Pages

Thursday, February 16

Bluetooth Technology အကြောင်း




Bluetooth ဆိုသည်မှာ Personal Area Network (PANS) တွင်သုံးသော Power အသုံးပြုမှု နည်းသည့ှ့်Short Range အကွာအဝေး Wireless နည်းပညာ တစ်ခု ဖြစ်သည်။ ၄င်းနည်းပညာသည် Personal Electronic ပစ္စည်းများဖြစ်ကြသော Laptops, Mobile, Phones, Digital Camera, Audio Equipement များတွင် ထည့်သွင်း အသုံးပြု ထားပြီး တပ်ဆင်ရန် ကြိုးမလိုတော့ချေ။
Bluetooth ၏ Short Range Wireless နည်းပညာ ကို အစပြုခဲ့သည်မှာ Swedish Telecom မှ ဖြစ်သည်။ Bluetooth Technology သည် မတူညီသော အီလက်ထရောနစ် ပစ္စည်း များကြားတွင် ပေါင်းစည်းအလုပ်လုပ် ပေးနိုင်ရန် ဖြစ်သည်။ Bluetooth ကို အသုံးပြုလာခြင်းကြောင့် အသုံးပြု သူ၏ အလုပ်စားပွဲပေါ်တွင် ကြိုးများနှင့် ရှုတ်ထွေးမနေပဲ၊ အရေးကြီးသောအချက်အလက်များကို ကြိုးမဲ့ကူးပြောင်း သွားနိုင်ပေသည်။
Bluetooth Network များသည် 2.45 GHZ ရှိသော Radio Frequency ကို အသုံးပြုထားသည်။ ၄င်းသည်WiFi Network, Cordless Phone များနှင့် Microwave Oven များတွင် အသုံးပြုသော Frequency နှင့် ဆတူပင်ဖြစ် သည်။ Bluetooth ပစ္စည်းများကို ၁၀ မီတာ (၃၂ ပေ) အတွင်း၌သာ အသုံးပြုရမည်ဖြစ်ပြီး Data Rate မှာ 300 kbps ရရှိမည်ဖြစ်သည်။ Radio Wave 2.45 GHZ သည် နံရံများကိုပါ ဖြတ်သန်းသွားနိုင်သောကြောင့် အတား အဆီးရှိနေလည်း မိမိပို့ချင်သောBluetooth ရှိရာ Device သို့ အလွယ်တကူ ပို့လွှတ်နိုင်စွမ်းရှိသည်။
Bluetooth Network များသည် Ad Hoc Network များဖြစ်သည်။ Bluetooth ပစ္စည်းများသည် Bluetooth Network Range အတွင်းမှပစ္စည်းများကို အလိုအ အလျောက် သိရှိနိုင်သည်။ Ad Hoc Network ဆိုသည်မှာ အလွယ်တကူ သယ်ယူသွားနိုင်သော Wireless Network တစ်ခုပင်ဖြစ်သည်။
Bluetooth ပစ္စည်းများသည် တစ်ခုနှင့်တစ်ခု Bridge လုပ်ကာ ချိတ်ဆက်တတ်ကြသည်။ ထို့အပြင် Bluetooth ပစ္စည်းတစ်ခုနှင့်တစ်ခု ချိတ်ဆက်မီဖို့ရန် အတွက် High level protocols ဟုခေါ်သော Profiles များ လိုသည်။ ဥပမာ-Mobile Phone နှင့် ကြိုးမဲ့ Audio Headset တို့အချင်းချင်း ဆက်သွယ်နိုင်ရန်Headset Profiles ကို သုံးဖို့လိုသည်။ Digital Camera တစ်ခုမှ ဓာတ်ပုံ များကို Bluetooth နှင့်ထုတ်ရန် Printer နှင့် လှမ်းချိတ် သောအခါ Printer Profile ကို သုံးရမည်ဖြစ်သည်။ ထိုနည်းတူစွာပင် Smart Phone၊ PDA၊ Camera၊ Computer များတွင် ဖိုင်များအချင်းချင်း ဖလှယ်ကြသောအခါ တွင် File Transfer Profiles ကို သုံးရမည် ဖြစ်သည်။ 

Bluetooth အသုံးပြုခြင်း
 
Bluetooth ကို သုံးရန်အတွက် ဦးစွာပထမ ၄င်း Bluetooth ပစ္စည်းများကို Setup လုပ်ခြင်းနှင့် Authenticate လုပ်ခြင်းတို့ဖြင့် စရသည်။ ၄င်းတို့ကို ပြုလုပ်ရာ တွင် ပစ္စည်းအမျိုးအစားလိုက် ကွာခြားသည့်အတွက် ထိုပစ္စည်း၏ Manual ကို သေချာစွာကြည့်ရန်လိုပေသည်။ အလွယ်တကူ ကိုင်တွယ်အသုံးပြုသော Bluetooth ပစ္စည်းများဖြစ်ကြသည့် Smart Phone နှင့် PDA တို့တွင် Bluetooth သုံးရန်အတွက် သီးခြား Hardware နှင့် Software များ မလိုအပ်ပေ။ ၄င်းတို့တွင် Navigate လုပ်ပေးရန် တော့ လိုအပ်သည်။ ကွန်ပျူတာများတွင် Bluetooth အသုံးပြုမည်ဆိုပါ က အနည်းငယ်ရှုပ်ထွေးနိုင်သည်။ ကွန်ပျူတာတွင် Bluetooth သုံးပါက Bluetooth Hardware ရှိရမည် ဖြစ်သည်။ မရှိပါက USB port တွင် တပ်ဆင်အသုံးပြုနိုင်သော Bluetooth တစ်ခုကို တပ်ဆင် ထားရမည်။ USB port မရှိသော ကွန်ပျူတာများတွင် Bluetooth Card ကို စိုက်ပေးနိုင်သည်။ ကွန်ပျူတာတွင် အသုံးပြုထားသော OS အလိုက် Bluetooth Hardware ကို Support လုပ်ပေးသော်လည်း အဆင့်များကွဲပြားမှာ ဖြစ်သည်။ 


Bluetooth VS OS
  
1. Mac OSXSP 2 Mac 
 
ကွန်ပျူတာတွင် Mac OS နှင့် Bluetooth သုံး မည်ဆိုပါက System Preferences ကိုဖွင့်၊ ထို့နောက် Bluetooth Icon တွင် Click တစ်ချက် နှိပ်ပေးရုံဖြင် Bluetooth သုံးနိုင်မည် ဖြစ်သည်။ Mac OS တွင် Bluetooth Searching နှင် File Transfer လုပ်ခြင်းများ အတွက် Bluetooth Ulities Builtin ပါရှိသည်။ 

2. Windows XP Sp2 
 
Window XP SP 2 တွင် Bluetooth အား Built in Support လုပ်နိုင်သည်။ Bluetooth ကို ကွန်ပျူတာနှင့် ချိတ်ဆက်ကတည်းက Windows တွင် New Hardware found ဖြစ်ပါလိမ့်မည်။ ၄င်းပစ္စည်းနှင့် ဆက်စပ်သော Driver ကို OS ကပင် တာဝန်ယူသွားပေလိမ့်မည်။Bluetooth Hardware Install လုပ်ပြီးပါက Bluetooth Icon tray ပေါ်လာမည်ဖြစ်ကာ ၄င်း Icon ကို Click နှိပ်ရုံဖြင့် Bluetooth Network Utilities များ အသုံးပြုနိုင်မည် ဖြစ်သည်။ 

3. Linux 
 
Linux နှင့် Bluetooth ကို တွဲဖက်အသုံးပြုလိုပါက Linux သည် နောက်ဆုံး Kernel ဖြစ်ရန် လိုသည်။ ထို့နောက် Bluetooth ကို Support လုပ်ပေးနိုင်သော Blue 2 ကို Install လုပ်ရန် ဖြစ်သည်။ ၄င်းကို ပြုလုပ်ရာတွင် Command Line ကို အသုံးပြုရမည်ဖြစ်ကာ Bluetooth ၏ လွယ်ကူသောလုပ်ငန်းများ ဖြစ်သည့် Authenticate နှင် File Transfer များ ပြုလုပ်ရန်ပါ အတော်ကို ရှုတ်သော Command များကို သုံးရမည် ဖြစ်သည်။ 

Bluetooth တွင် အရေးကြီးသော Authetication နှင့် Pairing
 
Bluetooth Network သညှ်Static မဟုတ်ပဲDynamic ဖြစ်သည်။ ထို့နောက် Bluetooth သုံးရာတွင် Privacy နှင့် Security မှာ အရေးပါလာသည်။ Authentication ဆိုသည်မှာ Data ဖလှယ်သည့်အခါ တစ်ခုနှင့်တစ်ခု ခွင့်တောင်းယူသည့်သဘော ဖြစ်သည်။ ဥပမာ Bluetooth ဖြင့် ဓာတ်ပုံပို့ရာတွင် အခြားတစ်ဖက်မှ လက်ခံမလားဟူ သော အပိုင်းတွင် ခွင့်တောင်းခြင်း (Authentication) ပင် ဖြစ်သည်။Data ပမာဏများများကို ဖလှယ်ရမည်ဆိုပါက Authentication နှင့် မလုံလောက်တော့ပဲ Trust Relationship ဟုခေါ်သော Pairing ပါ လိုအပ်လာသည်။ Pair လုပ်ချင်သောသူဘက်မှ အခြားသူ၏ PIN (Personal Identification Number) ကို ရိုက်ထည့်ပေးရသည်။ ထိုအခါ တခြားဘက်မှ လက်ခံရရှိပြီး ဖြစ်ပါပြီ။ PIN မှန်လျင် ၄င်း ပစ္စည်း (၂)ခုသည် Pair ဖြစ်သွားမည် ဖြစ်သည်။ 

လုံခြုံမှုအရေးပါသော Bluetooth
 
တစ်ခါတရံ Bluetooth များတွင် Blue jacking နှင့် Blue snarling တို့ဖြင့် အနှောက်အယှက်ပေးမှုများ ဖြစ်ပေါ် တတ်သည်ကို တွေ့ရသည်။ ထို့အပြင် Mobile Virus အချို့သည်လည်း Bluetooth Network မှ တစ်ဆင့် ပျံ့နှံ့ တတ်ကြသည်ကို တွေ့ရသည်။ ဤကဲ့သို့ ဖြစ်ရခြင်းမှာ Bluetooth Network ထဲမှ နီးရာပစ္စည်းများကို Delete လုပ်ကာ Virus များ ပျံ့နှံ့ဝင်ရောက်ခြင်း ဖြစ်သည်။ ၄င်း Virus များသည် Data ကိုသော်လည်းကောင်း၊ ပစ္စည်းကို သော်လည်းကောင်း ဖျက်ဆီးတတ်ပေသည်။
ဤကဲ့သို့မဖြစ်လျင် အကောင်းဆုံးမို့ Bluetooth Radio နှင့် Discovery Mode တို့ကို ပိတ်ထားရန် လိုအပ် ပေသည်။ ထို့အပြင် Antivirus နှင့်Firewall တို့ကို အသုံး ပြုခြင်းဖြင့်လည်း ¤င်းတို့ကို ကာကွယ်ထားနိုင်ပေသည်။

ဝေစန္ဒာကျော်

No comments:

Post a Comment