Pages

Monday, October 8

မိမိ ဘလော့ကို Andriod ဖုန်းမှ ကြည့်ရန်


ကျွန်တော့် ဘလော့လေးကို Andirod ဖုန်းကနေကြည့်လို့ရအောင် ကို ဖြူသားလေး လုပ်ပေးထား လို့ ပြန်လည်ဖော်ပြလိုက်ပါတယ်။ ပေးထားတဲ့လင့်ကနေ App လေးဒေါင်းပြီး Andriod ဖုန်းထဲမှာ install လုပ်ထားရင်  ကျွန်တော့် ဘလော့ကို ဖုန်းကနေကြည့်လို့ရပါပြီ။  အစ်ကို ဖြူသားလေးကို အရမ်းကို ကျေးဇူးတင်ပါတယ်။ အဲလိုပဲ မိမိတို့ဆိုက်တွေကိုလည်း လုပ်ချင်တယ်ဆိုရင် တခါတည်းပြောပြပါ့မယ်။ လွယ်လွယ်လေးပါ။ အရင်ဆုံး အောက်ဆုံးမှာပေးထာသော လင့်လေးကိုအရင်သွားပါ။

အဆင့်(၁) ဒီလင့်  လေးကိုသွားပါ။


အဆင့်(၂) အဲဒီအပေါ်ကပုံလေးလို ပေါ်လာပြီဆိုရင် CREATE NOW ! ဆိုတာကိုကလစ်ပေးပါ။ ပြီးရင် Website ကိုကလစ်ပေးပါ။  Website URL မှာ မိမိတို့ ဆိုက်လင့်ကိုထည့်ပါ။ App name မှာမိမိတို့လိုချင်သော နာမည်ကိုရိုက်ထည့်ပါ။ ပြီးရင် create ဆိုတာကိုနှိပ်ပါ။




အဆင့်(၃) အပေါ်ကအဆင့်ပြီးရင် အောက်ကပုံလို လိုအပ်သော နာမည် ၊ Email ထည့်ပါ။ ဖြည့်ပြီးရင် I agree with the Team of Service မှာအမှန်ဖြစ်လေးထည့်ပါ။Email နဲ့ password မှာ မိမိစိတ်ကြိုက်ဖြည့်နိုင်ပါသည်။ Blog Email နဲ့ password မဟုတ်ပါ။
ပြီးရင် SIGN UP ဆိုတာကိုကလစ်ပေးပါ။

အဆင့်(၄) အောက်ကပုံလိုပေါ်လာပြီဆိုရင် သူများတွေကို မိမိလင့်လေးပေးဖို့အတွက် Your user can download your app from ဆိုတာကို ကလစ်ပေးလိုက်ပါ။ ဒါဆိုရင် ဒေါင့်လော့လင့်လုပ်ပြီးဖြစ်ပါသည်။

အဆင်ပြေပါစေ....

အားလုံးကိုလေးစားလျက်......

4 comments:

  1. စိုးသူရေ pass က အခုဘလော့ကpassကိုပဲပေးရတာလား mail ကိုပေါ့ အမလုပ်ချင်လို့ပြန်ပြောပေးနော်..ကျေးဇူး

    ReplyDelete
  2. အဆင့်၃ ကိုမေးတာနော် မေးလ်ကလည်းဘလော့မေးလ်ပဲလား..

    ReplyDelete
    Replies
    1. မဟုတ်ဘူးအစ်မ ကြိုက်တဲ့မေးလ်နဲ့ ကြိုက်တဲ့ပတ်ဝက်စ် ထည့်လို့ရတယ်....

      Delete
  3. i finish by step 4 but i can see app store what i have to do next ? i can't find any app store
    please reply me by johnkosonyhung@gail.com

    many thank

    ReplyDelete