Pages

Saturday, August 11

USB နဲ့ ၀င်ဒိုးတင်နည်း


ဒီတခါတော့ usb နဲ့ ၀င်ဒိုးတင်နည်းလေးပြောပြပါ့မယ်။ မသိသေးသောသူများအတွက်ပါ။ usb နဲ့ ၀င်ဒိုးတင်တော့မယ်ဆိုရင် အရင်ဆုံး လိုအပ်တာက အနည်းဆုံး usb  ဆိုဒ်က  8 G မှအဆင်ပြေပါ့မယ်။ တကယ်လိုအပ်တာ 4 G လို့ပြောပါတယ် ။ အဆင်မပြေပါဘူး။ ကဲ usb ရပြီဆိုရင် ကွန်ပျူတာ မှာတပ်လိုက်ပါ။ 

အဆင့်(၁)

run box ကနေ cmd လို့ရိုက်ပါ။ ပြီးရင် diskpart လို့ရိုက်ပါ။


အဆင့်(၂)

အဲဒါပြီးရင် နောက် window တစ်ခု ပေါ်လာပါ့မယ်။ အဲဒီမှာ list disk လို့ရိုက်ပါ။ 


အဆင့်(၃)

အဲဒီမှာ  Disk 1 ဆိုတာတွေ့တယ်ဟုတ်။ အဲဒါက usb drive ပါ။ G များရင်များသလို ပေါ်နေပါလိမ့်မယ်။ 
အဲလိုတွေ့ပြီဆိုရင်  select disk 1 လို့ရိုက်ပါ။  ပြီးရင် clean လို့ဆက်ရိုက်ပါ။ 



အဆင့်(၄)

နောက်  create partition primary လို့ရိုက်ပါ။ ပြီး select partition 1လို့ရိုက်ထည့်ပါ။ 


အဆင့်(၅)

ပြီးရင် active လို့ရိုက်ပါ။ နောက်ထပ်  format fs=fat32 လို့ရိုက်ပါ။ အဲဒါ usb ကို format ချနေခြင်းဖြစ်ပါတယ် ။ 100 percent ထိပြီးအောင်စောင့်ပါ။ 


အဆင့်(၆)

100 pecent ပြည့်ပြီဆိုရင် assign လို့ထပ်ရိုက်ပါ။ အဲလိုရိုက်ပြီးတာနဲ့ usb ကိုအသုံးပြုလို့ရပါပြီ။ပြီးရင် exit လို့ရိုက်ပြီးထွက်ပါ။ 


ကွန်ပျူတာကို auto run ပေးထားမယ်ဆိုရင် ဘေးနားကလိုပေါ်လာပါ့မယ်။ 

အဆင့်(၇)

အပေါ်ကအတိုင်း အဆင့်ဆင့်လုပ်ပြီးပြီဆိုရင် window 7  ခွေထဲက data တွေကို  usb ထဲကို ကော်ပီကူးထည့်ပါ။   ဒါဆိုရင် usb နဲ့ ၀င်ဒိုးတင်လို့ရပါပြီ။ 

windows 7 iso ဖိုင်လေး တင်ပေးပါ့မယ်။

အားလုံးကိုလေးစားလျက်.....

2 comments:

  1. Anonymous5:27 AM

    window xp ဆိုရင်ရော ဒီအတိုင်ပါပဲလားခင်ဗျာ ....
    soesoe931@gmail.com ပါ ပညာလေ့လာနေသူလေးပါ ခင်ဗျာ ( ဆရာ မရှိ၍ )Thailand

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ အတူတူပါပဲ ခင်ဗျာ ကြိုက်တဲ့ ဝင်းဒိုးကိုထည့်ပြီး Install လုပ်လို့ရပါတယ်......

      ကျေးဇူးတင်ပါတယ်.......

      Delete