ဒီတစ်ခါတော့ vzo အသုံးပြုတဲ့သူတော်တော်များများသိမယ်ထင်ပါတယ်။ vzo ချက်ရင်းနဲ့ ရုပ်ပြောင်လေးတွေထည့်ပြီး ချက်တဲ့ဆော့ဝဲလ်လေး ပေါ့။ ဒါတင်မကသေးပါဘူး တဖက်လူနဲ့ video အတူတူ ကြည့်တာတို့ ၊ မိမိ Desktop ပေါ်က ပုံတွေပြတာတို့၊ webcam ကြီးကို ရွှေ့စရာမလိုဘဲ ပြလို့ရပါတယ်။ ဥပမာ - တဖက်လူက ကွန်ပျူတာ error တက်လို့ဖြစ်ဖြစ် စကားနဲ့ပြောလို့နားမလည်ရင် မိမိ ကွန်ပျူတာကို နမူနာလုပ်ပြလို့ရတာပေါ့ဗျာ။ အများကြီးအသုံးဝင်ပါတယ်။
အသုံးပြုပုံက အရင်ဆုံး webcammax.exe လေး ကို install လုပ်ပါ။ ပြီးရင် crack ဖိုင်ထဲက exe ဖိုင်လေးကို copy ကူးပြီး C:program >> webcammax folder လေးထဲမှာ copy and replace လုပ်ပါ။ ဒါဆိုရင် Buy ဆိုပြီး မဝယ်ခိုင်းတော့ပါဘူး ။ အောက်ပုံလေးကိုထပ်ကြည့်ပါ။ မသိသေးသောသူများအတွက်ပါ။
အဲလိုပေါ်လာပြီဆိုရင် အနီနဲ့ ဝိုက်ပြထားလေးတွေက ကျွန်တော်အပေါ်ကပြောခဲ့သလို videos ကြည့်တာ ၊ မိမိကွန်ပျူတာထဲမှာရှိတဲ့ ပုံတွေပြတာစတာတွေပေါ့။ ပထမအဝိုင်းက ရိုးရိုး vzo ချက်ကိုမှ ရုပ်ပြောင်လေးတွေထည့်တာပါ။ ဒုတိယအဝိုင်းက အတူတူ ကြည့်ချင်သော video တို့ သီချင်းတို့အစားသွင်းတာဖြစ်ပါတယ်။ တတိယမြောက်ကတော့ မိမိဘက်က mouse pointer ရွှေ့တဲ့နေရာကို တဖက်လူကိုပြတာဖြစ်ပါတယ်။ စတ္ထုထမြောက်က ပုံတွေကိုပြတာဖြစ်ပါတယ်။
ကဲအသုံးလိုမည့်သူများအောက်မှာဒေါင်းလိုက်ပါ။
အားလုံးကိုလေးစားလျက်....