Pages

Tuesday, August 28

soundcloud သုံးနည်း နှင့် ဘလော့အတွက် ကုဒ်ယူနည်း


ဒီတစ်ခါတော့ အစ်ကိုတစ်ယောက်ပြောလာလို့ပါ။ တခြား မသိသေးသောသူတွေလည်း သိအောင်ဆိုပြီး တင်ပေးလိုက်တာပါ။ soundcloud က mp 3 တွေကို upload တင်ပြီး  online မှာ နားထောင်လို့ရတဲ့ဆိုက်လေးပါ။  အကောင့်လုပ်နည်းက ဒီလိုပါ။ ပထမဆုံး ဒီဆိုက် လေးကိုသွားပါ။

အဆင့်(၁)

အဲဒီရောက်ပြီးဆိုရင် Singn up ကို ကလစ်ပေးပါ။ Facebook အကောင့်နဲ့ လုပ်မယ်ဆိုရင် Sign in with Facebook ကိုကလစ်ပေးပါ။ မှတ်ချက် Facebook နဲ့သုံးမယ်ဆိုရင် တန်းပြီး အသုံးပြုလို့ရပါပြီ။ gmail နဲ့ဆိုရင်တော့  sign up ကိုနှိပ်ပါ။


အဆင့်(၂)

Gmail ဖြည့်ပါ။ ပတ်ဝက်စ်ဖြည့်ပါ။  အောက်နားက I agree to the Team ဆိုတာမှာ အမှန်ခြစ်ထည့်ပါ။  ပြီးရင် Sign up buttom ကိုနှိပ်ပါ။ 

အဆင့်(၃)

ဒီဆင့်လေးက မဖြည့်ဘဲထားလို့လည်းရပါတယ်။ အောက်နားမှာ skip ဆိုတာလေးရှိပါတယ်။ ဖြည့်ချင်တဲ့သူများအတွက်ကတော့ ပုံမှာပြထားတဲ့အတိုင်းဖြည့်ပါ။  ပြီးရင် အောက်နားလေးမှာပဲ  save buttom   လေးကို ကလစ်ပေးပါ။

အဆင့်(၄) 

သူက အကောင့်ကို active ဖြစ်အောင် လင့်တစ်ခုကို မေးလ်ထဲကို ပို့ထားမှာဖြစ်ပါတယ်။ gmail ကိုဖွင့်ပြီး Team ကပို့ထားတဲ့ လင့်လေးကို ကလစ်ပေးမှသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ confirm your email address ကို ကလစ်ပေးရမှာပါ။


အဆင့်(၅)

အဲလိုပေါ်လာပြီဆိုရင် upload & share ကို ကလစ်ပေးပါ။ 

အဆင့်(၆)



Title မှာ မိမိပေးချင်သောအမည်ပေးလို့ရပါတယ်။  Transcoding completedလို့ပေါ်လာပြီဆိုရင် အောက်နားမှာ Save buttom လေးကိုကလစ်ပေးပါ။ ဒါဆိုရင် သီချင်းနားထောင်လို့ရပါပြီ။

အဆင့်(၇)


အဲလိုရပြီဆိုရင် ညာဘက်နားလေးမှာ share  ဆိုတာလေးကို ကလစ်ပေးပါ။ 

အဆင့်(၈)

ကဲ အဲဒီလိုရပြီဆိုရင် Embed code လေးကို copy ကူးပြီး ဘလော့ Gadget မှာ  paste လုပ်လိုက်ပါ။ ဒါဆိုရင် ဘလော့မှာ ပေါ်နေပါပြီ။

code လေးကို ဒီလိုလေးကူးပါ။




အဆင်ပြေပါစေ.....

အားလုံးကိုလေးစားလျက်.....

No comments:

Post a Comment