Pages

Wednesday, February 22

Timeline ကို Remove လုပ်မယ်


ကျွန်တော်အရင်တခါ ရေးခဲ့တာလေးက timeline ပျောက်အောင် explorer 7 ကို facebook ဖွင့်တိုင်း ပြောင်းပေးရပါတယ်။ အခုပြောမှာကလည်း ဖျတ်ပစ်တာ မဟုတ်ပါဘူး ။ မိမိစက်မှာပဲ အရင် facebook အဟောင်းကို မြင်ရမှာ ဖြစ်ပါတယ်။ သူငယ်ချင်းတွေရဲ့ facebook မှာတော့ကိုယ်ရဲ့ facebook က Timeline နဲ့ပဲမြင်ရမှာဖြစ်ပါတယ်။ ဒီနည်းလေးက ကျွန်တော် အရင်ရေးခဲ့တဲ့နည်းလေး ထက် ပိုပြီးတော့ အဆင်ပြေပါတယ်။ အဲဒါကြောင့် ထပ်ပြီးရေးဖြစ်တာပါ။ Add-on လေးကို run ပြီးရင် အဆင်ပြေပါပြီ။ ခဏခဏပြောင်းစရာမလိုတော့ဘူးပေါ့ဗျာ။ ပိုပြီးကောင်းတာက ဒီ add-on လေးထဲမှာ မိမိအသုံးပြုသော browser ကိုရွေးလို့ရတယ်ဗျာ။ မိမိက Firefox ကိုသုံးတယ်ဆိုရင် ပုံမှာပြထားတဲ့ firefox လေးကိုကလစ်ပေးပြီးတော့ Install လုပ်လိုက်ယုံပါပဲ။ အဲဒီမှာတစ်ခုထူးခြားတာက သူငယ်ချင်းတွေရဲ့ Timeline တွေအားလုံးလည်း မိမိ wall ကနေကြည့်မယ်ဆိုရင်လည်း သူတို့ရဲ့ Facebook  ကို Timeline နဲ့ မမြင်ရဘဲ အဟောင်းပုံစံအတိုင်းပဲ မြင်ရတယ်ဗျာ။ ဒီနည်းကို အသုံးများမယ်ဆိုရင်တော့ Timeline ဆိုတာပျောက်များသွားမလားပဲ။ အဟဲ အမြင်ပဲပျောက်မှာနော်။ Timeline ကြီးကတော့ရှိနေအုံးမှာပဲ။ လေကျောရှည်နေတာနဲ့ လိုရင်းမရောက်တော့ဘူး ။


ဒီမှာ သွားပြီးတော့ install လုပ်လိုက်ပါ။ 



ဒီလိုလေးရွေးပေးရတာဗျာ။ Browser (၄) ခုအတွက်အကျုံးဝင်တယ်။



အားလုံးကိုလေးစားလျက်...

1 comment:

  1. Anonymous6:51 AM

    If some one wishes expert view on the topic of blogging after
    that i propose him/her to pay a quick visit this webpage, Keep up the
    nice job.

    my web page; ford ranger

    ReplyDelete