ဤကမ္ဘာလောက၌
ဂေါတမ ဘုရားရှင်ပွင့်တော်မူခဲ့သည်မှာ နှစ် ပေါင်း ၂၆ဝဝ
တိုင်ခဲ့ပြီဖြစ်ပါ၏။ မြတ်စွာဘုရားရှင်သည်ဒုက္ကရစရိယာ အကျင့်မြတ်ကို
ခြောက်နှစ်မျှ ကျင့် တော်မူပြီးနောက် သဗ္ဗညုတ ရွှေ ဉာဏ်တော်ကို
ရရှိတော်မူခဲ့ပါ၏။ ဘုရားရှင်အဖြစ်သို့ ရောက် တော်မူပြီး သတ္တာ သတ္တဟ စံနေ
တော်မူစဉ် မွန်နိုင်ငံတော် အသိ တဥနာဂိုရ် ပြည်မှ ကုန်သည် ညီ နောင်ဖြစ်သော
တဖုဿနှင့် ဘလ္လိက တို့သည် ရာဇယတနတွင် ဗုဒ္ဓအား ဖူးမြော်ခွင့်ကြုံပါ၏။
ဘုရားရှင်က တရားတော်များ ဟောကြားတော်မူ ပြီး ဆံတော်များကို ပူဇော်ရန် ပေး
ခဲ့သဖြင့် လက်ခံပြီး နေရပ်သို့ပြန်လာ ပါ၏။ ထိုဆံတော်များကို ဋ္ဌာပနာ တော်မူ၍
မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ရွှေ တိဂုံစေတီတော်မြတ်ကြီးကို
တည် တော်မူခဲ့သည်ဟု အဆိုရှိပါ၏။ မြတ်စွာဘုရားရှင်သည် ဘုရား
အဖြစ်ရောက်တော်မူပြီး ၄၅ ဝါ ပတ်လုံး တရားတော်များ ဟောကြား ကာ
သတ္တဝါဝေနေယျတို့ကို ကယ် ချွတ်တော်မူခဲ့ပါ၏။ ထိုဘုရားအဖြစ် ရတော်မူသော ၄၅
ဝါ၊ (၄၅)နှစ်နှင့် သာသနာနှစ် ၂၅၅၅ ကို ပေါင်း သော် နှစ်ပေါင်း ၂၆ဝဝ
ဖြစ်ပါ၏။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အဓိကရ တည်ရှိနေပါသော လေးဆူဓာတ်ပုံ
ရွှေတိဂုံ စေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားရှင် ပွင့်တော်မူသည်မှ ယခုတိုင်
မြဲမြံခိုင်ခိုင် တည်ရှိနေသော မြတ်ဗုဒ္ဓသာသနာ၏ မော်ကွန်း သက်သေကြီးလည်း
ဖြစ်ပါ၏။ ၁၇၇၅ ခုနှစ် မတ်လ ၁၅ ရက်၊ (တပေါင်းလပြည့်နေ့)က ထီးတော် တင်ပွဲ
အခမ်းအနားကို ကျည်းကန် ရှင်ကြီး ရှင်နန္ဒဓဇက ရွှေတိဂုံ မေတ္တာစာကို
ဤသို့ဖွဲ့ဆိုခဲ့ပါ၏။ ”ပန်းမျိုးစုံ စီသီကာကုံးလို့ ထီး တံခွန်တွေ၊
အဝေဆုံးနှင့်၊ ငါးကြော် သားကြော် အဆီတုံးနှင့်၊ ဆွမ်းသင်
ပုတ်တော်ကိုယ်တော်သုံးဖို့၊ ဖက်စိမ်း ထွန့်ချွန် ယဉ်ရုံဖုံးလို့၊ အပျိုအအို
တပြုံးပြုံးမို့၊ အမြိုင်မြိုင်ဆံတော် ရင်းမှာ၊
အပြိုင်ပြိုင်လှူဖွယ်ခင်းလို့ ပလုတ်တုတ်သံ ပြုတ်ပြုတ်ပြုန်းနှင့်၊ ဆိုင်းသံ
စည်သံညံညံအုန်းစ။ ပရိ သတ်တွေခြိမ့်ခြိမ့်ရုံးလို့”ဟု ဖွဲ့ဆို ခဲ့သည်။
၁၈၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် တနင်္ဂနွေနေ့တွင် အနောက် နန်းမိဖုရား မမြကလေးက
ရွှေတိဂုံ စေတီတော်ကြီး အနောက်စောင်း တန်းဆောက်လုပ်ရန် သစ်ပျဉ်ကံ ကျွေး
လက်ခငွေများ ဆက်သရာ မိဖုရားခေါင်ကြီးနှင့်အတူ သာယာ ဝတီမင်းကြီးသည်
ရေစက်သွန်းချ တော်မူခဲ့ပါ၏။
ထိုအချိန်က နန်းမ တော် မမြလေးက သီကုံးခဲ့လေ သလောဟု ထင်ရသည့် သဖြန် တစ်ပုဒ်တွင်-
စိမ်းပြာလဲ့မှုံ ရဂုံကမှိုင်း
မြူခိုးရယ် မှောင်မှောင်နှင့်
သည်တောင်မှာ ရွှေရောင်ဖုန်း တယ်
ကုန်းမြတ် သမိုင်း။
ဟု အဆုံးသတ်ထားသော လွမ်းဖွယ် ရွှေတိဂုံကို သမိုင်းတွင် မှတ်မှတ်သားသား ရှိခဲ့ရပါသည်။
ထိုနည်းတူစွာပင်
မြန်မာမင်း အဆက်ဆက်က ရွှေတိဂုံစေတီ တော်မြတ်ကြီးအား ပြုပြင်မွမ်းမံ
တည်ဆောက်ခဲ့ကြပုံ၊ ထီးတော်များ တင်လှူခဲ့ကြပုံ၊ အကြိမ်ကြိမ်လှုပ်ခဲ့ သော
ငလျင်ကြီးများကြောင့် ပြို ကျပျက်စီးခဲ့ရာတွင် မင်းနှင့် ပြည်သူ၊
ညီတူစိတ်ထား သဒ္ဓါများ၍ ပြန် လည် မွမ်းမံ လှူဒါန်းခဲ့ကြပုံများကို
သမိုင်းမှတ်တမ်း အစောင်စောင်တွင် တွေ့မြင်ဖတ်ရှု သိရှိခဲ့ရပါ၏။
မြန်မာလူမျိုးတို့သည်
သမိုင်း ဆိုင်ရာ အထောက်အထား အချက် အလက်တို့ကို မှတ်သား စုဆောင်း ရာတွင်
အားနည်းလှသည့်ဟု အနောက်နိုင်ငံသားတို့ကဆိုခဲ့သည် ကိုလည်း တွေ့ရပါ၏။
သို့သော် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သမိုင်းနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပ
အထောက်အထားများနှင့် ညှိနှိုင်းထောက်ဆ၍ ပြုစုခဲ့သော မှတ်တမ်းမှတ်ရာများ
အမြောက် အမြားရှိခဲ့သည်ကို တွေ့ရမည်ဖြစ်ပါ ၏။
ဗုဒ္ဓဝင်ကျမ်းများအလိုအရ
ဗုဒ္ဓ နှင့် ကုန်သည်နှစ်ဦး တွေ့ဆုံခန်းကို ‘ဝိနယပိဋက’တွင် တွေ့ရပါ၏။ (ဆံ
တော်စွန့်လိုက်သည်ဟုတော့ မတွေ့ ရပါ)သို့သော်လည်း နှစ်ပေါင်း ၁ဝဝဝ ကျော်အကြာ
အေဒီ ၁၅ ရာစုထိုး၊ မွန်ကျောက်စာများနှင့် အဋ္ဌကထာ များတွင်မူ
ဆံတော်စွန့်လှူလိုက် ကြောင်း ဖော်ပြချက်များကို တွေ့ရပါ ၏။
မည်သို့ဆိုစေ
အေဒီ ၃ ရာစု တွင် အိန္ဒိယတောင်ပိုင်း နဂရ်ဇဏိ ကောဏ္ဍကျောက်စာနှင့် ယင်းအေဒီ ၃
ရာစုမှာပင် ရေးသားခဲ့သော ‘စန်ဒုဖူ’ တရုတ်မှတ်တမ်းများအရ
မြန်မာနိုင်ငံတွင် ဗုဒ္ဓအယူဝါဒသည် ထိုရာစုနှစ် များမှာပင် သာသနာ
ထွန်းကားနေပြီဖြစ်သည်ကို တွေ့နိုင် ပါ၏။
အံ့ချီးမကုန်မြတ်ရွှေတိဂုံ
ယခုဖူးတွေ့နေရသော
ရွှေတိ ဂုံစေတီတော်မြတ်ကြီး၏ ဥာဏ် တော်မှာ ၃၂၆ ပေမြင့်ပါ၏။ သို့ သော်
မူလရွှေတိဂုံစေတီတော်၏ အမြင့်မှာ ၆၆ ပေမျှသာဖြစ်ပါ၏။ ယခု ဖူးတွေ့ရသော
စေတီပုံမျိုး လည်းမဟုတ်ဘဲ အေဒီ ၅ ရာစုမှ ၁၅ ရာစုအတွင်း မြန်မာနိုင်ငံတွင်
ခေတ်စားခဲ့သော တိုက်စေတီပုံဖြစ် ခဲ့ပါ၏။ အေဒီ ၁၄ ရာစုတွင် ယင်း စေတီမှာ
ပြိုပျက်နေပြီဖြစ်ပါ၏။ ရွှေ တိဂုံစေတီတော်ကြီးနှင့် ပတ်သက် သော ရှေးအကျဆုံး
အထောက်အ ထားအဖြစ် အေဒီ ၁၅ ရာစုနှောင်း ပိုင်းက ရေးထိုးခဲ့သည့် ပါဠိ၊
မွန်၊ မြန်မာကျောက်စာများကို တွေ့ရပြီး ယင်းကျောက်စာများကို ရွှေတိဂုံ
စေတီတော်ကြီး အရှေ့ဘက်စောင်း တန်း၏မြောက်ဘက်အလယ်ပစ္စယံ တွင် တွေ့နိုင်ပါ၏။
ထိုကျောက်စာ များအရ ရွှေတိဂုံစေတီတော်ကြီး၏ Óာဏ်တော်အမြင့်မှာ
ဆင်ဖြူရှင်မင်း လက်ထက်တွင် စေတီအိမ်ပြာသာဒ် ကို ပယ်၍အတောင် ၄ဝ မြင့်သော
စေတီကိုတည်ခဲ့ပုံ၊ သက္ကရာဇ် ၈၃၁ တွင် ဗညားဗ ရူး၏ ညီဝမ်းကွဲ ဓမ္မဇေ
တြလောကျနာထ ရာဇဓိရာဇ်ဘွဲ့ခံ ဗညားကျန်းတော မင်းပြုသောအခါ မယ်တော်ဝိဟာရ
ဒေဝီမိဖုရားကြီး သည် အမြင့် ပေ ၃၂ဝအထိ တည် ထားပြီးဖြစ်၍ ဗညားကျန်းတောက
စေတီတော်ကို အင်္ဂတေကိုင်ပြီး ထီး တော်တင်ခဲ့ပုံများကို သမိုင်းမှတ်တမ်း
များတွင် တွေ့ရပါသည်။
ဘက်စုံထောင်စုံရွှေတိဂုံ
ရွှေတိဂုံသည်
မြန်မာတို့၏ ကိုး ကွယ်ယုံကြည်ဆည်းကပ်ရာဖြစ်သ လို မြန်မာတို့၏ပထဝီသမိုင်း
(င လျင်အကြိမ်ကြိမ်လှုပ်ခဲ့ပုံ) မြန်မာတို့ ၏ နိုင်ငံရေးသမိုင်း၊
မြန်မာမင်းတို့ ၏ အောင်မြေနင်းပုံ၊ မြန်မာတို့၏
နယ်ချဲ့တော်လှန်ရေးဆင်နွှဲပုံများတွင် အထိကရအဓိကအခန်းမှ ပါဝင်နေ သည်ကို
တွေ့ရမည်ဖြစ်ပါ၏။ သမိုင်းမှတ်တမ်းများအရ မြန်မာ သက္ကရာဇ် ၇၉ဝ (အေဒီ ၁၄၃၆)
ဗညားရန်ခိုက်မင်း၊ အေဒီ ၁၅၆၄ (ဘုရင့်နောင်မင်း)၊ အေဒီ ၁၆ဝ၈၊ အေဒီ ၁၆၁၆
(ဗညားဒလမင်း)၊ အေဒီ ၁၆၂ဝ နိုဝင်ဘာ (အနောက် ဘက်လွန်မင်း)၊ အေဒီ ၁၆၄၄ (သာ
လွန်မင်း)၊ အေဒီ ၁၆၅၂ (ပင်းတလဲ မင်း)၊ အေဒီ ၁၆၆၂ (ပြည်မင်း)၊ အေဒီ ၁၆၆၄၊
အေဒီ ၁၆၇၉ (မင်းရဲ ကျော်ထင်)၊ အေဒီ ၁၉၆၈ ဇွန်လ ၁၃ (ဆင်ဖြူရှင်မင်း)၊ ၁၉၃ဝ
မေလ ၅ ရက်နှင့် ၁၉၇ဝ သြဂုတ်လ ၂ဝ ရက်တို့တွင် ငလျင်များလှုပ်ခတ်ခဲ့ ရာ
ရွှေတိဂုံစေတီတော်ကြီးအား ထိခိုက်မှု ရှိခဲ့သဖြင့် ပြုပြင်မွမ်းမံ ခြင်း၊
ထီးတော်တင်ခြင်း၊ စိန်ဖူး တော်၊ ငှက်မြတ်နားတော်များ ပြု ပြင်ခြင်းတို့ကို
ပြုလုပ်ခဲ့ရပါ၏။ ရွှေတိဂုံစေတီတော်မြတ်ကြီး သည် သင်္ခါရနှင့်သဘာဝ ဓမ္မတရား အရ
ငလျင်လှုပ်ခြင်း၊ မီးလောင် ကျွမ်းခြင်းတို့ကိုလည်း ခံခဲ့ရပါ၏။ ၁၉၃၁ ခုနှစ်
မတ်လ ၆ ရက်နေ့ တွင် အနောက်ဘက်စောင်းတန်းမှ စ၍ လောင်ခဲ့သော မီးသည် စေတီ
တော်ကြီးနှင့်အရှေ့ဘက်စောင်းတန်း အထိ မီးကူးစက်လောင်ကျွမ်းခဲ့ရာ
သမိုင်းတန်ဖိုးများစွာ ဆုံးရှုံးခဲ့ရပါ၏။ သို့သော်လည်း သဘာဝတရား ကြီးကို
ကြံ့ကြံ့ခံကာ သိင်္ဂုတ္တရ ကုန်း တော်မြတ်၌ ငွါးငွါးစွင့်စွင့် တင့်တင့်
တယ်တယ်သပ္ပာယ်လှစွာရွှေအဆင်း ဖြင့် ပဝင်းလျက်ရှိတော်မူသော ရွှေတိ
ဂုံစေတီတော်မြတ်ကြီးသည် နှစ် ၂၆ဝဝ တိုင်တိုင်တိုး၍တိုး၍သာ
ကြည်ညိုသဒ္ဓါပွားဖွယ်ဖူးတွေ့ရပါ၏။
၂၆ဝဝ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်
မြန်မာသက္ကရာဇ်
၁၃၇၃ ခုနှစ် တပေါင်းလပြည့်နေ့ (၂ဝ၁၂ ခုနှစ် မတ်လ ၇ ရက်)သည် ရွှေတိဂုံ
စေတီတော်ကြီး နှစ် ၂၆ဝဝ ပြည့် နေ့ထူးနေ့မြတ်ဖြစ်ပါ၏။ ထိုနေ့ မ တိုင်မီ ၁၅
ရက်(ဖေဖော်ဝါရီ ၂၂ ရက်)မှ စတင်၍ ရွှေတိဂုံစေတီ တော်မြတ်ကြီးတွင်
ကြုံတောင့်ကြုံခဲ နှစ် ၂၆ဝဝ ပြည့်ဗုဒ္ဓပူဇနိယပွဲတော် ကြီးကို
ကျင်းပမည်ဖြစ်ပါ၏။ ပွဲတော် ကြီးတွင် သံဃာတော် အပါး ၂၆ဝဝ ဖြင့်
ရွှေတိဂုံစေတီတော်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင်ပြီး သံဃာတော်အပါး ၂၆ဝဝ အား
ဆွမ်း ဆန်တော်များ လောင်းလှူခြင်း၊ ပွဲ တော်ကာလအတွင်း ဓမ္မဒေသနာ တော်များ
ရွတ်ဖတ်ပူဇော်ခြင်း၊ နိဗ္ဗာန်ဈေးပွဲတော်များ၊ ဆွမ်းပန်းရေ ချမ်း၊
ဆီမီးကပ်လှူပူဇော်ခြင်း၊ ရိုးရာ ထမနဲပွဲများ ကျင်းပခြင်းတို့ဖြင့်
စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည် ဖြစ်ပါ၏။ ပွဲတော်ကာလအတွင်း သိဂုင်္တ္တ
ရကုန်းတော်ကြီးတွင် ဖူးပွင့်ဝေဆာ နေသော ပန်းပင်ပေါင်း ၅၄ဝဝဝဝ ကို
စိုက်ပျိုးလှူဒါန်းလျက် ကုန်း တော်တစ်ခုလုံး ပန်းပေါင်းစုံဝေဆာ
ပွင့်ဖူးသည့် ပန်းပင်လယ်ကြီးပမာ ပန်းပူဇော်ပွဲကြီးကိုလည်း ကျင်းပ မည်ဖြစ်ရာ
ရွှေတိဂုံစေတီတော် သမိုင်းကာလတစ်လျှောက်တွင် အ ထူးခြားဆုံး
ပွဲတော်ကြီးတစ်ခုလည်း ဖြစ်လာမည်ဖြစ်ပါကြောင်း တင်ပြ လိုက်ရပါ၏။
သိန်းအေး
ရည်ညွှန်း-
-မြတ်လှအစုံ ရွှေတိဂုံ(တင်လှသော်)
၁-၁ဝ-၇ဝ နေ့ထုတ်ပြည်သူ့ကြယ်ဂျာနယ်
- ရွှေတိဂုံစေတီတော်သမိုင်း(တင်လှသော်)
၁-၈-၇ဝ ပြည်သူ့ကြယ်
-Myanmar Newsweek