အိန္ဒိယနိုင်ငံသည်
ဗုဒ္ဓဘာသာစတင်ပေါ်ပေါက်ခဲ့သော နေရာဌာနတစ်ခုဖြစ်သည်။ သို့သော်လည်း
ယခုအချိန်တွင်မူ အိန္ဒိယနိုင်ငံ၌ ဗုဒ္ဓဘာသာ သာသနိကအဆောက်အအုံများရှိသော်လည်း
ဘာသာရေးအသိရှိသူများ ပျောက်ကွယ်သလောက်ဖြစ်သွားခဲ့ပေပြီ။ ။ ။
၁။ ရဟန်းတော်များဘက်မှ အစစအရာရာ ဘက်စုံအားနည်းလာခြင်း။
၂။ ဟိန္ဒူဗြဟ္မဏတို့ အတွင်းအပြင်တိုက်ခိုက်ဖျက်ဆီးမှု ခံရခြင်း။
၃။ မူစလင်တို့၏ တိုက်ခိုက်မှုခံရခြင်း။
“မူစလင်တို့၏ တိုက်ခိုက်မှုခံရခြင်း”
သာသနာနှစ်(၁၂၅၅)ခု၊ အေဒီ(၇၁၀)တွင် မိုဟာမက်အက်ကာဆင်သည် အိန္ဒိယပြည်အနောက်မြောက်နယ်ကို တိုက်ခိုက်အောင်မြင်ခဲ့သည်။ အဆိုပါနယ်ကို မူစလင်ဘာသာဝင်တို့၏ အခြေစိုက်ရာဌာနအဖြစ် စတင်သက်မှတ်ခဲ့သည်။ နောင်နှစ်ပေါင်း နှစ်ရာခန့်ကြာသောအခါ မဟာမေဒင်တို့သည် အိန္ဒိယပြည်မြောက်ပိုင်း,အလယ်ပိုင်းတို့ကိုပါ ထင်ထင်ရှားရှား ၀င်ရောက်တိုက်ခိုက်လာခဲ့ကြသည်။
အေဒီ(၁၂)ခန့်ရောက်သောအခါ၌ကား ဟိန္ဒူဗြဟ္မဏ,ဂျိန်းဘာသာ,ဗုဒ္ဓဘာသာဝင်တို့၏ ကျောင်းကန်
ပုထိုးများနှင့် စေတီအမျိုးမျိုးတို့ကို လုယက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ဟိန္ဒူ ဗြဟ္မဏများနှင့် ဂျိန်းဘုန်းကြီးတို့မှာ အ၀တ်ဖြူများကို ၀တ်ဆင်ထားခြင်းကြောင့် လူဝတ်ကြောင်များနှင့်တူနေပြီး လူထဲသို့ ရောနှောဝင်ရောက်ပုန်းခိုနေကြသောကြောင့် လွတ်မြောက်သွားခဲ့ကြသည်။ ဗုဒ္ဓဘာသာရဟန်းတော်များမှာ အများနဲ့မတူ တမူထူးခြားနေပြီး တစ်နေရာတည်းတွင် စုဝေးနေကြသောကြောင့် ဘေးရန်မှမလွတ်ခဲ့ပေ။ ရုတ်တရက် လာရောက် ၀ိုင်းဝန်းတိုက်ခိုက်သောအခါ၌လည်း လွတ်အောင် မပုန်းရှောင်နိုင်ကြပေ။ ဗုဒ္ဓဘာသာကျောင်းကန် ,စေတီပုထိုးတို့၌ လည်းကောင်း၊ ဟိန္ဒူဘုရားကျောင်း, နတ်ကွန်းတို့၌ လည်းကောင်း ရွှေ,ငွေ,ကျောက်သံပတ္တမြား ရတနာပစ္စည်းများရှိနေသောကြောင့် မြို့ရွာများကိုမတိုက်ခိုက်မီ ရှေးဦးစွာ ဘုန်းတော်ကြီးကျောင်းများနှင့် စေတီပုထိုးစသည်များကို လုယက်တိုက်ခိုက်သိမ်းပိုက် ဖျက်ဆီးကြသည်။
ထိုအချိန်တွင် အိန္ဒိယမြောက်ပိုင်းရှိ ဘုရင်များသည် စစ်သူရဲကောင်းများ ထက် မှော်ပညာ,လောကီပညာများကို ပိုမိုအားကိုး ယုံကြည်ကြသည်။ သြဒန္တပူရီမြို့ရှိ ဟိန္ဒူဘုရင်သည် မိမိတွင် စစ်သည်အင်အား အပြည့်ရှိနေသော်လည်း မှော်ဆရာဂိုဏ်းဘုန်းကြီးများ၏ ဂါထာ,မန္တရားများကို အားကိုးယုံကြည်နေကြသဖြင့် ခုခံကာကွယ်တိုက်ခိုက်မှု မပြုလုပ်ခဲ့ချေ။ ထို့ကြောင့် မဟာမေဒင်စစ်ဗိုလ်များသည် မြင်းစီးတပ်သား(၂၀၀)မျှဖြင့် အိန္ဒိယတစ်ပြည်လုံးနီးပါးကို ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
မဂဓတိုင်း၏ နာမည်ကျော် နာလန္ဒတက္ကသိုလ်ကျောင်းတိုက်ကြီးများ၊ ၀ိက္ကမသီလာကျောင်းတိုက်ကြီးများနှင့် သြဒန္ဒပူရီကျောင်းတိုက်များလည်း ဖျက်ဆီးခံခဲ့ရသည်။ အဆိုပါကျောင်းတိုက်ကြီးများမှ မှော်ဆရာဂိုဏ်းဘုန်းကြီးများ အသက်ခံခဲ့ရပြီး အချို့မှာ နိပေါနှင့်တိဗက်ဒေသများသို့ ထွက်ပြေးတိမ်းရှောင် လွတ်မြောက်သွားကြသည်။ ထိုအခါက ၀င်္ဂတိုင်းဘုရင် ပါလမင်းများသည် ဘုန်းကြီးကျောင်းများကို ကာကွယ်ရန် ကျောင်းတိုက် အတွင်းရှိ ရဟန်းတော်များနှင့်အတူ အစွမ်းကုန်ကြိုးပမ်းပါသော်လည်း အောင်မြင်မှုမရှိခဲ့ချေ။ တန်ခိုးရှိနေသည်ဆိုသော မှော်ဆရာကြီးများသည်လည်းကောင်း၊ ယင်းတို့ပူဇော်ပသသော နတ်များသည်လည်းကောင်း၊ အမျိုးမျိုးသော ဂါထာအကာအကွယ် အစီအရင်များသည်လည်းကောင်း မူစလင်ကုလား မြင်းစီးတပ်သား(၂၀၀)မျှကို မည်သို့မျှ ခုခံကာကွယ်နိုင်စွမ်းမရှိခဲ့ချေ။ ။
ဤသို့အားဖြင့် သာသနာနှစ်(၁၇၀၀)တွင် မူစလင်များ၏ ၀င်ရောက်တိုက်ခိုက်မှုကြောင့် အိန္ဒိယတွင် ဗုဒ္ဓဘာသာ လုံးဝကွယ်ပျောက်သွားလေသည်။ ။

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
ကျေးဇူးပါ စိုးသူရေ..
ReplyDelete