Pages

Thursday, December 15

ဖွင့်ထားသော Folder တွေ Desktop ပေါ်မှာ ညီညာစွာပေါ်စေရန်


ကျွန်တော် ဒီတခါပြောပြမှာက မိမိဖွင့်ထားသော Folder အားလုံးကို  Desktop ပေါ်မှာ ညီညီညာညာ လေးပေါ်အောင် လုပ်ပေးတဲ့ ဆော့ဝဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။  အရမ်းအလုပ်များတဲ့သူတွေအတွက်တော့ အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ဥပမာ - Data အပြောင်းအရွေ့ တွေမှာ Folder တွေကို Minimize ပေးလိုက် ၊ Maximize ဆိုရင် ကြာပါတယ်။ ဒီနည်းလေးက  Desktop ပေါ်မှာ အများဆုံး Folder ခြောက်ခုက တပြိုင်နက်  အရွယ်အစား တူညီစွာ မြင်ရမှာ ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ လွယ်ပါတယ်။ အရင်ဆုံးကျွန်တော်ပေးထားတဲ့ ဆော့ဝဲလ်လေးကို run လိုက်ပါ။ ပြီးရင် သူက Desktop ရဲ့ ညာဘက်ထောင့်လေးမှာ စတုရန်း ပုံစံ နဲ့ မြှား ကိုးခုပါတဲ့ ပုံလေး ပေါ်လာမှာ ဖြစ်ပါတယ်။ Folder တစ်ခုကိုဖွင့်လိုက်ပါ။ ပြီးရင် မိမိ ထားလိုသောသောနေရာကို စတုရန်းပုံ မြှားလေးတွေမှရွေးပါ။ ညာဘက်ထောင့်ကို ရွေးတယ်ဆိုကြပါဆို့။ မြှားလေးကို တခါကလစ်ရင် အရှည်ပုံစံ ၊ နှစ်ခါ ကလစ်ရင် အလည်အလတ်ပုံစံ၊ သုံးခါကလစ်ပေးရင် အတိုပုံစံ ပြောင်းသွားပါလိမ့်မယ်။ နောက်ထပ် Folder တစ်ခုကို ထပ်ဖွင့်ပါ။  စတုန်းရန်းပုံ မြှားမှ လိုသောနေရာသို့ ရွေးပြီး အရွယ်အစားပြောင်းပါ။ အရွယ်အစားညီညာစွာ Desktop ပေါ်မှာ Folder လေးတွေ ပေါ်နေမှာ ဖြစ်ပါတယ်။ အသုံးလိုသောသူများ ဒီမှာ  ဒေါင်းယူလိုက်ပါ။ မသိသေးသူများ အတွက်ပါ။ ပြောဖို့ တစ်ခုမေ့သွားတယ် Browser တွေကိုလည်း ပြောင်းနိုင်ပါတယ်။

Desktop ၏ညာဘက်ထောင့်တွင့်ပေါ်လာမည့်ပုံ

Folder များဖွင့်ထားပုံ


အားလုံးကိုလေးစားလျက်.....

No comments:

Post a Comment