Pages

Friday, August 24

Desktop ပေါ်က Folder ကိုဖျောက်မယ်


ဒီနည်းလေးက သိတာတော့ကြာပြီ အခုမှ တင်ဖို့ စဉ်းစားမိတာ။  မိမိ Desktop ပေါ်မှာ မိမိ က သူများမကြည့်စေချင်သော Folder လေးတစ်ခုကို ဖျောက်ထားတာပါ။ သူက Desktop ပေါ်မှာပဲ ရှိနေပါတယ်။ ဒါပေ့မယ့် အဲဒီ  Folder လေးကို မမြင်ရပါဘူး။  လုပ်နည်းက ဒီလိုပါ။ 

အရင်ဆုံး မိမိဖျောက်လိုသော Folder လေးပေါ်ကို right click ထောက်ပြီး rename လေးကို ကလစ်ပေးပါ။ 

အောက်ကလိုပုံစံလေး ပေါ်လာပြီဆိုရင် Alt+0160 ကို တွဲနှိပ်ပါ။  Special key ခေါ်တာပေါ့။ သူက  name ကို ဗလာဖြစ်အောင် လုပ်လိုက်တာပါ။  

အဲဒါပြီး ရင် အဲဒီ Folder လေးပေါ်ကို right click ထောက်ပါ။ Properties ကိုသွားပါ။ ပြီးရင် Customize tab ကိုသွားပါ။ အောက်နားက Change  icon ကို ရွေးပါ။



 အဲဒါပြီးရင် ဘာမှမရှိတဲ့  icon နေရာလေးကို ကလစ်ပေးပါ။ ok ပေးပါ။ နောက်ထပ် Apply and ok ပေးပါ။ ဒါဆိုရင် Desktop ပေါ်က Folder လေးပျောက်သွားပါပြီ ။ Mouse က left click ကို ကလစ်ပေးပြီး လိုက်ရှာမှသာ ပျောက်နေတဲ့ Folder လေး ပေါ်နေမှာဖြစ်ပါတယ် ။ 

ပြီးပါပြီး ။ တစ်ခုသတိထားရမှာက Desktop ပေါ်မှာ တစ်ခုပဲ ရပါ့မယ်။ နောက်ထပ် တခြား Partiton ထဲက Folder တွေမှာလည်း လုပ်လို့ရပါတယ် ။  Windows explorer တစ်ခုမှာ တစ်ခုပဲ လုပ်လို့ရပါတယ်။ Windows explorer ဆိုတာ ကျွန်တော်တို့  Folder တွေဖွင့်လိုက်တိုင်းပေါ်လာတဲ့ Box ကိုပြောတာပါ။

အားလုံးကိုလေးစားလျက်.....

No comments:

Post a Comment