Pages

Wednesday, December 7

သိပြီးသားဆို ကျော်သွားနော်


ကျွန်တော် ဒီတခါ ဗဟုတရစေမယ့်အကြောင်းအရာလေးတွေကို ဖော်ပြပါ့မယ်။ မသိသေးသော သူများအတွက်ပါ။  ကျွန်တော်တို့ မစဉ်းစားမိတဲ့ အကြောင်းလေးတွေလည်း ပါတာပေါ့ဗျာ။ ရှာဖွေစမ်းသပ် ထားတဲ့သူတွေတော့ လေးစားစရာပဲဗျာ။ 

(၁) ကျွန်တော်တို့ အားလုံး နှာချေတဲ့ အခါမှာ မျက်လုံး ဖွင့်ပြီးတော့ ဘယ်လိုမှ ချေလို့မရပါဘူး ။ မယုံတဲ့သူ စမ်းကြည့်နော်.။
(၂)လင်းပိုင်တွေဟာ အိပ်တဲ့အခါမှာ မျက်လုံးဖွင့်ပြီးတော့ အိပ်ကျပါတယ်။
(၃)နှစ်စဉ် နှစ်တိုင်းမှာ မြွေကိုက်ခံရလို့ သေဆုံးတဲ့  အရေအတွက်ထက် ပျားတုပ်ခံရလို့ သေဆုံးတဲ့အရေအတွက်က ပိုများပါတယ်။
(၄)ညာသန်လူတွေဟာ ဘယ်သန်လူတွေထက် ပျမ်းမျှအားဖြင့် ကိုးနှစ် ပိုအသက်ရှည်ပါတယ်။
(၅)ကျွန်တော်တို့အားလုံးဟာ Queen Elizabeth I ကိုမသိရင်တောင် ကြားဖူးကြမှာပါ။ ဘုရင်မကြီးဟာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ သုံးလမှာ တစ်ကြမ်သာ ရေချိုးပါတယ်။  ကျွန်တော်တော့ အခုမှ ကြားဖူးတာ။
(၆)နာဇီခေါင်းဆောင် ဟစ်တလာ သတ်သတ်လွတ်စားသူဖြစ်ပြီး သူ့မှာ Testis  တစ်လုံးသာ ရှိပါတယ်။
(၇)ပိုလာ ၀က်ဝံတွေဟာ ပင်ဂွင်းငှက် ၈၆ ကောင်ကို တစ်ထိုင်တည်း စားနိုင်ပါတယ်။
(၈)ဂေါက်သီး တစ်လုံးရဲ့ မျက်နှာပြင်ပေါ်မှာ အစက်အပြောက်(အချိုင့်)ပေါင်း ၃၃၆ ခုရှိပါတယ်။
(၉)သင်နှာချေတဲ့အခါမှာ ပါးစပ်နှင့် နှာခေါင်း အားပိတ်ဆို့မှု့မဖြစ်စေရန် ဂရုစိုက်ပါ။ အဘယ့်ကြောင့်ဆိုသော် သင့်မျက်လုံး များကွဲထွက်သွားနိုင်သောကြောင့်ဖြစ်ပါတယ်။
(၁၀)ပိုးဟပ်တစ်ကောင်အား ခေါင်းဖြတ်လိုက်ပါက ဆယ့်ငါးရက်တိုင်တိုင် ဆက်လက် အသက်ရှင်နေနိုင်ပါသည်။ ထိုသေဆုံးသွားခြင်းမှာလည်း အစာ မစားသောကြောင့်ဖြစ်ပါသည်။
(၁၁)ကမ္ဘာ့ပေါ်မှာ ရှိတဲ့ လူတွေအားလုံး ဘေးချင်းယှဉ်ပြီး တန်းစီလိုက်ရင် ကမ္ဘာကို အပတ် ၆၀ ပတ်မိမှာ ဖြစ်ပါတယ်။
(၁၂)လူ.ခန္ဓာကိုယ်မှာ အသန်မာဆုံးသော ကြွက်သားကတော့လျှာ ဖြစ်ပါတယ်။
(၁၃)ရေဘ၀ဲတွေမှာ နှလုံးသား သုံးခုရှိပါတယ်။
(၁၄)နေ ကနေ ကမ္ဘာကို အလင်းတန်းကျရောက်ချိန်မှာ ၈ မိနစ်ဖြစ်ပါတယ်။ အဲဒါက ဘာကိုဆိုလိုတာလဲ ဆိုတော့ သင်ဟာ နေ၀င်သွားတာကိုမြင်လိုက်ရတဲ့ အချိန်မှာ လွန်ခဲ့တဲ့ ၈ မိနစ်ကတည်းက နေ၀င်သွားပြီး ဖြစ်ပါတယ်။
(၁၅)လူတွေစားသုံးနေတဲ့ အစားအစာတွေထဲမှာ တစ်ခုထဲသော မပုပ်မသိုးနိုင်တဲ့ အစားအစာ ကတော့ ပျားရည်ဖြစ်ပါတယ်။
(၁၆)အင်္ဂလိပ်စကားလုံးတွေ ထဲမှာ သရ(vowels) မပါဘဲ အရှည်ဆုံးစကားလုံးမှာ twyndylly ngs ဖြစ်ပြီး အမွှာစုံတွဲများလို့ အဓိပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပါယ်ရပါတယ်။
(၁၇)၀က်တွေဟာသူတို့ရဲ့  ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံအရ ကောင်းကင်ကို မော့ကြည့်ဖို့မဖြစ်နိုင် ပါ။
(၁၈) မေလမှာမွေးတဲ့ ကလေးတွေဟာ တခြားလမှာမွေးတဲ့ ကလေးတွေထက် ပျမ်းမျှအားဖြင့် 200 grams ပိုလေးပါတယ်။
(၁၉)အက်စ်ကီးမိုး လူမျိုးတွေမှာ ဆီးနှင်း (snow) လို့ အဓိပ္ပါယ်ရတဲ့ စကားလုံးပေါင်း တစ်ရာကျော် ရှိပြီး (hello) ဆိုသော နှုတ်ခွန်းဆက်စကား မရှိပါ။
(၂၀)ကမ္ဘာပေါ်တွင် ရှိသော လူဦးရေကို အယောက်တစ်ရာထိ အချိုးကျစွာ ချုံ့လိုက်မည်ဆိုပါက အာရှတိုက်မှာ ၅၇ ယောက်၊ ဥရောပတိုက်မှာ ၂၁ ယောက်၊ အမေရိကတိုက်မှာ ၁၄ ယောက်နှင့် အာဖရိကတိုက်မှာ ၈ ယောက်စီရှိမှာဖြစ်ပါတယ်။ ထိုအထဲမှ တစ်ယောက်တည်းကသာလျှင် ကွန်ပျူတာ တစ်စုံကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
(၂၁)ကျွန်တော့်တို့ရဲ့  မျက်လုံး အရွယ်အစားဟာ မွေးသည်မှ သေသည်အထိ တရွယ်တည်း ဖြစ်ပြီး ၊ နှခေါင်း  နှင့် နားရွက်မှာမူ ကြီးထွားနှုန်း ရပ်တန့်သွားခြင်းမရှိပေ။
(၂၂)အကယ်၍ သင်သည် မိုးကြိုး ပစ်ခံရပါက အပူချိန် ၂၈၀၀၀ ဒီဂရီ စင်တီဂရိတ်ဖြင့်လောင်ကျွမ်း ခံရမည်ဖြစ်ပြီး ထိုအပူချိန်မှာ နေမျက်နှာပြင်ထက် ပိုမိုသော အပူချိန် ဖြစ်သည်။
(၂၃)ကမ္ဘာပေါ်ရှိ  ငှက်များအားလုံးထဲမှာ အပြာရောင်ကို မြင်နိုင်သော တစ်ခုတည်းသောငှက်မှာ ဇီးကွက်ဖြစ်သည်။
(၂၄)ပုံမှန် အားဖြင့် တစ်နေ့တာအတောအတွင်း အမျိုးသားများသည် စကားလုံး ၂၀၀၀ ကျော်ပြောပြီးချိန်တွင် အမျိုးသမီးများမှာ စကားလုံးပေါင်း ၇၀၀၀  ကျော် ပြောဆိုပြီးဖြစ်သည်။ ကျွန်တော့်ကိုမကြိမ်ဆဲနဲ့နော် ကျွန်တော်စမ်းသပ်တာ ဟုတ်ဘူး။
(၂၅)ပျားကောင်များသည် ပျားရည် တစ်ပေါင် ရရှိရန် ပန်းပွင့်ပေါင်း ၂၀၀၀ ကျော် ဖြတ်သန်း နားရောက်ရပြီး ခရီးမိုင်ပေါင်း ၅၅၀၀၀ ကျော် ပျံသန်းရသည်။
(၂၆)ခုန်ပေါက်ခြင်း (jumping) မပြုလုပ်နိုင်တဲ့ တစ်ခုတည်းသော နို့တိုက်သတ္တ၀ါကတော့ ဆင်ဖြစ်ပါတယ်။
(၂၇)ဂေါက်သီးရိုက် ကစားခြင်းကို လွန်ခဲ့သော နှစ်ပေါင်း များစွာက စကော့တလန်ပြည် မှ စတင် တီထွင်ခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ဟာ အဲဒီ ကစားနည်းကို (Gentlemen Only Ladies Forbidden ) လို့သတ်မှတ်ရာကနေ အင်္ဂလိပ်တွေက Golf ဆိုပြီး စတင် ကစားကြတာ ဖြစ်ပါတယ်။ တစ်ချို့ကလည်းခေါ်ကြပါတယ် (  Game Of Lazy  Fallows )
(၂၈)ခြ  ဘုရင်မတစ်ကောင် ဟာ နှစ်ပေါင်း ငါးဆယ်အသက်ရှင် နေနိုင်ပြီး နေ့စဉ် ခြကောင်ရေ သုံးသောင်းအထိ မွေးဖွားပေးနိုင်ပါတယ်။
(၂၉) သင်နှင့်အတူ မွေးနေ့ တစ်နေ့တည်း ကျရောက်နေသူပေါင်းမှာ  ဆယ်သန်း ဖြစ်ပါတယ်။
(၃၀)ပိုးဟပ်များ လုံးဝမစားသော တစ်ခုတည်းသော အစားအစာမှာ သခွားသီး ဖြစ်ပါသည်။

အားလုံးပဲ ဗဟုသုတများ တိုးပွားကြပါစေ...........
အားလုံးကိုလေးစားလျက်............

1 comment:

  1. တချိန် တနေရာထဲ ဗဟုတအများကြီးရသွားပြီ ကျေးဇူးပါ

    ReplyDelete