Pages

Showing posts with label အထူးအဆန္း. Show all posts
Showing posts with label အထူးအဆန္း. Show all posts

Sunday, November 25

အိႏၵိယကမ္းေျခမွ ေသဆုံးေနေသာ ေရသူမ



Facebook မွာေတြ႔လို႔ ေရသူမ တဲ႔။  မျမင္ဖူးေသာသူမ်ား ၾကည့္ ၾကည့္ေနာ္။ တကယ္ဟုတ္မဟုတ္ေတာ႔ မသိဘူး။ လြန္ခဲ႔တဲ႔ ေဖေဖာ္ဝါရီလ ကလုိ႔ ေျပာတာပဲ။ 



အားလုံးကိုေလးစားလ်က္...

Wednesday, November 7

အံ႔ဖြယ္ ပန္းခ်ီလက္ရာ






ခဲတံ တစ္ေခ်ာင္းတည္းႏွင့္ ဆြဲထားေသာ အံ့မခန္း ပန္းခ်ီကား



ခဲတံ တစ္ေခ်ာင္းတည္းနဲ႔ ယခု ျမင္ေနရတဲ့ ေၾကာင္ပံုကို Paul Lung အမည္ရ ပန္းခ်ီဆရာက ေရးဆြဲထားတာ ျဖစ္ပါတယ္။ သူဆြဲလိုက္တဲ့ ပန္းခ်ီတိုင္းဟာ ဓာတ္ပံုနဲ႔ ထင္ေရာင္ထင္ မွား ျဖစ္ေလာက္ေအာင္ လက္စြမ္းထက္သူ ျဖစ္ပါတယ္။ ယခု ေၾကာင္ပံုကိုလည္း တစ္ထိုင္တည္း ဆြဲထားတာ မဟုတ္ပါဘူး။ တစ္ရက္ကို နာရီအနည္းငယ္စီ အခ်ိန္ကုန္ခံျပီး စုစုေပါင္း နာရီေပါင္း ၆၀ ၾကာေအာင္ ဆြဲရတဲ့ ေၾကာင္ပံု ျဖစ္ပါတယ္။  ဒီမွာ ပိုထူးျခားတဲ့ အခ်က္တစ္ခု ရွိပါေသးတယ္။ အခ်ိန္ၾကာၾကာယူျပီး ဆြဲထားတဲ့ ယခု ေၾကာင္ပံုမွာ ခဲဖ်က္လံုးဝ မသံုးထားဘူးလို႔ သိရပါတယ္။ 


ေဘာလ္ပင္ႏွင့္ ဆြဲေသာ အံ့မခန္း ပန္းခ်ီကား 





ဒီပန္းခ်ီကားကို ဆြဲဖို႔အတြက္ ေရာင္စံု ေဘာလ္ပင္ ၆ ေခ်ာင္းပဲ အသံုးျပဳ သြားပါတယ္။ ၈ လက္မx ၉ လက္မ အရြယ္ ပန္းခ်ီကားျဖစ္ျပီး ေရႊေရာင္ သန္းတဲ့ ဆံပင္ကိုေတာင္ ေဘာလ္ပင္နဲ႔ပဲ ဆြဲတာ ျဖစ္ပါတယ္။  ပန္းခ်ီဆရာကေတာ့ ေပၚတူဂီႏိုင္ငံမွ ေရွ ႔ေန႔ တစ္ဦးျဖစ္သူ Samuel Silva ျဖစ္ပါတယ္။ ပန္းခ်ီဆြဲရာမွာ ဝါသနာ ပါျပီး Illusion အတတ္ပညာ ကို ေကာင္းေကာင္း ပိုင္ႏိုင္သူ ျဖစ္ပါတယ္။ အေရာင္ ေ
တာက္ေနျပီး ဓာတ္ပံုလို႔ေတာင္ ထင္ရတဲ့ Silva ရဲ ႔ အသက္ဝင္ေနေသာ ပန္းခ်ီကားကို Master Piece အျဖစ္ လက္ခံခဲ့ၾကပါတယ္။  

Source : International news for myanmar 



Saturday, October 20

သစ္ရြက္ေျခာက္ ေတာက္တဲ႔



Facebook မွာေတြ႔လို႔ ျပန္ရွယ္လုိ္က္တာ။ ေတာက္တဲ႔ေတာ႔ ငယ္ငယ္ကတည္းကေၾကာက္တယ္။ ကပ္မိရင္ ခြာလုိ႔ရဘူးတ႔ဲ ။ လူၾကီးေတြေျပာတာ။ မုိးၾကိးပစ္မွ ကြာတာတဲ႔။ ေနာက္တာေနာ္...အတည္။




ရုတ္တရက္ၾကည့္လိုက္ရင္ သစ္ရြက္ပဲ ျဖစ္ပါတယ္။ ေသခ်ာၾကည့္ရင္ေတာင္ သတိမထားမိသူဖို႔ သစ္ရြက္ေျခာက္ လို႔ပဲ ထင္စရာ ရွိပါတယ္။ အမွန္ေတာ့ သူက ေတာက္တဲ့မ်ိဳးဝင္တဲ့ သစ္ရြက္ေျခာက္ ေတာက္တဲ့ (Uroplatus phantasticus) ျဖစ္ပါတယ္။

မဂါဒတ္စကားႏိုင္ငံမွာပဲ ရွိတဲ့ ေတာက္တဲ့ ျဖစ္ပါတယ္။ မဂါဒတ္စကား ႏိုင္ငံ ဆုိတာ အာဖရိကတိုက္ အေရွ ႔ေတာင္ပိုင္း အိႏၵိယသမုဒၵရာ တြင္းက ကြ်န္းစု ႏိုင္ငံ ျဖစ္ပါတယ္။ ဘယ္ေနရာမွာ
မွ မေတြ႔ရပဲ ယင္းကြ်န္းမွာသာ ရွိတဲ့ သတၱဝါတစ္မ်ိဳး ျဖစ္ပါတယ္။

အရွည္အားျဖင့္ ၂.၅ ကေန ၆ လက္မအထိသာ အရွည္ ရွိႏိုင္တဲ့ ေတာက္တဲ့ ျဖစ္ပါတယ္။ သူ႔ရဲ ႔ ထူးျခားတဲ့ အသြင္ သ႑န္ေၾကာင့္ လိုခ်င္သူမ်ားျပားျပီး ေစ်းၾကီးေပး ေရာင္းဝယ္ၾကပါတယ္။ ေဆးဝါးအျဖစ္ လည္း သံုးစြဲသလို အိမ္ေမြးတိရစၦာန္အျဖစ္လည္း ေမြးျမဴၾကပါတယ္။

ဒါေၾကာင့္ သူ႔ကို ကမၻာ့အလိုရွိဆံုး သတၱဝါမ်ိဳးစိတ္တစ္ခုအျဖစ္ မွတ္တမ္းတင္ ထားတယ္လို႔ သိရပါတယ္။ ေအာက္ပါ လခ့္မွာ အေသးစိတ္ ဝင္ေရာက္ ဖတ္ရွုႏိုင္ပါတယ္။

http://en.wikipedia.org/wiki/Satanic_Leaf-Tailed_Gecko

Source: International news for myanmar

Sunday, August 19

ဦးေခါင္းတြင္စုိက္ေသာ ၆ ေပရွည္သံေခ်ာင္း ဖယ္ရွား



(ရီယိုဒီဂ်ေနး႐ိုး ၾသဂုတ္ ၁၈)
ဘရာဇီး ႏိုင္ငံ အတြင္းရွိ  ေဆာက္လုပ္ေရး လုပ္ငန္းခြင္ တစ္ခုမွ အသက္ ၂၄ ႏွစ္ အရြယ္ အီဒူရာဒို လီေတး ဆိုသူ ေဆာက္လုပ္ေရး လုပ္သားတစ္ဦးသည္ ၄င္း၏  ဦးေခါင္းသို႔ ေျခာက္ေပ ရွည္ေသာ  သံေခ်ာင္း တစ္ေခ်ာင္း စိုက္ဝင္ ခဲ့သည့္ အတြက္ ရီယိုဒီဂ်ေနး ႐ိုးၿမိဳ႕ရွိ မီးဂယ္ကူတို ေဆး႐ံုသို႔ အသက္ရွင္ လ်က္ ေရာက္ရွိ လာခဲ့ရာ အဆိုပါ ေဆး႐ံုမွ ဆရာဝန ္မ်ားက ၄င္း၏ ဦးေခါင္းတြင္ စိုက္ဝင္ေနေသာမွ  သံေခ်ာင္းကို ေအာင္ျမင္စြာ ဖယ္ရွား ႏိုင္ခဲ့ေၾကာင္း အင္တာနက္ သတင္းတစ္ရပ္ အရသိရသည္။

အဆိုပါ သံေခ်ာင္းသည္ အေဆာက္ အအံု၏ ငါးလႊာမွ ျပဳတ္က်လာ ျခင္းျဖစ္ၿပီး ၄င္း၏ ဦးေခါင္း တြင္ ေဆာင္းထားေသာ ဦးထုပ္ကို ထုိးေဖာက္၍ ဦးေခါင္းသို႔ စိုက္ဝင္ခဲ့ၿပီး မ်က္စိႏွစ္ခု ၾကားမွ ျဖတ္၍ ထုိးေဖာက္ ထြက္လာ ခဲ့ေၾကာင္း၊ ၄င္းသည္  အသက္ရွင္လ်က္  ေဆး႐ံုသို႔ ေရာက္ရွိလာ ခဲ့ေၾကာင္း ၊ ေဆး႐ံုမွ အႀကီး အကဲျဖစ္သူ လူဝစ္ဇ္ အလက္ဇန္းဒါး အက္ဆင္ဂ်ာက ၾသဂုတ္ ၁၇ ရက္တြင္ ေျပာၾကား ခဲ့သည္။

ထို႔ေနာက္ ၄င္း၏ ဦးေခါင္းကို စစ္ေဆး မႈမ်ားျပဳလုပ္ခဲ့ရာ ဆရာဝန္မ်ားက ငါးနာ ရီၾကာခြဲစိတ္ ကုသမႈ ျပဳလုပ္ခဲ့ ေၾကာင္း၊ ဦးေခါင္းမွ သံေခ်ာင္းႀကီးကို ဆရာဝန္မ်ားက ေအာင္ျမင္စြာ ဖယ္ရွားႏိုင္ခဲ့ေၾကာင္း အက္ဆင္ဂ်ာက ဆက္လက္ ေျပာၾကားခဲ့သည္။  အဆိုပါ  သံေခ်ာင္းကို ဖယ္ရွား ႏိုင္ခဲ့ေသာ္လည္း ၄င္းသည္ ေဆး႐ံုတြင္   အနည္းဆံုး ႏွစ္ပတ္ၾကာ ကုသမႈခံယူရ ဦးမည္ျဖစ္ ေၾကာင္း သိရသည္။            

source: ျမဝတီ

Friday, August 3

ထူးထူးဆန္းဆန္း ေျခေခ်ာင္းအမ်ားၾကီးနဲ႔ ကေလးငယ္မ်ား


ဒီေန႔ ေတာ႔ ဟုိေလွ်ာက္ၾကည့္ ဒီေလွ်ာက္ၾကည္႔ရင္း နဲ႔ ထူးထူးဆန္းဆန္းေလးေတြ႔လုိ႔တင္လိုက္ပါတယ္။ ေျခေထာက္  ၆ ေျခာင္းနဲ႔ ကေလးတစ္ဦးရယ္ ၊ ေျခေထာက္  ၈ ရွစ္ေခ်ာင္းနဲ႔ ကေလးတစ္ဦးရယ္ပါ။ ဖုိတုိေရွာ့ေတြလုိ႔ ထင္မွာစုိးလို႔ ဗြီဒီယုိဖုိင္ေလးပါ ရွာတင္ေပးလုိက္ပါတယ္။  
ပထမေျခ ၆ ေျခာက္ေခ်ာင္းနဲ႔ ကေလးငယ္ေလးက ပါကစၥတန္ကျဖစ္ပါတယ္ ။ ကေလးရဲ႕ မိဘေတြက အရမ္းကုိ ဆင္းရဲၾကပါတယ္။ ကေလးကုိ ခြဲစိတ္ကုသဖုိ႔ မတက္ႏိုင္ၾကတ႔ဲအတြက္ အစုိးရဲ႕ အကူအညီနဲ႔ ေျခ ၆ ေခ်ာင္းကေန ပုံမွန္  ၂ ေခ်ာင္းထဲျဖစ္ေအာင္   ေအာင္ျမင္စြာ  ခြဲစိတ္ကုသႏုိင္ခဲ႔ၾကပါတယ္။ ဆရာ၀န္ေတြက မခြဲစိတ္မီနဲ႔ ခြဲစိတ္ျပီးအေျခအေနကို  ဗြီဒီယုိေတြ ၊ ဓာတ္ပုံေတြနဲ႔ မွတ္တမ္းတင္ခဲ႔ၾကပါတယ္။ 

မခြဲစိတ္မွီ ပုံ 


ခြဲစိတ္ျပီး ပုံ


 ဒါကေတာ႔ ဗြီဒီယုိေလးပါ


ေျခ ၈ ေခ်ာင္းနဲ႔ ကေလးငယ္က ေတာ႔ ဗြီဒီယိုဖုိင္ေလးပဲတင္ေပးလုိက္ပါတယ္။ အဲဒီကေလးကေတာ႔ နီေပါ ႏုိင္ငံမွာ ျဖစ္ပါတယ္။ 



ဒါကေတာ႔ ဗြီဒီယုိဖုိင္ေလးပါ။ 



အားလုံးကိုေလးစားလ်က္.... 

Tuesday, May 29

ကမၻာေပၚမွာ အထူးဆန္းဆုံး မ်ိဳးစိ္တ္(၁၀) ခု


၁။ ႏွာေခါင္းလန္ေမ်ာက္(ႏွာေခ်ေမ်ာက္)(Rhinpithecus strykeri)


ျမန္မာႏုိင္ငံေျမာက္ပုိင္း ေတာင္တန္းမ်ားေပၚတြင္ ေတြ႔ရေသာ ယင္း ေမ်ာက္မ်ိဳးမွာ မ်ိဳးသုန္း ေပ်ာက္ကြယ္ မည္ကုိ အလြန္အမင္းစုိးရိမ္ရသည္႔ အေျခအေနတြင္ ရွိေနသည္။ ႏွာေခါင္းလန္ေနေသာေၾကာင့္ မုိးရြာခ်ိန္တြင္ ေခါင္း၀ွက္ျပီး ေနၾကသည္။ (ငါတုိ႔ ျမန္မာက ထိပ္ဆုံးကကြ.......:P)

၂။ဘာနဲရာေသတၱာေရခူျပား (Tamoya ohboya)


ေသေစသည္႔အထိအဆိပ္ျပင္းေသာ ေရာင္စုံလက္တံရွည္မ်ား ပါသည္႔ စြန္သဖြယ္လြင့္ေမ်ာ ေနတတ္သည္႔ ပုံမွန္ထက္ပုိျပားေသာ ေရခူတစ္မ်ိဳးမွာ  နယ္သာလန္ရွီ ဘာနဲရာကြ်န္းတြင္ ေတြ႔ခဲ႔ရျခင္းျဖစ္သည္။ 

၃။မိစၧာတိေကာင္(Halicephalobus mephisto)


ေတာင္အာဖိကရွိ တစ္မုိင္နီးပါး နက္သည္႔ ေရႊတြင္းမ်ားေတြင္ ေတြ႔ရတတ္သည္႔ တီအမ်ိဳးအစားတစ္မ်ိဳး မွာ တစ္လက္မ၏ အပုံ ၅၀ ပုံတစ္ပုံသာရွိျပီး အဏုၾကည့္မွန္ေျပာင္း ျဖင့္ သာျမင္ႏုိင္သလုိေၾကာက္မက္ဖြယ္ အဆင္းရွိသည္ 

၄။ညပြင့္သစ္ခြ(Bulbophyllum nocturnum)


ပါပူအာနယူးဂီနီမွ ရွားပါး သစ္ခြမွာ ည ၁၀ နာရီ၀န္းက်င္မွ ပြင့္ေလ႔ရွိျပီ  မနက္ ေစာေစာေရာက္သည္ႏွင့္ ျပန္ငုံသြားသည္႕ အပင္ျဖစ္ျပီး ေတြ႔ရွီသမွ်ထဲတြင္ တစ္ခုတည္းေသာ ညပြင့္သည္႔ သစ္ခြျဖစ္သည္။

၅။ စပိန္မွ ကပ္ပါးက်ယ္ေကာင္ (Kollasmosoma sentum)


စပိန္တြင္ေတြ႔ရွိခဲ႔သည္႔ ကပ္ပါးနက်ယ္ေကာင္မွာ တစ္စကၠန္႔၏ အပုံ ၂၀ ပုံလွ်င္ တစ္ပုံမွ်သာ ၾကာျမင့္ေသာအခ်ိန္အတြင္း ပုရြက္က်င္း အတြင္း ဥခ်ႏုိင္သည္႔အေကာင္ျဖစ္သည္။

၆။ အေလးရွားေရျမွဳပ္မွဳိ(Spongiforma squarepantsii)


မွဳိဆုိေသာ္လည္း မွိဳထက္ေရျမွဳပ္ႏွင့္ပုိတူေသာ ယင္းမွဳိကုိ မေလးရွားႏုိင္ငံ ေဘာ္နီယုိကြ်န္းတြင္ ေတြ႔ရွိခဲ႔ျခင္းျဖစ္သည္။  လက္ျဖင့္ညွစ္ပါက ပိန္သြားျပီး ျပန္ေဖာင္းလာသည္႔ထူးဆန္းသည္႔ မွဳိျဖစ္သည္။

၇။ နီေပါ ေႏြဦးဘိန္း၀ါ(Meconopsis autumnalis)



အျမင့္ေပ ၁၉၈၀၀ တြင္ ေပါက္ေရာက္ေသာ ဘိန္း၀ါမ်ားအေၾကာင္းကုိ ယခင္ ကတည္းက သိခဲ႔ၾကေသာ္လည္း ပုံမွန္ဘိန္းမ်ားႏွင့္ မ်ိဳးစိတ္ မတူေၾကာင္း ကုိ ယမန္ႏွစ္ကမွ ခြဲျခား ဆုံးျဖတ္ႏုိင္ခဲ႔ျခင္းျဖစ္သည္။

၈။ အၾကီးဆုံးဆီသည္မေကာင္(မီးရထားေကာင္) (Cruifarcimen vagans)

၆ ဒသမ ၃ လက္မ မွ်ရွိေသာ ယင္း မီးရထားေကာင္ မွာ ေျခႏွစ္ေခ်ာင္းစီပါေသာ အဆစ္ ၅၆ ဆစ္ ရွိျပီး ေတြ႔ရွိသမွ်ထဲတြင္ အၾကီးဆုံး အရွည္ဆုံး ျဖစ္သည္။( ငယ္ငယ္ကအဲဒီေကာင္ေတြ ေတြ႔ရင္ က်က္သီးထတယ္..:P)

၉။ လမ္းေလွ်ာက္ေစာင္း ၾကမ္းေကာင္(Diania cactiformis)


လြန္ခဲ႔ေသာ ႏွစ္သန္းေပါင္း ၅၂၉ ခန္႔ကရွိခဲ႔ေသာ မ်ိဳးသုန္း ေပ်ာက္ကြယ္ သြားျပီျဖစ္သည္႔ မ်ိဳးစိတ္၀င္ ေစာင္းၾကမ္းပင္ႏွင့္တူေသာ အေကာင္၏ ရုပ္ၾကြင္းကုိ တရုတ္ႏုိင္ငံအေနာက္ပိုင္းတြင္ ေတြ႔ရွိခဲ႔ျခင္းျဖစ္သည္။

၁၀။ ဆာဇီမာအေမြးထူပင့္ကူ(Pterinopelma sazimai)


ဘရားဇီးႏုိင္ငံရွိ ေတာင္ေပၚလြင္ျပင္မ်ားတြင္ေတြ႔ရေသာ မ်ိဳးစိတ္သစ္ ပင့္ကူျဖစ္သည္။

အားလုံးကုိေလးစားလ်က္.....

Saturday, May 19

မိန္းကေလး အစစ္ေလလား


တကယ္ေတာ့ သူက စက္ရုပ္မေလး Geminoid F ပါ ။ သူက စကားလည္း ေျပာတတ္သလုိ သီခ်င္းလည္း ဆုိတတ္ပါ တယ္။ သူမ်ားအသံေတြကိုလည္း လုိက္လုပ္တတ္ပါေသးတယ္။

ၿပံဳးကာ၊ ရယ္ကာနဲ႔လည္း မ်က္ႏွာ အမူအရာေပါင္း ၆၅ မ်ိဳးကိုလည္း လုပ္တတ္ပါတယ္။ တကယ့္လူသားေလး လုိ အရမ္းတူေနတာေၾကာင့္ သူ႔ကို သက္ရွိ အရုပ္ေလးလုိ႔လည္း တင္စားထားပါတယ္။

ေဟာင္ေကာင္မွာ က်င္းပတဲ့ Hong Kong's "Robots in Motion 2012" Expo မွာ ျပသမိတ္ဆက္ထား တာလည္း ျဖစ္ပါတယ္။ ဂ်ပန္သီခ်င္းလည္း သူက ဆုိျပၿပီး ပရိတ္သတ္ကိုလည္း ၿပံဳးရႊင္ေဖာ္ေရြစြာနဲ႔ ႏႈတ္ဆက္ပါ တယ္တဲ့။

သူ႔အသားအေရကေတာ့ အလြန္ႏူးညံ့တဲ့ ေရာ္ဘာနဲ႔ လုပ္ထားတာျဖစ္ၿပီး စက္ယႏၱရားနဲ႔ သူ႔ကို တီထြင္ခံထားရေပ မယ့္ သူ႔ ရည္မွန္းခ်က္ကို သူက ေျပာတာကေတာ့ သိပ္ထူးဆန္းပါတယ္။

သူဟာ တကယ့္ လူအစစ္ေတြလုိ႔ ထင္ေအာင္ အထိ စက္ရုပ္ေတြကို ဖန္တီးဖုိ႔ ရည္မွန္းထားပါတယ္တဲ့။

သူ႔ကို Osaka University ဆုိတဲ့ တကၠသိုလ္ႀကီးက စက္ရုပ္ ဖန္တီးသူ Hiroshi Ishiguro ထုပ္လုပ္ခဲ့တာပါ။သူ႔ရဲ႕ တန္ဘုိးကေတာ့ အေမရိကန္ ေဒၚလာ ၁ သိန္း ၁ ေသာင္း ပဲ ရွိတာေၾကာင့္
ေစ်းလည္း ခ်ိဳပါတယ္တဲ့။

သူ႔ကို ဖန္တီးခဲ့တဲ့ ပေရာ္ဖက္ဆာ Prof Ishiguro ကေတာ့ တေန႔ေန႔ တခ်ိန္ခ်ိန္မွာ လူေတြက စက္ရုပ္ေတြကို တကယ့္ လူအစစ္ေတြလုိ႔ ယံုၾကည္လာေစရမယ္လို႔ ဆုိထားပါတယ္။




From:ဧရာ၀တီ

Sunday, March 11

Facebookက သူငယ္ခ်င္း(၃၂၅)ေယာက္စလံုး ကိုသြားေတြ ့တဲ့အမ်ိဳးသမီး



Arlynn Presserပာာ အသက္(၅၁)နွစ္ရွိၿပီး Winnetka,Illinoisမွာေနထိုင္တဲ့အမ်ိဳး သမီးတစ္ေဃာက္ၿဖစ္ပါတဃ္။ ArLynnအတြက္ေတာ့ တစ္ခ်ိန္လံုးအိမ္ထဲမွာ ေနရတာပာာ ပံုမွန္လိုလိုၿဖစ္ေနၿပီး သူမပာာ အၿပင္ကိုထြက္ခဲၿပီး သူမေနထိုင္တဲ့ၿမိဳ ့ေလးထဲမွာေတာင္မွ သြားေလ့သြားထရွိသူမပာုတ္ပါ။
သူမပာာ စာေရးဆရာမၿဖစ္ၿပီး သူ ့အခ်ိန္ေတြကို အိမ္ထဲမွာ အသံုးခ်ကာ စာေတြေရးလုိက္ ၊ လုပ္စရာရွိတာေတြကိုပဲ လုပ္ေနပါတဃ္။ ArLynnပာာ လူထူထပ္တဲ့ေနရာေတြ ၊ လူစည္ကားတဲ့ေနရာေတြကို မသြားတတ္သလို တစ္ေယာက္တည္းပဲ ေနတတ္ပါတဃ္။ အၿပင္မွာစကားမေၿပာၾကတဲ့သူေတြေတာင္မွ အြန္လိုင္းေရာက္ရင္ ခ်က္တင္ထိုင္တဲ့အခါ စာေတြအမ်ားၾကီးရိုက္ၾကပါတဃ္။ Arlynnလဲ ထံုးစံအတိုင္း အၿပင္မွာစကားသိပ္မေၿပာေပမဲ့ သူ ့Facebookအေကာင့္က သူငဃ္ခ်င္း(၃၂၅)ေယာက္နဲ ့ေတာ့ ခ်က္တင္ထိုင္ပါတဃ္။ အရင္နွစ္တုန္းကစၿပီး Arlynnပာာ ဘဃ္သူမွ မေမ်ွာ္လင့္ခဲ့တဲ့ အလုပ္တစ္ခုကို လုပ္ခဲ့ပါတဃ္။ ေအာက္တိုဘာ၃၁ ၊ ၂၀၁၀ကစၿပီး ေနာက္တစ္နွစ္မွာ Facebookအေကာင့္က သူငယ္ခ်င္း(၃၂၅)ေဃာက္စလံုးကို တစ္ေဃာက္ခ်င္းသြားေတြ ့ဖို ့ ဆံုးၿဖတ္ခ်က္ခ်ခဲ့ပါတဃ္။
သူမပာာ သူသြားေတြ ့မဲ့အေၾကာင္းကို ဘေလာ ့ေရးခဲ့ၿပီး ေအာင္ၿမင္မႈရရွိဖို ့လည္း ၾကိဳးစားလုပ္ခဲ့ပါတဃ္။ သူမစီမံခ်က္ကို “Face to Facebook”လို ့လည္း နာမည္ေပးကာ ေလယာဥ္လည္း တစ္ခါမွမစီးဖူးၿပီး ေလယာဥ္စီးမွာကို ေၾကာက္တဲ့သူအတြက္ေတာ့ လန္ စရာေကာင္းတဲ့အလုပ္ တစ္ခုပါပဲ။ ဒါေပမဲ့ အဆံုးမွာေတာ့ ၾကီးက်ဃ္တဲ့အလုပ္ကို လုပ္ေဆာင္ခဲ့တာပါပဲ ။ နိုင္ငံေပါင္း(၁၃)နိုင္ငံကို ခရီးထြက္ခဲ့ၿပီး ေလယာဥ္ပ်ံအေခါက္ ေပါင္း(၃၉)ေခါက္ေက်ာ္လည္း စီးခဲ့ပါတဃ္။
၂၀၁၁ကုန္ခါနီးမွာေတာ့ သူမရည္ရြဃ္ခ်က္အတိုင္း ၉၀ရာခိုင္နႈန္းၿပီးဆံုးကာ သူငယ္ခ်င္းေပါင္း(၂၉၂)ေယက္ကို ေတြ ့ဆံုခဲ့ပါတဃ္။ Arlynn ပာာ ထိုင္၀မ္ ၊ ကိုရီးဃား ၊ ဖိလစ္ပိုင္ ၊ ဒူဘိုင္း ၊ အီတလီ ၊ မေလးရွား ၊ အိုင္ဃာလန္ ၊ အဂၤလန္ နဲ ့တၿခား (၄)နိုင္ငံကိုလည္းေရာက္ ခဲ့ပါတဃ္။ Presserရဲ ့ေၿပာၾကားခ်က္အရကေတာ့ လူေတြေတာ္ေတာ္မ်ားကေန သူ ့သားေတြေသ သြားလို ့ ဒါမ်ိဳးေတြလုပ္ေနတာ ဆိုတာမွားၿပီး သူမပာာ အခ်ိန္ေတာ္ေတာ္မ်ားကို တစ္ေဃာက္တည္းကုန္ဆံုးၿပီး ကြန္ပ်ဴတာေရွ ့မွာပဲ အၿမဲတမ္းထိုင္ေနကာ ငါလုပ္ေနတာေတြက မွားေနၿပီ အေၿပာင္းအလဲ တစ္ခုခုလုပ္မွပဲဆိုၿပီးပဲ လုပ္ခဲ့တာပါတဲ့။ ဒါေၾကာင့္ Facebookကသူငယ္ခ်င္း (၃၂၅)ေဃာက္စလံုးကို အၿပင္မွာသြားေတြ ့ဖို ့ဆံုးၿဖတ္ခဲ့ၿပီး တစ္ခ်ိဳ ့ကသူမရဲ ့ အထက္တန္းေက်ာင္းကနဲ ့ ေကာလိပ္က သူငဃ္ခ်င္းေတြပါတဲ့။

သူငယ္ခ်င္းတစ္ခ်ိဳ က အၿပင္မွာေတြ ့ဆံုဖို ့ဆိုတဲ ့အၾကံကို လက္မခံဘဲ ဘေလာ့လုပ္ၾကပါတဃ္။ ၁၈ေယာက္ကေတာ့ မေတြ ့နိုင္ဘူးလို ့စာေတြပို ့ခဲ့ၾကၿပီး ၊ နွစ္ေယာက္ရဲ profile ပံုေတြက တိရစာၦန္ေတြၿဖစ္ေနၿပီး ၊ (၅)ေယာက္ကေတာ့ ကြယ္လြန္သြားၾကပါတယ္။ Facebook ကသူငယ္ခ်င္းေတြကို သြားေတြ ့ရတာ အၿမဲတမ္းလြယ္ကူမေနပါဘူး ။ တစ္ခါတစ္ေလလဲ အႏၱရာယ္ အလြန္မ်ားလွပါတဃ္ ။သူမ ရဲ ့ ဆံပင္ညွပ္ဆရာ သူငယ္ခ်င္းတစ္ေယာက္ကဆို သူမရဲ ့ဆံပင္ကိုညွပ္ ခ်င္လို ဆိုၿပီး ခြင့္ေတာင္းၿပီး ေနာက္ေတာ့မ်က္နွာ ၊ ရင္ဘတ္နဲ ့ လက္ေမာင္းေတြမွာ အင္ပ်ဥ္ေတြထလာ ပါေတာ့တဃ္။ တစ္ခါတစ္ေလက်ေတာ့ စိတ္ေဖာက္ၿပန္တဲ့ အမူအရာေတြကို လည္းၾကံဳေတြ ့ရၿပန္ပါေလေရာ ။ ဒါေၾကာင့္မို ့လို ့ပဲ သူမပာာ လံုၿခံဳေရးအတြက္ မိန္းကေလးအေဖာ္တစ္ေယာက္အၿမဲတမ္း ထားထားၿပီး ေတြ ့ဆံုမႈေတြကိုလည္း လူထူထပ္တဲဲ့ေနရာေတြမွာပဲ လုပ္ပါတယ္တဲ့။
သူမၾကံဳေတြ ့ခဲ့ရတဲ့ ၿပႆနာေတြက မ်ားခဲ့ေပမဲ့လည္း Arlynnမွာ ေပ်ာ္ရႊင္ဖို ့ေကာင္းတဲ့ အခ်ိန္ေတြရွိခဲ့ပါတယ္။ သူမသူငယ္ခ်င္းတစ္ေယာက္ကေတာ့ ရွန္ပိန္ ပုလင္းအဖံုးကို ဓားရွည္ နဲ ့ဖြင့္နည္းကို သင္ေပးခဲ့ပါတယ္ ။ သီခ်င္းဆိုနည္းကို လည္းသင္ခဲ့ၿပီး bodyguard တစ္ေယာက္အေနနဲ ့လည္း ေလ့က်င့္ခဲ့ကာ ေမာ္ေတာ္ဆိုင္ကယ္ေတြလည္း စီးခဲ့ပါတဃ္။ Californiaမွာလည္း Facebookသူငယ္ခ်င္းေတြေတာ္ေတာ္မ်ားနဲ ့လည္း တူတူေတာင္တက္ခဲ့ၾကပါတယ္။ တစ္နွစ္လံုးလံုး ၿဖတ္သန္းၿပီးတဲ့အခါ ယံုနိုင္ဖို ့မေကာင္းတဲ့ အေတြ ့အၾကံဳ ေတြကေနၿပီးေတာ့ “Face to Facebook“ဆိုတဲ့ မွတ္တမ္းေလးကို ၿဖစ္ေစခဲ့ပါတဃ္။ Facebookကအေတြ ့အၾကံဳေတြနဲ ့ လူ ့အဖြဲ ့အစည္းရဲ ့အက်ိဳးသက္ေရာက္မႈေတြက ကြ်န္မကို အၾကီးအက်ယ္ေၿပာင္းလဲမႈေတြ ၿဖစ္ေစခဲ့တာပါပဲ။


 အားက်ရေအာင္ တင္ျပတာဟုတ္ဘူးေနာ္... .ေတာ္ၾကာမွ ငါတုိ႔လည္းသြားေတြ႔မယ္ျဖစ္ေနမယ္..... ဒီလိုအျဖစ္ မ်ိဳးေလးေတြလည္း ရွိပါေသးလားဆုိတာ ဗဟုတရေအာင္ ပါ။ 

အားလုံးကုိေလးစားလ်က္....

Saturday, March 3

ကမၻာ႔အၾကီးဆုံး တိရစၧာန္မ်ား

ကမာၻ ့အေလးခ်ိန္အႀကီးဆံုးေခြးကေတာ ့ဟာက်ဴလီအမည္ရွိတဲ ့ေခြးႀကီးၿဖစ္ပါတယ္။ သူ ့ရဲ ့အေလးခ်ိန္ကေတာ ့ေႀကာက္ခမန္းလိလိ ေပါင္ ၂၈၂ ေပါင္ပါတယ္။




ကမာၻ ့အႀကီးဆံုးၿမင္းကေတာ ့ဘယ္လ္ဂ်ီယံၿမင္းႀကီးေ၇ဒါပဲၿဖစ္ပါတယ္။ အၿမင္ ့၆ ေပရွိၿပီး အေလးခ်ိန္ကေတာ ့ေႀကာက္စရာလန္ ့စရာ ၂၃၉၃ ေပါင္ပါတယ္




တရုတ္နုိင္ငံက ဒီ၀က္ႀကီးကေတာ ့မေသခင္ ကမာၻ ့ထူးဆန္းမွတ္တမ္းထဲကုိ အႀကီးဆံုးစံခ်ိန္တင္သြားနုိင္ခဲ ့ပါေသးတယ္...အရွည္ ၈.၂ ေပ၊ ခါးအရြယ္အစားလံုးပတ္က ၇.၃ ေပ နဲ ့သြားအစြယ္ကပင္
၅.၇ လက္မ ရွိပါတယ္...




ထုိင္းနုိင္ငံပင္လယ္ကမ္းေၿခမွာဖမ္းမိခဲ ့တဲ ့ ၇၆၇ ေပါင္ရွိတဲ ့ငါးလိပ္ေက်ာက္ႀကီးၿဖစ္ပါတယ္.. ဒီငါးလိပ္ေက်ာက္ႀကီးကုိ သူ ့အိမ္ရွိရာ အထိသယ္သြားနုိင္ခဲ ့ေပမယ္ ့သူ ့ေလွေတာ ့ေမွာက္လု
မတတ္ၿဖစ္ခဲ ့ရတယ္လုိ ့ဆုိပါတယ္။



ထုိင္နုိင္ငံေၿမာက္ပုိင္း မဲေခါင္ၿမစ္အတြင္းမွဖမ္းမိတဲ ့အႀကီးဆံုးငါခူႀကီးၿဖစ္ပါတယ္။ အရွည္ ၆.၅ ေပ ရွိၿပီး အေလးခ်ိန္ကေတာ ့၆၄၄ ေပါင္ရွိပါတယ္



မီယာမီမွ အေလးခ်ိန္ ၈၉၇ ေပါင္ရွိတဲ ့ၿခေသၤ ့နဲ ့က်ားစပ္ထားတဲ ့အေကာင္ႀကီးကေတာ ့ကမာၻ ့အႀကီးဆံုး
ေႀကာင္မ်ဴိးႏြယ္၀င္တိရိစာၦန္ႀကီးၿဖစ္ပါတယ္
 



ဒီေ၀လငါးမန္းႀကီးကုိေတာ ့တရုတ္နုိင္ငံ၊ ကမ္းေၿခေဒသမွာဖမ္းမိခဲ ့တာၿဖစ္ၿပီး ၃၂ ေပရွည္ကာ အေလးခ်ိန္ ၈ တန္ရွိပါတယ္...



  အႀကီးဆံုေၿမြႀကီးကေတာ ့အင္ဒိုနီးရွားနုိင္ငံမွၿဖစ္ၿပီး အရွည္ ၄၈.၇ ေပရွိကာ အေလးခ်ိန္ ၉၈၃ ေပါင္ ရွိပါတယ္


အႀကီးဆံုးသမင္ႀကီးပါ...ဂရိတ္ၿဗိတိန္မွာေတြ ့ရွိခဲ ့တာၿဖစ္ၿပီး ၉ေပၿမင္ ့ကာ ေပါင္ ၃၀၀ အေလးခ်ိန္ရွိပါတယ္...သို ့ေသာ္လည္း ထုိသမင္ႀကီးကုိ အမဲလုိက္သမားမ်ားက ၂၀၁၀ ခုႏွစ္တြင္ သတ္ၿဖတ္ခဲ ့ပါတယ္။



အရပ္အၿမင္ ့ဆုံးဂရိတ္ဒိန္းေခြးႀကီး ေဂ်ာ ့ကေတာ ့၃.၅ ေပ ၿမင္ ့ပါတယ္...




ႏြားႀကီးခ်ီလီ ( ငရုတ္သီး ) ကေတာ ့အေလးခ်ိန္ ၁ တန္ နဲ ့အၿမင္ ့၁.၈၃ မီတာၿဖင္ ့ ကမာၻ ့အေလးဆံုးနဲ ့အၿမင္ ့ဆံုးႏြားစံခ်ိန္တင္ထားခဲ ့ပါတယ္။




ကမာၻ ့အရွည္ဆံုး ယုန္ကေတာ ့အမ္မီလို ့ေခၚၿပီး အရွည္ ၂.၆ ေပရွိပါတယ္
 
 
ကုိပီတာ၏ အေတြးပုံရိပ္မွ......

Monday, February 27

ကုိယ္အေလးခ်ိန္အႀကီးဆံုး ေမြးကင္္းစကေလး



အေလးခ်ိန္ ၁၅.၅၂ ေပါင္ ( ၁၇.၀၄ ကီလုိ ) ရွိ သားေယာက်ာၤးေလး တစ္ဦးကုိ တရုတ္နုိင္ငံ အလယ္ပုိင္းေဒသတြင္ ေမြးဖြားခဲ ့ပါတယ္....လြန္ခဲ ့သည္ ့စေနေန ့ကေမြးဖြားခဲ ့သည္ ့ကေလးငယ္ေလး ခြ်န္းခြ်န္းဟာ တရုတ္နုိင္ငံ၏ ကုိယ္အေလးခ်ိန္အမ်ားဆံုး ( အထြားဆံုး ) ေမြးကင္းစကေလးငယ္အၿဖစ္မွတ္တမ္းတင္သြားၿပီၿဖစ္ ပါတယ္.... မိခင္ေရာ ကေလးပါ တရုတ္နုိင္ငံ၊ ဟီနန္ၿပည္နယ္၊ ရွင္းရွန္း ၿမဳိ ့ေဒသခံေဆးရံုတြင္ က်န္းမာစြာရွိေနႀကပါတယ္....

Bonny baby: Chun Chun was born health weighing 15l.52lbs in Xinxiang city, Henan province on Saturday
ေမြးေမြးခ်င္း ၁၅ ေပါင္ခဲြရွိလို ့တစ္တံုးတစ္ခဲႀကီးပါပဲ....


Sleeping peacefully: Chun Chun rests beside mother Wang Yujuan, who said the size of her belly told her she was due a big baby
ႏွစ္ေယာက္စလံုးပင္ပန္းခဲ ့ႀကလုိ ့....မိခင္ေရာကေလးပါ အနားယူေနရပါတယ္....
 
ကေလးငယ္ေမြးဖြားခဲ ့သည္ ့အခ်ိန္မွာလည္း တရုတ္ရုိးရာ မဂၤလာရွိသည္ဟုယူဆႀကသည္ ့ယခုနဂါးႏွစ္အစပုိင္း    တြင္ၿဖစ္သည္မုိ ့က်က္သေရမဂၤလာအေပါင္းႏွင္ ့ ခေညာင္းသည္ ့အခ်ိန္လုိ ့ဆုိရ    မွာၿဖစ္ပါတယ္... " ကြ်န္ေတာ္ ့ဇနီးကိုယ္၀န္ေဆာင္ေန  စဥ္တံုးကေတာ ့    တစ္ၿခားကုိယ္၀န္ေဆာင္   အမ်ဴိးသမီးေတြနဲ ့အ တူတူပါပဲ....  ပံုမွန္ပဲစားေသာက္တာပါပဲ...     ဒါေပမယ္ ့ေမြးလာေတာ ့ တစ္ကယ္ ့နည္းတဲ ့  ကေလးမဟုတ္ဘူးဗ်ာ....    ၀တုတ္ေနတာပါပဲ...  ဒီေန ့ဟာလည္း တရုတ္ရုိးရာ ၿပကၡဒိန္အရ ေႏြဦးရာသီရဲ ့ပထမဦးဆံုးေန ့ၿဖစ္ၿပီး သူ 
ဟာ နဂါးႏွစ္  မွာေမြးတဲ ့ကေလးလည္းၿဖစ္ပါတယ္.  ကြ်န္ေတာ္ကေတာ ့အလြန္ပဲ၀မ္းသာေပ်ာ္ရႊင္မိပါတယ္.."လို ့ၿပံဳးေပ်ာ္ႀကည္ႏူးေနသည္ ့ဖခင္ၿဖစ္သူ က်င္ဂန္း ကေဒသခံ ရုပ္ၿမင္သံႀကားလိုင္း ရွင္းရွန္း ကုိ ေၿပာႀကားခဲ ့ပါတယ္....အသက္ ၂၉ ႏွစ္အရြယ္ရွိ မိခင္ၿဖစ္သူ ၀မ္ယူကြ်မ္း ကေတာ ့သူမအေနႏွင္ ့ကေလးငယ္ဟာ တစ္စံုတစ္ခုေတာ ့ထူးဆန္းေနၿပီဆုိတာ ခံစားသိရွိေနခဲ ့ပါတယ္လုိ ့ဆုိပါတယ္....

Tipping the scales: At 7.04kgs Chun Chun seems to have nicked the record for heaviest Chinese baby on record from three joint previous holders tied on exactly 7kgs
 နဂါးႏွစ္မွာလည္းေမြးတယ္....ကုိယ္အေလးခ်ိန္လည္းအႀကီးဆံုးမုိ ့ဖခင္ၿဖစ္သူအတြက္ေတာ ့အႏွဳိင္းမဲ ့
ဆုလာဘ္တစ္ပါးပါပဲ...
Proud father: Han Jingang said his wife ate and drank perfectly normally before delivering her sizeable new son
သူ ့အေမကေတာ ့ကုိယ္၀န္ေဆာင္ေနစဥ္ကာလတစ္ေလွ်ာက္လံုး စားတာေသာက္တာ ပံုမွန္ပါပဲ လို ့ဆုိေနတဲ ့ဖခင္ၿဖစ္သူ...

"သားေလးကို ကုိယ္၀န္စရွိကတည္းက အယင္သမီးေလးကုိ ကုိယ္၀န္ရွိခဲ ့စဥ္တံုးကနဲ ့မတူပဲသြား
ရလာရတာ အထူးပဲ ေလးလံလွတယ္ဆုိတာခံစားခဲ ့ရပါတယ္... ကြ်န္မဗုိက္ကလည္းေတာ္ေတာ္ႀကီးကုိ ပူေနခဲ ့တာပါပဲ... ကေလးကေတာ့အေလးခ်ိန္ ၄.၅ နဲ ့၅ ကီလုိ ႀကားရွိလိမ္ ့မယ္လုိ ့ေမွ်ာ္မွန္းထားခဲ ့တာပါ...ဒါေပမယ္ ့အခုလို ၇ ကီလုိအထိေတာ ့ရွိ လိမ္ ့မယ္လုိ ့လံုး၀ မေမွ်ာ္လင္ ့ခဲ ့ပါဘူး..." လို ့ဆုိခဲ ့ပါတယ္...၎တုိ ့ဇနီးေမာင္ႏွံ၏ အသက္ေၿခာက္ႏွစ္အရြယ္ရွိ သမီးေလးေမြးဖြားခဲ ့စဥ္က ကုိယ္အေလးခ်ိန္ ၄ ကီလုိ ( ၈ ေပါင္ ) သာရွိခဲ ့တာၿဖစ္ပါတယ္...." ကေလးငယ္ဟာ သာမန္ကေလးတစ္ေယာက္ထက္ ႏွစ္ဆပုိႀကီးေနတာပါ..." လို ့ သားဖြားမီးယပ္ဌာနအႀကီးအကဲ ရွန္းလီလီက ရွင္းရွန္းတီဗီလုိင္း ကုိေၿပာႀကားခဲ ့ပါတယ္...တရုတ္နုိင္ငံတြင္ ၂၀၀၈ ခုႏွစ္နွင္ ့၂၀၁၀ ခုနွစ္အတြင္း ကုိယ္အေလးခ်ိန္ ၇ ကီလုိရွိေသာ ကေလး ၃ ဦးေမြးဖြားခဲ ့လို ့နုိင္ငံရဲ ့အ၀ဆံုးေမြးကင္းစကေလးမ်ားအၿဖစ္ ပူးတဲြစံခ်ိန္တင္ခဲ ့ႀကပါ တယ္....ယခု ကေလးငယ္ ခြ်န္းခြ်န္း ကေတာ ့ ၇.၀၄ ကီလုိနဲ ့ယခင္စံခ်ိန္ေဟာင္းမ်ားကုိ ေက်ာ္နုိင္ခဲ ့တာ  ၿဖစ္ပါတယ္...မွတ္တမ္းတင္ခဲ ့သမွ်ထဲက အ၀ဆံုး၊ ကုိယ္အေလးခ်ိန္အမ်ားဆံုးကေလးကေတာ ့၁၀.၈ ကီလုိ   ရွိသည္ ့၁၈၇၉ ခုႏွစ္တြင္ အုိဟုိင္ယုိ ၿပည္နယ္တြင္ေမြးဖြားခဲ ့သည္ ့ကေလးၿဖစ္တယ္လုိ ့ဂင္းနက္ကမာၻ ့ထူးဆန္းမွတ္တမ္းအဖဲြ ့ရဲ ့အဆုိအရ
သိရပါတယ္...ထုိကေလးငယ္ကေတာ ့ဖြားၿမင္ၿပီးမႀကာခင္ေသဆံုးသြားခဲ ့ပါတယ္။
ေရးသားသူ = ကုိပီတာ 
 
အဟဲ ေၾကာ္ျငာ၀င္တာေနာ္..။  ကြ်န္ေတာ္႔ဘေလာ့ေလးကို Google မွာ မွဴးေသာ္ လုိ႔ ရုိက္ရွာရင္ ေပၚပါတယ္။ ဒီလိုေလးေနာ္....။
အားလုံးကိုေလးစားလ်က္.....

Saturday, February 25

ထူးထူးဆန္းဆန္း လူေခါင္းနဲ႔ေျမြ



ကုိသက္တန္႔ခိ်ဳရဲ႕ဆုိက္မွာထူးဆန္းတာေလးေတြ႔လုိ႔ ျပန္လည္ မွ်ေ၀လုိက္ျခင္းျဖစ္ပါတယ္။ ဒီလုိမ်ိဳးလည္းရွိတာပဲေနာ္ ။ေတာ္ေတာ္ထူးဆန္းတာပဲ။ မသိေသးေသာမ်ားအတြက္ ပါ။



အင္ဒိုနီးရွားႏိုင္ငံမွာ လူဦးေခါင္းနဲ႔ ေၿမြကို ရွာေဖြေတြ႔ရွိခဲ့ပါတယ္ ။ ဒီေၿမြရဲ႕ ဦးေခါင္းဟာ လူဦးေခါင္းနဲ႔ တူတာထက္ ၿဂိဳလ္သား ပံုစံနဲ႔ ပိုၿပီးဆင္တူလွပပါတယ္ ။ သူ႔မွာ လက္ႏွစ္ေခ်ာင္းပါရွိၿပီး အလြန္ထူးဆန္းတဲ့ သတၱ၀ါ တစ္ေကာင္ လည္းၿဖစ္ပါတယ္ ။ အမ်ားၿပည္သူေလ့လာ ႏိုင္ဖို႔အတြက္ ၿပတိုက္မွာ ထားရွိပါတယ္ ။ အင္ဒိုနီးရွားႏိုင္ငံကေတာ့ ဒီေၿမြဟာသူ႕မွာရွိတဲ့ gene တစ္စံုတစ္ခုေၿပာင္းလဲသြားတဲ့အတြက္ ဒီလိုၿဖစ္လာတယ္လို႔ ယူဆထားပါတယ္ ။


စာေရးသူ.....သက္တန္႔ခ်ိဳ

Tuesday, February 7

ရင္ေသြးငယ္အတြက္ မိမိကုိယ္တုိင္ ဗုိက္ခြဲေမြးသူ အာဂမိခင္


အမ်ိဳးသမီးတစ္ဦးဟာ အံ့ၾသဖြယ္ရာ မိမိကိုယ္ကို ဗိုက္ခြဲ ( Caesarean section ) ၿပဳလုပ္ၿပီး ကေလးေမြးဖြားခဲ့ပါတယ္ ။ ဒီလို အာဂ သူရဲေကာင္းမိခင္ရဲ႕ နာမည္ကေတာ့ Ines Ramirez ၿဖစ္ၿပီးသူမဟာ သူမကိုယ္တိုင္ ဗိုက္ခြဲၿပီးေမြးဖြားေအာင္ၿမင္ခဲ့တဲ့ ကမၻာေပၚမွာ တစ္ဦးတည္းေသာ မိခင္လည္းၿဖစ္ပါတယ္ ။

ေနဟာ နာရီအနည္းငယ္ၾကာကတည္းက အေနာက္အရပ္ကို၀င္သြားခဲ့ပါၿပီ ။ အနီးဆံုးေဆးရံုဟာ ၾကမ္းတမ္းတဲ့လမ္းေတြကို ၿဖတ္သန္းၿပီးသြားတာေတာင္မွ ကီလိုမီတာ ၈၀ ေက်ာ္ေ၀းပါတယ္ ။ သူမဟာ ဒီလိုလုပ္ရပ္ကိုလုပ္ဖို႔အတြက္ သူမသာလွ်င္ ခြဲစိတ္သူ သူမသာလွ်င္ assistant ၿဖစ္ခဲ့တယ္ ။ သူမရဲ႕ခင္ပြန္းဟာ အဲဒီအခ်ိန္တုန္းက အရက္ဆိုင္တစ္ခုမွာ အရက္ေသာက္ေနခဲ့တယ္ ။ သူမ မွာ ဖုန္းလည္းမရွိခဲ့ဘူး ။ အရက္ဆိုင္းကိုလည္း လိုက္မသြားႏုိင္ခဲ့ဘူး ။

ည အလယ္ေခါင္ကို ေရာက္လာပါၿပီ ။ ည ၁၂ နာရီေက်ာ္တဲ့အထိ ဗိုက္က ဆက္တိုက္နာလာၿပီးတဲ့ေနာက္မွာ ဒီ အသက္ ၄၀ ေက်ာ္ အမ်ိဳးသမီးဟာ သစ္သားနဲ႔လုပ္ထားတဲ့ ခံုတန္းလ်ားပုပုေလးေပၚလွဲခ်လိုက္တယ္ ။ အရက္ေတြထည့္ထားတဲ့ ပုလင္းထဲကေန အရက္တခ်ိဳ႕ကို မ်က္စိမွိတ္ၿပီး အၾကိမ္ၾကိမ္ မ်ိဳးခ်ခဲ့တယ္ ။ အဲဒီေနာက္ အာဂအမ်ိဳးသမီးဟာ ၁၅ စင္တီမီတာေလာက္ရွည္တဲ့ ဓါးကို က်စ္က်စ္ပါေအာင္ဆုပ္ၿပီး ဗိုက္ကို စတင္ခြဲခ်လိုက္ပါတယ္ ။

မွိန္ပ်ပ်အလင္းေရာင္ထြက္ေနတဲ့ မီးသီးေလးတစ္လံုးရဲ႕ အကူအညီနဲ႔ Ramirez ဟာ အေရၿပားကို လွီးၿဖတ္ခဲ့တယ္ ။ ၿပီးေတာ့ ၀မ္းၾကာတိုက္ထဲက သားသားေလးကို မဆြဲထုတ္ခင္မွာ အဆီလႊာ နဲ႔ၾကြက္သားအလႊာ သားအိမ္နံရံ စတာေတြကို လွီးၿဖတ္ခဲ့တယ္ ။ သူမဟာ ကေလးရဲ႕ ခ်က္ၾကိဳးကို ကတ္ေၾကးနဲ႔ၿဖတ္ခဲ့ၿပီး သူမရင္ေသြးေလးကို ထုတ္ယူႏိုင္ခဲ့တယ္ ။ သူမ အရာအားလံုးကို ေမ့ေမ်ာ့သြားခဲ့ပါၿပီ ။

သူမ သတိၿပန္ရလာခဲ့တအခါ သူမဟာ ေသြးေတြအလြန္အမင္းထြက္ေနတဲ့ ၀မ္းဗိုက္ထဲမွာ ဆြယ္တာ အက်ၤီ တစ္ထည္ကို ထိုးသိပ္ထည့္ထားလိုက္ၿပီးအဲဒီၿဖစ္ရပ္ကိုအသက္ ၆ ႏွစ္ေလာက္သာရွိေသးတဲ့ Benito က ၿမင္သြားခဲ့ၿပီး ေဘးအိမ္ေတြကို အကူအညီေတာင္းခံခဲ့ရပါတယ္ ။ နာရီေပါင္းမ်ားစြာၾကာၿပီးတဲ့ေနာက္ ေက်းရြာရဲ႕ က်န္းမာေရးလက္ေထာက္ Leon Cruz နဲ႔ အကူတစ္ေယာက္တို႔ဟာ အသက္ရွင္ေနေသးတဲ့ Ramirez နဲ႔ ေဘးမွာ လဲေလ်ာင္းေနတဲ့ ကေလးေလးတစ္ေယာက္ကို ေတြ႔လိုက္ရတယ္ ။ Cruz ဟာ ၁၇ စင္တီမီတာရွည္တဲ့ခြဲထားတဲ့လမ္းေၾကာင္းကို သာမန္ အပ္ ၊ အပ္ခ်ည္နဲ႔ ၿပန္ခ်ဳပ္ေပးခဲ့ရတယ္ ။ ၿပီးေတာ့ အဲဒီလူႏွစ္ေယာက္ဟာ သူမကိုေရာ ကေလးကိုေရာ မၿပီး ေကာက္ရိုးဖ်ာထဲ ထည့္လို႔ ၿမင္းႏွစ္ေကာင္ကိုဆြဲေစၿပီး ၿမိဳ႕ကို အနီးဆံုးလမ္းကေန ေမာင္းႏွင္ခဲ့ရတယ္ ။ ၿပီးေတာ့ ၂ နာရီၾကာၿပီးတဲ့အခါ သူတို႔ေဆးခန္းတစ္ခုကိုေရာက္သြားၾကပါၿပီ ။

ဒါဟာ ၂၀၀၀ ခုႏွစ္ March လတုန္းက ၿဖစ္ပ်က္ခဲ့တာပါ ။ အခုေတာ့ Ines Ramirez ကို အၿပည္ၿပည္ဆိုင္ရာက အံ့ၾသဖြယ္ရာ သူရဲေကာင္းမိခင္အၿဖစ္သတ္မွတ္လိုက္ၾကတယ္ ။ သူမဟာ ဗိုက္ခြဲၿပီးမိမိရင္ေသြးကို မိမိဘာသာ ေမြးႏုိင္ခဲ့တဲ့ အံ့ၾသဖြယ္ရာ မိခင္တစ္ဦးပါပဲ ။

ဒီစာေလးကို ကိုယ္၀န္ဖ်က္ခ်ဖို႔ၾကိဳးစားေနတဲ့ ေခတ္ကာလ မိခင္ေလာင္းေလးေတြကိုေပးဖတ္ၿပေစခ်င္တယ္ ။ မိခင္ေမတၱာဆိုတာ ဘယ္လိုမ်ိဳးလဲဆိုတာကိုေပါ့ ။ 



သက္တန္႔ခ်ိဳ