Pages

Wednesday, February 1

Firefox မှာ Toolbar တွေကိုဖြုတ်ပါ


ကျွန်တော် တို့ firefox ဖြစ်ဖြစ် Internet explorer မှာဖြစ်ဖြစ်  အပေါ်ဆုံးဘားတန်းမှာ ဘားတန်းတွေ အများကြီးတွေ့နေရပါတယ်။ အဲဒီကောင်လေးတွေက browser ကိုလေးစေပါတယ်။ ဖြစ်နိုင်ရင်ဖြုတ်ပစ်တာ အကောင်းဆုံးပါ။ ကျွန်တော်ထင်ပါတယ် ဘယ်သူမှတော့ သုံးကြမယ်မထင်ပါဘူး။  တစ်ချို့က မဖြုတ်တတ်လို့ဒီတိုင်းထားကြ ကောင်းထားကြမယ်။ အဲဒါလေး မသိသေးသောသူများအတွက် ပြောပြခြင်းဖြစ်ပါတယ်။ အစ်မတစ်ယောက် error တက်လို့ screen ကို ဓာတ်ပုံရိုက်ပြီး ပို့လိုက်ရင်း နဲ့ ပုံထဲမှာ Toolbar တွေအများကြီး မဖြုတ်ပဲထားတာတွေ့လိုက်လို့ ဒါလေး ရေးဖြစ်တာပါ။ လွယ်လွယ်လေးပါပဲ။ ပုံလေးနဲ့ပြောပြပါ့မယ်။ 

ကျွန်တော် တို့  browser တွေရဲ့ အပေါ်တန်းလေးကို right click ထောက်ပါ။ အဲဒီမှာ မိမိ browser မှာရှိတဲ့ Toolbar ပေါင်းစုံထွက်လာပါလိမ့်မယ်။ အဲဒီကောင်လေးတွေကို အမှန်ဖြစ်ဖြုတ်ပေးလိုက်ပါ။ Toolbar တွေရှိနေရင် browser ရဲ့ ထိပ်ပိုင်းကို နေရာအကျယ်ကြီးယူပါတယ်။ အောက်ပုံကိုကြည့်ပါ။ Toolbar တွေနဲ့တင် အကုန်ပြည့်တော့မှာပါ။ အ



ဒါက right click ထောက်ရင်ပေါ်လာတဲ့ Toobar တွေပါ။


ဒါကတော့ရှင်းပြီးသွားတဲ့ ပုံပါ။ မျက်စိရှုပ်လည်းသက်သာပါတယ်။


နောက်တစ်ခု က အပြီးပိုင်ဖြုတ်ချင်တယ်ဆိုရင် Firefox ရဲ့ Tools ကနေ Add-on ဆိုတာကိုကလစ်ပေးပြီးတော့  ဖြုတ်ချင်သော Tool bar ကိုရွေးပြီး Remove ပေးပါ။  ပြီးရင် firefox  ကို restart ပေးပါ။ ဒါဆိုရင်ပြီးပါပြီ။  
Add-on ကိုသွားမယ်ဆိုရင်ဒီလိုပုံလေးပါ။

အားလုံးကိုလေးစားလျက်.....

1 comment:

  1. အယ်ကွယ်ကလိရတာအချိန်မရဘူးကွယ်

    ReplyDelete