Pages

Thursday, February 23

ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော် စတင်ဖွင့်လှစ်


သာသနာ သက္ကရာဇ် ၁၀၃ခုနှစ်မှာ စတင်တည်ထား ကိုးကွယ်တော်မူခဲ့တဲ့ ရွှေတိဂုံ စေတီေ တာ် မြတ်ကြီး ရဲ့ နှစ်၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနား မှာတော့ ရွှေတိဂုံစေတီတော် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းမှ စတင်ကာ စေတီတော်မြတ် ကြီးကို လက်ယာရစ် လှည့်လည်ပူဇော်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် စေတီတော် ရာဟုထောင့်အောင်မြေရှိ ဗဟိုမဏ္ဍပ်နဲ့ မဟာပဋ္ဌာန်းမဏ္ဍပ်မှာ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနား ဖွင့်လှစ်ခြင်း ပြုလုပ်ခဲ့ပါတယ်။ ဆက်လက်ပြီး ရွှေတိဂုံစေတီေ တာ် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများမှ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရခြင်းနဲ့ ပတ်သက်တဲ့ အဖွင့်မင်္ဂလာစကား ဖတ်ကြားခြင်း နဲ့ ဗုဒ္ဓမြတ်စွာဘုရားအား ပင့်လျှောက်ခြင်း၊ ကုသိုလ်တော်ပြု လုပ်ဖို့ အတွက် နတ်ဗြဟ္မာများ ကို ဖိတ်ကြားခြင်းများ ပြုလုပ်ခဲ့ ပါတယ်။

ဒါ့အပြင် နိုင်ငံတော်သြ၀ါဒစရိယ ဗန်းမော် ဆရာတော်ဘုရားကြီး ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်းနဲ့ ရွှေတိဂုံစေတီေ တာ် နှစ် ၂၆၀၀ပြည့် ဗုဒ္ဓပူဇနိယပွဲတော်အတွက် ဆရာတော်ဘုရားကြီးနဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေနဲ့ တာဝန်ရှိသူများမှ ပွင့်တော်မူပြီးသော ဘုရားရှင်တို့ကို ရည်စူးပြီး ဆီးမီးများထွန်းညှိ ပူဇော်ကာ ရွှေတိဂုံစေတီေ တာ် နှစ် ၂၆၀၀ပြည့်၊ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖွင့်လှစ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၂၂ရက်နေ့ ကနေ မတ်လ ၇ရက်နေ့အထိ ၁၅ရက်တိုင် ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလို ကျင်းပပြုလုပ်ရာမှာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ခြင်း၊ ပွဲတော်ကာလအတွင်း ပန်းများဝေဆာနေတဲ့ ပန်းပင်ပေါင်း ၅သိန်း ၄သောင်းနဲ့ ပူဇော်ခြင်းများနဲ့ ကျင်းပပြုလုပ်နေ တာ ဖြစ်ပါတယ်။ ဒါ့အပြင် ညစဉ်၊ ညတိုင်း တရားပွဲများ ကျင်းပပြု လုပ်ခြင်း၊ ပျော်ပွဲ ရွှင်ပွဲများ ပြုလုပ်ခြင်းနဲ့ ပွဲတော်ကာလအတွင်း စေတီေ တ်ာရှိ အရံစေတီများ တန်ဆောင်းများ စတဲ့နေရာတွေမှာ ဆီမီးများနဲ့ ပူဇော်ခြင်းများလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။






Myanmar Express

No comments:

Post a Comment