၁။အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် မြတ်စွာဘုရားသခင် ကို စေတီတည်ထိုက်၏။ ၂။ပစ္စေကဗုဒ္ဓါကို စေတီတည်ထိုက်၏။
၃။မြတ်စွာဘုရား၏ သာဝက (အရိယာ )ကို စေတီတည်ထိုက်၏။
၎။စကြာဝတေးမင်း ကိုစေတီတည်ထိုက်၏။
အဘယ်ကြောင့်စေတီတည်ထိုက်သနည်းဆိုမူကား..
၁။အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားသခင်၏ စေတီကို လူအများတို့သည်သဒ္ဒါရွှန်း စိုကြည်ညိုကြကုန် သည်ရှိသော် ကိုယ်ခန္ဓာပြတ်ကြွေစုတေသည် မှနောက်၌ကောင်းသောလားရာနတ်ရွာသို့ ရောက်ရကုန်၏။
၂။သစ္စာလေးပါတရားသိမြင် ပစ္စေကဗုဒ္ဓါ အရှင်မြတ်၏စေတီတော် ကိုလူအများ က သဒ္ဒါရွှန်းစို ကြည်ညိုကြသည်ရှိသော်စုတေသည်မှနောက် ၌နတ်ရွာသို့ရောက်ရကုန်၏။
၃။မြတ်စွာဘုရား၏တပည့်သာဝက(အရိယာ)တို့၏ စေတီ ကိုလူအများ တို့ ကမြတ်စွာဘုရားရှင် ၏ တပည့် သာဝက အရိယာတို့ ၏ စေတီတည်း ဟုကြည့်ညိုကြသည်ရှိသော် စုတေ သည်မှနောက်`၌ နတ်ရွာသို့ ရောက်ရကုန်၏။
၎။စကြာဝတေးမင်း ၏ စေတီ ကိုတရားစောင့်သောတရားမင်း(စကြာဝတေးမင်း)၏ စေတီ တည်းဟု လူအများတို့ က ကြည့်ညိုကြကုန် သည် ရှိသော်စုတေ သည် ၏နောက်၌ နတ်ရွာသို့  ရောက်ရကုန်၏။
ဤ အကျိုးထူ ကိုစွဲ၍ ဖေါ်ပြပါပုဂ္ဂိုလ်(၄)မျိုးတို့ အား စေတီတည်ထိုက်၏။
အားလုံးကိုလေးစားလျက်...........
No comments:
Post a Comment