Slide show လေးတွေ Themes ပုံစံအမျိုးမျိုးထားပြီးတော့ Desktop background ကို အမျိုးအမျိုး အလှဆင် အသုံးပြုကြပါတယ်။ ကျွန်တော်ပြောချင်တာက အဲဒီ background လေးကို video လေးနဲ့ထားချင်တဲ့သူအများတွက်ပါ။ အဲလိုလုပ်ဖို့အတွက် မိမိကွန်ပျူတာထဲမှာ အရင်ဆုံး VLC player software လေးရှိရပါ့မယ်။ မရှိသေးဘူးဆိုရင်လည်း အောက်မှာဒေါင်းဖို့ပေးထားပါတယ်။ အသုံးပြုက အရင်ဆုံး vlc player မှာရှိတဲ့ Tool ကနေ prefences ကိုသွားပါ။ Prefences box လေးပေါ်လာပါလိမ့်မယ်။ အဲဒီ box ထဲမှာ video ဆိုတာကိုရွေးပါ။ output ဆိုတာရဲ့ဘေးနားလေးက အတန်းလေးထဲမှာ DirectX (DirectDraw) video output ကိုရွေးပါ။ ပြီးရင် save ပါ။ ပြီးရင် vlc player လေးကိုပိတ်လိုက်ပါ။ သီချင်းတစ်ပုဒ်ကိုဖွင့်ပါ။ သီချင်းဖွင့်တဲ့အခါ မှာ vlc player ရဲ့အပေါ် ဘားတန်းမှာရှိတဲ့ video ဆိုတာလေးကိုကလစ်ပေးပါ။ ပြီးရင် DirectX Wallpaper ကိုကလစ်ပေးပါ။ VLC ကို minimize ပေးလိုက်ပါ။ အဲဒါဆိုရင် desktop background မှာ မိမိဖွင့်ထားတဲ့ သီချင်းလေး ရောက်နေပါလိမ့်မယ်။ VLC player ကိုပိတ်လိုက်မယ်ဆိုရင်တော့ Video background လေးပျောက်သွားပါလိမ့်မယ်။ပြီးတော့ရှိသေးတယ် လက်ဂနာမငြိမ်ဘဲ right click ထောက်ပြီး refresh ပေးမယ်ဆိုရင်လည်း video background ပျောက်သွားပါလိမ့်မယ်။
အဆင့်(၁)
အဆင့်(၂)
အဆင့်(၃)
No comments:
Post a Comment