Pages

Monday, August 6

Window Media Player အကြောင်း



Window Media Player ဟာလည်း တကယ်တမ်း အသုံးချ တက် မယ်ဆိုရင်တကယ်အသုံးဝင်လှပါတယ်.. ဒီ Player နဲ့ တစ်ကမ္ဘာလုံးမှ     Radio အစီအစဉ်များကို နားထောင်နိုင် ခြင်း၊ CDs များတွင် ကူးယူထားနိုင်ခြင်း များအဖြစ် ကိုယ်ပိုင်ဖန်တီးနိုင်ခြင်း၊ DVD ဖွင့်နိုင်ခြင်း၊ သိချင်းနဲ့ ဗီဒီယိုဖိုင်များကို Portable Devices ( ဥပမာ- ခရီးဆောင် Digital audio players , Pocket PCs ) များသို့ကူးယူနိုင်ခြင်း တို့လုပ်ဆောင် နိုင်ပါတယ်


• To play files

ကွန်ပျူတာ အတွင်းမှ ဖိုင်များ open နည်းကတော့ လူတိုင်းသိပြီးသားပါ။ Web ပေါ်မှ file များကို open မယ်ဆိုရင်တော့ File Menu မှ Open URL (or) Ctrl+U ကိုရွေးချယ်ပြီးတော့ Open Url Box မှာ URL ရိုက်ထည့်ပြီး သွားရောက်နိုင်ပါတယ် ခွင့်ပြုထားတဲ့ location ပုံစံ လေးတွေကတော့
1. mms://server/filename (for example, a file with a .wma, .wmv, .asf,
or .mp3 extension)
2. http://server/filename
3. \\server\content\filename
4. file://\\server\content\filename
5. mms://server/sami.asf?SAMI=http://server/sami/sami_demo.smi
(Synchronized Accessible Media Interchange (SAMI) file)
ဒီလိုပုံစံလေးတွေနဲ့ သွားရောက်နိုင်ပါတယ်……နားဆင်ရာမှာ တစ်ခါထဲအဆင်ပြေ သွားအောင် Shuffle (ctrl+H) ကို turn off လုပ်ခဲ့ဖို့လဲ မမေ့ပါနဲ့ .. သွားရောက်ခဲ့တဲ့ URL Lists တွေကို ဖျက်ချင်တယ်ဆိုရင်တော့ Tools/Options/Privacy tab အောက်မှာ clear history button လေးကို ကလစ် ခြင်းဖြင့် delete နိုင်သလို၊ URL တွေကို မှတိသားထားချင်တယ် ဆိုရင်တော့ Save file and URl history in the player ဆိုတဲ့စာကြောင်းလေးကို Check လုပ်ထားနိုင်ပါတယ်

• To play a radio station on the Internet

RadioTuner button ကို click , radio stations ကိုရှာဖွေပြီးတော့ ကျန်တဲ့အပိုင်းတွေကတော့ သက်ဆိုင်ရာ Radio Station တွေရဲ့ instructions တွေအတိုင်း လုပ်ဆောင်ရမှာပါ ကွဲပြားခြားနားမှု့တော့
အနည်းငယ်ရှိနိုင်ပါတယ်..( Radio tuner ကိုရှာလို့မတွေ့ခဲ့ရင် ctrl+1 ကို တွဲပြီးကလစ်ပါ) မိမိကြိုက်နှစ်သက်တဲ့ sections လေးတွေကိုလဲ Media Library မှ My favourite section of the Radio
category မှာ add ထားခြင်းဖြင့် နောက်အကြိမ်တွေမှာ အလွယ်တစ်ကူ သွားရောက်နိုင်ပါတယ် .. Title , Station ID ,Band,City,Language,frequency စသည်ဖြင့် စနစ်တကျ သိမ်းဆည်းပေးထားမှာပါ

• To adjust the graphic equalizer levels

1.Now Playing ကို click လိုက်ပါ ။ View Menu /Enchancements/graphic Equalizer သို့ရောက်အောင် အဆင့်ဆင့်သွားရောက်ပါ
2.Enchancements pane က Turn on ကို click ပါ ။ Default ကို click လိုက်ရင် Drop Down Menu ထဲမှ Classical,Jass စသဖြင့် နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ် အဲဒါမှ စိတ်တိုင်းမကျ သေးဘူးဆိုရင်တော့ custom ကို ရွေးချယ်ပြီး မိမိစိတ်တိုင်းကျ ညှိနိုင်ပါတယ်….



• To adjust the audio effects

1. View menu/Enhancements/ SRS Wow Effectsထိရောက်အောင် အဆင့်ဆင့်သွားရောက်ပါ။
2. Enchancements pane မှ turn on ကို click ပါ ။Trubass ,Wow Effects တို့ကို နှစ်သက်သလိုညှိယူနိုင်ပါတယ်။
3. Spekars size ကို အရွယ်အစားအားဖြင့် Normal/Large (or) Headphone စသည်ဖြင့် ကိုက်ညီမှု့ရှိအောင် ရွေးချယ်နိုင်ပါသေးတယ်။
4. Effects တွေမလိုချင်ဘူး ဆိုရင်လဲ ညာဘက်ထောင့်နားလေးက close ကို click နိုင်ပါတယ်
5. ဒီ effects တွေဟာ DVD file type များနှင့်တော့ သက်ဆိုင်ခြင်းမရှိပါဘူး SRS WOW technology အကြောင်းကို ပိုမိုသိချင်သေးတယ် ဆိုရင်တော့ WOW Effect အပေါ်က SRS Logo မှတဆင့် သွားရောက်နိုင်ပါသေးတယ်။

• To adjust video settings

1. Now Playing ကို click ပါ
2. View/Enhancements/Video Settings သို့သွားလိုက်ပါ
3. Enhancements pane တွင် Hue, Saturation,Brightness, Contrast စသဖြင့် နှစ်သက်သလို ညှိနိုင်ပါတယ်

• To Configure the Player HDCD CDs using 24-bit audio

1. Tools / options မှ Devices tab ကို click ပါ။
2. Spekars ကို Double- click ပါ။
3. Performance အောက်က Use 24-bit audio for audio CDs ဆိုတဲ့ စာကြောင်းကို check ပေးပါ။

• To add static lyrics to a file

1. Now Playing ကို click ပါ playlist pane မှာ lyrics အပ်လိုတဲ့ file ကိုရွေးပါ။ တကယ်လို့ playlist ကိုမတွေ့ဘူးဆိုရင် View/Now Playing Options /Show Playlist ကို click ပါ။
2.Info Center View မှ Lyrics ကို click ပါ။

Info Center ကိုမတွေ့ခဲ့ရင်

View/Info Center view/Shwo Always (or) Show Always or Show Only When Detailed media information Is Available ကို Click လိုက်ပါ။
2. Add Lyrics button လေးကို ထပ်မံ click ပါ။ အဲဒီအခါ မှာတော့ စာရိုက်ရန်အတွက် လေးထောင့်ကွက်လေးနဲ့ box တစ်ခုပေါ်လာပါမယ် စိတ်တိုင်းကျ ရေးပြီးပြီ ဆိုရင်တော့
Save Lyrics ကို click ပေးလိုက်ပါ မကြိုက်သေးဘူးပြန်ပြင် ချင်သေးတယ် ဆိုရင်တော့ Edit Lyrics ကို ထပ်မံ click လိုက်ပေါ့။
3.Tag Info မှာလဲ Title ,Subtitle,track number,Key စသည်ဖြင့် Edit လုပ်နိုင်ပါတယ်။
4. Pictures, Lyrics,comments ,Artist Info များကိုလဲ ညာဘက်ဘေးမှ Add button လေးကို click ပြီး ထည့်သွင်းနိုင်ပါသေးတယ်။

To copy tracks from an audio CD

1) CD-ROM drive ထဲသို့ CD လိုက်ပြီး Copy from CD ဆိုတာလေးကို Click လိုက်ယုံပါပဲ။ အကုန်လုံးမကူး ချင်ဘူး လက်ရွေးစင် ရွေးကူမယ်ဆိုရင်တော့ မလိုချင်တဲ့ track များကို uncheck ပေးခဲ့ပေါ့။
2) အားလုံးစိတ်တိုင်းကျပြီ ဆိုရင်တော ညာဘက် ထိပ်နားလေးက copy button ကို click ပါ message box လေးကျလာပါမယ်။ Copy protect your music စာကြောင်းကို ရွေးပေးပါ ဒါမှသာ တစ်ခုခု error တက်ခဲ့ ရင် မူရင်း CD ကိုမထိခိုက်အောင် ကာကွယ်နိုင်ပါမယ်။
3) Copy right check box ကို select ပေးပြီး Next ,Finish…..
4) ကူးယူထားတဲ့ file တွေကို တစ်ခြား format ပြောင်းမယ်ဆိုရင်တော့ Change my current format settings ကို click ပါ။ မပြောင်းချင်ဘူး ဒီ file format ပဲထားမယ်ဆိုရင်တော့ keep my current formal seetings ကို click ထားပေါ့ဗျာ ( မှတ်ချက်။ ကူးယူလိုက်တဲ့ ဖိုင်များဟာ My music folder/Media Library
ထဲသိ့ရောက်ရှိသွားမှာ ဖြစ်ပါတယ်)
Subfolders,label,Artists,album စတာတွေကို မိမိနှစ်သက်သလို ပြောင်းလဲပြီးတော့ သိမ်းဆည်းထားနိုင်ပါတယ်)

ဘယ်လိုဘန်းမလဲ

1. File menu မှ Copy to CD or Device ကို click ပါ
2. Media Library မှ ကူးယူချင်တဲ့ category or playlist ကိုရွေးချယ်ပါ .. playlists ,category ပုံစံလေးတွေ တွေကို Plalists radio button လေးကို click ပြီး ဖန်တီး၊ပြောင်းလဲ နိုင်ပါတယ် …ကူးယူမဲ့ ဖိုင်အရေအတွက် နဲ့ ကြာမဲ့ ကူးယူရန်ကြာမဲ့ အချိန်ကိုတော့ အောက်နားက button မှာဖော်ပြနေမှာပါ
3. Audio CD ,Data CD,HighMAT CD များဟာ window XP professional မှာသာ အကျိုးသက်ရောက်မှု့ရှိပါတယ်
(မှတ်ချက်။ CD ဘန်းပြီးတဲ့ အချိန်ကျမှ tracks တွေထပ်ထည့်လို့မရပါဘူး ၊ CD-RW ကိုအသုံးပြုနေတာ ဆိုရင်တော့ နောက်တစ်ကြိမ် မကူးယူခင် erase button လေးကို ကလစ်ပြီး ပယ်ဖျက်နိုင်ပါတယ်..)
ကူးယူမဲ့ သီချင်းများကို မိမိနှစ်သက်သလို စီစဉ်နိုင်ပါတယ်..သဘောကတော့ သီချင်းနံပါတ် ၁ ကို နောက်ဆုံးမှာထားမယ် ဆိုရင် copy pane မှာ dragging လုပ်ပြီး အောက်ဆုံးမှာ သွားထားလိုက်ပေါ့…channel များမှ ကူးယူထားသော multichannel audio file များကို CD သို့ ဘန်းတဲ့အခါမှာ stereo file အဖြစ် auto ပြောင်းလဲပေးပါတယ်)

နားဆင်လို့အဆင်ပြေအောင်

အင်တာနက်မှ channel များကို နားထောင်လို့ အဆင်ပြေသွားအောင် အောက်ပါအတိုင်း လုပ်ဆောင်ပေးရပါဦးမယ်။
1.Tools/Options/Devices tab ကို click ပါ။
2.Devices အထဲမှ speakers ကို double-click ပါ Speakers Properties dialog box ကျလာပါမယ် ၊ Advanced ကို ထပ်မံ click ပါ။
3.Sounds and Audio Devices Properties /speakers settings မှ advanced ကို click ပါ speaker setup မှာ မိမိအသုံးပြုနေတဲ့ အမျိုးအစားကို ရွေးပြီး Apply,ok..ok…ok.. ပေးပါ (ဥပမာ- 5-1 surround sound speakers)
(မှတ်ချက်။ multichannel အသုံးပြုတော့မယ်ဆိုရင် မိမိ sound card နဲ့ speakers များဟာ multichannel audio များကို support လုပ်နိုင်တာများဖြစ်သင့်ပါတယ်)

Data တွေသိချင်ရင်

1.Tools/Options/Media Library tab ကို click ပါ Automatic media information updates for files အောက်က Only add missing information ကိုCheck ပေးပါ။
၂.တကယ်လို့ မိမိ ရဲ့ Media Library ထဲက သီချင်းရဲ့ အကြောင်းအရာကို စုံစုံလင် လင် သိချင်တယ် (ဘယ် အယ်ဘမ်ကလဲ၊ဘယ်တုန်းကထွက်တာလဲ စသည်ဖြင့်ပေါ့ ) ဆိုရင်တော့ Find media information for music copied with another program ဆိုတဲ့စာကြောင်းလေးကို check ပေးခဲ့ဖို့မမေ့ပါနဲ့။
အဲဒီလို အကြောင်အရာတွေ ကို ရရှိလာရင် သီချင်းနာမည် ကိုပြောင်းဦးမယ်၊ပြန်လည်စီစဉ်ချင်သေးတယ်ဆိုရင်တော့ Renmae and rearrange music using media information စာကြောင်းကို check ပေးပြီး Ok….။

ဘယ်လိုသိမ်းဆည်းထားမလဲ

1. Media Library/Playlist/New Playlist ကို click ပါ။
2. New Playlist မှ Playlist Name မှာ နံမည်ပေးပြီး Ok ပေးပါ။
3. Menu bar မှ + လက္ခဏာ လေးနဲ့ Add tab ကို click ပြီး ကွန်ပျူတာထဲက ဖိုင်တွေလား ၊ ၀က်ဆိုဒ်(url)ကလားဆိုတာကို ရွေးချယ်ပေးလိုက်ပြီး search …။
4. တကယ်လို့ မိမိဖွင့်လိုက်တဲ့ သီချင်းမှန်သမျှကို Media Library မှာ auto add ထားချင်တယ်ဆိုရင် Tools/Options/Player tab ကို click ပါ Add music files to Media Library when played ဆိုတဲ့ စာကြောင်းကို check ပေးပြီး Apply, Ok….။
5. Digital media ကို အင်တာနက်မှာ ရှာဖွေမယ်ဆိုရင် Media guide ကို click ပါ WindowsMedia.com web page ကိုတွေ့ရပါမယ် ကြိုက်နှစ်သက်ရာကို link လေးကို ကလစ်ပြီး နားဆင်နိုင်ပါပြီ…။
6. Radio နားဆင်ခြင်း၊ရှာဖွေခြင်း၊Media Library ,preset list မှာ အပ်နှံထားခြင်း တို့ကိုတော့ သက်ဆိုင်ရာ station များရဲ့ instructions များ အတိုင်း ဆက်လက်လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။
(မှတ်ချက်။ Presets list ဟာ Media Library သို့ add လိုက်တာနဲ့ My favourite sections of the Radio category မှာတစ်ခါထဲ ရောက်နေပြီးသားပါ)


အထွေထွေ။

• ဒီ player မှာ Full mode ,skin mode,mini Player mode ဆိုပြီး ၃မျိုးအသုံးပြုနိုင်ပါတယ်။
• Taskbar ကိုဖျောက်ထားချင်တယ်ဆိုရင်တော့ View/full mode options မှ Hide taskbar ကို click ပါ။
• Info တွေကို ရှာလို့ရနိုင်တဲ့ သီချင်းတွေကို ပဲ info ပြ စေချင်တယ်ဆိုရင် View /Info Center View မှ Show only when detailed Media informations Is Available ဆိုတာကို click ပါ။
• Capation ,subtitle language ကို ပြောင်းလဲ လိုရင်တော့ Play Menu/Captions and Subtitles မှာ သွားရောက်ပြောင်းလဲနိုင်ပါတယ်။
• Plug in ကို ဒေါင်းချင်တယ် ဆိုရင် Tools/Plug-ins/Download Plug-ins မှ သွားရောက်ဒေါင်းနိုင်ပါတယ်။
• Digital playback ကို အသုံးပြုချင်ပါတယ်ဆိုရင်တော့ Tools/Options/devices tab မှ CD-ROM Drive ကို select လုပ်ပြီး properties ကို ဆက်လက် click ပြီး digital ကိုရွေးပါ။
• ဒီ player ကို default player အဖြစ် file type များစွာဖြင့် အသုံးပြုချင်တယ်ဆိုရင် တော့ Tools/options/File Types tab ကို click ပါ ပြီးရင် select all ,Ok
• Media Library မှ သီချင်းကို ဖျက်လိုက်တာနဲ့ ကွန်ပျုတာ မူလနေရာမှာ ရှိတဲ့ မူလသီချင်းပါ တစ်ခါထဲ
ပျောက်သွားစေချင်ရင်တော့ Tools/Options/Media Library tab ကို click ပြီး delet item form your computer when deleted from Media Library ဆိုတဲ့ စာကြောင်းလေးကို check ပေးပြီး Ok….။
Skin ကတောပ မူလက ၃ခုပဲပေးထားပါတယ် ဒီထက်လိုချင်သေးတယ်ဆိုရင် တော့
Skin chooser /+ More Skins မှတစ်ဆင့်သွားရောက် ရယူနိုင်ပါတယ် လက်ရှိ skin ကိုပဲ အရောင်ပြောင်းလဲ အသုံးပြုချင်တယ် ဆိုရင်တော့ ညာဘက် အောက်နားလေးက change player color button မှနှစ်သက်သလို ပြောင်းလဲနိုင်ပါတယ်…။
Mp3,Audio file များကို ဖွင့်တဲ့အခါမှာ ပေါ်နေမဲ့ Visualizations လေးတွေကိုတော့ View/Visuazations မှတစ်ဆင့် နှစ်သက်ရာပုံစံကို ရွေးချယ်နိုင်ပါတယ်..။
ပိုမိုလိုချင်သေးတယ်ဆိုရင်တော့ Tools/Download/Visualizations မှတစ်ဆင့် သွားရောက် ရယူနိုင်ပါတယ် ဒေါင်းထားတာတွေ မပေါ်ပဲဖြစ်နေရင် tools/options/Plug-in/Add ကို click ပေါ်ချင်တာကို ရွေးပြီးရင် add, Ok ပေါ့ဗျာ။
==============
Windows Media Player က support လုပ်နိုင်တဲ့ file type အမျိုးအစားတွေပါ

Code:

File type (format) File name extension
Music CD Playback (CD audio) .cda 
Audio Interchange File Format (AIFF) .aif, .aifc, and .aiff 
Windows Media audio and video files .asf, .asx, .wax, .wm, .wma, .wmd, .wmp, .wmv, .wmx, .wpl, and .wvx
Windows audio and video files .avi and .wav
Windows Media Player skins .wmz
Moving Picture Experts Group (MPEG) .mpeg, .mpg, .m1v, .mp2, .mpa, .mpe, .mp2v*, and .mpv2
Musical Instrument Digital Interface (MIDI) .mid, .midi, and .rmi
AU (UNIX) .au and .snd
MP3 .mp3 and .m3u
DVD video .vob
Macromedia Flash .swf


• mp2v file type အမျိုးအစားတွေ အတွက်ကတော့ DVD decoder ကို installed လုပ်ထားမှ အသုံးပြုနိုင်မှာဖြစ်ပါတယ်
• file typesများကို players က auto ပြောင်းလဲပေးသွားနိုင်အောင် tools/options/file types tab ကို click ပြီး select all
Apply,ok ပေးပါ

အောက်မှာတော့ shortcuts keys အချို့ကိုဖော်ပြလိုက်ပါတယ်…

အချို့လို သုံးနှုန်းရခြင်းကတော့ window media player ရဲ့ shortcuts အမျိုးအစားက (၁၂) မျိုးရှိလို့ပါ …

Quote:
Press To
ALT+P Display the Play menu
CTRL+P Play or pause playback
CTRL+S Stop playback
CTRL+SHIFT+G Use a fast play speed
CTRL+SHIFT+N Use a normal play speed
CTRL+SHIFT+S Use a slow play speed
CTRL+B Play the previous item
CTRL+F Play the next item
CTRL+SHIFT+B Rewind a file
CTRL+SHIFT+F Fast-forward a file
CTRL+H Shuffle the playlist
CTRL+T Repeat the playlist
CTRL+SHIFT+C Turn on or off captions and subtitles
F10 Increase volume
F9 Decrease volume
F8 Mute volume
CTRL+E Eject CD or DVD
အနှစ်ချူပ်ပြောရရင်တော့ ဒီပလေယာဟာ အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်မှသာလျှင် အသုံးပြုလို့ ပိုမိုကောင်းမွန်မယ်လို့ သုံးသပ်မိပါတယ်..ဘာလို့လဲဆိုတော့ သူရဲ့ support လုပ်ဆောင်ချက်အများစု ဟာ အင်တာနက် ဆက်သွယ်အသုံးပြူနိုင်မှု့မှာ အဓိကအခြေခံ ထားလို့ပါပဲ အင်တာနက် အသုံးပြုနိုင်တယ်ဆိုရင်တော့ မိမိလက်ရှိ နားထောင်နေတဲ့၊ နှစ်သက်မိတဲ့ site,link, သီချင်းကို play list attach နဲ့ တကွ View/Enhancements/Media link for E-mail မှ တဆင့် လွယ်တစ်ကူ ပို့နိုင်ကြောင်းပါဗျာ
============
Window Media Player အကြောင်းတစ်စေ့ တစ်စောင်း

Media Player (11) ကနေ ဗီဒီယိုရုပ်ပုံတွေကို ဘယ်လို Capture ဖမ်းမလဲ။
Media player (11) ကနေ Video; DVD and VCD ရုပ်ပုံတွေကို keyboard ကနေ “print screen preview” button နဲ့ တိုက်ရိုက်ဖမ်းကြည့်နိုင်ပါတယ်။
(a) Windows Media Player (11) ကို ဖွင့်ပါ။ (ဒါမှမဟုတ် mpeg video ဖိုင်တစ်ခုအပေါ်မှာ Right click ခေါက်ပြီး “open with > windows media player” လို့ဖွင့်လို့လည်းရနိုင်ပါတယ်။)
(b) Media player ရဲ့ အပေါ်ဘားမှာရှိတဲ့ Tools တွေထဲမှ “ Now Playing”, “Library”, “Rip”, “Burn”, “Sync” စတဲ့ tool တိုင်းမှာ “More Option” ပါဝင်ပါတယ်။
(c) “More Options” ကို Click နှိပ်ပါ။ “Options” box ကျလာပါမယ်။ “Performance tab” ကိုရွေးပါ။
(d) Advanced ကို click နှိပ်ပါ။
(e) Video Acceleration Setting ကျလာပါမယ်။ အဲဒီထဲကမှ Use Video mixing renderer box မှာရှိတဲ့ “user overlays” ရဲ့ရှေ့မှာရှိတဲ့ အမှန်ခြစ်ကိုဖြုတ်ပစ်လိုက်ပါ။
(f) ပြီးရင် OK နှိပ်ပါ။ ပြီးရင် အပြင် Box မှာ “Apply” နှိပ်ပါ။
(g) အခုချိန်က စပြီးတော့ media player 11 နဲ့ print screen ဖမ်းလို့ရပါပြီ။

ကူးယူဖော်ပြသည်...... 

4 comments:

  1. Anonymous8:28 AM

    Thank you for another great post. The place else may anybody get that type
    of information in such an ideal manner of writing? I've a presentation next week, and I am on the search for such info.
    Here is my page ... windows 8 operating system download

    ReplyDelete
  2. Anonymous12:47 PM

    I used to be able to find good information from your content.



    Feel free to surf to my blog; grupa kreatywna

    ReplyDelete
  3. Anonymous6:50 AM

    Remarkable things here. I'm very happy to peer your post. Thank you a lot and I'm taking
    a look forward to contact you. Will you kindly drop me a mail?


    Here is my homepage ranger forum

    ReplyDelete
  4. Anonymous2:10 PM

    Hello, I enjoy reading through your article. I wanted to write a little comment to support
    you.

    Here is my weblog; ranger forum

    ReplyDelete