Pages

Wednesday, December 28

အသားစားငှက်



ကျွန်တော်ဒီတခါပြောပြချင်တာက အသားစားတဲ့ ငှက်တစ်မျိုးအကြောင်း ဗဟုသုတ အဖြစ် ပြောပြချင်ပါတယ်။  အဲဒီငှက်ကို  Frigate လို့ ခေါ်ပါတယ်။  ဒီငှက်တွေက သီးသန့်နေထိုင်တဲ့ ငှက်တွေဖြစ်ပါတယ်။ သူတို့က    ပင်လယ်ထဲက ရေသတ္တ၀ါတွေကို အစားများပါတယ်။ သူတို့က တခြား ငှက်တွေကိုတိုက်ခိုက်ပြီး အစာလုတတ်ကြပါတယ်။ ငါးတွေ ၊ လိပ်ပေါက်စလေးတွေ တို့ ကိုစားပါတယ်။ ငှက်ထီးတွေမှာသာ ရင်ဘတ်က အနီလုံးကြီးရှိပါတယ်။ အဲဒီအလုံးကြီးက အမြဲတမ်းပေါ်နေတာ မဟုတ်ပါဘူး ။ သူတို့မိတ်လိုက် ရာသီ ရောက်မှသာလျှင် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒီငှက်တွေက ငှက်ကြီးဝန်ပို နဲ့ပုံစံတူပါတယ်။ သူတို့ ရဲ့သားသမီးတွေကို အစာကြွေးတဲ့အခါမှာတော့ ပထမ သုံးလအထိတော့ အထီးရော အမရော ကျွေးကြပါယ်။ နောက်ထပ် ရှစ်လကိုတော့ ငှက်မ တစ်ကောင်တည်းသာ သားသမီးတွေကို အစာကျွေးတာဖြစ်ပါတယ်။ ငှက်ပေါက်စလေးတွေ အရွယ်ရောက်ချိန်က (၁၁) လဆိုတော့ တော်တော်ကိုကြာမြင့်ပါတယ်။ ငှက်ပေါက်စလေးတွေက သူတို့ရဲ့ မိဘတွေ မရှိတဲ့အချိန်မှာဆိုရင် သူတို့ကိုယ်သူတို့  အသေကောင်လိုနေထိုင်ကြပါတယ်။ သူတို့မိခင်တွေ အစာရှာပြီး ပြန်လာတဲ့အခါမှသာလျှင် လှုပ်ရှားကြတာဖြစ်ပါတယ်။ သူတို့ရဲ့ မိခင်တွေက သူတို့ရဲ့ ပါးစပ်ထဲကို အစာမထည့်မချင်း အော်မြည်တတ်ကြပါတယ်။ သူတို့ နေထိုင်တဲ့ ဒေသတွေကတော့ ပင်လယ်ပြင်နဲ့နီးတဲ့ နေရာတွေမှာနေထိုင်ကြပါတယ်။

No comments:

Post a Comment