Pages

Sunday, October 23

နွားနို့သောက်ခြင်းဖြင့် အရိုးပွရောဂါ နှင့် ကင်ဆာရောအမျိုးအမျိုးကိုကာကွယ်ပေးနိုင်


နွားနို့၊ နို့မှုန့်ကို သောက်သုံးခြင်းအားဖြင့် အရိုးပွခြင်းနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ကြောင်း အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောသည်။ ပိုးသတ်ဆေးအသုံးပြုထားသော ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများစားသုံးခြင်းကြောင်ြ့ဖစ်ပွားသည့် အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာနှင့် မော်တော်ကားများမှ ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့များ ရှူရှိုက်မိခြင်း ကြောင့် ဖြစ်ပေါ်လာသည့် အဆုတ်ကင်ဆာများကိုသာမက ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်လာသည့် လည်ချောင်းကင်ဆာနှင့် အဆုတ်ကင်ဆာများအား နွားနို့နှင့် နို့မှုန့်ကို သောက်သုံးခြင်းဖြင့် ယင်းရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
“နေ့စဉ် နို့တစ်ခွက် ပုံမှန်သောက်သုံးခြင်းအားဖြင့် တစ်နေ့တာအတွက် လိုအပ်တဲ့ ကယ်လ်ဆီယမ်ပမာဏရဲ့ သုံးပုံတစ်ပုံကို ဖြည့်ဆည်းပေးနိုင်ပါတယ်” ဟု အာဟာရဆိုင်ရာ ဆရာဝန်ကြီးဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က အကြံပြု ပြောကြားသည်။ သို့ရာတွင် နွားနို့နှင့် နို့မှုန့်တွင် ပါဝင်သော Lactose ဓာတ်ကြောင့် လူအချို့တွင် ဝမ်းပျက်၊ ဝမ်းလျှောခြင်း ဖြစ်ပွားနိုင်ပြီး ပရိုတင်းဓာတ်ကြောင့်လည်း လူအချို့တွင် ဝမ်းချုပ်ခြင်းတို့လည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။
“နွားနို့ဖြစ်ဖြစ်၊ နို့မှုန့်ဖြစ်ဖြစ် မတည့်ရင် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နိုင်တယ်။ နွားနို့ Allergy ဖြစ်တဲ့သူတွေကို Lactose Intolarance လို့ခေါ်တယ်။ Lactose နဲ့ လူတွေရဲ့ ခန္ဓာကိုယ်မတည့်ရင် ဝမ်း ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နိုင်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေသုံးပုံတစ်ပုံဟာ Lactose Intolarance ရှိတတ်တယ်။ ဒါကြောင့် နို့နဲ့ မတည့်တဲ့ သူတွေကို ပဲနို့အစားထိုးပြီး သုံးနိုင်တယ်” ဟု အာဟာရဆိုင်ရာ ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။ ထို့ပြင် မွေးစမှ ခြောက်လအရွယ်ထိ ကလေးများကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးသင့်ကြောင်း၊ မိခင်နို့သည် အပူအအေးမျှတပြီး အစာချေစနစ်ကို ကောင်းစွာဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်ကြောင်း၊ အာဟာရဓာတ်လည်း မျှတစွာပါရှိပြီး ရောဂါများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
“ကျွန်မသားငယ်ငယ်တုန်းက နို့မှုန့်တိုက်တာ ဝမ်းချုပ်ဖူးတယ်။ ဝမ်းမချုပ်အောင် သကြားနည်းနည်းရော တိုက်ခဲ့ရတယ်။ လူနို့မှာ သကြားဓာတ်များများပါပြီး နွားနို့ကျတော့ ပရိုတင်းဓာတ်များများပါတယ်။ ပရိုတင်းဓာတ်များတဲ့အခါကျတော့ ဝမ်းချုပ်တယ်။ အသားအများကြီးစားတဲ့သူတွေလဲ ဝမ်းချုပ်နိုင်တာပဲ” ဟု ဒေါက်တာအေးအေးသော် ဒုတိယညွှန်ကြားရေးမှူး အာဟာရစီမံချက်မန်နေဂျာ အာဟာရဌာန၊ စိတ်ကျန်းမာရေးဦးစီးဌာနက ဆိုသည်။
“နို့ကို ဖျော်တဲ့နေရာမှာ ဖျော်တဲ့ရေသန့်ရှင်းဖို့နဲ့ ဖျော်တဲ့လက်တို့၊ ခွက်တို့ သန့်ရှင်းဖို့ အင်မတန်မှ အရေးကြီးပါတယ်။ မသန့်ရှင်းရင်တော့ အီကိုလိုင်ပိုး ပေါက်ပွားပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ နို့ဆီ၊ နို့မှုန့်ထုတ်လုပ်တဲ့ လုပ်ငန်းတွေနဲ့ ပြည်ပကနေ နို့မှုန့်တင်သွင်းပြီး ပြန်လည် ထုပ်ပိုးရောင်းချတဲ့ လုပ်ငန်းတွေဆိုရင် FDA မှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ထောက်ခံချက်ယူရပါတယ်” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာ ကျော်လင်းက ဆိုသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA က ပြည်တွင်း နို့ဆီနှင့် နို့မှုန့်လုပ်ငန်းရှင်များအား ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ်များဖြစ်သည့် Good Manufacturing Practice၊ Good Hygine Practice တို့နှင့်အညီ ထုတ်လုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
“ကလေးတစ်နှစ်ကျော်ပြီဆိုရင်ကျွန်တော်တို့ဆီက နို့မှုန့်ကို ကောင်းကောင်းတိုက်လို့ရပါပြီ။ နို့မှုန့်ကို ကောင်းကောင်းတိုက်လို့ရပါပြီ။ နို့မှုန့်မှာ အမျှင်ဓာတ် Non-protein ပါတဲ့အတွက် ဝမ်းမှန်မှန် သွားနိုင်ပါတယ်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ညွှန်ကြားထားတဲ့အတိုင်း ကျန်းမာရေးနဲ့အညီ ထုတ်လုပ်ထားပါတယ်” ဟု Red Horse Industrial Group မှ ပိုင်ရှင် ဦးထွန်းထွန်းက ဆိုသည်။
Ref : The Flower News

No comments:

Post a Comment