Pages

Wednesday, February 29

မကြည့်စေချင်သော website တွေကို ပိတ်ထားမယ်


ကဲ ဒီတစ်ခါပြောချင်တာလေးက မိမိစက်မှာ သူများမကြည့်စေချင်သော ဆိုက်တွေကို ပိတ်ထားတဲ့ နည်းလေး ပါ။ Firefox add-on လေးပါ။ သုံးရတာအရမ်းအဆင်ပြေတယ်။ အိမ်မှာကိုယ်ပိုင် ရှိတဲ့သူတွေ ကလေးတွေကို ပေးမကြည့်စေချင်တဲ့  ဆိုက်တွေ ၊ ဂိမ်းတွေကို ပိတ်ထားလို့ရပါတယ်။ ဆိုက်တော့သိမှ ဖြစ်မယ်နော်။ ဆိုက်မသိပဲနဲ့တော့ ပိတ်ထားလို့မရပါဘူး ။ အရင်ဆုံး ဒီလင့် လေးမှာသွားပြီးတော့  install လုပ်ပါ။ ပြီးဆိုရင် Firefox ကို restart ချပါ။ ပြီးရင် Firefox ရဲ့ Tools ကနေ Add-on ဆိုတာကို ကလစ်ပေးပါ။ ပြီးရင် Extensions ဆိုတာကိုရွေးပါ။  Blodsite 0.7.1.1 ဆိုတာကိုရှာပါ။တွေ့ပြီဆိုရင် အဲဒီကောင်လေးရဲ့ option ကိုသွားပါ။ box တစ်ခုထပ်တွေ့ပါလိမ့်မယ်။ အဲဒီ box လေးမှာ Add ဆိုတာကိုနှိပ်ပါ။ ပြီးရင် နောက်ထပ် website ထည့်ဖို့ box သေးသေးလေးထပ်ပေါ်လာပါ့မယ်။ အဲဒီ box သေးသေးလေးထဲမှာမိမိ ပိတ်ထားချင်သော website ကိုထည့်ပါ။ နောက်ထပ် ထပ်ထည့်ချင်သပဆိုရင် Add ကိုထပ်နှိပ်ပြီး ထပ်ထည့်ပါ။ ပြီးပြီ ဆိုရင် ok ပေးပါ။ မယုံရင် ခုနကမိမိ blod ထားတဲ့ဆိုက်ကို ဖွင့်ကြည့်ပါ။ လုံးဝပွင့်လာမည် မဟုတ်ပါ။  ကဲအောက်မှာ ပုံလေးနဲ့ပါ ပြထားပါတယ်။ 
အဆင့်(၁)
အဆင့်(၂)
အဆင့်(၃)
ကဲ ကျွန်တော့် ဖေ့ဘုတ်နဲ့ နမူနာပြထားပါတယ်။
ပွင့်မလာတော့တဲ့ပုံလေးပါ။

command box ကနေပိတ်တဲ့ နည်းရှိတယ် ။ဒါပေ့မယ် ကျွန်တော်လုပ်ကြည့်တာ မရလို့မရေးတော့ပါဘူး။
အဆင်ပြေကြပါစေ...

အားလုံးကိုလေးစားလျက်.....

3 comments:

  1. လေ့လာသွားပါတယ်မောင်လေးရေ

    ReplyDelete
  2. မှတ်သားသွားပါတယ်ဗျာ..

    ReplyDelete
  3. Anonymous6:51 AM

    My brother recommended I would possibly like this blog.
    He was once entirely right. This post truly made
    my day. You cann't believe simply how so much time I had spent for this information! Thanks!

    My blog post; http://www.groundpounderonline.com/index.php?option=com_blog&view=comments&pid=3652&itemid=0

    ReplyDelete