Pages

Showing posts with label ကျွန်တော့်အကြောင်း. Show all posts
Showing posts with label ကျွန်တော့်အကြောင်း. Show all posts

Saturday, November 17

minus.com မှဒေါင်းမရသောလင့်များ ပြောပေးပါ


အခုနောက်ပိုင်း minus.com ဆိုက်က ကျွန်တော်တင်ထားသောလင့်များ အလုပ်မလုပ်တော့ပါဘူးခင်ဗျာ။အကုန်တော့မဟုတ်ဘူး တစ်ချို့တစ်ဝက်ပါ။ အဲဒါ လင့်သေများ ၊ ဒေါင်းလော့ချ၍ မရသော လင့်များကို ကွန့်မန့်ပေးခဲ့ပါခင်ဗျာ။  ကျွန်တော်ပြန် ပြီး တင်ပေးပါ့မယ်ခင်ဗျာ ။ အကုန်လုံးမသိနိုင်လို့ပါ။ minus.com က နောက်ထပ် ထပ်ပြီးတော့လည်း တင်လို့မရတော့ဘူး။ အဲဒါကြောင့် mediafire နဲ့ adrive မှာပဲ တင်ဖြစ်ပါတယ်။ အဲဒီနှစ်ခုမှာ error ရှိတာက mediafire ပါ။ သူကလည်း လအကန့်အသတ်နဲ့လို့ပြောပါတယ်။  ကွန်မန့်ပေးထားသော လင့်များလည်း ပြုပြင်ပြီးဖြစ်ပါတယ်။  အဆင်ပြေကြပါစေ.။




အားလုံးကိုလေးစားလျက်....

Friday, November 9

အစစ်လား ၊ အတုလား ပြောပေးပါ


စိုးသူ ဒီနေ့  Facebook ဝင်လိုက်တယ်။ စေတီတစ်ခုကို မြွေပတ်နေတဲ့ပုံပါ။ စာမှာရေးထားတာက " ညောင်ဦးမြို့ ၊ သမိုင်းဝင်စွယ်တော်ရှင်  ရွှေစည်းခုံ စေတီတော်မြတ်ကြီးကို လင်္ကျာပူဇော်နေသည့် နဂါးကြီးအား မြင်တွေ့ရစဉ် )၃.၃.၂၀၁၂) ရက် နံနက် (၅း၄၅) နာရီခန့် " အဲလိုရေးထားတယ်ဗျာ ။ ကျွန်တော်မရှင်းတာက ဓာတ်ပုံမှာပါ။  အပေါ်နားလေးမှာ သစ်သားဘောင်ပါတယ်။ ပြီးတော့ မြွေပုံက တုတ်ချောင်းသေးသေးကို ပတ်နေတာ။မြွေပတ်နေတဲ့ပုံနဲ့ စေတီနဲ့က တခြားစီပဲ။ တကယ်ဆိုရင် အဲဒီ တုတ်ချောင်း ပါစရာအကြောင်းမရှိဘူးလို့ထင်တယ်။ ဓာတ်ပုံရိုက်တာအစစ်ဆိုရင်လည်း အပေါ်က သစ်သားဘောင် ပါစရာအကြောင်းမရဘူးလို့ထင်တယ်။  ဓာတ်ပုံပေါ်ကို ဓာတ်ပုံထပ်ရိုက်ထားတာလို့  မြင်တယ် ။ ဘုရားနောက်ခံအရောင်ကလည်း မူရင်းမဟုတ်ဘူးဆိုတာ သိသာတယ်။ စိုးသူလည်း ဗုဒ္ဓဘာသာပါ။ ဘုရားကိုယုံကြည်ကိုးကွယ်ပါတယ်။ ဟုတ်မဟုတ် ၊ အမှန်မသိဘဲနဲ့  မကိုးကွယ်ချင်ပါဘူး။  ဒါလေးတော့ အမှန်လားအမှားလားဆိုတာ သိချင်ပါတယ်။ အဲဒါကြောင့် ဖတ်မိသူများ ကွန့်မန့်လေး ပေး ပေးပါ။ အမှန်တိုင်းပြောရင် စိုးသူ အဲဒီပုံကို အမှန်ဆိုတာ လက်မခံနိုင်လို့ပါ။ 


ကျေးဇူးတင်ပါတယ်........

အားလုံးကိုလေးစားလျက်.......

Tuesday, October 23

ရွှေဧည့်သည် (၅၀၀၀၀) ပြည့်ခြင်း




ဒီနေ့ အရမ်းပျော်တယ်ဗျာ..ဘလော့စလုပ်တုန်းက လူမလာလောက်ဖူးလို့ပဲ ထင်ထားတာ.....ကျွန်တော်က ဝါသနာအရ ဘလော့လုပ်တာဆိုတော့..ဒီလောက်လူလာတယ်ဆိုတာကို အတိုင်းမသိ ပီတီဖြစ်မိတယ်....visitors ငါးသောင်းထိပြည့်လာမယ်လို့ ထင်မထားဘူး...ဘာလို့လည်းဆိုတော့ ဘလော့စလုပ်ကတည်းကတစ်နေ့ကို လာလူက ငါးဆယ် ခုနှစ်ဆယ်လောက်ပဲ...အဓိက က visitor မလာတာ လာတာ အရေးမကြီးပါဘူးဗျာ...ဘလော့လေး ရေးနေရရင်ပဲ ..ပီတီဖြစ်နေတာ.....ပြီးတော့ အံလည်းသြတယ်...ပြောမယ်ဆိုရင် ကျွန်တော့်ဘလော့လေးက ပြောလောက်အောင် လည်းအစုံမဟုတ်ပါဘူး..အရမ်းကို နည်းနည်းပါးပါးလေး တင်ထားတာပါ..ဒါတောင် မျက်စိလည်ပြီး ရောက်လာပါလားလို့ ထင်မိတယ်.....တတ်လို့သိလို့ လုပ်တာ မဟုတ်ပါဘူး..ဝါသနာအရပါ....အဲလိုဝါသနာအရကိုမှ ကွန်မန့်လေးတွေပေးတာတို့ ၊ c-box မှာ ပြောတာတို့တွေ့ရင် ဘာပဲပြောပြော ရေးအားရှိတာတော့အမှန်ပဲ....ကျေးဇူးတင်ပါတယ်လို့ပြောသွားရင် သူတို့ကို ကျွန်တော် ပိုပြီးတော့တောင်ကျေးဇူးတင် မိတယ်....ကျေးဇူးတင်ခံချင်လို့တော့မ ဟုတ်ပါဘူး..သူတို့အတွက် နည်းနည်းလေးအသုံးဝင်ပါလားဆိုပြီး ပီတီဖြစ်မိတာပါ....ဘလော့ရေးတာက ကျွန်တော့်အတွက် စိတ်ပျော်ရွှင်မှု တစ်ခုကိုလည်းဖြစ်စေတယ်.....အားရင် အားသလို ပို့စ်တင်ဖြစ်ပါတယ်....ကောင်းတယ် ..သိသင့်တယ်ထင်တဲ့ အကြောင်းအရာလေးတွေကို မျှဝေပါတယ်.. ဖေ့ဘွတ်မှာ တွေ့တာ.. အင်တာနက်မှာ ..ရှာလို့တွေ့တာလေးတွေပေါ့.....ကျွန်တော့် ဘလော့လေးကို အသုံးမဝင်မှာအရမ်းစိုးမိတယ်....ရေးလို့ရသလောက်..မျှဝေလို့ရသလောက်ထိတော့ ဒီဘလော့လေးကို ..အချိန်ပေးပြီး လုပ်နေအုံးမှာပါ....ဘာပဲဖြစ်ဖြစ်ပါ....ဘယ်လို အကြောင်းမျိုးကြောင့်ပဲ ရောက်လာရောက်လာ ...ကျွန်တော့် ဘလော့လေး ကို လာလည်ကြတဲ့ မိတ်ဆွေ ၊သူငယ်ချင်းများအားလုံးကို အထူးပင် ကျေးဇူးတင်ပါကြောင်း ပြောကြားလိုပါတယ်.......


အားလုံးကိုလေးစားလျက်......

Sunday, October 7

ဆေးလိပ်မသောက်ရတဲ့ အကြောင်းအရင်း



ဒီနေ့တော့ ကျွန်တော် ဆေးလိပ်မသောက်ရတဲ့ အကြောင်းအရင်းလေးပြောပြချင်ပါတယ်။ သူများတွေ ဆေးလိပ်ကို ဘာလို့သောက်လဲ ကျွန်တော်မသိဘူး။ ကျွန်တော်စဉ်းစားမိ သလောက်တော့ ကောင်းကျိုးတစ်ခုမှ မရှိဘူး။ ဒါက ကျွန်တော့်အမြင်ပေါ့။ သောက်တဲ့  သူတွေကလည်း ကောင်းလို့သောက် တာထင်ပါ့။  ငယ်ငယ်ကတည်းက ဆေးလိပ်ဆိုရင်အငွေ့ရှူမိတာနဲ့ မူးနောက်နေတာပဲ။  ဆေးလိပ်ကောင်းကျိုးကို အခုထိရှာ မတွေ့သေးဘူး။ ဆေးလိပ်ဘူးတွေ မှာတောင်ရေး ထားတာပဲ ။ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေး ကိုဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။ ကဲကြည့်နော် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည် လို့ ရေးထားလို့သာ တော်တော့ရယ်။ ကျန်းမာရေးကို အလွန်ကောင်းမွန်ပါသည် ဆိုရင်တော့ တစ်နေ့တစ်နေ့ သောက်လိုက်ကြ မယ့်ဖြစ်ခြင်းပဲ။ ဆေးလိပ်ကအငွေ့ ရှူမိတာနဲ့မူးတာ သောက်တဲ့သူတွေကဘာ လို့မမူးလဲမသိဘူး။ ဆေးလိပ်ကို မသောက်ချင်ပါဘူးဆိုမှ လူကြီးတွေကလည်း သင်ပေးတယ်ဗျာ။ ဘယ်လိုသင်ပေး လည်းသိတယ်လား ။ ဦးလေးကြီးတွေပိုဆိုးတယ်။ ဟဲ့ကောင်လေး ဆေးလိပ်မီး သွားညှိစမ်းတဲ့။ ရိုးရိုးညှိခိုင်းတာ မဟုတ်ဘူး။ အမူအရာနဲ့ မီးခဲကိုတို့ပြီး ဖွာခဲ့တဲ့။ သူတို့ကရိုးရိုးလေးခိုင်းတာနော် ။တကယ်တော့ ဆေးလိပ်သောက် တက်အောင် သင်ပေးနေတာနဲ့ အတူတူပါပဲ။  မြို့ကြီးတွေမှာတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့လိုတောမကျ မြို့  မကျကတော့ ဒီလိုအဖြစ်လေးတွေရှိတာပေါ့။  အဲလိုမျိုး လူကြီးတွေရှိခဲ့လို့လည်း ငယ်ငယ်လေးနဲ့ ကလေးတွေ ဆေးလိပ်ခိုးသောက်တာတို့  ဖြစ်လာတာပေါ့။ ကလေးဆို တာကလည်း အတုမြင်အတက်သင် ပဲလေ။ အဲလိုလက်တွေ့ကျကျသင်ပေးတော့ပို ဆိုးတာပေါ့နော်။

ငယ်ငယ်က တစ်ညနေမှာပေါ့။ မေမေနဲ့ အသိတစ်ယောက်အိမ်ကိုသွားလည်ကြတယ်။ အဲဒီတုန်းက လေးတန်းလားပဲရှိသေးတယ်။  အဲဒီမှာ ဦးလေးကြီးတစ်ယောက်ရှိတယ်။  စကားစပ်မိကြရင်း သူ့သားဆေးလိပ်တွေ အရမ်းသောက်တဲ့အကြောင်းပြောလာတယ် ။ ဘယ်လိုမ ပြောလို့ မရတဲ့အကြောင်းပေါ့။ အဲဒါ လူကြီးတွေပြောနေတာကို နားထောင်နေတာ ။ အဲဒီကြောင်းပြောပြီးတော့ ဖိုးသားတဲ့ မင်းလည်းမှတ်ထားတဲ့။ မင်းလည်း ကြီးလာရင် အဲလိုဖြစ်မှာတဲ့။ အခုငယ်တုန်းမို့လို့ မသောက်တာတဲ့။ စိတ်ထဲမှာတော့ တင်းတာပေါ့။ သူကင့ါကို ဘာလို့အဲလို သေ ချာတပ်အပ် ပြောနိုင်တာလဲ ပေါ့။ အဲဒီတော့ပြန်ပြောလိုက်တယ်။ ဟာ ဦးလေးကလည်း ကျွန်တ်ာကမသောက်ဖူးလို့။ ဦးလေးသားလိုလည်းဖြစ် လာမှမဟုတ်ဘူးလို့ပြော လိုက်တယ်။ အဲဒါမင်းကငယ်သေးလို့ ပြောတာတဲ့။ ဒါနဲ့ ဘယ်လိုမှပြောလို့မရဘူး ။ အဲဒါနဲ့ ကျွန်တော် ဦးလေးကို ကတိပေးတယ်လို့။ ကျွန်တော်ကြီးလာရင် ဆေးလိပ်လုံးဝမသောက်ဘူးလို့ပေါ့။ အဲဒီကတိစကားက အခုချိန်ထိကို ခေါင်းထဲမှာ သံမှိုနဲ့ ရိုက်ထားသလိုကို မှတ်ထားတာ။  ဆေးလိပ်သောက်ဖို့ အပေါင်းသင်းတွေလာပြောလည်း လုံးဝကို မသောက်တာ။ ဘယ်တော့မှလည်းဆေလိပ်သောက်ဖို့  စိတ်ကူးမရှိဘူး။  ကျွန်တော်ဆေးလိပ်မသောက်ရတဲ့ အဓိက အကြောင်းအရင်းက အဲဒါပဲ။  ဒါပေ့မယ့်  ကြီးလာတဲ့အခါ စာအုပ်လေးနည်းနည်းပါးပါးဖတ်ဖြစ်တော့ ဆေးလိပ်ရဲ့ဆိုးကျိုးတွေ သိလာတာပေါ့။ အဲဒါကြောင့်လည်း မသောက်ဖြစ်ဘူး။ ကဲ ဆေးလိပ်ကို မသောက်နဲ့လို့ငယ်တုန်းပဲပြောလို့ရမယ်။ ကြီးတဲ့သူကိုဆေးလိပ်မသောက်နဲ့လို့ ပြောလို့ ဘယ်လိုမှကိုမရတာ။  သူငယ်ချင်းတို့လည်း ဆေးလိပ်ကို မသောက်ကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ် ။

အားလုံးကိုလေးစားလျက်......

Sunday, May 20

နှစ်သက်မိသောပုံလေးများ


ကျွန်တော် ဒီပုံလေးတွေကိုကြည့်မိတိုင်း ခံစားချက်တစ်ခုစီ ဖြစ်ပေါ်မိတယ်။ ပုံလေးတွေ တစ်ပုံချင်းစီက ကျွန်တော်ကို အကြောင်းအရာတစ်ခု ကိုပြောပြနေတယ်။ 

အပေါ်က ပုံလေးကတော့ မင်းဒီကလေးလောက် ဘာသာရေးလိုက်စားရဲ့လားတဲ့.........


ဒါလေးကတော့ မျိုးမတူသူတွေအပေါ်မှာ မေတ္တာ ထားတက်ပါစေတဲ့.....

မတည့်သူအပေါ်ကိုလည်း မေတ္တာထားတတ်ပါစေတဲ့........


မင်းရော ကိုယ်ပိုင်ယဉ်ကျေးမှု ကိုဘယ်လောက်ထိန်းသိမ်း ထားပြီးပြီလဲတဲ့........

အဲဒီကျီးကန်းလေးလောက် စည်းကမ်းရှိရဲ့လားတဲ့.........

မင်းတက်နိုင်တဲ့ဘက်က ဘယ်သူတွေကို အကူအညီပေးပြီးပြီလဲတဲ့.....

မိဘကျေးဇူးကို ဘယ်တော့မှမမေ့ပါနဲ့တဲ့၊သား လိမ်မာကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားပါတဲ့......

ကိုယ့်အမြင်နဲ့  မတူညီတိုင်း သူများကို အပြစ်မပြောပါနဲ့တဲ့.............

မင်း အကျိုးမရှိတဲ့ အရာတွေနဲ့ပဲ အချိန်ဖြုန်းမနေပါနဲ့တဲ့............

အားလုံးကိုလေးစားလျက်......


Monday, April 30

ညီမလေးအတွက် မွေးနေ့ဆုတောင်း


 
ဒီနေ့ဟာ ကျွန်တော် ချစ်သော ညီမလေးရဲ့ မွေးနေ့ဖြစ်ပါတယ်။ ညီမလေးနဲ့တွေ့ခဲ့တာ (၇) နှစ်ကျော်ခဲ့ပါပြီ။  အရင်သူ့မွေးနေ့တွေတုန်းက လက်ဆောင်ပေးယုံကလွဲလို့ ဘာမှလုပ်မပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်အတွက် က ကံကို မကောင်းတာပါ။ ညီမလေးရဲ့မွေးနေ့မှာ ညီမလေးနဲ့အတူတူရှိနေချင်ပေ့မယ့်  တစ်နှစ်မှ မနေပေးနိုင်ခဲ့ပါဘူး။ ကျွန်တော်သူ့ကိုအရမ်းချစ်လွန်းလို့ ဒီဘလော့လေးကိုတောင် သူနာမည်နဲ့ပဲ လုပ်ထားပါတယ်။ နာမည်အပြည့်အစုံကလွဲသွားမှာစိုးလို့ mhuthaw နဲ့ပဲ လုပ်ဖြစ်ခဲ့တယ်။ ဒါပေ့မယ် mouse pointer နေရာလေးမှာတော့ နာမည်အပြည့်အစုံ အစားထိုးထားပါတယ်။ နောက်တစ်ခုက Google မှာရှာရင်တောင် သူ့နာမည်လေးနဲ့ ဖြစ်နေအောင် Title ကိုတောင် "အိမ့်မှူးသော်" လို့ပေးထားတာပါ။  ဒါလည်းသူသိသေးမှာမဟုတ်သေးပါဘူး။  ကျွန်တော်သူ့အတွက် လုပ်ပေးချင်တာတွေက အများကြီးပဲ။  သူ့အနားမှာနေပြီးတော့ သူဖြစ်ချင်တာတွေကို ဖြည့်ဆည်းပေးချင်တယ်။  ညီမလေးကိုလည်း သနားမိတယ်။  အိမ်မှာဆိုလည်း တစ်ယောက်တည်း ။ အခုဆိုပိုဆိုးတာပေါ့ ။ နေပြည်တော်မှာဆိုတော့ သူငယ်ချင်းကလည်းနည်း၊ သွားဖို့လာဖို့ကလည်းအဝေးကြီးပဲ။  သူ့ရဲ့ မွေးနေ့လေးမှ သူအထီးကျန်နေမှာကို အရမ်းစိုးမိတယ်။ ကျွန်တော် သူ့မွေးနေ့အထိမ်းအမှတ်အတွက် ဒီမှာပဲ သူငယ်ချင်းတွေကို မုန့်ကျွေးမယ် ၊ ဘုရားဆွမ်းတော် ကပ်မယ်၊ သူ့အတွက် ဆုတွေတောင်းပေးမယ်။ ပြီးတော့ သူ့ဆီကို ဖုန်းဆက်ရအုံးမယ်။  အခုစာရေးချိန်မှာ birthday wish ကို အရင်ဦးဆုံးပြောပြချင်တာပါ။ ဒါပေ့မယ့် အခြေအနေမပေးပါဘူး။ တစ်ချိန်ချိန်မှာတော့သူသိနိုင်မယ်ထင်ပါတယ်။  ကျွန်တော်ရဲ့ ညီမလေးက ကလေးဆိုးလေးတစ်ယောက်လည်းဖြစ်တယ် ၊ အရမ်းလည်း လည်တယ်။ တခြားသူတွေအပေါ်တော့ မသိဘူး။ ကျွန်တော်အပေါ်တော့ အရမ်းဆိုးတယ်။  ညီမလေးနဲ့ပက်သက်ရင် ကျွန်တော် အရာရာကို အရှုံးပေးထားပါတယ်။ သူစိတ်ဆိုးမှာ ၊စိတ်ကောက်မှာကို သေမလောက်ကြောက်တယ်။ ဒါတွေကို တစ်ချိန်ချိန်မှာသူနားလည်လိမ့်မယ်လို့မျှော်လင့်တာပဲ။  ကျွန်တော် သူ့အကြောင်းတွေးနေယုံနဲ့တင် ကျွန်တော်ပျော်ရွှင်နေပါတယ်။ သူမကြားနိုင်ပေ့မယ် ကျွန်တော်ပြောနေမိတယ် ။


 
ညီမလေးရေ မွေးနေ့မှာ ပျော်ရွှင်ပါစေလို့ ဦးစွာ ပထမ ဆုတောင်းလိုက်ပါရစေ............

ညီမလေးတစ်ယောက် လောကကြီးကိုကောင်းကျိုးပြုသော လူတစ်ယောက်အဖြစ် ရပ်တည်နိုင်ပါစေ..........

ညီမလေးဘ၀မှာ တွေ့ကြုံရမယ့်အခက်အခဲတွေကို   အောင်မြင်စွာကျော်လွှားနိုင်ပါစေ.......

ညီမလေးရဲ့ ရည်မှန်းချက် ၊အိပ်မက်တွေ အမှန်တကယ် အကောင်အထည်ပေါ်လာပါစေ.......

မိဘကျေးဇူးကို သိတတ်သော သမီးကောင်း ရတနာ တပါး ဖြစ်ပါစေ.................

လို့ အဝေး တစ်နေရာကနေ  ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် .....ညီမလေးရယ်..................

Sunday, October 23

ဘလော့ရေးသားခြင်း ရည်ရွယ်ချက်


ကျွန်တော် ဒီဘလော့ကို ပြုလုပ်ခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကိုယ်ပိုင်မှတ်စုလေး တစ်ခုအဖြစ်ပြုလုပ်ထားခြင်းဖြစ်ပါတယ်။  ကျွန်တော်ဖတ်ဖူးသော စာအုပ်တွေ ဘလော့တွေများထဲမှ  ကျွန်တော် စိတ်ဝင်စားသော အကြောင်းအရာလေးများကို ဘလော့မှာ ပြန်လည်ရေးသားဖော်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော် ဖတ်သလို သူများတွေကိုလည်းဖတ်စေချင်သော ရည်ရွယ်ချက်ကြောင့် သူငယ်ချင်းတွေကို ပြန်လည် မျှဝေပေးဖို့ ကျွန်တော်အမြဲတမ်းပြောပါတယ်။ မသိသေးသူများအတွက်ပါ။ ကျွန်တော်လည်း ကျွန်တော်လေ့လာဖြစ်သော မူရင်း ဘလော့များကိုလည်း ဖော်ပြထားပါတယ်။ တစ်ခါတစ်လေစိတ်ကူးပေါက် ရင်တော့ မိမိနားလည်သလိုရေးသားပါတယ်။  ဘာလို့ မိန်းကလေးနာမည်တပ်လည်းဆိုရင်တော့ မေးစရာမလိုဘူးလို့ ထင်ပါတယ်။ ဘလော့မရေး ခင်ကျွန်တော် ဘလော့ဂါတစ်ယောက်ရှိသင့်ရမယ့် အချက်တွေ ဆိုတဲ့ဆောင်းပါးလေးတစ်ပုဒ်ကို ဖတ်ဖြစ်လိုက်ပါတယ်။ ဘလော့ရေးဖို့ကိုလည်း လက်တွန့်သွားခဲ့ပါတယ်။ အဲဒီဆောင်းပါးရေးသားထားကတော့ မိမိကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင်သိတဲ့ အကြောင်းအရာကိုပဲ  ပြုလုပ်ဖို့ကို တိုက်တွန်းထားပါတယ်။ ဟိုစပ်စပ် ဒီစပ်စပ်မရေးသားကြဖို့ကိုပြောပါတယ်။  သူပြောချင်တဲ့ရည်ရွယ်ချက်က  ဘလော့မှာ ကျန်းမာရေးဆိုရင် ကျန်းမာရေးအကြောင်းပဲ သီးသန့်ရေးဖို့ကိုဖော်ပြထားပါတယ်။  ကွန်ပျူတာအကြောင်းဆိုရင်လည်း ဘလော့မှာ ကွန်ပျူတာအကြောင်းပဲ သီးသန့်ရေးဖို့ကို ပြောထားပါတယ်။ အဲဒီတော့ကျွန်တော် စဉ်းစားမိတယ် ။ငါဘာအကြောင်းရေးမှာလဲဆိုတော့။ ကိုယ်လည်း ရှင်းရှင်းပြောရရင် ဆရာဝန်လည်းမဟုတ်ဘူး ။ program  သမားလည်းမဟုတ်ဘူး ။အကြောင်းအရာတစ်ခုတည်းကို ဦးတည်ပြီးရေးဖို့ဆိုတာ ကျွန်တော်အတွက်မဖြစ်နိုင်ပါဘူး ။  အဲဒီလောက်ထိလည်း ဥာဏ်မမှီပါဘူး။ ကျွန်တော် ဒီဘလော့လေးလုပ်ဖို့ အဲဒီဆောင်းပါးဖတ်ပြီး လေးငါးလကြာမှ လုပ်ဖြစ်ပါတယ်။ နောက်ပိုင်း သူများတွေလို မရေးနိုင်ရင်တောင်မှ မိမိတက်စွမ်းသလောက် ဗဟုသုတလေးတွေ၊ အကြောင်းအရာမဖြစ်စလောက်လေးတွေကို  ဘလော့မှာ ရေးသားဖို့ ဖြစ်လာခဲ့တယ်။ အသိပညာ မျှဝေတဲ့ သဘောပဲဖြစ်ပါတယ်။  ပြီးတော့ နောက်တစ်ခုကလည်း ကျွန်တော်ဘယ်နေရာရောက်ရောက် အင်တာနက်ရှိနေမယ်ဆိုရင် ကျွန်တော်လေ့လာဖြစ်သော အကြောင်းအရာလေးကို ပြန်လည်လေ့လာဖို့လည်းပါတာပေါ့ဗျာ။ ကျွန်တော်က  ဥာဏ်လည်းကောင်းတာမဟုတ်ဘူး။  ဘလော့မှာရှိတဲ့အကြောင်းအရာတွေအားလုံးကို အမြဲတမ်းတော့ ခေါင်းထဲ ထည့်မထားနိုင်ဘူးပေါ့ဗျာ။ ဖတ်ပြီးရင်း ပြန်ပြန်ဖတ်ရတာပေါ့။ ကျွန်တော်လည်း ကျွန်တော်လက်လှမ်းမိသလောက် စာအုပ်တွေဖတ်နေဆဲ၊ လေ့လာနေဆဲ သူတစ်ယောက်ပါ။ အပေါ်ကပြောခဲ့သလို အကြောင်းအရာတစ်ခုထဲတော့ ကျွန်တော့်ဘလော့မှာ တွေ့ရမှာမဟုတ်ပါဘူး။  ဟိုနည်းနည်း ဒီနည်းနည်းပေါ့ဗျာ။ လာလည်တဲ့မိတ်ဆွေများကိုလည်း အတိုင်းထက်အလွန်ပဲ ကျေးဇူးတင်ပါတယ်။



အားလုံးကို လေးစားလျက်…………………..

Saturday, July 30

ရိုးသားမှု

ကျွန်တော်ငယ်ငယ်က ရိုးသားမှုတွေကို အခုတော့ပြန်လည်မရနိုင်လောက်တော့ပါဘူး။ ပတ်ဝန်းကျင်ကအရောင်ဆိုးလိုက်တာပဲလားကျွန်တော်ကပဲအရောင်စွန်းသွားသလားတော့မသိဘူးဗျာ။မှတ်မိပါသေးတယ်အဲဒီနေ့လေးကိုအခုချိန်ထိ။ ကျွန်တော်လေးတန်းနှစ် တုန်းကပေါ့ဗျာ။  မုန်စားနားပြီးလို့   ဆရာမကမုန့်သွားဝယ်ခိုင်းလို့သူငယ်ချစ်တစ်ယောက်နဲ့အတူ မုန့်သွားဝယ်ခဲ့တယ်။ အဲဒီအချိန်တုန်း ကငွေကြေးတန်ဖိုးအခုချိန်ထိတော့မကျသေးဘူးပေါ့ဗျာ။တန်ဖိုးရှိသေးတယ်ပေါ့။ ဒါနဲ့ အပြန်မှာ ငါးရာတန် တစ်ရွက်ကောက်ရတယ်ဗျာ။ အဲဒါနဲ့ဆရာမကိုသွားအပ်မယ်ဆိုပြီးတော့ ဆရာမဆီကို လာခဲ့တယ်။ ဘေးနားက  သူငယ်ချင်းက ပြောတယ်။ သွားမအပ်နဲ့ပေါ့။ မုန့်ဝယ်စားလို့ရတယ်ပေါ့။ ကျွန်တော့်ကိုလည်း အတင်းဆွဲထားတယ်။      ဒါနဲ့ကျွန်တော်လည်း သူငယ်ချင်း နားကနေ ဆရာမဆီကိုအတင်း ပြေးသွားခဲ့တယ်။      ဆရာမ ကျွန်တော်ပိုက်ဆံကောက်ရတယ်ဆိုတာပေါ့။ အဲဒါနဲ့ဆရာမကို အပ်လိုက်တယ်။       မကြာပါဘူး သုံးတန်းကကျောင်းသားတစ်ယောက်ပိုက်ဆံပျောက်တယ်ဆိုတဲ့ အသံကြားလာပါလေရော။     အဲဒါနဲ့ဆရာမကသေချာစီစစ်တယ်။ဟုတ်လည်းဟုတ်ပါတယ်။   အဲဒီကျောင်းသားလေးကလည်းကျွန်တော်လိုမျိုး     ပြည့်စုံတဲ့သူတစ်ယောက်မဟုတ်ခဲ့ဘူး။ ဒီလိုပိုင်ရှင်ကိုပြန်ပေးလိုက်ရတာလေ ကျွန်တော်အရမ်းကိုပျော်ခဲ့တယ်။ အဲဒီပျော်ရွှင်မှုကလည်း ဘာနဲ့မှ မတူဘူးဗျာ။အဲလိုကလေးဘ၀က ရိုးသားမှုလေးတွေကလေ အခုချိန်မှာ မရှိတော့ဘူးဗျာ။ တကယ့်ကောင်းတဲ့ အကျင့်စရိုက်လေးတွေပေါ့။ ဒါပေ့မယ် အဲဒီအကျင့်လေးတွေ ကြီးတဲ့အခါမှာဆက်လက်ပြီးထိန်းထားမနိုင်ခဲ့ပါဘူး။ ကလေးဘ၀ဆိုတာအရမ်း ဖြူစင်တာပဲနော်။ အသက်ကြီးလာတဲ့အခါ ဘာလို့အဲလိုစိတ်တွေမထားနိုင်တော့တာလဲဆိုရင် လောဘ၊ ဒေါသ၊ မောဟ တွေက လူကိုအနိုင်ယူသွားခဲ့တယ်လေ။ အခုချိန်မှာကောက်ရကြည့်ပါလား ။ ကိုယ့်အိတ်ထဲပဲရောက်မှာတော့ သေချာတယ် ။ ငယ်ငယ်ကလောက်မရိုးသားတောင်မှ  ရိုးသားမှုရှိအောင် ကြိုးစားရပါအုံးမည်။