Firefox သုံးတဲ့သူတွေ တစ်ခါတစ်လေမှာ browser ပိတ်လိုက်တဲ့အချိန်မှာ Save and Quit လေးနဲ့ထွက်ချင်တဲ့သူတွေအတွက်ပေါ့ဗျာ။ ကျွန်တော်ကတော့သဘောကျလို့ ဒါလေးကိုအသုံးပြုတယ်။ သူက အခုပိတ်လိုက်ပေ့မယ့် Friefox ပြန်ဖွင့်တဲ့အချိန်မှာ အရင်မပိတ်ခင်က မိမိဖွင့်ထားခဲ့တဲ့ ဆိုက်လေးတွေကို ပြန်လည် ပေါ်စေမှာဖြစ်ပါတယ်။ လုပ်နည်း Firefox ရဲ့အပေါ်ဆုံးစာရိုက်တဲ့နေရာမှာ about:config လို့ရိုက်ထည့်ပါ။ ပြီးရင် Enter နှိပ်ပါ။ အောက်မှာရှိတဲ့စာကြောင်းတွေအများကြိး ထဲကမှ browser.showQuitWarning ဆိုတာကိုရှာပြီးတော့ value မှာ true လို့ပေးလိုက်ရင်အဆင်ပြေပါတယ်။ အဲဒီစာကြောင်းလေးကိုပဲ Left click နှစ်ချက်ပေးလိုက်ရင် true ဆိုပြောင်းသွားပါလိမ့်မယ်။
2 years ago
No comments:
Post a Comment