Pages

Saturday, December 24

Firefox မှာ ပိုနေသော search box ကိုဖယ်ရှားခြင်း


ကျွန်တော်တို့ Firefox အသုံးပြုသူများ  သတိထားမိကြမယ် ထင်ပါတယ်။ ညာဘက်ထိပ်ဘက်မှာ search box လေး တစ်ခု ပိုနေတာ။ အဲဒီ search box လေးကို သုံးတဲ့သူ တော်တော်နည်းပါတယ်။  ဘယ်ဘက်ခြမ်းမှာရှိတဲ့ search box ထဲက ပဲရှာကြတာများပါတယ်။ ကျွန်တော်ပြောချင်တာက အဲဒီ ပိုနေတဲ့ search box လေးကို မတွေ့ချင်သူများအတွက် ဖျောက်တဲ့ နည်းလေးပါ။ ကျွန်တော်တို့ အရင်ဆုံး firebox ရဲ့ ထိပ်ဆုံးဘားလေးပေါ်မှာ right click ထောက်လိုက်ပါ။ ပြီးရင် customize ဆိုတာကိုရွေးလိုက်ပါ။  အဲဒီမှာ box  လေးတစ်ခုပေါ်လာပါလိမ့်မယ် ။ အဲဒီ box လေးထဲကို ခုနက ကျွန်တော်တို့ ဖျောက်ချင်တဲ့ search box လေးကို drag ဆွဲပြီး ထည့်လိုက်ပါ။ ပြီးရင် Done ဆိုတာကိုကလစ်ပေးလိုက်ပါ။  အဲဒါဆိုရင်  firefox မှာ search box တစ်ခုတည်းပဲ တွေ့ရမှာဖြစ်ပါတယ်။ 

Search box လေးကို drag ဆွဲထည့်ရန်ပုံ
မဖြုတ်ခင်ပုံ(search box နှစ်ခု)

 ဖြုတ်ပြီးပုံ (search box တစ်ခု)



အားလုံးကိုလေးစားလျက်....

No comments:

Post a Comment