ်။ ကျွန်တော်တို့ ယနေ့ခေတ် လူငယ်တွေ ကို အင်တာနက် ဘာလို့သုံးလဲလို့မေးရင်၊ စာလာရှာတာပါလို့ ပြောတဲ့ သူငယ်ချင်းက ခပ်ရှားရှားပဲ။ ချက်တင်တက်မယ် ၊ကျူမယ်ဆိုတဲ့သူက ခပ်များများပဲ။ ကျွန်တော်လည်း အွန်လိုင်းမတက်ဘူးမဟုတ်ပါဘူး။တက်ပါတယ်။ ဒါပေ့မယ့်။ စကားပြောတဲ့သူရှိရင် အလွန်ဆုံးတစ်နာရီလောက်ပဲ သုံးဖြစ်တယ်။ ကျွန်တော်သူငယ်ချင်းတွေကို ကျွန်တော်ဒီအကြောင်းအရာလေးဖတ်ကြည့်ပါလို့ ပြောလိုက်ရင်  မဖတ်ချင်တဲ့သူက ခပ်များများပဲ။ ကျွန်တော့်ပတ်ဝန်းကျင်မှာတောင် စာဖတ်ချင်တဲ့သူအဲဒီလောက်နည်းတာ။ အကုန်လုံးချုံကြည့်မယ်ဆိုရင် စာမဖတ်တဲ့ လူငယ်အရေအတွက်က တော်တော်များမယ်ထင်တယ်။ စာဖတ်တယ်ဆိုတာက ကျွန်တ်ာလည်းမြင်မိပါတယ်။ ကျောင်းစာမှမဟုတ်ပါဘူး ။ ဖတ်သင့်တာကတော့အကုန်ပေါ့။ နည်းပညာပိုင်း၊ နိုင်ငံရေးပိုင်း ၊သမိုင်းကြောင်း စသဖြင့်ပေါ့ အများကြီးပါ။ ကျွန်တော်ဖတ်ဖူးသေးတယ်။ စာရေးဆရာဖေမြင့်ရေးထားတာ။ အလုပ်တွေများနေလို့ စာမဖတ်နိုင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူးတဲ့။ သူပြောထားသေးတယ် သင်အလုပ်တွေအရမ်းများနေတယ်ပဲထားပါတဲ့။ အိပ်ခါနီး ၁၅ မိနစ် ၊ မိနစ် ၂၀ လောက်တော့သင်အချိန်ပေးနိုင်မယ်ထင်ပါတယ်။ အဲဒီအချိန်လေးကို စာဖတ်ပါတဲ့။ စာဖတ်ခြင်းကြောင့် အကျိုးယုတ်တယ်ဆိုတာ မရှိပါဘူး။  တစ်နေ့ကို စာ ၁၅ မိနစ် ဖတ်တယ်ပဲထားပါ။ တစ်လဆိုရင်  စာအုပ်ထူထူ နှစ်အုပ်လောက်ကိုဖတ်ပြီး ဖြစ်နေပါလိမ့်မယ်တဲ့။ တစ်နှစ်ဆိုရင် ၂၅အုပ်လောက်တော့ ဖတ်ပြီးဖြစ်ပါလိမ့်မယ်။ တသက်တာအတွက်ဆိုရင် အုပ်ရေ ၁၀၀၀ လောက်ဖတ်ပြီး ဖြစ်ပါလိမ့်မယ်တဲ့။ စာဖတ်တဲ့နေရာမှာ တကယ်တန်ဖိုးရှိတဲ့ စာအုပ်ကောင်းတွေကို ရွေးချယ်ဖတ် ဖို့လိုပါတယ်လို့ ဆိုထားပါတယ်။ လူငယ်ဆိုတာက နောင်တစ်ချိန် လူကြီးဖြစ်မှာပဲ။ အဲဒီတော့ အခုချိန် စာများများဖတ်ထား ၊ သိထားမှ ၊ လူကြီးဖြစ်လာတဲ့အခါ လူငယ်တွေကို လမ်းမှားမရောက်အောင် သွန်သင်ဆုံးမနိုင်မှာပေါ့။ ကိုယ်တိုင်မှ စာဖတ် ဗဟုသုတမရှိ ၊ဘာမရှိနဲ့ တော့  သူများကို ဘယ်မှာ သွားပြီး သွန်သင်ဆုံးမလဲ။ ကျွန်တော်ကတော့စာဖတ်တယ်ဆိုတာ သူများကို ပြန်ပြောပြချင်တာရယ်၊ ကိုယ်ပိုင်အသိတစ်ခုရချင်တာအတွက်ကြောင့် ဖတ်ပါတယ်။ ဆရာလုပ်ချင်တာတော့မဟုတ်ဘူး။ မသိသူကို ကျွန်တော်သိတဲ့ အကြောင်း အရာလေး ပြောပြချင်တာ။ ကျွန်တော် ဒီဘလော့ရေးတာတောင် ဝေဖန်ခံရပါတယ်။ မင်းဘလော့က ကော်ပီများလိုက်တာတဲ့။ ဟုတ်တယ်များတယ်။ ကျွန်တော် ရေးတဲ့အသုံးနှုန်းကို သူတိုတွေ မသိကြဘူး။ ကျွန်တော် အကြောင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော် ဖြေရှင်းပြီး ဖြစ်ပါတယ်။ ကျွန်တော်သိတဲ့ ဗဟုသုတလေးတွေကို ပြန်လည်ဝေမျှတဲ့ သဘောပါ။ ကိုယ်တိုင်ရေးတာတွေလည်းပါ ပါတယ်။ ကျွန်တော်လည်း ထပ်ပြီးတော့ တိုက်တွန်းချင်ပါတယ်။ စာများများဖတ်ကြပါလို့။ စာဖတ်ခြင်းကိုခုံမင်ပြီး၊  မိမိအတွက်အသုံးဝင်သော အကြံဥာဏ်ကောင်းများ၊ ဘ၀အတွက်အရေးပါသော အတွေ့အကြုံများကို စာအုပ်စာပေများမှ ရရှိပြီး အသိပညာများတိုးပွားကြပါစေ..........။



အားလုံးကိုလေးစားလျက်.....

Friday, February 17

မိန်းကလေးများအတွက် ခွန်အားဖြစ် ပုံပြင်

 



တစ်ခါတုန်းက ဘုရားသခင်သည် လူသားမိန်းမအား ဖန်ဆင်းနေစဉ်အတွင်း ၆ ရက်မြောက်နေ့ တွင် နတ်သမီးတစ်ပါးရောက်လာပြီး ဘုရားသခင်အား ........
"ဒီတစ်ခုလေးကို ဘာကြောင့် အချိန်အများကြီး ယူပြီး ဖန်ဆင်းနေရတာလဲ"

ဟု အပြစ်တင်စကားဆိုလေ၏ ။ ထိုအခါ ဘုရားသခင် က

"ဖန်တီးနေတဲ့လူသားမိန်းမရဲ့ အစိတ်အပိုင်းတွေကိုတွေ့ လား"     ဟုမေးလိုက်လေ၏ ။

နတ်သမီးက ဖန်တီးလက်စ လူသားမိန်းမကို သေချာကြည့်နေ၏ ။ဘုရားသခင်ကဆက်ပြောပြသည် ။ ဘုရားသခင်သည် သူဖန်တီးပြီးဖြစ်သော လူသားမိန်းမ ၏ လက်နှစ်ချောင်း အားညွှန်ပြလိုက်ပြီး....

"ဒီလက်နှစ်ချောင်းနဲ့ သူမဟာ အ၀တ်လျှော်နိုင်အောင် လုပ်ထားတယ် ။ အိမ်ကပစ္စည်း ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ လုပ်နိုင်တယ် ။ အစားအသောက်မျိုးစုံကိုလည်း ချက်ပြုတ်ပြင်ဆင်ပေးနိုင်တယ် ။ ဒါ့အပြင် ကလေးငယ်တွေကို တစ်ကြိမ်တည်းမှာ ချီမပြုစုနိုင်တယ် ။ နောက်ပြီး ဒူးနာနေတာကနေစပြီး အသည်းကွဲနေတာအထိ သူမက ပျောက်ကင်းအောင် စွမ်းဆောင်ပေးနိုင်တယ် "

ဟု ဖန်တီးနေရင်းမှ ရှင်းပြသည် ။

ဘုရားသခင်၏စကားကြောင့် နတ်သမီးမှာ လူသားမိန်းမကို အထင်ကြီးလေးစားသွား၏ ။

"လက်နှစ်ဖက်ထဲနဲ့ အဲ့ဒါတွေ အကုန်လုံးလုပ်လို့ ရတယ် ...... မဖြစ်နိုင်တာ ." ဟုပြောပြီးခေါင်းခါနေပြန်၏ ။

ထို့ နောက် ဘုရားသခင်အားတစ်ချက်ကြည့်လိုက်ပြီး ...

"ဒါဟာလူသားမိန်းမ ဖြစ်ပေါ်ရမဲ့ ပုံစံ အပြည့်အစုံပဲလား"  ဟုထပ်မေးပြန်၏ ။

"ဒီနေ့ တော့ သူမကို ဖန်တီးရတာတွေအရမ်းများနေပြီ ..မနက်ဖြန်ကို တစ်ချက်ကြည့်ပါဦး ၊ အဲ့ဒီအခါကျရင် ပြီးပြည့်စုံတဲ့ လူသားမိန်းမပုံစံကိုတွေ့ ရလိမ့်မယ်"

ဘုရားသခင်က ဆက်ပြောပြန်၏ ။

"ဒီနေ့ မှာတော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ပြီးနေပါပြီ ။ ဖန်ဆင်းခဲ့သမျှထဲမှာ လူသားမိန်းမကို ဖန်ဆင်းရတာ အကြိုက်နှစ်သက်ဆုံးပါပဲ "

"..........."

"နာမကျန်းဖြစ်တဲ့အခါတွေဆိုရင် သူမဟာ သူမဘာသာ သူမ ပြုစုစောင့်ရှောက်တတ်တယ် ။ ပြီးတော့ တစ်နေ့ မှာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်တယ် ။

နတ်သမီးသည် ဘုရားသခင် စကားကို နားထောင်နေရင်း မှ လူသားမိန်းမ အနီသို့ တိုးသွား၏ ။ ထို့ နောက် လူသားမိန်းမ ကို တို့ ထိကြည့်လိုက်၏ ။

"နူးညံ့လွန်းလှချည်လား"

"ဟုတ်တယ် နူးညံ့တယ် ။ ဒါပေမဲ့ စိတ်ဓာတ် သန်မာအောင်တော့ ဖန်တီးထားတယ် ။ အခက်အခဲတွေ ၊ အတားအဆီးတွေကိုလည်း ကျော်လွှားနိုင်အောင် ဖန်တီးထားတယ်"

"သူမကတွေးတတ်လား"

ဟုနတ်သမီးကမေးလိုက်ပြန်ပါသည် ။

"တွေးတတ်ယုံတင်မကပါဘူး ။ ကျိုးကြောင်းဆီလျော်အောင်စဉ်းစားနိုင်ပြီး ညှိနှိုင်းမှုတွေကိုလည်း လုပ်တတ်သေးတယ်"

နတ်သမီးသည် ဘုရားသခင်ဖန်တီးလက်စ လူသားမိန်းမ၏ ပါးပြင်ကို ထိလိုက်ပြန်၏

"ဟင်..ဒီမှာ အရေတွေ စိမ့်ကျနေပါလား ။ ဖန်ဆင်းထားတာတွေများလွန်းလို့ သူမမှာ ၀န်တုတ်ဝန်ပိုး ဖြစ်နေပြီလား မသိဘူး"

"ဒါဟာ အရည်တွေစိမ့်ကျတာမဟုတ်ပါဘူး ။ အဲ့ဒါကို မျက်ရည်လို့ ခေါ်ပါတယ်"

"ဘာအတွက်လဲ"

"သူမရဲ့ ဘ၀မှာ ၀မ်းနည်းမှုတွေ ၊ ကြေကွဲမှုတွေ ၊ အမုန်းတရားတွေ ၊ ချစ်ခြင်းတွေ ၊ အထီးကျန်ဆန်မှုတွေ ၊ ပြီးတော့ နာကျင်မှုတွေ ၊ ဂုဏ်ယူမှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့ အတွက်ပါ"

ထိုအခါ နတ်သမီးသည် လူသားမိန်းမအတွက် မျက်ရည်ဖန်တီးမှုကို လွန်စွာ အထင်ကြီးသွားလေ၏ ။

"သင်ဟာ ကြီးကျယ်မြင့်မြတ်လှပေတယ် ။ အရာရာ အားလုံးကိုလည်း စစ်စစ်ပေါက်ပေါက်တွေးတောနိုင်ပေတယ် ။ သင်အခု ဖန်တီးထားသော လူသားမိန်းမကလည်း ကမ္ဘာလောကကြီးအတွက် ထူးခြားပြီး အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ်"

ဟုဆိုလိုက်သည် ။

ဘုရားသခင်က နတ်သမီးစကားကို တစ်ချက် ပြုံးလိုက်သည် ။

"ဟုတ်တယ် ... လူသားမိန်းမက ကမ္ဘာလောကကြီးအတွက် တကယ်လိုအပ်တယ် ။ သူမမှာ လူသားယောင်္ကျားတွေ အံ့သြသွားလောက်စေမယ့် ခွန်အားတွေ ရှိတယ် ။ မိသားစုရဲ့ ဒုက္ခတွေနဲ့ ဝန်ထုတ်ဝန်ပိုးတွေကိုလည်း ဖြေရှင်းနိုင်သေးတယ်"

"သူမကြောင့် ပျော်ရွှင်ခြင်းတွေ ၊ ချစ်ခြင်းတွေ ၊ အတွေးအခေါ်တွေ ဖြစ်ပေါ်လာနိုင်တယ် ။ ကြောက်ရွံ့ မှုတွေတွေ့ ကြုံခံစားနေရတောင်တာမှ သူမက ပြုံးပြနိုင်တယ်"

"အဲ့ဒီလောက်တောင်ပဲလား"

"ဒါ့အပြင် ငိုကြွေးရမယ့် ဒုက္ခတွေကြုံလာချိန်မှာလည်း သူမက သီချင်းဆိုတယ် ။ ပျော်ရွှင်ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ။ ကြောက်ရွ့ံတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် "

"အို"

"သူ့ မိသားစုအတွက် ယုံကြည်ရာကို ပြုလုပ်တယ် ။ သူမဟာ သူ့ မိသားစုအတွက် အခရာလို့ ခံယူထားတတ်ပြီး မိသားစု အောင်မြင်ခြင်းဟာလည်း သူ့ အပေါ်မှာတည်မှီနေတယ်လို့  ယူဆထားတတ်တဲ့ လူသားတစ်မျိုးပါ ။ သူမရဲ့ နှလုံးသား ဟာ ပုံသဏ္ဍာန်အမှန်မရှိပါဘူး"

"သူမရဲ့ သားသမီးတွေ အောင်မြင်နေတာကြည့်ပြီး ငိုကြွေးရင်လည်း ငိုကြွေးနေတတ်သေးတယ် ။ နောက်ပြီး သားသမီးရတဲ့ အကြောင်းတို့ ကြားရရင်လည်း တစ်စုံတစ်ဦးအတွက် ဂုဏ်ယူနေတတ်သေးတယ်"

နတ်သမီးမှာ ဘုရားသခင်စကားကို နားထောင်နေရင်း သဘောကျနေပုံရ၏ ။ ဘုရားသခင်က လူသားမိန်းမ၏ နောက်အကြောင်းအရာတစ်ခုကို ဆက်ရှင်းပြနေပြ၏ ။

"သူမရဲ့ နှလုံးသားဟာ ဆွေမျိုးမိသားစုထဲက တစ်ယောက်ယောက် ၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ဆုံးတယ်လို့ သတင်းကြားရရင်ပဲ ကွဲကြေတတ်ပါတယ် ။ ဒါပေမဲ့ .... သူမဟာ ထိုကြေကွဲမှုတွေကို ဘ၀ရဲ့ ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုတတ်သေးတယ်"

"............"

"အနမ်းရယ် ၊ယုယတဲ့ ထွေးပွေ့ မှုဟာ အသည်းကွဲခြင်းကို သက်သာစေနိုင်တယ်ဆိုတာ ကိုလည်း သူမကသိသေးတယ်"

"ဒါပေမဲ့ သူမမှာ ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်"

"ဘယ်လို"

နတ်သမီးမှာ မကြားလိုက်၍ပြန်မေး၏

"ချို့ ယွင်းချက်တစ်ခုတော့ ရှိတယ်လို့ ပြောတာပါ"

"ဘာချို့ ယွင်းချက်လဲ"

"သူမဟာ သူမရဲ့ အဲ့ဒီလို တန်ဖိုးရှိမှုတွေကို မေ့နေတတ်တယ်"

"ဟင်"

"နောက်ပြီး သူမဟာ ကမ္ဘာလောကအတွက် အဖိုးတန် လူသားတစ်ယောက်ပါလား ဆိုတာကို သူ့ ကိုသူ အမြဲတမ်းလည်း မေ့နေတတ်တယ်"

ဟုပြောပြီး သူ၏ဖန်ဆင်းခြင်းကို အဆုံးသတ်လိုက်လေ၏ ။

 
ပုံပြင်အဆုံး

ဒီပုံပြင်လေးက ဘာကိုပြောချင်တာလဲဆိုတာ သိလောက်ပြီထင်ပါတယ် ။ တစ်ချို့ မိန်းကလေးတွေ တွေ့ နေရပါတယ် ။ အသည်းကွဲလို့ စိတ်ညစ်ပြီးးးးးးးး.. စိတ်ထဲရှိတဲ့ အတိုင်းတွေ လျှောက်လုပ်လို့ ဘ၀ဆုံးသွားတဲ့ အဖြစ်အပျက်ကလေးတွေပေါ့ ။ ဒီပုံပြင်လေးကို ဖတ်ပြီး မိမိကိုယ်မိမိ အားတင်းပြီးအသည်းကွဲမနေပဲ လောကကြီးကို ခေါင်းမော့ရင်ကော့ ပြီးဆက်ဆံလိုက်ပါလို့ ...ပြောကြားရင်း .... .နိဂုံးချုပ်လိုက်ပါသည်..........

from forward mail

Thursday, December 29

မှတ်သားသင့်သောစကားများ


၁။ မေတ္တာဆိုတာ အဟောင်းအသစ်အားလုံးကို မြတ်နိုးတာပါပဲ။

၂။ အနိုင်အရူံးဆိုတာ ပွဲအစမှာ ဖြစ်တာမဟုတ်ဘူး။ အဆုံးသတ်ကိုကြည့်တာ။

၃။ ရတာကို မလိုချင်ရင် လိုချင်တာကို ရအောင် ကြိုးစားပါ

၎။ အလှအပကြောင့် ဘ၀ပျက်သလို မာနကြောင့်လည်း ဒုက္ခရောက်တတ်တယ်နော်။
 
၅။ မိမိအကျိုးအတွက် သူတစ်ပါးအား အသုံးချ၍ရသော အောင်မြင်မူသည် ရေရှညည်တည်တဲ့မည် မဟုတ်။

၆။ သစ်ပင်လို လေတိုက်ရာ ယိမ်းနေပေမဲ့ မှောက်လဲကမသွားပါစေနဲ့။

၇။ လက်တွေ့လုပ်ဆောင်ချက်က စကားလုံးတွေထက် ပိုပြီး ကောင်းမွန်တယ်။

၈။ အစွန်းရောက်လွန်းရင် ပြုတ်ကျတတ်တယ်နော်။

၉။ ရွှေဆိုတာ ရှားပါးပစ္စည်းမို့ တန်ဖိုးရှိတာမဟုတ်။ သူ့ရဲ့ ဂုဏ်သတ္တတွေကြောင့် တန်ဖိုးရှိတာပါ။

၁၀။ စိတ်ကူးယဉ်တယ်ဆိုတာ ငွေမပေးရပေမဲ့ အချိန်ပေးရတယ်။

၁၁။ ကိုယ်တတ်နိုင်သလောက် လောကကြီးကို ကူညီပါ။ ကိုယ်မတတ်နိုင်သေးရင်တော့ မနှောင့်ယှက်ပါနှင့်။

၁၂။ သူတစ်ပါးအပြစ်ကို များများရှာလေ ကိုယ့်ဘ၀မတိုးတက်လေပါပဲ။ ကိုယ့်အပြစ်ကိုရှာပါ။

၁၃။ ဘ၀တိုးတက်စေဖို့ အမြဲတက်ကြွနေပါ။ မင်းရဲက အောင်မြင်တိုးတက်မူအပေါ် ကြွတက်တာတော့ မဖြစ်စေနဲ့ပေါ့။
၁၄။ စကားသည် တကယ်တော့ မြားမဟုတ်ပေ…သို့သော် မြားထက်ပို၍ စူးပါသည်။

၁၅။ အရူံးထဲက ရလာတဲ့ အတွေ့အကြုံဆိုတာ အောင်ပွဲရှိရာ လမ်းညွှန်နေတဲ့ လမ်းပြကြယ်လေးပါ။
 
၁၆။ မျက်လုံးကန်းတာထက် အသိကန်းတာက ပိုဆိုးတယ်။

၁၇။ ကိုယ့်ရဲ့တစ်ဖက်သတ်အမြင်နဲ့ သူတစ်ပါးကို အပြစ်မတင်လိုက်ပါနဲ့။ သူ့မှာလည်း သူ့အကြောင်းနဲ့ သူလေ။
၁၈။ အတွေ့အကြံချင်းတူချင်တူမယ်၊ ဒါပေမဲ့ ခံယူချက် အမြင်ချင်းတော့ ကွဲပြားတတ်တယ်။

၁၉။ လူတစ်ယောက်ရဲ့အကြောင်းကို သေချာမသိဘဲ ဝေဖန်ပြောဆိုခြင်းဟာ မိုက်မဲတဲ့ လုပ်ရပ်တစ်ခုပါပဲ။

၂၀။ ထူးချွန်ပြီး ရိုးသားသူအတွက် နေရာတစ်နေရာ အမြဲရှိနေပါတယ်။

၂၁။ ကိုယ်ဖြစ်ချင်တာ ဖြစ်ခွင့်မရရင်တောင် သူများဖြစ်ချင်တာကို ဖြည့်ဆည်းပေးနိုင်ရင် ကျေနပ်ဖို့ ကောင်းပါတယ်။
 
၂၂။ အပြစ်မြင်တတ်တဲ့စိတ်၊ သံသယစိတ်ရှိနေသရွေ့ ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်ဘူး။

၂၃။ ထက်မြက်သွက်လက်တာနဲ့ လျှပ်ပေါ်လောလည်တာ တခြားစီပါနော်။

၂၄။ အမြင်မှားရင်တော့ အမှားမြင်တော့မှာပဲ။

၂၅။ သင့်ရဲ့စွမ်းအား အစွမ်းကုန် ထုတ်မသုံးသမျှ အကောင်းဆုံးကို သင်မရနိုင်။

၂၆။ အခြေအနေကို စောင့်ကြည့်တတ်ခြင်းဟာလည်း အောင်မြင်ဖို့အတွက် နည်းလမ်းတစ်လမ်းပါပဲ။

၂၇။ အတိတ်ကို မေ့ချင်မေ့ပါ။ ဘ၀ကိုတော့ မမေ့ပါနဲ့။

၂၈။ အရှိကို အရှိတိုင်း လက်ခံတတ်ခြင်းဟာလည်း လူတစ်ယောက်ရဲ့ အရည်အချင်းပါပဲ။

၂၉။ ဘယ်လောက်ပဲ အမှားကို ကျူးလွန်မိတဲ့သူဖြစ်ပါစေ၊ အမှားကို မှားမှန်းသိလို့ ပြန်တောင်းပန်ရင် ထိုသူကို ခွင့်လွှတ်ပေးနိုင်ရပါမယ်။

၃၀။ လောဘကို အတော်သတ်နိုင်မှ သောကဇာတ်သိမ်းမှာပေါ့။

၃၁။ လူတော်မဖြစ်ချင်နေ လူရှော်မဖြစ်ပါစေနဲ့။

၃၂။ အသေချာဆုံး ရင်းနှီးမြုပ်နှံမူဟာ ကိုယ့်ကိုကို အားကိုးခြင်းပါပဲ။

၃၃။ ဤအလုပ်ကို သင်လုပ်ရမည်ဟု သိတာနှင့်တစ်ပြိုင်နက် ထလုပ်လိုက်ပါ။

၃၄။ စာဘူးတောင်ငှက်တွေတောင် ကိုယ်လိုချင်တဲ့ အသိုက်ကိုရအောင်ဆောက်နိုင်တယ်ဆိုရင် မိမိကကော ကိုယ်လိုချင်တဲ့ဘ၀ကို ဘာကြောင့် အတည်ဆောက်နိုင်ရမှာလဲ။

၃၅။ ဘယ်အတတ်ပညာမဆို တတ်သယောင်နဲ့ ဟန်တွေသုံးနေသမျှ ဉာဏ်တွေတုံးနေရမှာ သေချာတယ်။

၃၆။ သူများခိုင်းမှ လုပ်တာကျွန်၊ သခင်ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကိုယ်ခိုင်း။

၃၇။ သည်းခံရခြင်းသည် ခါးသက်၏။ သို့သော် ၎င်း၏အသီးအပွင့်များက ချိုမြိန်လှ၏။

၃၈။ စိတ်လှရင် ရုပ်လှတာထက် တန်ဖိုးရှိပါတယ်။

Forward mail မှ 
အားလုံးကိုလေးစားလျက်.....

Wednesday, December 28

စကားကြီး ဆယ်မျိုး

 
 
မြန်မာမှု နယ်ပယ်တွင် စကားအရာ၌ ကျွမ်းကျင်လိမ္မာ၍ ထိရောက်မှု ရှိစေရန် စကားပြောနည်း ဆယ်မျိုး သတ်မှတ်ထား၏။ ထိုဆယ်မျိုးမှာ -

"ရေကူးညာတင် ၊ ကောက်ပင်ရိတ်လှီး ၊ ရေစီးဖောင်ဆန် ၊ အိုးတန်ဆန်ခတ် ၊ ဆီပွတ်ကျည်ပွေ့ ၊ ဆင်ဝှေ့ရန်ရှောင် ၊ တောင်သူယာခုတ် ၊ ကြက်ဆုတ်ခွပ်ပစ် ၊ ရေစစ်ခရား ၊ ရေသွားသည့်သွင် ၊ ခတ်တင်မောင်းနင်း ၊ ဆိုခြင်းစကား ဤဆယ်ပါး" ဟု၍ ဖြစ်ပေသည်။

ရေကူးညာတင် ပြောနည်း

မြစ်တစ်ဘက်မှ အခြားတစ်ဘက်သို့ ကူးသည့်အခါ မြစ်ညာဘက်မှ စ၍ ကူးမှသာ လိုရာသို့ ရောက်သလို စကားပြောသည့်အခါလည်း လိုရာသို့ရောက်အောင် အထက်က တင်ကူး၍ ပြောနည်းကို ဆိုလိုသည်။

ကောက်ပင်ရိတ်လှီး ပြောနည်း

စပါးရိတ်သည့်အခါ တစ်နိုင်စာ ကောက်ပင်အချို့ကို လက်တစ်ဖက်ဖြင့် ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်ပြီးမှ အခြားတစ်ဖက်က တံစဉ်ဖြင့် ပင်ရင်းမှ ရိတ်ဖြတ်ရသလို စကားပြောသည့်အခါလည်း တစ်ဖက်လူ၏စကား သိမ်းကြုံး ဖမ်းယူပြီးမှ အခြေအမြစ်ကို ကိုင်၍ ပြောနည်းသည် ကောက်ပင်ရိတ်လှီး ပြောနည်း ဖြစ်သည်။

ရေစီးဖောင်ဆန်ပြောနည်း

အညာဆန်ဖောင်ကြီးသည် လိုအပ်သမျှကို တင်ဆောင်၍ ဖြည်းညင်းစွာ ဆန်တက်သဖြင့် လိုရာခရီးကို ရောက်သလို စကားအရာတွင်လည်း ဥပမာ ၊ ဥပမေယျတို့ဖြင့် ဖြည်းညင်းစွာ လိုရာရောက်အောင် ပြောခြင်း ဖြစ်သည်။
အိုးတန်ဆန်ခတ် ပြောနည်း
ထမင်းချက်ရာတွင် သူ့အိုးနှင့်သူ့ဆန် တန်ရုံ အနေတော်ထည့် ချက်မှ နူးနပ်စွာ စားသုံးရသလို စကားကို မယုတ်မလွန်နှင့် လိုရာရောက်အောင် ပြောခြင်း ဖြစ်သည်။

ဆီပွတ်ကျည်ပွေ့ ပြောနည်း

ဆီဆုံထဲတွင် နှမ်းသို့မဟုတ် မြေပဲထည့်၍ ကျည်ပွေ့ဖြင့် အထပ်ထပ် ပွတ်မှ ဆီထွက်သကဲ့သို့ ကိုယ့်စကား အောင်မြင်အောင် အထပ်ထပ်ပြောခြင်းမျိုးကို ခေါ်သည်။

ဆင်ဝှေ့ရန်ရှောင် ပြောနည်း

ဆင်အလိုက်ခံရသည့်အခါ လွတ်ရာရှောင်ပြေးလျှင် ဆင်ဝှေ့မည့် ရန်မှ လွတ်နိုင်သကဲ့သို့ စကားအရာတွင်လည်း ဘေးအန္တရာယ် ဖြစ်မည့် စကားကို ရှောင်လွှဲ ပြောဆိုခြင်း ဖြစ်သည်။

တောင်သူ ယာခုတ် ပြောနည်း

တောင်သူတို့သည် တောင်ယာခုတ်သည့်အခါ ရှေးဦးစွာ ချုံကလေးများကို အရင်ရှင်းပြီးမှ သစ်ပင်ကြီးများကို ရှင်းသကဲ့သို့ စကားအရာတွင်လည်း စကားငယ်များကို ဦးစွာ ပြောပြီးမှ စကားကြီးများ ပြောခြင်းဖြင့် အနိုင်ယူသောနည်း ဖြစ်သည်။

ကြက်ဆုတ်ခွပ်ပစ် ပြောနည်း

ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်ဟန်ပြုပြီးမှ စီး၍ တကယ်ခွပ်သလို စကားအရာတွင်လည်း သူ့အလိုကို ဦးစွာလိုက်၍ ပြောပြီးမှ စီးသာသောအခါ စီး၍ ပြောခြင်းဖြစ်သည်။

ရေစစ်ကရားပြောနည်း

ရေစစ်သော ဓမ္မကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်နှင့်ပိတ်၍ ယူပါက ရေမထွက်နိုင်သကဲ့သို့ တစ်ဘက်လူ၏ စကား ပိတ်မိအောင် ဖိ၍ ပြောခြင်းကို ခေါ်သည်။

ခက်တင်မောင်းနင်း ပြောည်း

သူ့စကားကို ဟုတ်၏လည်း မဆို ၊ မဟုတ်ဟုလည်း မငြင်းပဲ မတင်မကျ ပြောသော စကားကို ခေါ်သည်။

စကားအင်္ဂါ (၁၀)ပါး

အောင်မြင်ခြင်းသည် လူအချင်းချင်း ပြေပြစ်စွာ ဆက်သွယ်နိုင်ခြင်းပေါ်တွင် အခြေတည်ပါသည်။ အောင်မြင်လိုသူများသည် စကားအင်္ဂါ အချက် (၁၀) ချက် ကို သေသေချာချာလေ့လာပြီး မိမိကိုယ်ကို လေးကျင့် ပေးသင့်ကြရပါမည်. . . .

အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။
မှန်သောစကားကိုသာ ပြောဆိုခြင်း။
အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်သော စကား) ကိုပြောဆိုခြင်း။
အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။
ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။
ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။
စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။
စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။
စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။
စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။

အထက်ပါ (၁၀) ချက်နှင့် ပြည့်စုံသူဖြစ်ပါက နှစ်လိုဖွယ်ကောင်းအောင် စကားပြောတတ်သူ ဖြစ်လာမှာ အသေအချာပင်ဖြစ်ပါသည်။

ဒေါက်တာမတင်ဝင်း

စိတ်ငြိမ်းချမ်းမှုရဖို့ အခြေခံအချက်များ


(၁) သင့်ကိုမမေးရင် သူတပါးရဲ့ကိစ္စကို ဝင်မစွက်ပါနဲ့။

ကျမတို့အများစုဟာ သူတပါးတွေရဲ့ကိစ္စတွေမှာ ခနခန ဝင်စွက်တတ်ကြပါတယ်။ ကျမတို့လုပ်တာ အကောင်းဆုံးဖြစ်တယ်ဆိုတာ ယုံကြည်တတ်ကြပါတယ်။
ပြီးတော့ ကျမတို့တွေးခေါ်မှုဟာ စံထားလောက်တဲ့ တွေးခေါ်မှုဖြစ်တယ်လို့လည်း ယုံကြည်ထားကြတယ်။ ကျမတို့ စဉ်းစားဥာဏ်နဲ့ မတူညီတဲ့သူတွေကို မှန်ကန်တဲ့လမ်းကြောင်းဆီရောက်အောင် ကိုင်တွယ်ရမယ်။ ဆန်းစစ်ဝေဖန်ရမယ်။ ဒီစဉ်းစားမှုဟာ တဦးချင်း သီးခြားဖြစ်တည်တာကို ပိတ်ပင်တာဖြစ်တယ်။ ပြီးတော့ ဘုရားသခင်ရှိတယ် ဆိုတာကိုလည်း ငြင်းဆိုတယ်။ ဘုရားသခင်ဟာ ကျမတို့တယောက်ချင်းကို ထူးထူးခြားခြားလုပ်ပေးခဲ့တယ်။ လူသားနှစ်ယောက်ဟာ တူညီတဲ့နည်းတွေနဲ့ မစဉ်းစားနိုင်ပါဘူး။ အမျိုးသား၊ အမျိုးသမီးအားလုံးဟာ သူတို့နည်းနဲ့ သူတို့လုပ်နေကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ဟာ အဲဒီနည်းတွေနဲ့ လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိစ္စကိုယ်လုပ်ပါ။ စိတ်ငြိမ်းချမ်းမှု ရလာမှာပါ။

(၂)ခွင့်လွှတ်ပါ၊ မေ့ပစ်လိုက်ပါ။

ဒါဟာ စိတ်ရဲ့ငြိမ်းချမ်းမှုကို အားအကောင်းဆုံး အထောက်အကူပြုတဲ့ နည်းလေး ဖြစ်ပါတယ်။ ကျမတို့ကို စော်ကားပြီး အန္တရာယ်ပြုတဲ့လူတွေအတွက် နှလုံးသားထဲမှာ နာကျည်းစိတ် ဝင်လာတတ်ပါတယ်။ နာကျည်းချက်တွေကို စိတ်ထဲမှာ တေးထားတတ်ပါတယ်။ အဲဒီအကျိုးရလဒ်က အိပ်ရေးပျက်ခြင်း၊ အစာအိမ်ဖြစ်ခြင်းနဲ့ သွေးတိုးစေခြင်းတို့ပါပဲ။ ဒီနာကျည်းမှုကို တကြိမ်ပြုလုပ်ခဲ့တယ်ဆိုပါတော့။ ဒါကို ခနခန သတိရပြီး စိတ်ထဲမှာ အမှတ်ထားတတ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ အကျင့်ဆိုးကို ဖြေဖျောက်လိုက်ပါ။ ဘဝဆိုတာ သိပ်တိုတောင်းလွန်းလို့ ဒီလိုအသေးအမွှားတွေနဲ့ အချိန်ကုန်မခံပါနဲ့။ ခွင့်လွှတ်ပါ။ မေ့ပစ်လိုက်ပါ။ ချစ်ခြင်းမေတ္တာဆိုတာ ခွင့်လွှတ်ခြင်း၊ ပေးဆပ်ခြင်းတွေနဲ့ ရှင်သန်နေလို့ပါ။

(၃) အသိအမှတ်ပြုမှုကို မမက်မောပါနဲ့။

ဒီကမ္ဘာကြီးပေါ်မှာ တကိုယ်ကောင်းဆန်တဲ့ လူတွေနဲ့ ပြည့်နှက်နေပါတယ်။ ဒီလူတွေဟာ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ချီးကျူးခဲပါတယ်။ ဒီနေ့ သင့်မှာ သြဇာအာဏာရှိတဲ့အတွက် သင့်ကို ချီးမွမ်းချင် ချီးမွမ်းမှာ ဖြစ်ပေမယ့် မရှေးမနှောင်းမှာ သြဇာအာဏာ မရှိခဲ့တော့ဘူးဆိုရင် သင့်ရဲ့အောင်မြင်မှုတွေကို မေ့လျော့သွားလိမ့်မယ်။ ပြီးတော့ သင့်ရဲ့ အမှားတွေကို မျက်စေ့ဒေါက်ထောက်ကြည့်တော့မှာပဲ။ သူတို့ရဲ့ အသိအမှတ်ပြုခံရမှုကို ကြိုးပမ်းနေပြီး ကိုယ့်ကိုယ်ကို ဘာကြောင့်စိတ်ထိခိုက်ရမှာလဲ။ သူတို့ရဲ့ အသိအမှတ်ပြုမှုက ကိုယ့်အတွက် ဘာမှ တန်ဖိုးမရှိပါဘူး။ ရိုးသားဖြောင့်မတ်ဖို့နဲ့ လူ့ကျင့်ဝတ်အတိုင်းနေတတ်ဖို့က သင့်ရဲ့တာဝန်ဖြစ်ပါတယ်။

(၄) သူတပါးကို မနာလိုမဖြစ်ပါနဲ့။

မနာလိုခြင်းက စိတ်ရဲ့ငြိမ်းချမ်းမှုကို ဘယ်လိုပျက်စီး စေတယ်ဆိုတာ ကျမတို့တတွေ တွေ့ကြုံဖူးခဲ့ကြပြီ။ အလုပ်ထဲမှာသင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေထက် အလုပ်ပိုကြိုးစားတယ်ဆိုတာ သင့်ကိုယ်သင်သိတယ်။ ဒါပေမယ့် တခါတရံမှာ သူတို့က ရာထူးတိုးမယ်. သင်ကမတိုးဘူး.။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သင်က အလုပ်ကိုစတင်လုပ်ကိုင်ခဲ့တယ်. ဒါပေမယ့် တနှစ်သာအလုပ်လုပ်တဲ့ သင့်ရဲ့ လုပ်ဖေါ်ကိုင်ဖက်လောက် သင်မအောင်မြင်ဘူး။ နေ့စဉ်ဘဝမှာ အခုလိုမျိုးဖြစ်ရပ်တွေ အများကြီးရှိပါတယ်။ မနာလိုဖြစ်သင့်ပါသလား။ မဖြစ်သင့်ပါဘူး။ လူတိုင်းလူတိုင်းရဲ့ဘဝတွေကို သူတို့ကံတရားက ပုံသွင်းပြီးသားပါ။ ချမ်းသာဖို့ ကံရှိရင် ဘယ်သူမှရပ်တန့်ပစ်လို့ မရပါဘူး။ ကံတရားမရှိဘူးဆိုရင် ဘယ်သူမှ ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ သင့်ရဲ့ ကံမကောင်းမှုအတွက် သူတပါးကို အပစ်ဖို့တာဟာ ဘာမှရလာမှာ မဟုတ်ပါဘူး။ မနာလိုခြင်းဟာ သင့်ကိုဘာမှလုပ်ပေးမှာမဟုတ်ဘူး။ ဘယ်မှာမှ ကောင်းလာမှာ မဟုတ်ပါဘူး၊ သင့်ရဲ့ စိတ်ငြိမ်းချမ်းမှုကိုပဲ ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။

(၅) ပတ်ဝန်းကျင်ကိုလိုက်ပြီး သင့်ကိုယ်သင်ပြောင်းလဲပါ။

ပတ်ဝန်းကျင်ကို သင်တဦးတည်း ပြောင်းလဲဖို့ ကြိုးစားမယ်ဆိုရင် ရနိုင်တဲ့ အခွင့်အရေးတွေ မရပဲ ဖြစ်သွားပါလိမ့်မယ်။ သင့်ရဲ့ ပတ်ဝန်းကျင်နဲ့ အံဝင်အောင် သင့်ကိုယ်သင် ပြောင်းလဲလိုက်ပါ။ အဲလိုလုပ်လိုက်တဲ့အခါ သင့်ကို ခင်မင်မှုမရှိတဲ့ ပတ်ဝန်းကျင်က သင့်အပေါ်မှာ ထူးထူးခြားခြား ပြောင်းလဲလာပါလိမ့်မယ်။ စရိုက်ချင်းတူပြီး သဟဇာတဖြစ်သွားပါလိမ့်မယ်။

(၆) သည်းခံပါ။

အကျိုးမရှိတာကနေ အကျိုးရှိသွားနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။ ကျမတို့က စိတ်မသက်သာမှုတွေ၊ ဖျားနာမှုတွေ၊ ဒေါသတွေ၊ ကျမတို့ရဲ့ ထိန်းချုပ်မှုကို ကျော်လွန်နိုင်တဲ့ အန္တရယ်တွေကို နေ့တိုင်း ရင်ဆိုင်နေရပါတယ်။ ကျမတို့က အဲဒါတွေကို မထိန်းချုပ်နိုင်ဘူး၊ မပြောင်းလဲနိုင်ဘူးဆိုရင် ထိန်းချုပ်တတ်ဖို့ သင်ယူရလိမ့်မယ်။ သည်းခံခြင်းကို စိတ်ချမ်းမြေ့စွာနဲ့ လုပ်ကိုင်တတ်ရမယ်။ သည်းခံခြင်းဖြင့် ခွန်အားနဲ့ စိတ်စွမ်းအားတွေ ရရှိလာမှာပါ။

(၇) လုပ်နိုင်တာထက်ပိုမလုပ်ပါနဲ့။

ဒီဆိုရိုးစကားကို အမြဲသတိရနေဖို့လိုပါတယ်။ ကျမတို့ဟာ ကျမတို့ ဆောင်ရွက်ပေးနိုင်တာထက် တာဝန်တွေ ယူလေ့ရှိတယ်။ စိတ်သောကပိုပြီး ဖြစ်လာနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဘာဖြစ်လို့ ထမ်းထားနေမှာလဲ။ ကျမတို့ရဲ့ ကန့်သတ်ချက်ကို သိအောင်လုပ်ပါ။ သင်က သင့်ရဲ့ပြင်ပ လှုပ်ရှားမှုတွေကို ကျယ်ပြန့်လာအောင် လုပ်ခြင်းအားဖြင့် စိတ်ကိုငြိမ်းချမ်းမှု ရှိလာမှာမဟုတ်ပါဘူး။ သင့်ရဲ့ ရုပ်ဝတ္ထုဆက်စပ်မှုတွေကို လျှော့ချပစ်ပါ။ ဘုရားရှီခိုးခြင်းဖြင့် အချိန်ဖြုန်းပါ။ မိမိကိုယ်မိမိ ပြန်လည်သုံးသပ်ပြီး တရားအားထုတ်ပါ။ အနားယူဖို့လုပ်နေတဲ့ သင့်ရဲ့စဉ်းစားချက်တွေဟာ ပြေလျော့သွားမှာပါ။ ကြည်လင်နေတဲ့စိတ်က စိတ်ရဲ့ငြိမ်းချမ်းမှုကို ပိုပြီး ဖြစ်လာစေမှာပါ။

(၈) ပုံမှန်တရားထိုင်ပါ။

တရားထိုင်ခြင်းက စိတ်ကိုတည်ငြိမ်စေပါတယ်.။ အနှောင့်အယှက်ဖြစ်စေမယ့် အတွေးတွေကို ဖယ်ရှားလိုက်ပါ။ ဒီလိုလုပ်တာက စိတ်ငြိမ်းချမ်းဖို့ အမြင့်ဆုံး အခြေအနေတခုဖြစ်ပါတယ်။ သင့်ကိုယ်သင် ကြိုးစားကြည့်ပါ။ တရက်မှာ နာရီဝက်လောက် စိတ်အားထက်ထက်သန်သန် တရားထိုင်ခဲ့မယ်ဆိုရင် သင့်ရဲ့စိတ်က ကျန်တဲ့ နှစ်ဆယ့်သုံးနာရီခွဲမှာလည်း ငြိမ်းချမ်းနေမှာပါ။ သင့်ရဲ့စိတ်ကို အရင်ကလို အနှောင့်အယှက်ပေးတော့မှာ မဟုတ်ပါဘူး။ နေ့စဉ်ပုံမှန် တရားထိုင်ခြင်းအားဖြင့် တဖြည်းဖြည်း အကျိုးကျေးဇူးရှိလာမှာပါ။ သင့်ရဲ့ တနေ့တာအလုပ်ကို အနှောင့်အယှက် ဖြစ်ချင်ဖြစ်မယ်လို့ တွေးချင်တွေးမိလိမ့်မယ်။ အမှန်ကတော့ အချိန်တိုတိုနဲ့ အကျိုးရှိလာမှာဖြစ်ပါတယ်။ အချိန်နည်းနည်းမှာပဲ ပိုကောင်းတဲ့ အကျိုးရလဒ်တွေ ရလာနိုင်ပါတယ်။

(၉) စိတ်မတွေဝေပါနဲ့။

တွေဝေတဲ့ စိတ်ဟာ စိတ်ရဲ့အဆိပ်ဖြစ်ပါတယ်။ မကောင်းတဲ့ လုပ်ဆောင်ချက်တွေအားလုံးက စိတ်တွေဝေတာကနေ စလာတာပါ။ သင့်ရဲ့စိတ်ကို တက်ကြွအောင် ဇောင်းပေးထားပါ။ ပြီးတော့ တန်ဖိုးရှိတဲ့စိတ်ကို ရင်ထဲမှာထားပါ။ ဝါသနာကို တက်တက်ကြွကြွလုပ်ဆောင်ပါ။ သင့်ရဲ့စိတ်ဝင်စားစရာတွေကို လက်ကိုင်ထားပါ။ ငွေကြေးက တန်ဖိုးရှိသလား စိတ်ရဲ့ငြိမ်းချမ်းမှုက တန်ဖိုးရှိသလားဆိုတာ သင့်ကိုယ်သင် ဆုံးဖြတ်ရမယ်။ ပိုက်ဆံမရနိုင်မယ့် လူမှုရေးအလုပ်လို၊ ဘာသာရေး အလုပ်လိုအလုပ်မျိုးက သင့်ရဲ့ဝါသနာဆိုရင်ပေါ့။ ဒါပေမယ့် သင့်မှာ စိတ်ချမ်းသာကျေနပ်နေပြီး အောင်မြင်နေတဲ့ စိတ်ရှိနေတယ်။ ရုပ်ပိုင်းဆိုင်ရာအရ အနားယူတဲ့အချိန်မှာတောင် တရားဓမ္မသီချင်းတွေ ရွတ်ဆိုပြီး စာဖတ်နေခြင်းအားဖြင့် သင့်ကိုယ်သင် ကျန်းမာအောင် နေထိုင်တတ်ရမယ်။

(၁၀) အချိန်မဆွဲပါနဲ့။ ဘယ်တော့မှ နောင်တမရပါနဲ့။

စိတ်ကူးယဉ်ပြီး အချိန်မဖြုန်းပါနဲ့။ လုပ်သင့်သလား၊ မလုပ်သင့်ဘူးလား။ ရက်တွေ၊ သီတင်းပတ်တွေ၊ လတွေ၊ နှစ်တွေမှာ အဓိပ္ပါယ်မရှိတဲ့ ဝေဖန်ဆွေးနွေးမှုတွေနဲ့ ဖြုန်းတီးပစ်ချင်ပစ်နိုင်ပါတယ်။ အနာဂတ်ကို သင်မပိုင်တဲ့အတွက် လုံလောက်တဲ့ အစီအစဉ်တွေ မရှိနိုင်ပါဘူး။ အချိန်ကို တန်ဖိုးထားပါ။ လုပ်ဖို့လိုအပ်တာတွေကိုလုပ်ပါ။ ပထမအကြိမ် ကျရှုံးခြင်းက ကိစ္စမရှိပါဘူး။ သင့်ရဲ့အမှားကနေ သင်ခန်းစာတွေကို ရနိုင်ပါတယ်။ နောက်တကြိမ်မှာ အောင်မြင်နိုင်ပါတယ်။ စိတ်ပူခြင်းနဲ့ ကျောပေးထားခြင်းက ဘာမှမဟုတ်တာတွေကိုသာ ဦးဆောင်နေလိမ့်မယ်။ အမှားကနေ သင်ခန်းစာယူပါ။ ဒါပေမယ့် အချိန်လွန်မှ တနုံ့နုံ့နဲ့ စဉ်းစားမနေပါနဲ့။ နောင်တမရပါနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကံတရားအတိုင်း ဖြစ်ပျက်နေမှာပါ။ ဖိတ်ကျသွားတဲ့ နွားနို့အတွက် ဘာ့ကြောင့်ငိုကြွေးနေမှာလဲ။
http://thadarhline.blogspot.com မှ