Pages

Tuesday, February 7

ရင်သွေးငယ်အတွက် မိမိကိုယ်တိုင် ဗိုက်ခွဲမွေးသူ အာဂမိခင်


အမျိုးသမီးတစ်ဦးဟာ အံ့သြဖွယ်ရာ မိမိကိုယ်ကို ဗိုက်ခွဲ ( Caesarean section ) ပြုလုပ်ပြီး ကလေးမွေးဖွားခဲ့ပါတယ် ။ ဒီလို အာဂ သူရဲကောင်းမိခင်ရဲ့ နာမည်ကတော့ Ines Ramirez ဖြစ်ပြီးသူမဟာ သူမကိုယ်တိုင် ဗိုက်ခွဲပြီးမွေးဖွားအောင်မြင်ခဲ့တဲ့ ကမ္ဘာပေါ်မှာ တစ်ဦးတည်းသော မိခင်လည်းဖြစ်ပါတယ် ။

နေဟာ နာရီအနည်းငယ်ကြာကတည်းက အနောက်အရပ်ကိုဝင်သွားခဲ့ပါပြီ ။ အနီးဆုံးဆေးရုံဟာ ကြမ်းတမ်းတဲ့လမ်းတွေကို ဖြတ်သန်းပြီးသွားတာတောင်မှ ကီလိုမီတာ ၈၀ ကျော်ဝေးပါတယ် ။ သူမဟာ ဒီလိုလုပ်ရပ်ကိုလုပ်ဖို့အတွက် သူမသာလျှင် ခွဲစိတ်သူ သူမသာလျှင် assistant ဖြစ်ခဲ့တယ် ။ သူမရဲ့ခင်ပွန်းဟာ အဲဒီအချိန်တုန်းက အရက်ဆိုင်တစ်ခုမှာ အရက်သောက်နေခဲ့တယ် ။ သူမ မှာ ဖုန်းလည်းမရှိခဲ့ဘူး ။ အရက်ဆိုင်းကိုလည်း လိုက်မသွားနိုင်ခဲ့ဘူး ။

ည အလယ်ခေါင်ကို ရောက်လာပါပြီ ။ ည ၁၂ နာရီကျော်တဲ့အထိ ဗိုက်က ဆက်တိုက်နာလာပြီးတဲ့နောက်မှာ ဒီ အသက် ၄၀ ကျော် အမျိုးသမီးဟာ သစ်သားနဲ့လုပ်ထားတဲ့ ခုံတန်းလျားပုပုလေးပေါ်လှဲချလိုက်တယ် ။ အရက်တွေထည့်ထားတဲ့ ပုလင်းထဲကနေ အရက်တချို့ကို မျက်စိမှိတ်ပြီး အကြိမ်ကြိမ် မျိုးချခဲ့တယ် ။ အဲဒီနောက် အာဂအမျိုးသမီးဟာ ၁၅ စင်တီမီတာလောက်ရှည်တဲ့ ဓါးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဗိုက်ကို စတင်ခွဲချလိုက်ပါတယ် ။

မှိန်ပျပျအလင်းရောင်ထွက်နေတဲ့ မီးသီးလေးတစ်လုံးရဲ့ အကူအညီနဲ့ Ramirez ဟာ အရေပြားကို လှီးဖြတ်ခဲ့တယ် ။ ပြီးတော့ ၀မ်းကြာတိုက်ထဲက သားသားလေးကို မဆွဲထုတ်ခင်မှာ အဆီလွှာ နဲ့ကြွက်သားအလွှာ သားအိမ်နံရံ စတာတွေကို လှီးဖြတ်ခဲ့တယ် ။ သူမဟာ ကလေးရဲ့ ချက်ကြိုးကို ကတ်ကြေးနဲ့ဖြတ်ခဲ့ပြီး သူမရင်သွေးလေးကို ထုတ်ယူနိုင်ခဲ့တယ် ။ သူမ အရာအားလုံးကို မေ့မျော့သွားခဲ့ပါပြီ ။

သူမ သတိပြန်ရလာခဲ့တအခါ သူမဟာ သွေးတွေအလွန်အမင်းထွက်နေတဲ့ ၀မ်းဗိုက်ထဲမှာ ဆွယ်တာ အင်္ကျီ တစ်ထည်ကို ထိုးသိပ်ထည့်ထားလိုက်ပြီးအဲဒီဖြစ်ရပ်ကိုအသက် ၆ နှစ်လောက်သာရှိသေးတဲ့ Benito က မြင်သွားခဲ့ပြီး ဘေးအိမ်တွေကို အကူအညီတောင်းခံခဲ့ရပါတယ် ။ နာရီပေါင်းများစွာကြာပြီးတဲ့နောက် ကျေးရွာရဲ့ ကျန်းမာရေးလက်ထောက် Leon Cruz နဲ့ အကူတစ်ယောက်တို့ဟာ အသက်ရှင်နေသေးတဲ့ Ramirez နဲ့ ဘေးမှာ လဲလျောင်းနေတဲ့ ကလေးလေးတစ်ယောက်ကို တွေ့လိုက်ရတယ် ။ Cruz ဟာ ၁၇ စင်တီမီတာရှည်တဲ့ခွဲထားတဲ့လမ်းကြောင်းကို သာမန် အပ် ၊ အပ်ချည်နဲ့ ပြန်ချုပ်ပေးခဲ့ရတယ် ။ ပြီးတော့ အဲဒီလူနှစ်ယောက်ဟာ သူမကိုရော ကလေးကိုရော မပြီး ကောက်ရိုးဖျာထဲ ထည့်လို့ မြင်းနှစ်ကောင်ကိုဆွဲစေပြီး မြို့ကို အနီးဆုံးလမ်းကနေ မောင်းနှင်ခဲ့ရတယ် ။ ပြီးတော့ ၂ နာရီကြာပြီးတဲ့အခါ သူတို့ဆေးခန်းတစ်ခုကိုရောက်သွားကြပါပြီ ။

ဒါဟာ ၂၀၀၀ ခုနှစ် March လတုန်းက ဖြစ်ပျက်ခဲ့တာပါ ။ အခုတော့ Ines Ramirez ကို အပြည်ပြည်ဆိုင်ရာက အံ့သြဖွယ်ရာ သူရဲကောင်းမိခင်အဖြစ်သတ်မှတ်လိုက်ကြတယ် ။ သူမဟာ ဗိုက်ခွဲပြီးမိမိရင်သွေးကို မိမိဘာသာ မွေးနိုင်ခဲ့တဲ့ အံ့သြဖွယ်ရာ မိခင်တစ်ဦးပါပဲ ။

ဒီစာလေးကို ကိုယ်ဝန်ဖျက်ချဖို့ကြိုးစားနေတဲ့ ခေတ်ကာလ မိခင်လောင်းလေးတွေကိုပေးဖတ်ပြစေချင်တယ် ။ မိခင်မေတ္တာဆိုတာ ဘယ်လိုမျိုးလဲဆိုတာကိုပေါ့ ။ 



သက်တန့်ချို

No comments:

Post a Comment