Pages

Wednesday, July 25

Desktop အတုလုပ်မယ်


ဒီနေ့တော့ လက်တည့်စမ်းရင်း တစ်ခုတွေ့သွားလို့ပါ။ ဘာမှတော့မဟုတ်ပါဘူး။  မိမိ Desktop ကို အတုအယောင်ထားတဲ့နည်းလေးပါ။ မသိသေးသောသူများအတွက်ပါ။  သူက တကယ်တမ်းကျတော့  icon တွေကို ဖျောက်ထားတဲ့နည်းလေးပါ။ သူငယ်ချင်းတွေ ကိုစလို့ရတာပေါ့။ Desktop ပေါ်က icon တွေကို မြင်ရရဲ့သားနဲ့ ဖွင့်လို့လည်း မရ၊ ရွှေ့လို့လည်းမ ရ ဖြစ်နေအောင်ပေါ့။ လုပ်နည်းလေးက ဒီလိုလေးပါ။ 
အရင်ဆုံး mouse pointer ကို Desktop ကနေပျောက်အောင် တစ်နေရာရာကို ကပ်ထားလိုက်ပါ။ ပြီးရင် keyboard ကနေ Print Screen SysRq ဆိုတဲ့ ကီးလေးကို နှိပ်ပါ။ ပြီးရင် paint ကိုဖွင့်ပါ။ မဖွင့်တက်ဘူးဆိုရင် start ကိုကလစ်ပေးပြီး Search box မှာ paint လို့ရိုက်ထည့်ပါ။ paint box ပေါ်လာပြီဆိုရင် ညာဘက်ထောင့်လေးမှာ paste ဆိုတာရှိတယ် ကလစ်ပေးလိုက်ပါ။ ပြီးရင် save as ကနေ တစ်နေရာရာမှာ save ထားပါ။ ပြီးရင် အဲဒီပုံလေးပေါ်ကို right click ထောက်ပါ။ set as desktop background ဆိုတာကိုကလစ်ပေးပါ။ ရပြီဆိုရင် Desktop ပေါ်ကို right click ထောက်ပါ။ view ကိုသွားပါ။ အဲဒီမှာ Show desktop icons ကို အမှန်ခြစ်ဖြုတ်ပါ။
နောက်ထပ်က Taskbar ပေါ်ကို  right click ထောက်ပါ။ ပြီးရင် Properties ကိုသွားပါ။ Auto-hide the taskbar ကို အမှန်ခြစ်လေးထည့်ပေးပါ။ Apply and ok ပေးပါ။ဒါဆို ပြီးပါပြီ။ 

ကဲမရှင်းဘူးဆိုရင် ဗွီဒီယိုလေးနဲ့ပြထားတယ်ဗျာ..


အဆင်ပြေပါစေ........

အားလုံးကိုလေးစားလျက်.....

5 comments:

  1. မသိတာလေး သိရတယ်ပေါ့နော. လာအားပေးသွားတယ်။ ဒီနည်းလေးယူပြီး ဘော်ဒါတွေဆီမှာ နည်းနည်းစာပေါက်ရှာရမှာပေါ့ကွာ။..:)) လာသွားခဲ့ပါတယ် ကိုမှူးသော်ရေ။.........

    ReplyDelete
  2. လက်တည့်စမ်းတာကနေအများကိုမျှဝေပေးဘို့နည်းပညာတစ်ခုရသွားတာပါလားမှူးသော်ရေ။
    ဖတ်ရှုလေ့လာမှတ်သားသွားပြီနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. အမတော့နောက်စရာလူလည်းရှိဘူး :P

    ReplyDelete
  4. ကိုမှူးသော်ရေ ကျွန်တော်လည်း အားပေးသွားတယ်နော်။

    ReplyDelete
  5. ကိုမှူးသော်ရေ...ကျွန်တော်လည်း လာအားပေးသွားတယ်နော်။

    ReplyDelete