Pages

Thursday, May 17

အချိုမှုန့်စားသုံးခြင်း၏ ဆိုးကျိုးများ


အချိုမှုန့်ဆိုတာ ဘာလဲ

ရေရှည်မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ်များပါတယ်ဆိုတဲ့ အချိုမှုန့်ဆိုတာ  Mono Sodium Glutamate (MSG) လို့ ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ JhAmino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေအဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။ အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါလား။ ပုံမှန် သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝ မဟုတ်ပါ။ နည်းနည်းစားစား၊ များများစားစား ရေရှည်စားခဲ့ရင်တော့ အန္တရာယ် ရှိနိုင်တာပါပဲလို့ ပညာရှင်များက ပြောကြပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP) စနစ်ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။ နိုင်ငံတကာက စူပါမားကတ်ကြီးတွေမှာ အချိုမှုန့်ကို ရှာဖွေလို့ မရပါဘူး။ ဝယ်ချင်လို့ ရှာဖွေခဲ့ရင်လည်း မောရုံပဲ အဖတ်တင်မှာပါ။ အချိုမှုန့်ကို ရေရှည် ပုံမှန်စားသုံးသွားရင် ဘာဆိုးကျိုတွေ ရှိလာနိုင်မလဲ။

(၁) ဆီးချို မဖြစ်အောင်ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက် တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူ ပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အဝလွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အဝလွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အဝလွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ် စတဲ့ အဖော်အပေါင်းတွေပါ ပါလာ ပါလိမ့်မယ်။

(၃) ဦးနှောက် ဆဲလ်တွေကို မြန်မြန်ပျက်စီး ယိုယွင်းစေပါတယ်။ မှတ်ဉာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေစပြီး စားတဲ့ ကလေးတွေမှာ ဉာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိနိုင်ပါတယ်။

(၄) ဂျာမဏီမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြော်ငြာချက်တွေ၊ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့်စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulinresistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင်မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ Medulla oblongata, thalamus, of hypothalamus ဆိုတဲ့ ဦးနှောက်အစိတ်အပိုင်းတွေ မှာရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာဖြစ်လို့ ဒီလိုကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အဝလွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမာတစ်ဝန်း လေ့လာ တွေ့ရှိထားပါတယ်။ (ဒါက အချိုမှုန့် ကပေးတဲ့ အမျိုးသား ကျန်းမရေး၊ လူမှုရေး ဝန်ထုပ်ဝန်ပုံ (National Health/ SociaBurden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ဝယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုးအကျိုးရစေမယ့် တခြားအရာတွေ ဝယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လည်း နစ်နာပါတယ်။

(၆) မျိုးပွားစွမ်းရည်ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်တယ်။ Chinese Restaurant Syndrome  ခေတ်ရုတ် စားတော်ဆက် ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာပါတဲ့ အစားအသောက် စားပြီးပြီးချင်း မျက်နှာ လည်ပင်းနဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်အရမ်းကိုက်ခြင်း၊ ခေါင်းမူးခြင်း မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ်ပါးစပ်ဖွင့်ရတာလေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ခအိတ်ရောင်ရောဂါ အပါအဝင် ကိုယ်တွင်း ကလီစာတစ်ခုခု ရောင်ယမ်းတဲ့ ရောဂါရှိသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူး ရှောင်ကြဉ်သင့်ပါတယ်။

(၈) လူအများစုက အငန် အချိုမှုန့်က အပေါ့ဆိုပြီး တလွဲ မှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်းလို့ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့်ပါတယ်။ အမှန် ဆားက Sodium Chloride၊ အချိုမှုန့်က  Mono Sodium Glutamate ဖြစ်လို့ နှစ်ခုလုံးက ဆိုဒီယမ် (Sodium) ဆား ဓာတ်ဖြစ်ကာ နှစ်ခုပြိုင်စာသုံးရင် သွေးတွင်း ဆိုဒီယမ်မြင်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူး ရှောင်ကြဉ်သင့်ပါတယ်။ အချိုမှုန့် အကြောင်းကတော့ ဒီလောက်ဆို သိလောက်ပါပြီ။ နောက်တစ်ခု ရှိနေပါသေးတယ်။ လူတွေကို နားလှည့် ပါးလှည့်လုပ်ပြီး ရောင်းနေတဲ့ အသားမှုန့်တွေ၊ သူတို့လည်း အထဲမှာ Mono Sodium Glutamate (MSG) ဆိုတဲ့ ဆားဓာတ်က ပါတာပါပဲ။ ဒါကြောင့် အသားမှုန့်တွေကို လျှက်ကြည့်ရင် ငန်တဲ့ အရသာရနေတာ။ နောက်ပြီး အသားမှုန့်တွေရဲ့ ဈေးနှုန်းကလည်း တစ်ထုပ်ကို ၁၀၀ကျပ် (ဆိုင်ပြန်ရောင်းတဲ့ဈေးပါ) တဲ့။ နိုင်ငံခြားကလည်း လာသေးတယ်။ Packing ကလည်း ကောင်းမှကောင်းတဲ့ အထဲမှာ အသားကို ၁၀၀ ဖိုးရအောင် အသားစစ်စစ်ဆိုရင်၊ ဖြစ်နိုင်ပါ့မလား ၁၀၀ ကျပ်နဲ့ရောင်းဖို့။ ဒီအချိုမှုန့်တို့၊ အသားမှုန့်တို့ဆိုတာ ကမာမှာ ကျွန်တော်တို့မြန် မာနိုင်ငံလို တတိယ နိုင်ငံငယ်လေး တွေမှာပဲ အသုံးများပြီး နိုင်ငံကြီးတွေမှာ လုံးဝ မသုံးကြပါဘူး။ ထုတ်လုပ်ရောင်းချတဲ့ နိုင်ငံတွေကလည်း အဲဒီပစ္စည်းတွေကို လုံးဝမသုံးကြပါဘူး။ အဲဒီတော့ ကျန်းမာရေးကနေတဆင့် နိုင်ငံကြီးတွေရဲ့ စီးပွားရေးဝင်ငွေ ပိုကောင်းလာတာ ဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ နိုင်ငံငယ်လေးတွေ အတွက် နိုင်ငံနဲ့ လူမျိုးရဲ့ စီးပွားရေးကို ထိခိုက်ပြီး လူမျိုးတစ်ခုလုံးရဲ့ ကျန်းမာရေး၊ ဉာဏ်ရည် နိမ့်ပါးခြင်းတို့ဟာလည်း နိုင်ငံတစ်ခုရဲ့ တိုးတက်မှုကိုလည်း အများကြီး ထိခိုက်နိုင်ပါတယ်။ အဲဒီတော့ ကိုယ့်အတွက်၊ ကိုယ့်မိသားစု အတွက်၊ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်နိုင်ငံအတွက် စီးပွားရေးနဲ့ ကျန်းမာရေးကို စဉ်းစားပြီး အချိုမှုန့်နဲ့ အသားမှုန့် အစားထိုး ပစ္စည်းများအား ရှောင်ကြဉ်ပြီး စားသုံးကြပါလို့ တိုက်တွန်းလိုပါတယ်။ သဘာဝ အသားငါများ၊ သစ်သီးသစ်ဥများနဲ့ အစိမ်းရောင်ရှိတဲ့ အရွက်တွေကနေ ရရှိတဲ့ သဘာဝ အချိုဓာတ်တွေနဲ့ ရောင့်ရဲ နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ရပါသည်။

မောင်မောင်ကျော်

3 comments:

  1. ပညာပေးလေးတွေ မျှဝေပေးတာ ကျေးဇူးပါ မှူးသော်ရေ။
    တီတင့်တို့အိမ်မှာတော့ အချိုမှုန့်အစား ကြက်မှုန့်ပဲသုံးတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ကောင်းတယ်ဗျာ..အချိုမှုန့်က ရှောင်သင့်တယ်ဗျ.....

    ReplyDelete
  3. Anonymous8:47 AM

    ကြက်မှုန့်ကရော အန္တရယ်ကင်းတဲ့ အချိုမှုန့်အစားထိုး သေချာရဲ့လား?
    ဆိုတာ....

    ReplyDelete