Pages

Sunday, December 18

kepler.22b (ကမ္ဘာနှင့် တူသောဂြိုလ်)


အာကာသ စူးစမ်းလေ့လာသူ ပညာရှင်များသည် ကမ္ဘာနှင့် ဖွဲ့စည်းပုံ အလားသဏ္ဌာန် တူညီသော ဂြိုဟ်တစ်ခုအား ကမ္ဘာလှည့်ပတ်​နေသော နေနှင့် ကွဲပြားခြင်း မရှိသည့် နေတစ်စင်း၏ အစုအဖွဲအတွင်းမှ “နေထိုင်စဖွယ်ရှိ” သော အခြေအနေတစ်ခုတွင် ရှာဖွေတွေ့ ရှိခဲ့ကြောင်း သိရှိရသည်။အဆိုပါဂြိုဟ် (Kepler 22-b) သည် ကမ္ဘာမှ အလင်းနှစ် ၆၀၀ ခန့်ကွာဝေးသည့် နေရာတွင် တည်ရှိပြီး ထုထည်အားဖြင့် ကမ္ဘာထက် ၂.၄ ဆ မျှ ကြီးမားကာ မျက်နှာပြင်အပူချိန်မှာ ပျမ်းမျှအားဖြင့် ၂၂’ စင်တီဂရိတ် ရှိကြောင်း သိရှိရသည်။
ဤအချက်များကြောင့် ပညာရှင်များအနေဖြင့် “Earth 2.0” ဟု ခေါ်ဆိုနိုင်မည့် လက်ရှိအချိန်တွင် ကမ္ဘာနှင့် အလားသဏ္ဌာန် အတူညီဆုံး ဂြိုဟ်အဖြစ် သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။သို့သော်လည်း အဆိုပါ လေ့လာရေးအဖွဲ့သည် Kepler 22-b ဂြိုဟ်သည် ကျောက်ခဲ၊ ဓာတ်ငွေ့ (သို့မဟုတ်) အရည်စသည်ဖြင့် မည်သည့်ဒြပ်ဝတ္တုများဖြင့် အဓိကတည်ရှိနေသည်ကိုမူ မသိရှိသေးပေ။

 အားလုံးကိုလေးစားလျက်.....

No comments:

Post a Comment