ကျွန်တော်တို့ ၀င်းဒိုးအသစ်တင်တဲ့အခါ firefox ကိုအသစ်ပြန် run ရပါတယ်။ အဲဒီမှာ ဘာပြသနာဖြစ်လဲဆိုရင် အရင်က bookmark ထဲမှာ မှတ်ထားတာတွေရှိမနေတော့ပါဘူး ။ အဲဒီကိစ္စကိုဖြေရှင်းဖို့အတွက် firefox ရဲ့ bookmark ကို Export တင်ပြီးသိမ်းထားရပါမယ်။ Export ဘယ်လိုတင်မလဲဆိုရင် Firefox ရဲ့ အပေါ်ဘားတန်းမှာ History ဆိုတာကို ကလစ်ပေးလိုက်ပါ။ Show all History ကိုရွေးပါ။ Library box တစ်ခုကျလာပါလိမ့်မယ်။ အဲဒီ Library box ရဲ့ထိပ်မှာ Input and Backup ဆိုတာကိုကလစ်ပေးပါ။ပြီးရင် Export HTML ကိုရွေးပါ ။ မိမိနှစ်သက်ရာဖိုင်ထဲမှာ save ထားပါ။ တကယ်လို့ ၀င်ဒိုးပြန်တင်ပြီလို့ firefox အသစ်မှာ bookmark အဟောင်းကိုပြန်ထည့်မယ်ဆိုရင် ခုနကအတိုင်းအဆင့်ဆင့်သွားရပါ့မယ်။ History>>Showall History >>Input and Backup ။အဲဒါပြီးရင် ဒီတခါ ထည့်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ Import HTML ကိုရွေးရပါ့မယ်။ ခုနကကျွန်တော်တို့ save ထားတဲ့ HTML ဖိုင်လေးကို ရွေးပြီး ပြန်ထည့်ပေးရပါ့မယ်။ အဲဒါဆိုရင် အဆင်ပြေသွားပါပြီ။
2 years ago
No comments:
Post a Comment