Pages

Saturday, August 11

ကွန်ပျူတာ error လေး တစ်ခု


ဒီနေ့ ကွန်ပျူတာနဲ့ပက်သက်ပြီး error လေး တစ်ခုပြောပြချင်ပါတယ်။  ဘာလည်းဆိုတော့ ၀င်းဒိုးတင်လို့မရတဲ့ error လေးပါ။ သူက partition တွေတော့တွေ့ပါရဲ့ ၀င်းဒိုးတင်းဖို့ Next သွားလို့မရဘဲ ဒီလို error စာတန်းလေးပေါ်လာပါတယ်။ Setup was unable to create a new system partition or locate an existing system partition အဲလိုလေးပေါ်လာတယ်ဗျာ။ ဖြေရှင်းနည်းကိုလိုက်ရှာကြည့်တော့  Hard disk ကို format ချခိုင်းတယ်ဗျာ။ ပုံစံလေးကတော့ဒီမှာပါ  ဗွီဒီယိုလေး ရှာပြီးတင်ပေးလိုက်တယ်။ 


အဓိက ကျွန်တော်ဖြစ်တာက ဒီလိုပါ။  အစ်ကိုတစ်ယောက် ကွန်ပျူတာမှာ Viber ဆော့ဝဲ ရမ်းလိုက်တယ်ဗျာ။ အဲဒီမှာ စပြီး ပြဿနာတက်တော့တာပဲ။ အင်တာနက်လည်းချိတ်လို့မရဘူး၊ စက်က လေးသွားတယ်။ ဒါနဲ့ ကျွန်တော်က အစ်ကိုလို့ windows ခွေနဲ့ repair ပေးရင်အဆင်ပြေတယ်လို့ပြောလိုက်တယ်။ အစ်ကိုဆီမှာ DVD Drive မရှိဘူးတဲ့။ အဲဒါနဲ့ usb နဲ့ windows တင်တဲ့နည်းအတိုင်း windows  ခွေကို usb ထဲမှာကူးလိုက်တယ်။ ပြီးတော့ ကွန်ပျူတာကို restart ချလိုက်တယ်။ ပြီးတော့ usb နဲ့ repair ပေးလိုက်တယ်။ ပြီးတဲ့နောက် windows ကို တက်မလာတော့ဘူး။  ဒါနဲ့ ထပ်ပြီး repair ပေးတယ်။ မရဘူး ။ဒါနဲ့ အစ်ကိုလို့ hard disk ကို  format ချမှဖြစ်မယ်ဆိုပြီး  Hard disk ထဲမှာရှိတဲ့ data တွေကို ကျွန်တော့်စက်မှာကူးထားလိုက်တယ်။ ပြီးတော့ usb နဲ့ပဲ ၀င်းဒိုးတင်တယ်။ အဲဒီမှာ error message ပေါ်လာတော့တာပဲ။  Setup was unable to create a new system partition or locate an existing system partition အပေါ်က ဗွီဒီယိုဖိုင်လေးအတိုင်း လိုက်လုပ်ကြည့်တယ်။ လုံးဝမရဘူး။ အဲဒီ message ပဲ ထပ်တလဲလဲပေါ်နေတယ်။ ဒါနဲ့ Hard disk မကောင်းဘူးဆိုပြီး  တခြားစက်မှာ ၀င်ဒိုးတင်လိုက်တယ်။ အဲ တခြားစက်မှာကျ ၀င်းဒိုးတင်လို့ရတယ်ဗျာ။ အဲဒီတင်ပြီးသားကို အစ်ကို့စက်မှာပြန်တပ်တော့ ၀င်ဒိုး က repair ပေးဖို့လိုအပ်တယ်တဲ့ ။ အဲဒါ ထပ်ပြီး repair ပေးပါလေရော။ အဲဒီမှာ သူကပြောတာက Windows ခွေကို  DVD ကို ထည့်ပါတဲ့။ ပြီးရင် Language ပြောင်းတဲ့နေရာရောက်ရင် Next ကို  Click ပေးပြီး repair ပေးပါလို့ပြောတယ်။ DVD Drive မှ မရှိတာ usb နဲ့ပဲ repair ပေးတာပေါ့။ မရဘူး ။ Format လည်းအကြိမ်ကြိမ်ချတယ်။ လုံးဝမရဘူး။ ဒါနဲ့Hard disk  ကိုပဲ အာရုံရောက်တယ်။ နောက်တစ်လုံးနဲ့ အစ်ကို့စက်မှာ ၀င်ဒိုးတင်ကြည့်ပြန်ရော။  Partation ရွေးတဲ့နေရာရောက်တိုင်း ခုနက error message ပဲပေါ်လာတယ်။ တော်တော်စားသွားပီ ။ အကုန်လုံးပြန်ပြီးစစ်ကြည့်တော့လည်း အားလုံးကကောင်းနေပြန်ရော။ ဒါနဲ့ အစ်ကိုရေ အစ်ကို့စက်မှာပဲဖြစ်နေတာပေါ့။ Hard disk  နှစ်ခုတောင်စမ်းပြီးပြီ အဆင်မပြေဘူးပေါ့။ နောက်ဆုံးသွားစဉ်းစားမိတာက DVD Drive နဲ့ တင်ကြည့်တာပေါ့လို့ပြောပြီး DVD Drive နဲ့ ၀င်ဒိုးပြန်တင်ကြတယ်။ အဲဒီမှာ စတွေ့တာပေါ့။ DVD Drive နဲ့ကျမှ ၀င်ဒိုးပြန်တင်လို့ရတော့တယ်။  


တကယ်လို့သာ အစောကတည်းက DVD Drive နဲ့ repair ပေးခဲ့မယ်ဆိုရင်ဒီလောက်အလုပ်မရှုပ်တော့ဘူးပေါ့။ အခုဖြစ်သွားတာ usb ကြောင့်ဖြစ်တာ။ သာမန် repair လေးလုပ်လိုက်ရင် အဆင်ပြေရမယ့်ဟာ။အခုတော့ error ရှာရ၊ Data တွေပြောင်းရနဲ့ တစ်နေကုန်အလုပ်ရှုပ်သွားတာပဲ။ 

သူငယ်ချင်းတို့လည်းသတိထားသင့်တာက အကယ်၍ မိမိကွန်ပျူတာ error တစ်ခု တက်သွားလို့ repair ပေးတော့မယ်ဆိုရင် usb နဲ့ ဘယ်တော့မှ  မပေးပါနဲ့လို့ပြောချင်ပါတယ်။  DVD Drive ကိုရအောင်ရှာပြီးမှ repair ပေးစေချင်ပါတယ်။ ကျွန်တ်ာအဖြစ်ကို သင်ခန်းစာယူပါ။ ထပ်သတိပေးအုံးမယ်နော် ။ Error တက်ပြီးဆိုတာနဲ့ အလွယ်ကူဆုံး နှစ်ခုက system restore လုပ်ပေးပါ။ တစ်ခုက windows ခွေနဲ့ repair လုပ်ပေးပါ။ တော်ယုံ error တွေကို ဖြေရှင်းပြီး ဖြစ်ပါလိမ့်မယ်။ 

အဟီး အဲဒါကြောင့် ညနေစာကတော့ ခေါက်ဆွဲခြောက်နဲ့ နှစ်ပါးသွားလိုက်ရတာပေါ့။  

usb နဲ့ ၀င်းဒိုးတင်နည်းလေးလည်းဖော်ပြပါအုံးမည်။


အားလုံးကိုလေးစားလျက်..... 

No comments:

Post a Comment