သွားများကိုသန့်ရှင်းအောင် မထားလျှင် ပါးစပ်ကင်ဆာဖြစ်နိုင်ခြေ ပိုမိုများကြောင်း ဆရာဝန်များထံမှ သိရှိရသည်။ သွားများတွင် ကင်ဆာဖြစ်စေနိုင်သော အကြောင်းအရင်းမှာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း ၊ ကွမ်းယာစားခြင်းနှင့် အပူအစပ်များ အလွန်အကျွံ စားခြင်းဖြင့် ကင်ဆာဖြစ်ပေါ်စေနိုင်ကြောင်း သိရှိရသည်။ ပါးစပ်ကင်ဆာဖြစ်တဲ့သူကို ပြန်ကြည့်လိုက်ရင် (၉၀) ရာခိုင်နှုန်းလောက်က ကွမ်းစားတတ်၊ ဆေးလိပ်သောက်တတ် ဟု ဆရာဝန်က ဆက်လက်ပြောသည်။ လူတစ်ယောက်သည် တစ်ရက်လျှင် သွားနှစ်ကြိမ် တိုက်သင့်ကြောင်း ၊ ညအိပ်ယာဝင်ချိန် တွင် သွားတိုက်ခြင်းဖြင့် သွားကျန်းမာရေးကို ပိုမိုဂရုစိုက်သင့်ကြောင့်း သွားဆရာဝန်တစ်ဦးက ပြောကြားသွားပါသည်။ လူအများစုပြောသော သွာပိုးချခြင်းမှာ နည်းလမ်းမှန်မဟုတ်ကြောင်း ၊ ခေါင်းရှည်ကဲ့သို့ သွားခဲသို့ အမှုန့်များ ထည့်ခြင်းမှာ နည်းလမ်းမှန်သော ကုသခြင်း မဟုတ်ကြောင်း အဆိုပါ အမှုန့်များ အစာအိမ် အတွင်းသို့ အလွန်အကျွံ့ ၀င်ရောက်ပါက အစာအိမ် ပေါက်သွားနိုင်ကြောင်း ဆရာဝန်ကပြောပါသည်။ သွားစပေါက်သော အရွယ်မှစတင်၍ သွားတိုက်သင့်ကြောင်း ၊ ယင်းကဲ့သို့သွားမတိုက်ပါက ကလေးများတွင် သွားပိုးစားသော ရောဂါဖြစ်နိုင်ကြောင်း ဒေါက်တာ ကျော်နိုင်က ပြောပါသည်။ သွားကင်ဆာရောဂါကို ကုလား လူမျိုါ်တွေက ပိုအဖြစ်များတယ် ဟု ဆိုပါသည်။ မြန်မာနိုင်ငံ သွားဘက်ဆိုင်ရာ ဆရာဝန်အသင်းအနနဲ့ နယ်လှည့်ပြီးတော့ ဆေးကုပေးကြောင်း၊ သွားကျန်းမာရေ။ ဟောပြောပွဲမျာ ပြုလုပ်ပေးကြောင်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ပဉ္စမနှစ် ကျောင်းသားများ နယ်လှည့် ဆေးကိုပေးကြောင်း အမည်မဖော်လိုသူ ဆရာဝန်တစ်ဦးက ဆိုသည်။
ရှုမ၀အောင်
ဝတို့ သန့် ပြီသွားနော် ကြောက်ရတော့ဘူး
ReplyDeleteကျေးဇူးနော်