Pages

Tuesday, February 28

ဝဋ်ကြွေးတွေကို ဘယ်လို ချေဖျက်မလဲ



ဒီတစ်ခါ ဘာသာရေးနဲ့ပက်သက်တဲ့ အကြောင်းအရာလေးဖတ်မိလို့ပါ။ မသိသေးသော သူများအတွက် ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။ 

အမေး။ ။ အရင်ဘ၀က သူတစ်ပါးကို နှိပ်စက်ညှင်းဆဲမိတဲ့ ၀ဋ်ကြွေးရှိတယ်ဆိုရင် ဘယ်လို ကုသိုလ်တွေ ပြုသင့်ပါသလဲဘုရား။

မြကြာဖြူ
ဘန်ကောက်

အဖြေ။ ။ (ယဿ ပါပံ ကတံ ကမ္မံ၊ ကုသလေန ပိဓီယတေ) ပြုမိခဲ့ပြီးတဲ့ (ပါဏာတိပါတ)စတဲ့အကုသိုလ်တရားတွေကို ကုသိုလ်တရားနှင့် ရိုက်ချိုးကြ၊ ဖျက်ဆီးကြ၊ ချိုးနှိမ်ကြဟု ဓမ္မပဒပါဠိတော် အင်္ဂုလိမာလသုတ်မှာ ဟောတော်မူထားတဲ့အတိုင်း ဘ၀ါဘ၀များစွာက ပြုမိခဲ့တဲ့အကုသိုလ်တွေ ကို ချေဖျက်နိုင်ဖို့အတွက် ကုသိုလ်တရားကို မပြတ်ပြုလုပ်ပေးဖို့လိုပါတယ်။ ထိုကဲ့သို့ အကုသိုလ်များကို မပြုမိအောင် သတိထားရှောင်ကြဉ်ပြီး၊ ကုသိုလ်တရားကို မပြတ်ပြုလုပ်ပေးမယ်ဆိုရင် ကြာလာတဲ့အခါ ပြုခဲ့တဲ့ အကုသိုလ်တရားဟာ အကျိုးပေးနိုင်တဲ့ အခွင့်အလမ်း နည်းပါးသွားတဲ့အပြင် နောက်ဆုံးမှာ အဟောသိကံတောင် ဖြစ်သွားနိုင်ပါတယ်။

ဖြေရမှာက ပြုမိခဲ့တဲ့ အကုသိုလ်အတွက် ဘယ်လိုကုသိုလ်မျိုးပြုရမလဲဆိုရင် မြတ်ဘုရားက ကုသိုလ်နိုင်တဲ့ အရာမှန်သမျှ ပြုလုပ်ကြလို့ ဟောတော်မူထားပါတယ်။ ဒီအကြောင်းကိုလည်း ကြားဖူးပြီးသား ဖြစ်ကြမှာ ပါ။ မြတ်ဘုရားက (၁)အကုသိုလ်မှန်သမျှ လုံးဝရှောင်ကြဉ်ကြ။ (၂)ကုသိုလ်တရားကျတော့ ပြည့်စုံအောင် အားထုတ်ကျ။ (၃)မိမိစိတ်ကို ဖြူစင်သထက် ဖြူစင်အောင် ကျင့်သုံးကြလို့ ဟောတော်မူခဲ့တာကို အကြောင်းပြုပြီး ဘုရားဟောတဲ့အတိုင်း ကုသိုလ်မှန်သမျှ အဘယ်ကုသိုလ်ရယ်လို့ မရွေးနေပဲ ပြည့်စုံအောင် ပြုနိုင်ဖို့သာ အဓိကဖြစ်ပါကြောင်း မြကြာဖြူရဲ့ အမေးကို ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com မှ

အလှူဒါန၊ ကုသိုလ်များ အများအပြား  ပြုလုပ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။


အားလုံးကိုလေးစားလျက်....

1 comment:

  1. အချစ်ရေကံကောင်းအောင်ရောဘယ်လိုလုပ်သင့်ပါသလဲ:D

    ReplyDelete