Pages

Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts

Wednesday, February 15

သားကောင်းသမီးမွန် ဖြစ်စေချင်



ဒါလေးက ဟိုးလွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က ခုနှစ်တန်းကျောင်းသားလေးတစ်ယောက် ဆုရခဲ့တဲ့ စာစီစာကုံးလေးပါ။ အရမ်းသဘောကျလို့  ပြန်တင်ပေးလိုက်ပါသည်။





မိဘကို ချစ်ခင်လေးစားလုပ်ကျွေးပြုစုသော သားရတနာကို သားကောင်းဖြစ်သည်ဟု ဆိုနိုင်သလို မိဘကို ချစ်ခင်လေးစား၍ လုပ်ကျွေးပြုစုသော သမီးရတနာကို သမီးမွန်ဟု ခေါ်ဆိုသတ်မှတ်နိုင်သည်။ မိဘတို့သည် သားသမီးများကို သားကောင်းသမီးမွန်များ ဖြစ်စေချင်ပါသည်။ မည်သည့်မိဘမျှ သားသမီးများကို သားဆိုး၊သမီးယုတ် မဖြစ်စေချင်ပါ။
ထို့ကြောင့် ကျွန်တော်တို့ကလည်း မိဘတို့၏ သားကောင်း  သမီးမွန်များဖြစ်စေရန် ကြိုးစားပြုမူနေထိုင်သင့်ပါသည်။ ကျွန်တော်တို့သည် မိဘများကို လုပ်ကျွေးပြုစုကာ မိဘကျွေးဇူးကို ဆပ်နိုင်ပါသည်။
လူတိုင်းလူတိုင်းသည် အမိအဖတို့နှင့် ကင်းသောသူဟူမရှိပေ။ မိဘမရှိတဲ့ လူ့ဘ၀အတွင်းသို့ လာရောက်နိုင်စရာအကြောင်း မရှိပေ။
အမိ၊အဖကို လုပ်ကျွေးပြုစုသူတိုင်းသည် သားကောင်း သမီးမွန်များဖြစ်ကြပေသည်။ မြန်မာဇာတ်တော်တွင် အမိအဖကို ကျွေးမွေးပြုစုသဖြင့် သေဘေးမှကင်းလွတ်ခဲ့ရသောသူလည်း ရှိပေသည်။ ထိုသူကား သ၀ဏ္ဏသာမပင်ဖြစ်သည်။ သုဝဏ္ဏသာမသည် အမိအဖကို ရိုသေစွာလုပ်ကျွေးပြုစု၏။ တနေ့တွင် သုဝဏ္ဏသာမ ရေခပ်ဆင်းရာပီဠိယက္ခမင်းကြီး၏မြှား မှန်လေသည်။ မြှားသည် အဆိပ်လူးမြားဖြစ်သဖြင့် သုဝဏ္ဏသာမသည် မေ့မြောနေလေ၏။ သို့သော် သုဝဏ္ဏသာမသည် အမိအဖ၏ သစ္စာပြုခြင်းကြောင့် ပြန်လည်အသက်ရှင်လာခဲ့သည်။ မိဘတို့ကိုလုပ်ကျွေးပြုစုခြင်းဖြင့် အသက်ဘေးမှပင် ကင်းလွတ်နိုင်သည်။ ထို့ကြောင့် သားကောင်းသမီးမွန်များဖြစ်အောင် ကြိုးစားသင့်ပေသည်။
မိဘတို့သည် မိမိတို့၏သားကောင်းသမီးမွန်များဖြစ်ရန် သားသမီးများအား ဆုံးမသွန်သင်သင့်ပါသည်။ ကျောက်ရိုင်းတုံးသည် ကျောက်သွေးသူ၏ ပြုပြင်ခြင်းကိုမခံရဘဲ အဖိုးတန်ကျောက် ဖြစ်မလာနိုင်ပေ။ ထို့အတူ သားသမီးတို့သည် ကျောက်ရိုင်းတုံးများဖြစ်ကြသည်။ မိဘတို့သည် ကျောက်သွေးသမားများဖြစ်ကြသည်။ ထို့ကြောင့် သားသမီးဟူသော ကျောက်ရိုင်းတုံးသည် မိဘဟူသော ကျောက်သွေးသမား၏ ပြုပြင်ခြင်းကို မခံရဘဲ သားကောင်း သမီးမွန်များဖြစ်မလာနိုင်ပေ။ ထို့ကြောင့် မိဘများသည် မိမိတို့၏ သားသမီးများကို သားကောင်း သမီးမွန်များ ဖြစ်စေချင်လျှင် ဆုံးမပဲ့ပြင်သင့်ပါသည်။
“အကွပ်မဲ့ကြမ်း ပရမ်းပတာ” ဆိုသကဲ့သို့ မိဘဟူသော အထိန်းအချုပ်မရှိလျှင် သားသမီးတို့သည် ကြမ်းကဲ့သို့ ပရမ်းပတာ လွတ်လပ်စွာပင် ဆိုးကြ၊မိုက်ကြ၊ပေတေ ကြပေမည်။ ထို့ကြောင့် မိဘတို့သည် သားကောင်းသမီးမွန် ဖြစ်စေရန် မိမိတို့၏ သားသမီးများကို ဆုံးမပဲ့သွန်သင် သင့်ပါသည်။
မိဘတို့သည် သားသမီးများကို သားကောင်းသမီးမွန်များ ဖြစ်စေချင်သကဲ့သို့ နိုင်ငံတော်ကလည်း သားသမီးများကို သားကောင်းသမီးမွန်များ ဖြစ်စေချင်ပါသည်။ နိုင်ငံတော်က သားကောင်းသမီးမွန်များကို များများမွေထုတ်ပေးနိုင်ပါမှသာ နိုင်ငံတော်ကြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်လာပေလိမ့်မည်။
သားသမီးများကလည်း မိဘတို့၏ သားကောင်းသမီးမွန်ဖြစ်စေချင်သော စိတ်ဓါတ်များ ထားရှိသင့်ပေသည်။ နိုင်ငံတော်မှ သားကောင်းသမီးမွန်များ မွေးထုတ်ပေးနိုင်အောင်လည်း ကြိုးပမ်းထားပါသည်။ မိဘတို့သည် သားသမီးများကို သားကောင်းသမီးမွန် ဖြစ်စေချင်လျှင် မိဘတို့သည် လိမ္မာကျွမ်းကျင်သော ပဲ့ကိုင်ရှင်များဖြစ်မှသာ သားသမီးတို့ကလည်း သားကောင်းသမီးမွန်များ ဖြစ်ပေလိမ့်မည်။


မောင်ဟိန်းဆက်အောင်
သတ္တမတန်း
အခြေခံပညာမူလတန်းလွန်ကျောင်း

Tuesday, November 22

လောကမှာ မိန်းကလေးတွေ အမှန်တကယ် အလိုချင်ဆုံး အရာ


တစ်ခါတုန်းက နိုင်ငံငယ်လေးတစ်ခုမှာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ ဘုရင်တစ်ပါးရှိသတဲ့။ အဲဒီ တိုင်းပြည်ရဲ့ အနီးအနားမှာ အလွန်အင်အားကြီးမားပြီး စစ်လိုလားတဲ့ ဘုရင်ကြီးတစ်ပါးရှိတယ်။ ထိုဘုရင်ကြီးက တိုင်းပြည်ငယ်လေးကို သိမ်းပိုက်ချင်ပေ့မယ့် ဘုရင်ငယ်လေးရဲ့ ငယ်ရွယ်မှုနဲ့ ထက်မြက်တဲ့ အတွေးအခေါ် ကို သဘောကျလို့ အခွင့်အရေးတစ်ခုပေးလိုက်တယ်။ အဲဒီအခွင့်အရေးကတော့ အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုပါ။ ဘုရင်ငယ်လေးအတွက် အချိန်တစ်နှစ်ပေးထားပြီး မဖြေနိုင်ပါက အသတ်ခံရမယ်လို့ပြောပါတယ်။ မေးလိုက် တဲ့မေးခွန်းက -လောကကြီးမှာရှိတဲ့ အမျိုးသမီးတိုင်း အလိုချင်ဆုံးအရာက ဘာလဲ  တဲ့။ အဲဒီမေးခွန်းကတော့ ဘုရင်လေးနဲ့ ပညာရှိအမတ်တွေကို ခက်ခဲရှုပ်ထွေးစေတော့တာပဲ။ တစ်ချို့ကတော့ မဖြစ်နိုင်တဲ့မေးခွန်းလို့ထင်ကြတယ်။  မင်းညီမင်းသားတွေ၊ ဘုန်းတော်ကြီးတွေ၊ ပညာရှိတွေ၊ တရာသူကြီးတွေ၊   ပြည်သူပြည်သားတွေနဲ့  ပြည့်တန်ဆာအမျိုးသမီးတွေပါမကျန် ဆင့်ခေါ်ပြီးတော့ အဖြေရဖို့ ကြိုးစားပါတယ်။ဒါပေ့မယ့် ကျေနပ်ဖွယ်ရာ အဖြေကိုတော့ မရခဲ့ပါဘူး။ နောက်ဆုံးမှာတော့ လူအများစုက တိုင်းပြည်မှာရှိတဲ့ စုန်းမကြီးတစ်ယောက်သာလျှင် ဒီအဖြေကိုဖြေနိုင်လိမ့်မယ်လို့လျောက်တင်ကြတယ်။ စုန်းမကြီးဟာ အလွန်တန်ဖိုးကြိးတဲ့ အဖိုးအခကိုတောင်းဆိုလိုက်ပါတယ်။ ဒီလိုနဲ့ အဖြေပေးရမယ့်နောက်ဆုံး ရက်ဟာ တဖြည်းဖြည်းနီးကပ်လာပါတယ်။ စုန်းမကြီးကလည်း သူ့တောင်းဆိုချက်ကိုအရင် လိုက်လျောမှသာ အဖြေပေးနိုင်မယ်လို့ ပြောပါတယ်။စုန်းမကြီးတောင်းဆိုတာက ဘုရင်လေးရဲ့ ယုံကြည်အားအကိုးရဆုံး သူငယ်ချင်းလဲဖြစ်၊ နိုင်ငံရဲ့သူရဲကောင်စစ်သည်တစ်ဦးလဲ ဖြစ်တဲ့ အမတ်ကြီးးကို သူနဲ့ လက်ဆက်ပေးဖို့ပါတဲ့။ ဘုရင်လေးလဲ အရမ်းတုန်လှုပ်ခြောက်ခြားသွားတာပေါ့။ စုန်းမကြီးပုံစံက ခါးကကုန်းကုန်း၊ ကျောကုန်းဘုနဲ့ အမြင်ဆိုးရွားလှတယ်။သွားကလည်း ရှေ့သွားတစ်ချောင်းပဲရှိတယ်။ အနံ့အသက်ကလည်း ဆိုးရွားလှတယ်။ စကားအပြောအဆိုကလည်းကြမ်းတယ်။အဲဒီလို ဆိုးရွားလှတဲ့ စုန်းမကြီးနဲ့ သူသူငယ်ချင်းကို ယူဖို့တိုက်တွန်းရမှာကို သူ့အတွက်  ၀န်ထုပ်ဝန်ပိုးဖြစ်နေပါတော့တယ်။ ဒါပေမ့ယ် အမတ်ကြီးက တိုင်းပြည်နဲ့လူမျိုးအရေးယှဉ်ရင် ဒီကိစ္စက မပြောပလောက်ကြောင်းပြောခဲ့ပါတယ်။ ဒါကြောင့် စုန်းမကြီးတောင်းဆိုချက်ကိုလက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ မင်္ဂလာပွဲကိုကျင်းပပြီးနောက် စုန်းမကြီးက ဘုရင်လေးကိုအဖြေကိုပြောပြလိုက်ပါတယ်။ အဖြေကတော့ -လောကကြီးမှာ အမျိုးသမီးတိုင်း အမှန်တကယ် အလိုချင်ဆုံးအရာက သူတို့ရဲ့ဘ၀ကိုသူတို့ စိတ်တိုင်းကျ စီမန်ခန့်ခွဲချင်တာပဲ  လို့ပြောခဲ့တယ်။ ထိုအခါမှ ပြည်သူတွေလဲ အဖြေကိုသိရပြီး စစ်ဘုရင်ကြီးလည်း စစ်မပြုတော့ဘဲ ဘုရင်လေးတို့ တိုင်းပြည်နဲ့ မဟာမိတ်ပြုလိုက်ပါတော့တယ်။
 
အမတ်ကြီးနဲ့ စုန်မကြီး  မင်္ဂလာပွဲဘယ်လိုဖြစ်သွားတာလဲ
ဘုရင်လေးလဲ ပျော်ရွှင်ခြင်းနဲ့ ၀မ်းနည်းခြင်း  တစ်ပြိုင်နက်ခံစားနေရပြီပေါ့။ သိမ်မွေ့ယဉ်ကျေးတဲ့ သူငယ်ချင်း နဲ့ အလွန်မသတီစရာစုန်းမတို့ လက်တွဲရမယ့် ဘ၀အရေးကို စဉ်းစားမိလို့ပေါ့။ အမတ်ကြီးလည်းဆိုးရွားလှ  တဲ့ ဘ၀ကိုရင်ဆိုင်ဖို့ မင်္ဂလာအိပ်ခန်းတွင်းကို ၀င်ရပြီပေါ့။ ဒါပေ့မယ့်အိပ်ခန်းတွင်းမှာ အလွန်လှပတဲ့ ကောင်မလေးတစ်ယောက် ထိုင်နေတာကိုတွေ့လိုက်ရတော့ အရမ်းအံ့သြသွားတယ်။ ဘယ်လိုတွေဖြစ်ကုန်ပြီလဲလို့မေးခဲ့တယ်။  ကောင်မလေးကပြန်ပြောခဲ့တယ်။ သင်ဟာကျွန်မနဲ့ ပထမဦးဆုံးတွေ့တဲ့အချိန်မှာ အလွန်မသတီစရာကောင်းတဲ့ရုပ်နဲ့တွေ့ပေ့မယ့် ကြင်နာစွာဆက်ဆံခဲ့တယ်။ ဒီအတွက်ကြောင့် စိတ်ထားကောင်းတဲ့သင့်ကို အခွင့်အရေးတစ်ခုပေးချင်ပါတယ်။ ဒါကတော့ နေ့ခင်းဘက်  မှာ ဒါမှဟုတ် ညဘက် ရှင်ကြိုက်တဲ့အချိန်ပိုင်းမှာ အခုလိုလှပမွေးပျံတဲ့ပုံစံ နဲ့တွေ့မြင်နိုင်အောင် ဖန်ဆင်းထား မယ်လို့ ပြောလိုက်ပါတယ်။  ဘယ်လောက်များရင်နာစရာကောင်းလိုက်တဲ့မေးခွန်းပါလိမ့်။ အမတ်ကြီးလဲ သေချာစဉ်းစားပြီးတော့ အဖြေပေးရတော့မယ်။ နေ့ပိုင်းမှာ ချောမောလှပတဲ့ မိန်းကလေးကို မိတ်ဆွေတွေအလည်မှာ ပြသပြီးတော့ ညအချိန်မှာ စုန်းမကြီးနဲ့ အတူတူအိပ်မလား ဒါမှမဟုတ် နေ့ပိုင်းမှာ စုန်းမကြီးကိုပြသပြီးတော့ ညပိုင်းမှာ ချောမောလှပတဲ့ကောင်းမလေးနဲ့နေမလား။  အမတ်ကြီးဘာကိုရွေးတယ်ဆိုတာ ဆက်မဖတ်ခင်  စာဖတ်သူအနေနဲ့ရောဘာကိုရွေးချယ်လဲ စဉ်းစားကြည့်ပါ။ စဉ်းစားဖြစ်အောင် စဉ်းစားနော် ။
??????????????????????????????????????????????????????????????????????????????????????


အမတ်ကြီးရွေးချယ်လိုက်တာကတော့ မင်းသဘောအတိုင်းပါတဲ့ ဗျာ။ အဲဒီစကားကိုကြားလိုက်တဲ့အခါ ကောင်မလေးက အောက်ပါအတိုင်း ပြောလိုက်ပါတယ်။  အချိန်တိုင်းပဲ လှပတဲ့ ပုစံ နဲ့မြင်တွေ့စေရပါမယ် လို့ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမဘ၀ကို သူမစိတ်ကြိုက်စီမံခွင့် ရရှိခဲ့လို့ပါ။ ပုံပြင်လေးရဲ့ဆိုလိုရင်းကတော့ သင့်ရဲ့ကောင်မလေးဟာ သူစိတ်တိုင်းကျ သူဘ၀ကို စီမံခွင့်မရခဲ့ရင်.သင့်အခြေအနေဟာလည်း နေ့ ဒါမှမဟုတ် ည ပိုင်းတွေမှာ မလှပနိုင်တော့ဘူးပေါ့။

အားလုံးကိုခင်မင်လေးစားလျက်