Pages

Tuesday, October 25

သိပ္ပံပညာရှင်များ ဗုဒ္ဓ၏ စွယ်တော်(သွား)ကို စစ်ဆေးကြခြင်း


ဗုဒ္ဓသာသာနဲ့ဆိုင်တဲ့ အကြောင်းအရာလေးမို့လား ကျွန်တော့် ဘလော့မှာတင်လိုက်တာပါ။  အယုံအကြည်မရှိတဲ့ အနောက်နိုင်ငံသားတွေ လက်ခံသွားတယ်ဆိုတော့ ကျွန်တော့်တို့ ဗုဒ္ဓဘာသာ လူမျိုးတွေ အတွက် သိသင့် သိထိုက်တဲ့ သတင်းကောင်းလေးပေါ့ဗျာ။ ဒါမှလည်း နောင်မှာ ဗုဒ္ဓသာသနာဟာ ကမ္ဘာပေါ်မှာ အထွန်းကားဆုံး ဘာသာတစ်ခုဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။

ဗုဒ္ဓပွင့်ပေါ်ခဲ့တာက (BC 623)ဆိုတော့၊ ဗုဒ္ဓက ခရစ်တော်ထက် ၆၂၃ နှစ် ပိုစောခဲ့သလို၊ မိုဟာမက် ပေါ်ခဲ့တာက(AD 570)ဆိုတော့ ဗုဒ္ဓ က မိုဟာမက် ထက်လည်းနှစ်ပေါင်း (၁၁၉၃)နှစ် ပိုစောခဲ့တော့ ၊ ယခု တရုတ်ပြည်မှာ ရှိနေတဲ့ ဗုဒ္ဓရဲ့စွယ်တော်(သွား) ရဲ့ သက်တမ်းဟာ နှစ်ပေါင်း(၂၆၃၃) နှစ်ရှိနေပါပြီ။ အဲဒီလောက် သက်တမ်းရှိပြီဖြစ်တဲ့ သွားအပေါ်မှာသံသယမကင်းဖြစ်နေတဲ့ အနောက်တိုင်း သိပ္ပံပညာရှင်တို့ကအဲဒီ့ သွားကို Genetic Engineering နည်းနဲ့ စမ်းသပ် စစ်ဆေးလိုပါတယ်လို့ အကြိမ်ကြိမ်တောင်းဆိုလို့ တရုတ်အစိုးရကခွင့်ပြုလိုက်တော့ သိပ္ပံပညာရှင်တို့စမ်းသပ်တွေ.ရှိချက်တွေကတော့

(၁)ဒီသွားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၂၆၀၀)ခန့်ကသွားဆိုတာ မှန်ကန်ပါတယ်တဲ့

(၂)လူသားတဦးရဲ့သွားဆိုတာလဲ မှန်ကန်ပါတယ်တဲ့

(၃)၎င်းသွားထဲမှာပါတဲ့ DNA(Deoxyribo Nucleic Acid) ဟာ သာမန်လူသားတဦးရဲ့ DNA နဲ့မတူဘဲ Supreme Lord(အမြင့်မြတ်ဆုံးအရှင်သခင်) ရဲ့ DNA အဖြစ် ကောက်ချက်ချပါတယ်တဲ့

အဲဒီသိပ္ပံတွေ.ရှိချက်ထွက်လာစဉ်မှာဘဲ အနောက်အုပ်စု အစိုးရတွေက သူတိုရဲ့ သိပ္ပံပညာရှင်တွေကို စမ်းသပ်မှုကို ချက်ချင်းရပ်လိုက်ဖို့အမိန့်ထုတ်လိုက်ပါတယ်တဲ့။ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာသာကမ္ဘာ ကျော်သွားမှာကို မဖြစ်စေချင်လို.ပါတဲ့။ အနောက်အုပ်စု/ အမေရိကန် နှင့် တရုတ် တို့ ပါဝါ ပြိုင်နေချိန်လဲ ဖြစ်နေတယ်လေ။သိပ္ပံပညာ တိုးတက်မှုဟာ ဒီနေရာမှာကျတော့ ဗုဒ္ဓဘာသာအတွက် ကောင်းမွန်နေပါတယ်။
source:မြန်မာအင်ဂျင်နီယာ ဖိုရမ်

3 comments:

  1. Anonymous5:14 AM

    Greetings from California! I'm bored to tears at work so I decided to browse your blog on my iphone during lunch break. I love the info you provide here and can't wait to take a look when I get home.

    I'm shocked at how fast your blog loaded on my phone .. I'm not even using WIFI, just 3G .

    . Anyways, superb site!

    Feel free to surf to my page ... ford ranger forum

    ReplyDelete
  2. Anonymous1:10 AM

    These are actually fantastic ideas in about blogging.
    You have touched some good things here. Any way keep up wrinting.


    my website ... Ford Ranger Forum

    ReplyDelete
  3. Anonymous2:01 PM

    Hello colleagues, its enormous piece of writing concerning cultureand entirely defined, keep it up all the time.


    my homepage :: ranger forum

    ReplyDelete