Pages

Saturday, December 17

တစ်ဦးအပေါ် တစ်ဦးကူညီပါ


ကျွန်တော် ဒီဗီဒီယိုလင့်လေးကို အရမ်းသဘောကျလို့ တင်လိုက်တာပါ။ ကျွန်တော်တို့   မြန်မာလူမျိုးတွေမှာလည်း  မရှိဘူးမဟုတ်ပါဘူး ။ ရှိပါတယ်။ ဒါပေမ့ယ် မေ့လျော့သူများ လည်း မေ့လျော့နေကြပါတယ်။ ပြောင်းလဲ လာတဲ့ တိုးတက်မှုနောက်မှာ ဒီလိုအဖြစ်မျိုးလေးတွေ ဆုတ်ယုတ်လာတယ်လို့ လည်းခံစားမိပါတယ်။ ကျွန်တော်စဉ်းစားမိတယ်။ လူတိုင်းလူတိုင်း မှာ အဲလိုစိတ်မျိုး လေးတွေ ရှိနေမယ်ဆိုရင်ဘယ်လောက်ကောင်း လိုက်မလဲဆိုတောကိုပေါ့။ ကျွန်တော်တို့  မြန်မာလူမျိုးတွေလည်း ရှိရင်းစွဲ ပင်ကိုယ်စိတ်ထားလေးတွေ မပျောက်ပျက်အောင် ထိန်းသိမ်းကြပါဆို့လား။ အများကြီး မဟုတ်တောင် တတ်နိုင်သလောက်ပေါ့ဗျာ။ မည်သူကိုမဆိုပေါ့။ တကယ် အကူအညီပေးမယ်ဆိုရင် ကိစ္စကြီးသည် ငယ်သည်မဟုတ်ပါဘူး ပေးလို့ရပါတယ်။ အဝေးကြီးကိုလည်း ကြည့်စရာမလိုပါဘူး ။ မိမိပတ်ဝန်းကျင်မှာပဲ အကူအညီလိုတဲ့သူတွေရှိနေပါတယ်။ စေတနာ ရောင်ပြန်ဟပ်တယ်ဆိုတဲ့ ဆိုရိုးစကားလဲ ရှိတာပဲ ။ဖြစ်နိုင်ရင် ပြန်လည်မျှဝေပေးစေလိုပါတယ်။  ကြည့်ရှုသူ သူငယ်ချင်း မိတ်ဆွေများလည်း  ကူညီရိုင်းပင်းကူညီစိတ်များ တိုးပွားကြပါစေလို့.....ဆုတောင်းလျက်.....။

အားလုံးကိုလေးစားလျက်.....

No comments:

Post a Comment