Pages

Friday, December 23

ဦးခေါင်းနှစ်လုံးနှင့် ကလေးငယ် ဘရားဇီးတွင်မွေးဖွား

ဘရားဇီးနိုင်ငံသူ အမျိုးသမီးတစ်ဦးမှ ဦးခေါင်းနှစ်လုံးပါရှိသည့် ကလေးငယ်တစ်ဦး မွေးဖွားခဲ့သည်ဟု သတင်းများက ဆိုပါတယ်။  ၉.၉ ပေါင်  ကိုယ်အလေးချိန်ရှိ အဆိုပါကလေးငယ်အား ဘရားဇီးနိုင်ငံ မြောက်ပိုင်း၊ ပါရာပြည်နယ်ရှိ အနာဂျာစ့် ဆေးရုံတွင် မွေးဖွားခဲ့တာဖြစ်ပါတယ်။ ကလေးငယ်တွင် ဦးခေါင်းနှစ်လုံး ပါရှိပြီး နှလုံးတစ်ခုရှိကာ ခန္ဓာကိုယ်၏အရေးပါသော အစိတ်အပို်င်းများ အားလုံး ပုံမှန် အလုပ်လုပ်လျက်ရှီပါတယ်။ မွေးကင်းစကလေးငယ်မှာ ကျန်းမာရေး ကောင်းမွန်ုပြီး ဦးခေါင်း နှစ်လုံးစလုံးမှ ပုံမှန်လည်ပတ် လှုပ်ရှားနေပါတယ်။ အဆိုပါ ပြည်နယ်၏ ကျေးလက်တောရွာဒေသတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသမီးဟာ ကိုယ်ဝန်ဆောင်ကာလတွင် အပ်ထရာဆောင်း ၊ ဓါတ်မှန် ရိုက်ကူးခဲ့ခြင်း မရှိခဲ့ပဲ လွန် ခဲ့သည် တနလာင်္နေ့  နံနက်ပိုင်း ကလေးမမွေးခင် မိနစ်ပိုင်း အလိုတွင်သာ ဖြစ်ရပ်ဆန်းအားသိရှိခဲ့ရခြင်းဖြစ်သည်။ မိခင်ဖြစ်သူဟာ မီးဖွားရန် ဗိုက်နာလာခဲ့တာမို့ ဆေးရုံသို့လာရန် ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆေးရုံအုပ်ချုပ်ရေးမှူး ကလောဒီရိုနာ အက်စစ်ဒီဗာ စကွန်ဆယ်လို့စ်က  ဘရားဇီးနိုင်ငံမှာ အိုပိုဗိုသတင်းစာကိုပြောခဲ့ပါတယ်။ ဆရာဝန်တွေက သူမကို စစ်ဆေးကြည့်လိုက်သည့်အခါတွင်တော့ ကလေးငယ်ဟာ ဦးခေါင်းနှစ်လုံး ရှိနေသည်ကိုသိရှိခဲ့ ရပြီး သာမန်မွေးဖွားမည်ဆိုပါက မိခင်ရော ကလေးငယ်ပါ အန္တရာယ် ရှိနိုင်သည်ကို တွေ့ရှိခဲ့ကြတယ်။ ကလေးငယ်မှာ မွေးဖွားခါနီး ပုံမှန်(ဦးခေါင်း အောက်စိုက်) ဖြစ်မနေဘဲ ထိုင်လျှက်အနေအထားမို့ တစ်နာရီမျှ ကြာအောင် ဗိုက်ခွဲမွေးဖွားခဲ့ရတာဖြစ်ပါတယ်။ ဆေးရုံအငယ်စားမို့လို့ ပြဿနာအခက်အခဲများရှိသော်လည်း ကျမတို့အဓိကရည်မှန်းးချက်ဖြစ်သည့် မိခင်ရောကလေးပါ အသက်ကိုကယ်တိုင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် ကလေးငယ်ဟာ ကျန်းမာရေးကောင်းမွန်နေတာကို က ကျမတို့ အတွက် အဓိကအံသြ၀မ်းမြောက်ဖွယ်ရာ ဖြစ်ခဲ့ရပါတယ်လို့ သူမက ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment