Pages

Thursday, August 23

50 GB Online Free storage site


ကဲ ဒီတခါတော့ ရှာဖွေတွေ့ရှိတာလေး တစ်ခု ဝေမျှလိုက်ပါတယ်။ မသိသေးသော သူများအတွက်ပါ။  online မှာ ဖိုင်တွေ ၊ ဗွီဒီယိုတွေ ၊ E-book တွေ ကိုသိမ်းထားမယ်၊ ဒါမှမဟုတ် မိမိမှာရှိတာလေးတွေကို upload တင်ပြီးဝေမျှချင်တယ်ဆိုရင် ဒီဆိုဒ်လေးက အသုံးဝင်တယ်နော်။ အရင်တခါ ပြောတဲ့ minus.com က 10 G ပဲ Free ရတာ ။ ဒီကောင်ေးလက 50 G Free တဲ့ဗျာ။ ဒီကောင်လေး အသုံးပြုပုံနည်းနည်းရှုပ်တယ် ။ ရှုပ်တယ်ဆိုလို့ လန့်မသွားနဲ့နော်။  အဲဒါကြောင့်ပုံလေးတွေနဲ့ ရှင်းပြပါ့မယ်။ 

အရင်ဆုံး ဒီဆိုဒ်  လေးကို အရင်သွားပါ။
ကဲရောက်ပြီဆိုရင်အောက်ကပုံစံလေးတွေ့လိမ့်မယ်။ အဲဒီမှာ FREE 14-Day ၊ Personal Premium အဲဒီကောင်လေးတွေကိုအစက်ပေးထားတာတွေ့လိမ့်မယ်။ ဖြုတ်လိုက်ပါ။ အောက်မှာ အဝါနဲ့ပြထားတဲ့နေရာ (Personal Basic(FREE 50GB) မှာ အစက်ကလေးထည့်ပါ။ 

ဘယ်ဘက်ခြမ်းက နာမည်တွေ ၊ အီးမေးလ်တွေ ၊ ပတ်ဝက်စ်တွေ ဖြည့်မယ်။ အရေးကြီးတာ တစ်ခုက Password ဖြည့်တဲ့နေရာမှာပါ။ သူက capital letter ထည့်ပေးရပါတယ်။ ဥပမာ -mgmglay89AA အဲလိုမျိုးပေါ့ ။ 



အကုန်ဖြည့်ပြီးပြီဆိုရင် Sign Up လုပ်ပါ။  သူက မိမိ gmail.com ထဲကို မေးလ်ပို့ထားပါတယ်။ မေးလ်ထဲကိုဝင်ပါ။

အဲဒီမှာ Confirm ဆိုတာကိုကလစ်ပေးပါ။  Confirm မဟုတ်လည်း တစ်ခါတစ်လေမှာ url လင့်တစ်ခု ပေါ်နေပါတယ် ။ ပြီးရင် အောက်ကလိုမျိုးပုံစံလေး ပေါ်လာပြီး password ထပ်ဖြည့်ပြီး ဝင်ရပါ့မယ်။ 

ဝင်ပြီးရင်အောက်ကလိုလေး ထပ်တွေ့ပါ့မယ့်။ အဲဒီမှာ မြင်ရတဲ့ ဂဏန်းလေးတွေကို ရိုက်ထည့်ပေးပါ။ Verify User ကိုကလစ်ပေးပါ။ 

ပြီးပြီဆိုရင် အောက်ကပုံလေးကိုထပ်ကြည့်ပါ။ အပေါ်နားလေးမှာရှိတဲ့ My File ဆိုတာကိုကလစ်ပေးပါ။ 


အောက်ကပုံစံလေးအတိုင်းပေါ်လာပါ့မယ်။ အဲဒီအခါမှာ ဘယ်ဘက်ထိပ်မှာရှိတဲ့  Upload Files ဆိုတာကိုကလစ်ပေးပါ။ 


အောက်ပုံအတိုင်းပေါ်လာပါ့မယ်။ အဲဒီအခါမှာ မိမိလိုသလိုတင်လို့ရပါပြီ။ Drag ဆွဲထည့်ထည့်၊ Browse ကနေပဲယူယူ upload တင်လို့ရပါပြီ။ 


ပြီးရင် သိမ်းထားတဲ့နေရာကိုရောက်ပါပြီ။ ဒီနေရာမှာ ခက်တာ မနည်းလိုက်ရလိုက်ရတယ်။ url လင့်ကိုဘယ်လိုထုတ်ရမယ်ဆိုတာကိုပေါ့။ မိမိ url လုပ်ချင်သော ဖိုင်ပေါ်ကို right click ထောက်ပါ။ အောက်ကပုံလိုမျိုးပေါ်လာပြီဆိုရင် share ကို ကလစ်ပေးပါ ။ yes ပေးပါ ။


ပြီးရင် နောက်တစ်ကြိမ် အဲဒီဖိုင်ပေါ်ကို right click ထောက်ကြည့်လိုက်ပါ။ url လင့်လေး ပေါ်လာပါပြီ။ အဲဒီကောင်လေးကို သူငယ်ချင်းကိုပဲပေးပေး ၊ ဘလော့ဂါများအတွက် ဘလော့မှာပဲ တင်တင် လိုအပ်သလိုသာ အသုံးပြုကြပေတော့ဗျို့။  ကျန်တဲ့ဖိုင်ခွဲနည်းတွေကတော့ မိမိဘာသာ ကလိကြည့်လိုက်။ 


နမူနာပြလိုက်မယ် အောက်ကလိုပုံစံလေးခွဲထားလို့ရတယ်ဗျာ။ Create Dictironay ကနေသွားရတာပါ ။ 


လက်ဆောင်အဖြစ် air force one သမ္မတ ပြန်ပေးဆွဲတဲ့ ဇာတ်ကားလေး မြန်မာစာတမ်းထိုး ဒီမှာ ဒေါင်းယူလိုက်ပါ။

ကဲ အဆင်ပြေကြပါစေ........

အားလုံးကိုလေးစားလျက်.....

No comments:

Post a Comment