Pages

Saturday, August 25

ကမ္ဘာ့ လူသုံးအများဆုံး လူမှုကွန်ယက်ဝက်ဘ်ဆိုက်




ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ယက်ဝက်ဘ်ဆိုက်မှာယခုနှစ် နှစ်ဝက်ကျိုးသည်အထိ Facebook ပင်ဖြစ်ခဲ့သည်။ အီတာလျံအခြေစိုက် လူမှုမီဒီယာသုတေသနပညာရှင် ဗင်ဆင်ဇိုကိုဆန်ဇာသည် Alexa နှင့် Google Trends ကဲ့သို့သော အွန်လိုင်းစောင့်ကြည့်မှု ဆိုက်များ အသုံးပြု၍ လူမှုကွန်ရက်များ၏ ကမ္ဘာ့မြေပုံတစ်ခုလုံး၌ Facebook ကိုယ်စားပြု အပြာရောင်မှာ နေရာအများအပြား၌ အလွှမ်းမိုးဆုံးဖြစ်ခဲ့သည်။ သုတေသနပြုချက်အရ Facebook ကို နိုင်ငံပေါင်း  ၁၃၇ နိုင်ငံတွင်  ၁၂၆ နိုင်ငံ၌ အသုံးပြုနေကြသည်ကို သိရသည်။ 
အင်တာနက် ကမ္ဘာ၏ စာရင်းအင်းအချက်အလက်များကို စစည်းတင်ပြလေ့ရှိသော internetworldstats.com ဝက်ဘ်ဆိုက်၌လည်း Facebook အသုံးပြုသူအရေအတွက်မှာ မတ်လတွင် ၈၄၅ သန်းရှိခဲ့သည်ဟုဆိုသည်။ သို့သော် ယခုအခါဇူလိုင် ၂၇ ရက်တွင်အေပီသတင်းတစ်ရပ်က ဖော်ပြခဲ့မှုအရ သန်း ၉၅၀ ကျော်ခဲ့ပြီဖြစ်သည်။  Facebook ကုမ္ပဏီ၏ တရားဝင်ထုတ်ပြန်မှုအရ ၎င်း၏ဆိုက်ကို နေ့စဉ်လူပေါင်း ၅၄၃ သန်းက မိုဘိုင်းဖုန်းများ၊ သင်ပုန်းကွန်ပျူတာငယ်များ စသည့် Mobile Device များဖြင့် အသုံးပြုနေကြောင်း သိရသည်။ Facebook သည် စတင်တည်ထောင်သည့် ၂၀၀၄ ခုနှစ်မှစ၍ ရှစ်နှစ်တာအတွင်း အသုံးပြုသူ ၁၀၀ ရာခိုင်နှုန်းခန့်တိုးတက်လာခြင်းဖြစ်သည်။  Facebook ၏နောက် ဒုတိယနေရာမှ လူသုံးအများဆုံး လူမှုကွန်ယက်ဝက်ဘ်ဆိုက်မှာ Twitter ဖြစ်၍ အသုံးပြုသူသန်း ၄၉၀ ရှိရာ  Facebook နှင့် ထက်ဝက်ခန့်ကွာ ဟနေသည်။

Source: 7 day news

No comments:

Post a Comment